International News

ဂျာမနီမှာ ကိုဗစ် ကာကွယ်ဆေး ပြတ်လပ်တော့မည် (ဧပြီလမှ ပြန်ရနိုင်မည်ဟုဆို)

ဂျာမနီမှာ ကိုဗစ် ကာကွယ်ဆေး ပြတ်လပ်တော့မည် (ဧပြီလမှ ပြန်ရနိုင်မည်ဟုဆို)

ဂျာမနီဟာ အနည်းဆုံး လာမယ့် ဧပြီလအထိ ကိုဗစ် ကာကွယ်ဆေးပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရကြောင်း

ကျန်းမာရေးဝန်ကြီးက သတိပေးလိုက်ပြီး နိုင်ငံရဲ့ ပြည်နယ်ခေါင်းဆောင်တွေအနေနဲ့ ကာကွယ်ဆေးကိစ္စကို

ဆွေးနွေးကြရန် အစည်းအဝေးတစ်ရပ်ပြုလုပ်ရေး တောင်းဆိုလိုက်ပါတယ်။

“ကျွန်တော်တို့ ကာကွယ်ဆေးပြတ်လပ်မှုနဲ့အတူ ခက်ခဲကြမ်းတမ်းတဲ့ ရက်သတ္တပတ် အနည်းဆုံး

၁၀ ပတ်ရှိပါလိမ့်မယ်” လို့ ဂျာမန်ကျန်းမာရေးဝန်ကြီးက တွစ်တာမှာ ရေးသားထားပြီး ဥရောပက

ကာကွယ်ဆေးကို မည်သို့ မျှမျှတတ ခွဲဝေးပေးမှုနဲ့ ကာကွယ်ဆေးဖြန့်ဖြူးမှု လုပ်ငန်းစဥ်ကို

ကူညီထောက်ပံ့ရန် လုပ်ဆောင်နိုင်တာကို အဓိကထား ဆွေးနွေးသင့်ကြောင်းလည်း ဖြည့်စွက်ပြောခဲ့ပါတယ်။

ဂျာမန်အဓိပတိ အန်ဂျလာမာကယ်က ကျန်းမာရေးဝန်ကြီးရဲ့ အစည်းအဝေးကိစ္စ အဆိုပြုထားမှုကို

ထောက်ခံခဲ့ကြောင်းနဲ့ ပြည်နယ်ဝန်ကြီးချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးရန် စီစဥ်နေပြီလို့ သူမရဲ့ ပြောခွင့်ရအမျိုးသားက

ဆိုပါတယ်။ ဂျာမန်အစိုးရဟာ ကာကွယ်ဆေးထိုးတဲ့အစီအစဥ်နဲ့ ပတ်သက်ပြီး ဝေဖန်ခံနေရပြီး နေ့စဥ်

ကာကွယ်ဆေးထိုးပေးမယ့်သူ အရေအတွက်ကို မပြည့်မီခဲ့ကြောင်းလည်း သိရပါတယ်။

ဥရောပသမဂ္ဂနဲ့ ဗြိတိန်အခြေစိုက် AstraZeneca ဆေးဝါးကုမ္ပဏီတို့ကြား ကာကွယ်ဆေးပေးသွင်းမှုအပေါ်

အချေအတင် ဖြစ်နေခဲ့စဥ်အတွင်း ဂျာမန်ကျန်းမာရေးဝန်ကြီးရဲ့ မှတ်ချက်ပြု ပြောကြားချက် ထွက်ပေါ်လာခဲ့တာ

ဖြစ်ပါတယ်။ AstraZeneca ရဲ့ ဥရောပအခြေစိုက် စက်ရုံတွေမှာ ထုတ်လုပ်ရေးပိုင်းကိစ္စများကြောင့်

ဥရောပအဖွဲ့ဝင် ၂၇ နိုင်ငံသို့ ကိုဗစ် ကာကွယ်ဆေးကို ကတိပြုထားတဲ့ အရေအတွက်အတိုင်း

ပေးပို့နိုင်မှာမဟုတ်ဘူးလို့ ကုမ္ပဏီက ထုတ်ဖော်ပြောခဲ့ပါတယ်။

သို့သော် ဥရောပသမဂ္ဂကတော့ AstraZeneca အနေနဲ့ ၎င်းရဲ့ ကတိကဝတ်တွေကို လေးစားရမှာဖြစ်ပြီး

ဗြိတိန်မှာထုတ်လုပ်ထားတဲ့ ကာကွယ်ဆေးတွေကို အစားထို ပေးပို့ရမယ်လို့ တုံ့ပြန်ထားပါတယ်။

ဆက်စပ်သတင်းတစ်ရပ်အရ ဂျာမနီ ကာကွယ်ဆေးကော်မတီက AstraZeneca ကာကွယ်ဆေးကို

အသက် ၆၅ နှစ်အောက် လူတွေကိုသာ ထိုးပေးသင့်ကြောင်း ထုတ်ပြန်လိုက်ပြီး

ထိုအသက်အရွယ်တွေကိုသာ ထိုးပေးသွားတော့မယ်လို့ သိရပါတယ်။

ကော်မတီက အဆိုပါ ကိုဗစ် ကာကွယ်ဆေးဟာ အသက် ၆၅ နှစ်နဲ့အထက် အရွယ်တွေအတွက်

ထိရောက်မှုနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အချက်အလက်မရှိခြင်းကြောင့်လို့ ဆိုပါတယ်။ ဂျာမနီ

ကာကွယ်ဆေးကော်မတီရဲ့ ယခုထုတ်ပြန်မှုဟာ နိုင်ငံမှာ ကိုဗစ် ကာကွယ်ဆေးပြတ်လပ်မှု ရင်ဆိုင်နေရကြောင်း

ကျန်းမာရေးဝန်ကြီးက ပြောကြားခဲ့ပြီးနောက်ပိုင်း ထွက်ပေါ်လာခဲ့တာလည်း ဖြစ်ပါတယ်။

AstraZeneca ဆေးဝါးကုမ္ပဏီနဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်တို့ကတော့ ကာကွယ်ဆေးနဲ့ ပတ်သက်ပြီး

ချက်ချင်းပင် တုံ့ပြန်ခဲ့ကြပြီး ထိုကာကွယ်ဆေးကို ဗြိတိန်မှာ အသက် ၆၅ နှစ်နဲ့အထက်အရွယ်

သက်ကြီရွယ်အိုတွေအား ကျယ်ကျယ်ပြန့်ပြန့် ထိုးပေးနေခဲ့တာဖြစ်ကြောင်း ပြောခဲ့ပါတယ်။ ဂျာမနီဟာ

ဥရောပနိုင်ငံတွေအနက် ကိုဗစ် ကူးစက်မှုအများဆုံးထဲမှာ ပါဝင်နေပြီး လက်ရှိအချိန်အထိ

ကူးစက်ခံရသူ ၂.၁၈ သန်းနဲ့ သေဆုံးသူ ၅၅,၀၀၀ ကျော်ရှိခဲ့ကြောင်း သိရပါတယ်။

zawgyi

ဂ်ာမနီမွာ ကိုဗစ္ ကာကြယ္ေဆး ျပတ္လပ္ေတာ့မည္ (ဧၿပီလမွ ျပန္ရႏိုင္မည္ဟုဆို)

ဂ်ာမနီဟာ အနည္းဆုံး လာမယ့္ ဧၿပီလအထိ ကိုဗစ္ ကာကြယ္ေဆးျပတ္လပ္မႈနဲ႔ ရင္ဆိုင္ေနရေၾကာင္း

က်န္းမာေရးဝန္ႀကီးက သတိေပးလိုက္ၿပီး ႏိုင္ငံရဲ႕ ျပည္နယ္ေခါင္းေဆာင္ေတြအေနနဲ႔ ကာကြယ္ေဆးကိစၥကို

ေဆြးေႏြးၾကရန္ အစည္းအေဝးတစ္ရပ္ျပဳလုပ္ေရး ေတာင္းဆိုလိုက္ပါတယ္။

“ကြၽန္ေတာ္တို႔ ကာကြယ္ေဆးျပတ္လပ္မႈနဲ႔အတူ ခက္ခဲၾကမ္းတမ္းတဲ့ ရက္သတၱပတ္ အနည္းဆုံး

၁၀ ပတ္ရွိပါလိမ့္မယ္” လို႔ ဂ်ာမန္က်န္းမာေရးဝန္ႀကီးက တြစ္တာမွာ ေရးသားထားၿပီး ဥေရာပက

ကာကြယ္ေဆးကို မည္သို႔ မွ်မွ်တတ ခြဲေဝးေပးမႈနဲ႔ ကာကြယ္ေဆးျဖန႔္ျဖဴးမႈ လုပ္ငန္းစဥ္ကို

ကူညီေထာက္ပံ့ရန္ လုပ္ေဆာင္ႏိုင္တာကို အဓိကထား ေဆြးေႏြးသင့္ေၾကာင္းလည္း ျဖည့္စြက္ေျပာခဲ့ပါတယ္။

ဂ်ာမန္အဓိပတိ အန္ဂ်လာမာကယ္က က်န္းမာေရးဝန္ႀကီးရဲ႕ အစည္းအေဝးကိစၥ အဆိုျပဳထားမႈကို

ေထာက္ခံခဲ့ေၾကာင္းနဲ႔ ျပည္နယ္ဝန္ႀကီးခ်ဳပ္ေတြနဲ႔ ေတြ႕ဆုံေဆြးေႏြးရန္ စီစဥ္ေနၿပီလို႔ သူမရဲ႕ ေျပာခြင့္ရအမ်ိဳးသားက

ဆိုပါတယ္။ ဂ်ာမန္အစိုးရဟာ ကာကြယ္ေဆးထိုးတဲ့အစီအစဥ္နဲ႔ ပတ္သက္ၿပီး ေဝဖန္ခံေနရၿပီး ေန႔စဥ္

ကာကြယ္ေဆးထိုးေပးမယ့္သူ အေရအတြက္ကို မျပည့္မီခဲ့ေၾကာင္းလည္း သိရပါတယ္။

ဥေရာပသမဂၢနဲ႔ ၿဗိတိန္အေျခစိုက္ AstraZeneca ေဆးဝါးကုမၸဏီတို႔ၾကား ကာကြယ္ေဆးေပးသြင္းမႈအေပၚ

အေခ်အတင္ ျဖစ္ေနခဲ့စဥ္အတြင္း ဂ်ာမန္က်န္းမာေရးဝန္ႀကီးရဲ႕ မွတ္ခ်က္ျပဳ ေျပာၾကားခ်က္ ထြက္ေပၚလာခဲ့တာ

ျဖစ္ပါတယ္။ AstraZeneca ရဲ႕ ဥေရာပအေျခစိုက္ စက္႐ုံေတြမွာ ထုတ္လုပ္ေရးပိုင္းကိစၥမ်ားေၾကာင့္

ဥေရာပအဖြဲ႕ဝင္ ၂၇ ႏိုင္ငံသို႔ ကိုဗစ္ ကာကြယ္ေဆးကို ကတိျပဳထားတဲ့ အေရအတြက္အတိုင္း

ေပးပို႔ႏိုင္မွာမဟုတ္ဘူးလို႔ ကုမၸဏီက ထုတ္ေဖာ္ေျပာခဲ့ပါတယ္။

သို႔ေသာ္ ဥေရာပသမဂၢကေတာ့ AstraZeneca အေနနဲ႔ ၎ရဲ႕ ကတိကဝတ္ေတြကို ေလးစားရမွာျဖစ္ၿပီး

ၿဗိတိန္မွာထုတ္လုပ္ထားတဲ့ ကာကြယ္ေဆးေတြကို အစားထို ေပးပို႔ရမယ္လို႔ တုံ႔ျပန္ထားပါတယ္။

ဆက္စပ္သတင္းတစ္ရပ္အရ ဂ်ာမနီ ကာကြယ္ေဆးေကာ္မတီက AstraZeneca ကာကြယ္ေဆးကို

အသက္ ၆၅ ႏွစ္ေအာက္ လူေတြကိုသာ ထိုးေပးသင့္ေၾကာင္း ထုတ္ျပန္လိုက္ၿပီး

ထိုအသက္အ႐ြယ္ေတြကိုသာ ထိုးေပးသြားေတာ့မယ္လို႔ သိရပါတယ္။

ေကာ္မတီက အဆိုပါ ကိုဗစ္ ကာကြယ္ေဆးဟာ အသက္ ၆၅ ႏွစ္နဲ႔အထက္ အ႐ြယ္ေတြအတြက္

ထိေရာက္မႈနဲ႔ ပတ္သက္ၿပီး လုံေလာက္တဲ့ အခ်က္အလက္မရွိျခင္းေၾကာင့္လို႔ ဆိုပါတယ္။ ဂ်ာမနီ

ကာကြယ္ေဆးေကာ္မတီရဲ႕ ယခုထုတ္ျပန္မႈဟာ ႏိုင္ငံမွာ ကိုဗစ္ ကာကြယ္ေဆးျပတ္လပ္မႈ ရင္ဆိုင္ေနရေၾကာင္း

က်န္းမာေရးဝန္ႀကီးက ေျပာၾကားခဲ့ၿပီးေနာက္ပိုင္း ထြက္ေပၚလာခဲ့တာလည္း ျဖစ္ပါတယ္။

AstraZeneca ေဆးဝါးကုမၸဏီနဲ႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ေဘာရစ္ဂြၽန္ဆင္တို႔ကေတာ့ ကာကြယ္ေဆးနဲ႔ ပတ္သက္ၿပီး

ခ်က္ခ်င္းပင္ တုံ႔ျပန္ခဲ့ၾကၿပီး ထိုကာကြယ္ေဆးကို ၿဗိတိန္မွာ အသက္ ၆၅ ႏွစ္နဲ႔အထက္အ႐ြယ္

သက္ႀကီ႐ြယ္အိုေတြအား က်ယ္က်ယ္ျပန႔္ျပန႔္ ထိုးေပးေနခဲ့တာျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ ဂ်ာမနီဟာ

ဥေရာပႏိုင္ငံေတြအနက္ ကိုဗစ္ ကူးစက္မႈအမ်ားဆုံးထဲမွာ ပါဝင္ေနၿပီး လက္ရွိအခ်ိန္အထိ

ကူးစက္ခံရသူ ၂.၁၈ သန္းနဲ႔ ေသဆုံးသူ ၅၅,၀၀၀ ေက်ာ္ရွိခဲ့ေၾကာင္း သိရပါတယ္။