News

ခြေဥက ပေးအပ်ထားသည့် အခွင့်အရေးအရ တပ်က အာဏာသိမ်းရန် မဖြစ်နိုင်ဟု ကြံပါတီ ပြောပြီ

ခြေဥက ပေးအပ်ထားသည့် အခွင့်အရေးအရ တပ်က အာဏာသိမ်းရန် မဖြစ်နိုင်ဟု ကြံပါတီ ပြောပြီ..

၂၀၀၈ ခြေဉတွင် ပေးအပ်ထားသည့် အခွင့်အရေးအရ စစ်တပ်မှ အာဏာသိမ်းရန်မဖြစ်နိုင်ကြောင်း

ကြံပါတီမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က ပြောပါသည်။

တပ်မတော်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည့် တပ်မတော်အနေဖြင့် အာဏာသိမ်းရန်

မသိမ်းရန်ကို မှတ်ယူ၍မရကြောင်း ပြောဆိုချက်အပေါ် မေးမြန်းခဲ့ရာ အောက်ပါအတိုင်း သုံးသပ်ပြောကြားခဲ့သည်။

ဒေါက်တာနန္ဒာလှမြင့်က “တပ်မတော်က သူ့ရဲ့တာဝန်ကို သူထမ်းဆောင်နေတယ်လို့ မြင်ပါတယ်။

အာဏာသိမ်းဖို့ဆိုတာကလည်း ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားတဲ့ အခွင့်အရေးတွေက

သိပ်တော့လည်း မဖြစ်နိုင်ပါဘူး။ အစိုးရိမ်လွန်နေတယ်လို့ပဲ ထင်ပါတယ်”

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် ကျင်းပပြီးစီးခဲ့သည့် ရွေးကောက်ပွဲရလဒ်အပေါ်

လက်ရှိအချိန်အထိ အငြင်းပွားမှုများရှိနေပြီး တပ်မတော်ဘက်မှလည်

း မဲ မသမာမှုများရှိသည့်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါဖြစ်စဉ်များနှင့်ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် အဓိကတာဝန်ရှိသော်လည်း

ယနေ့ ဇန်နဝါရီ ၂၉ ရက် နိုင်ငံတော်သမ္မတဦးဝင်းမြင့်နှင့် UEC ဥက္ကဋ္ဌ ဦးလှသိန်းတို့ကို

တရားလွှတ်တော်ချုပ်မှ ကြားနာမည့်နေ့မတိုင်ခင် တစ်ရက်အလို ဇန်နဝါရီ ၂၈ ရက် တွင်

မဲ ရလဒ်များနှင့်ပတ်သက်ပြီး ထုတ်ပြန်ကြေညာခဲ့ကြောင်းလည်း သိရသည်။

“တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ဆက်နွယ်နေတယ်ဆိုတာ မဟုတ်ပါဘူး။ တပ်မတော်ကလည်း သူ့တာဝန်

သူ့ကိစ္စဆောင်ရွက်နေတာဖြစ်သလို ပြည်ခိုင်ဖြိုးကလည်း ပါတီအနေနဲ့ မဲစာရင်းမမှန်ကန်မှုတွေကို

ဖြေရှင်းပေးဖို့ UEC ကိုပါတီရဲ့အခွင့်အရေးအရ ပါတီရဲ့ဝန်ထမ်းတွေနဲ့ ကိုယ်စားလှယ်တွေက

တောင်းဆိုတာဖြစ်တယ်။ အခုလည်း တရားရေး ဆုံးဖြတ်ချက်ကိုနားထောင်နေပါတယ်”

ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

zawgyi

ေျခဥက ေပးအပ္ထားသည့္ အခြင့္အေရးအရ တပ္က အာဏာသိမ္းရန္ မျဖစ္ႏိုင္ဟု ႀကံပါတီ ေျပာၿပီ..

၂၀၀၈ ေျခဉတြင္ ေပးအပ္ထားသည့္ အခြင့္အေရးအရ စစ္တပ္မွ အာဏာသိမ္းရန္မျဖစ္ႏိုင္ေၾကာင္း

ႀကံပါတီမွ ေျပာေရးဆိုခြင့္ရွိသူ ေဒါက္တာနႏၵာလွျမင့္က ေျပာပါသည္။

တပ္မေတာ္သတင္းစာရွင္းလင္းပြဲတြင္ ေျပာၾကားခဲ့သည့္ တပ္မေတာ္အေနျဖင့္ အာဏာသိမ္းရန္

မသိမ္းရန္ကို မွတ္ယူ၍မရေၾကာင္း ေျပာဆိုခ်က္အေပၚ ေမးျမန္းခဲ့ရာ ေအာက္ပါအတိုင္း သုံးသပ္ေျပာၾကားခဲ့သည္။

ေဒါက္တာနႏၵာလွျမင့္က “တပ္မေတာ္က သူ႔ရဲ႕တာဝန္ကို သူထမ္းေဆာင္ေနတယ္လို႔ ျမင္ပါတယ္။

အာဏာသိမ္းဖို႔ဆိုတာကလည္း ဖြဲ႕စည္းပုံအေျခခံဥပေဒက ေပးထားတဲ့ အခြင့္အေရးေတြက

သိပ္ေတာ့လည္း မျဖစ္ႏိုင္ပါဘူး။ အစိုးရိမ္လြန္ေနတယ္လို႔ပဲ ထင္ပါတယ္”

ၿပီးခဲ့သည့္ ၂၀၂၀ ခုႏွစ္ ႏိုဝင္ဘာလ ၈ ရက္တြင္ က်င္းပၿပီးစီးခဲ့သည့္ ေ႐ြးေကာက္ပြဲရလဒ္အေပၚ

လက္ရွိအခ်ိန္အထိ အျငင္းပြားမႈမ်ားရွိေနၿပီး တပ္မေတာ္ဘက္မွလည္

း မဲ မသမာမႈမ်ားရွိသည့္စာရင္းမ်ားကို ထုတ္ျပန္ေၾကညာခဲ့သည္။

အဆိုပါျဖစ္စဥ္မ်ားႏွင့္ပတ္သက္၍ ျပည္ေထာင္စုေ႐ြးေကာက္ပြဲေကာ္မရွင္သည္ အဓိကတာဝန္ရွိေသာ္လည္း

ယေန႔ ဇန္နဝါရီ ၂၉ ရက္ ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ႏွင့္ UEC ဥကၠ႒ ဦးလွသိန္းတို႔ကို

တရားလႊတ္ေတာ္ခ်ဳပ္မွ ၾကားနာမည့္ေန႔မတိုင္ခင္ တစ္ရက္အလို ဇန္နဝါရီ ၂၈ ရက္ တြင္

မဲ ရလဒ္မ်ားႏွင့္ပတ္သက္ၿပီး ထုတ္ျပန္ေၾကညာခဲ့ေၾကာင္းလည္း သိရသည္။

“တပ္မေတာ္နဲ႔ ျပည္ခိုင္ၿဖိဳး ဆက္ႏြယ္ေနတယ္ဆိုတာ မဟုတ္ပါဘူး။ တပ္မေတာ္ကလည္း သူ႔တာဝန္

သူ႔ကိစၥေဆာင္႐ြက္ေနတာျဖစ္သလို ျပည္ခိုင္ၿဖိဳးကလည္း ပါတီအေနနဲ႔ မဲစာရင္းမမွန္ကန္မႈေတြကို

ေျဖရွင္းေပးဖို႔ UEC ကိုပါတီရဲ႕အခြင့္အေရးအရ ပါတီရဲ႕ဝန္ထမ္းေတြနဲ႔ ကိုယ္စားလွယ္ေတြက

ေတာင္းဆိုတာျဖစ္တယ္။ အခုလည္း တရားေရး ဆုံးျဖတ္ခ်က္ကိုနားေထာင္ေနပါတယ္”

ဟု ၎က ဆက္လက္ေျပာၾကားခဲ့သည္။