ဥပဒေနှင့် မညီညွတ်ဘဲ လုပ်ငန်းလည်ပတ်မှုများ လုပ်ဆောင်နေသော တွံတေးမြို့နယ်ရှိ အနံ့ဆိုးနှင့်
အမှုန်များ ထွက်ရှိနေသော ရွှေနဂါးဓာတ်မြေသြဇာ စက်ရုံကို ဒေသခံများ၏ တင်ပြချက်အရ
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် ယနေ့ဇန်နဝါရီ ၂၉ ရက်တွင် သွားရောက်စစ်ဆေးခဲ့ရာ
လိုင်စင်မရှိဘဲ လုပ်ဆောင်နေခြင်းကို တွေ့ရှိရသည့်အတွက် စက်ရုံလည်ပတ်မှုကို ချက်ချင်း ရပ်ဆိုင်းစေခဲ့ကြောင်း သိရပါတယ်။
ရွှေနဂါး ဓာတ်မြေသြဇာစက်ရုံအနေဖြင့် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်နေခြင်း၊
ပတ်ဝန်းကျင်ထိခိုက်မှု ဖြစ်ပေါ်နေခြင်းကို ရန်ကုန်တိုင်း အစိုးရအဖွဲ့အနေဖြင့် စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
“ဝန်ကြီးချုပ် စက်ရုံအတွင်း ဝင်ရောက်ကြည့်ရှု့ပြီးနောက်မှာတော့ စက်ရုံတွင်း စည်းကြိုးများဖြင့်
တားမြစ်ပိတ်ပင်လိုက်ပါတယ်။ ကုန်ကြမ်းများ စက်ရုံတွင်း ရှင်းလင်းနေစဉ် ကာလအတွင်း ရဲတပ်ဖွဲ့နှင့်
ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ၂၄ နာရီအပြည့် စောင့်ကြပ်ရမှာဖြစ်ပါတယ်” လို့ ဝန်ကြီးချုပ်ကို
တင်ပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ဒေသခံ ဦးရဲဝင်းထွဋ်က ပြောပါတယ်။
စက်ရုံနှင့်ပတ်သက်ပြီး ဥပဒေနှင့် မညွတ်သည့်ကိစ္စရပ်များ ထပ်မံတွေ့ရှိပါက တာဝန်ရှိသူများအနေဖြင့်
ချက်ချင်းအရေးယူဆောင်ရွက်ပေးရန်၊ စက်ရုံလည်ပတ်နေမှုကို ချက်ချင်းရပ်ဆိုင်းစေရန်နှင့် ဂိုထောင်များရှိ
ဓာတုဗေဒပစ္စည်းများကို ချက်ချင်းဖယ်ရှားစေခြင်းတို့ လုပ်ဆောင်ရန် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညွှန်ကြားခဲ့ပြီး
ဓာတုပစ္စည်းသိုလှောင်ခွင့် လိုင်စင်မရှိဘဲ ပြည်ပမှတင်သွင်းလာသော ဓာတုဗေဒပစ္စည်းများကို ဆိပ်ကမ်းကပ်ခွင့်
ချက်ချင်းပိတ်သိမ်း အရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ထန်းတပင်ကျေးရွာရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံမှ ထွက်ရှိသော
အနံ့ဆိုးနှင့် အမှုန်များကြောင့် ဒေသခံများ၏ ကျန်းမာရေးထိခိုက်နေသဖြင့် ပိတ်သိမ်းပေးရန် ဒေသခံ ၃ဝ ခန့်က
ဇန်နဝါရီ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့၌ ရန်ကုန်တိုင်းဝန်ကြီးချုပ်
ဦးဖြိုးမင်းသိန်းကို လာရောက်စောင့်ဆိုင်းကာ တင်ပြခဲ့ခြင်းဖြစ်ပါတယ်။
zawgyi
ဥပေဒႏွင့္ မညီၫြတ္ဘဲ လုပ္ငန္းလည္ပတ္မႈမ်ား လုပ္ေဆာင္ေနေသာ တြံေတးၿမိဳ႕နယ္ရွိ အနံ႔ဆိုးႏွင့္
အမႈန္မ်ား ထြက္ရွိေနေသာ ေ႐ႊနဂါးဓာတ္ေျမၾသဇာ စက္႐ုံကို ေဒသခံမ်ား၏ တင္ျပခ်က္အရ
ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းအေနျဖင့္ ယေန႔ဇန္နဝါရီ ၂၉ ရက္တြင္ သြားေရာက္စစ္ေဆးခဲ့ရာ
လိုင္စင္မရွိဘဲ လုပ္ေဆာင္ေနျခင္းကို ေတြ႕ရွိရသည့္အတြက္ စက္႐ုံလည္ပတ္မႈကို ခ်က္ခ်င္း ရပ္ဆိုင္းေစခဲ့ေၾကာင္း သိရပါတယ္။
ေ႐ႊနဂါး ဓာတ္ေျမၾသဇာစက္႐ုံအေနျဖင့္ တည္ဆဲဥပေဒ လုပ္ထုံးလုပ္နည္းမ်ားကို ေက်ာ္လြန္ေဆာင္႐ြက္ေနျခင္း၊
ပတ္ဝန္းက်င္ထိခိုက္မႈ ျဖစ္ေပၚေနျခင္းကို ရန္ကုန္တိုင္း အစိုးရအဖြဲ႕အေနျဖင့္ စစ္ေဆးေတြ႕ရွိခဲ့ပါတယ္။
“ဝန္ႀကီးခ်ဳပ္ စက္႐ုံအတြင္း ဝင္ေရာက္ၾကည့္ရႈ႕ၿပီးေနာက္မွာေတာ့ စက္႐ုံတြင္း စည္းႀကိဳးမ်ားျဖင့္
တားျမစ္ပိတ္ပင္လိုက္ပါတယ္။ ကုန္ၾကမ္းမ်ား စက္႐ုံတြင္း ရွင္းလင္းေနစဥ္ ကာလအတြင္း ရဲတပ္ဖြဲ႕ႏွင့္
ေက်း႐ြာအုပ္ခ်ဳပ္ေရးအဖြဲ႕မ်ားက ၂၄ နာရီအျပည့္ ေစာင့္ၾကပ္ရမွာျဖစ္ပါတယ္” လို႔ ဝန္ႀကီးခ်ဳပ္ကို
တင္ျပရာတြင္ ဦးေဆာင္ပါဝင္ခဲ့သူ ေဒသခံ ဦးရဲဝင္းထြဋ္က ေျပာပါတယ္။
စက္႐ုံႏွင့္ပတ္သက္ၿပီး ဥပေဒႏွင့္ မၫြတ္သည့္ကိစၥရပ္မ်ား ထပ္မံေတြ႕ရွိပါက တာဝန္ရွိသူမ်ားအေနျဖင့္
ခ်က္ခ်င္းအေရးယူေဆာင္႐ြက္ေပးရန္၊ စက္႐ုံလည္ပတ္ေနမႈကို ခ်က္ခ်င္းရပ္ဆိုင္းေစရန္ႏွင့္ ဂိုေထာင္မ်ားရွိ
ဓာတုေဗဒပစၥည္းမ်ားကို ခ်က္ခ်င္းဖယ္ရွားေစျခင္းတို႔ လုပ္ေဆာင္ရန္ ဝန္ႀကီးခ်ဳပ္ ဦးၿဖိဳးမင္းသိန္းက ၫႊန္ၾကားခဲ့ၿပီး
ဓာတုပစၥည္းသိုေလွာင္ခြင့္ လိုင္စင္မရွိဘဲ ျပည္ပမွတင္သြင္းလာေသာ ဓာတုေဗဒပစၥည္းမ်ားကို ဆိပ္ကမ္းကပ္ခြင့္
ခ်က္ခ်င္းပိတ္သိမ္း အေရးယူမႈမ်ား လုပ္ေဆာင္ခဲ့ေၾကာင္း သိရပါတယ္။
ရန္ကုန္တိုင္းေဒသႀကီး၊ တြံေတးၿမိဳ႕နယ္ ထန္းတပင္ေက်း႐ြာရွိ ေ႐ႊနဂါးဓာတ္ေျမၾသဇာစက္႐ုံမွ ထြက္ရွိေသာ
အနံ႔ဆိုးႏွင့္ အမႈန္မ်ားေၾကာင့္ ေဒသခံမ်ား၏ က်န္းမာေရးထိခိုက္ေနသျဖင့္ ပိတ္သိမ္းေပးရန္ ေဒသခံ ၃ဝ ခန႔္က
ဇန္နဝါရီ ၂၆ ရက္တြင္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕႐ုံးေရွ႕၌ ရန္ကုန္တိုင္းဝန္ႀကီးခ်ဳပ္
ဦးၿဖိဳးမင္းသိန္းကို လာေရာက္ေစာင့္ဆိုင္းကာ တင္ျပခဲ့ျခင္းျဖစ္ပါတယ္။