စစ်တပ်က အာဏာသိမ်းမှု ဖြစ်စဥ်တွေမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အခြေအနေများ..
နိုင်ငံတကာမှာတော့ စစ်တပ်က အာဏာစသိမ်းပြီဆိုရင် အစိုးရရဲ့ အုပ်ချုပ်ရေး ယန္တရားတွေ ရုတ်တရက်
ရပ်ဆိုင်းသွားအောင်နဲ့ ဆက်သွယ်ရေးတွေ ပြတ်တောက်သွားအောင် အဓိကထား ပြုလုပ်လေ့ ရှိပါတယ်။
အစိုးရ ယန္တရား ရပ်သွားအောင် အုပ်ချုပ်ရေးရုံးတွေ၊ ဘဏ်တွေ၊ လွှတော်တွေ၊ မြို့တော်ခန်းမတွေနဲ့
သမ္မတ အိမ်တော်တွေကို တပ်က အလုံးအရင်းနဲ့ ဝင်သိမ်းလေ့ ရှိပါတယ်။ ဆက်သွယ်ရေး ပြတ်တောက်အောင်တော့
အသံလွှင့်ရုံတွေ၊ မီဒီယာအလုပ်ခန်းတွေနဲ့ ဖုန်းအိတ်ချိန်းတွေ စတာတွေကို ဝင်ရောက် စီးနင်းလေ့ ရှိပါတယ်။
အခုခေတ်ဆိုရင်တော့ မြေအောက်ဆက်သွယ်ရေးကြိုးတွေ၊ ဖုန်းတာဝါတိုင်တွေ၊
အင်တာနက် ဆဗာတွေ ထားတဲ့ ဒေတာစင်တာတွေကို အရင်သိမ်းပါလိမ့်မယ်။
ကြုံတုန်း ပြောရရင် ၁၉၈၈ ခုနှစ်က အာဏာသိမ်းခဲ့တဲ့ ဘဘကြီးတွေ လွဲတယ်ပဲ ပြောရမလား၊
သတိကြီးတယ်ပဲ ပြောရမလားတော့ မသိဘူး။ ၈၈ အာဏာသိမ်းပြီးကတည်းက တပ်လုံခြုံရေး
အစောင့်အရှောက်နဲ့ ထိန်းသိမ်းထားတဲ့ မြန်မာ့အသံဝင်းကြီးဟာ အခုထိ စစ်သားတွေ ယူနီဖောင်းနဲ့
သေနတ်နဲ့ စောင့်နေကြတုန်းပါပဲ။ လုံခြုံရေးတပ်သားတွေလည်း တာဝန်ကျလို့သာ စောင့်နေရတာ
ထင်ပါတယ်။ မြန်မာ့အရှေ့က ဖြတ်တိုင်း ပျင်းပျင်းရိရိနဲ့ ထိုင်နေတဲ့ သေနတ်ကိုင် စစ်သားတယောက်ကိုပဲ
အမြဲတွေ့ရပါတယ်။ ဝင်းထဲမှာတော့ စစ်ကား တစီး အမြဲ ရပ်ထားတာကိုလည်း တွေ့ရပါတယ်။
အပေါ်က ပြောထားသလိုပဲ လောလောဆယ် အာဏာသိမ်းလိုက်လို့ ဖြစ်လာနိုင်တဲ့ ကိစ္စတွေကတေ
ာ့ အင်တာနက်တွေ ၂ နာရီအတွင်း ပြတ်တောက်သွားနိုင်ပါတယ်။ မိုဘိုင်းဖုန်း ဆက်သွယ်မှုတွေလည်
း ပြတ်တောက်သွားနိုင်ပြီး ကြိုးဖုန်းတချို့နဲ့ အခြား ဆက်သွရေး တချို့လည်း ပြတ်တောက်သွားနိုင်ပါတယ်။
ရုပ်သံမီဒီယာတွေ အားလုံး ရပ်ဆိုင်းကုန်မှာ ဖြစ်ပြီး အဓိက ရုပ်သံ ၁ လိုင်း ၂ လိုင်းကနေပဲ ကြေညာချက်နဲ့
စစ်ချီ သီချင်းတွေ အဆက်မပြတ် ထုတ်လွှင့်ပါလိမ့်မယ် (ဒါက ဘဘတို့ အကြိုက်)။
မြို့ကြီးတွေရဲ့ အဓိက လမ်းမကြီးတွေကို တင့်ကားတွေ၊ သံချပ်ကာကားတွေနဲ့ ပိတ်ထားလိုက်မှာ ဖြစ်ပြီး
ညမထွက်ရ အမိန့်တွေ ထုတ်ပြန်ပါလိမ့်မယ်။ အရေးကြီးတဲ့ နေရာတွေကို တခြားလူ မဝင်နိုင်အောင်
ပုဒ်မ ၁၄၄ ကာဖျူး အမိန့်တွေ ထုတ်ပြန်ပါလိမ့်မယ်။ တမြို့နဲ့ တမြို့ ဆက်သွယ်လို့ မရအောင် ဆက်သွယ်ရေး
လမ်းကြောင်းတွေ ဖြတ်တောက် ထားပါလိမ့်မယ်။ လူထု အသုံးပြုလို့ ရတဲ့ ဆက်သွယ်ရေး
နည်းလမ်းတွေ မှန်သမျှကို ကန့်သတ်ထားမှာ ဖြစ်ပြီး တချို့နေရာတွေမှာ
လျှပ်စစ်မီးကိုပါ ဖြတ်တောက် ထားမှာ ဖြစ်ပါတယ်။
နိုင်ငံတကာ သံတမန်နဲ့ မိသားစုတွေကိုတော့ သက်ဆိုင်ရာ နိုင်ငံတွေက လာခေါ်ကြမှာ ဖြစ်ပြီး နိုင်ငံထဲကနေ
ထွက်ပြေးမယ့်သူတွေ အများအပြား ရှိလာပါလိမ့်မယ်။
ဆူပူသောင်းကျန်းသူတွေကြားမှာ လုယက်သူတွေ အများအပြား ပေါ်လာပါလိမ့်မယ်။
ဒီအချိန်မှာ စစ်တပ်က သူ့ကို အာခံသူမှန်သမျှကို စစ်မြေပြင်က ရန်သူသဖွယ် ပြင်းပြင်းထန်ထန်
ချေမှုန်း ပါလိမ့်မယ်။ လူအသေအပျောက် အများအပြား ရှိနိုင်ပါတယ်။ တချို့ နိုင်ငံတွေမှာတော့
အာဏာသိမ်းမှု ဖြစ်လို့ တိုင်းပြည် မတည်မငြိမ်ဖြစ်လာရင် ဘေးနိုင်ငံက စစ်တပ်တွေ ကိုယ့်နိုင်ငံထဲအထိ
ဝင်လာတဲ့ ဖြစ်ရပ်တွေ ရှိဖူးပါတယ်။ များသောအားဖြင့် အာဖရိက နိုင်ငံတွေမှာ ဖြစ်လေ့ ရှိပါတယ်။
အိမ်တွင်းရေး မတည်ငြိမ်တော့ ဘေးအိမ်က လာစော်ကားတဲ့ သဘောမျိုးပါပဲ။ သတင်းထုတ်ပြန်ရင်တော့
တည်ငြိမ်မှုကို ထိန်းသိမ်းတယ်ဆို ပြီးတော့ပဲ ထုတ်ပြန်လေ့ ရှိပါတယ်။
စစ်တပ်က အာဏာသိမ်းမှု ဖြစ်စဥ်တွေမှာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ သဘောကို ရေးပြလိုက်ပါတယ်။
အခြေအနေတွေက ဝမ်းနည်းစရာတွေ ဖြစ်သွားနိုင်သလို တူရကီကလိုမျိုး အာဏာသိမ်းမှု မအောင်မြင်တဲ့
အဖြစ်အပျက်တွေလည်း ကြုံတွေရနိုင်ပါတယ်။ အားလုံး သင်ခန်းစာ ယူနိုင်ကြပါစေ။
မောင်လေးလုံး
zawgyi
စစ္တပ္က အာဏာသိမ္းမႈ ျဖစ္စဥ္ေတြမွာ ျဖစ္ေလ့ ျဖစ္ထ ရွိတဲ့ အေျခအေနမ်ား..
ႏိုင္ငံတကာမွာေတာ့ စစ္တပ္က အာဏာစသိမ္းၿပီဆိုရင္ အစိုးရရဲ႕ အုပ္ခ်ဳပ္ေရး ယႏၲရားေတြ ႐ုတ္တရက္
ရပ္ဆိုင္းသြားေအာင္နဲ႔ ဆက္သြယ္ေရးေတြ ျပတ္ေတာက္သြားေအာင္ အဓိကထား ျပဳလုပ္ေလ့ ရွိပါတယ္။
အစိုးရ ယႏၲရား ရပ္သြားေအာင္ အုပ္ခ်ဳပ္ေရး႐ုံးေတြ၊ ဘဏ္ေတြ၊ လႊေတာ္ေတြ၊ ၿမိဳ႕ေတာ္ခန္းမေတြနဲ႔
သမၼတ အိမ္ေတာ္ေတြကို တပ္က အလုံးအရင္းနဲ႔ ဝင္သိမ္းေလ့ ရွိပါတယ္။ ဆက္သြယ္ေရး ျပတ္ေတာက္ေအာင္ေတာ့
အသံလႊင့္႐ုံေတြ၊ မီဒီယာအလုပ္ခန္းေတြနဲ႔ ဖုန္းအိတ္ခ်ိန္းေတြ စတာေတြကို ဝင္ေရာက္ စီးနင္းေလ့ ရွိပါတယ္။
အခုေခတ္ဆိုရင္ေတာ့ ေျမေအာက္ဆက္သြယ္ေရးႀကိဳးေတြ၊ ဖုန္းတာဝါတိုင္ေတြ၊
အင္တာနက္ ဆဗာေတြ ထားတဲ့ ေဒတာစင္တာေတြကို အရင္သိမ္းပါလိမ့္မယ္။
ႀကဳံတုန္း ေျပာရရင္ ၁၉၈၈ ခုႏွစ္က အာဏာသိမ္းခဲ့တဲ့ ဘဘႀကီးေတြ လြဲတယ္ပဲ ေျပာရမလား၊
သတိႀကီးတယ္ပဲ ေျပာရမလားေတာ့ မသိဘူး။ ၈၈ အာဏာသိမ္းၿပီးကတည္းက တပ္လုံၿခဳံေရး
အေစာင့္အေရွာက္နဲ႔ ထိန္းသိမ္းထားတဲ့ ျမန္မာ့အသံဝင္းႀကီးဟာ အခုထိ စစ္သားေတြ ယူနီေဖာင္းနဲ႔
ေသနတ္နဲ႔ ေစာင့္ေနၾကတုန္းပါပဲ။ လုံၿခဳံေရးတပ္သားေတြလည္း တာဝန္က်လို႔သာ ေစာင့္ေနရတာ
ထင္ပါတယ္။ ျမန္မာ့အေရွ႕က ျဖတ္တိုင္း ပ်င္းပ်င္းရိရိနဲ႔ ထိုင္ေနတဲ့ ေသနတ္ကိုင္ စစ္သားတေယာက္ကိုပဲ
အၿမဲေတြ႕ရပါတယ္။ ဝင္းထဲမွာေတာ့ စစ္ကား တစီး အၿမဲ ရပ္ထားတာကိုလည္း ေတြ႕ရပါတယ္။
အေပၚက ေျပာထားသလိုပဲ ေလာေလာဆယ္ အာဏာသိမ္းလိုက္လို႔ ျဖစ္လာႏိုင္တဲ့ ကိစၥေတြကေတ
ာ့ အင္တာနက္ေတြ ၂ နာရီအတြင္း ျပတ္ေတာက္သြားႏိုင္ပါတယ္။ မိုဘိုင္းဖုန္း ဆက္သြယ္မႈေတြလည္
း ျပတ္ေတာက္သြားႏိုင္ၿပီး ႀကိဳးဖုန္းတခ်ိဳ႕နဲ႔ အျခား ဆက္သြေရး တခ်ိဳ႕လည္း ျပတ္ေတာက္သြားႏိုင္ပါတယ္။
႐ုပ္သံမီဒီယာေတြ အားလုံး ရပ္ဆိုင္းကုန္မွာ ျဖစ္ၿပီး အဓိက ႐ုပ္သံ ၁ လိုင္း ၂ လိုင္းကေနပဲ ေၾကညာခ်က္နဲ႔
စစ္ခ်ီ သီခ်င္းေတြ အဆက္မျပတ္ ထုတ္လႊင့္ပါလိမ့္မယ္ (ဒါက ဘဘတို႔ အႀကိဳက္)။
ၿမိဳ႕ႀကီးေတြရဲ႕ အဓိက လမ္းမႀကီးေတြကို တင့္ကားေတြ၊ သံခ်ပ္ကာကားေတြနဲ႔ ပိတ္ထားလိုက္မွာ ျဖစ္ၿပီး
ညမထြက္ရ အမိန႔္ေတြ ထုတ္ျပန္ပါလိမ့္မယ္။ အေရးႀကီးတဲ့ ေနရာေတြကို တျခားလူ မဝင္ႏိုင္ေအာင္
ပုဒ္မ ၁၄၄ ကာဖ်ဴး အမိန႔္ေတြ ထုတ္ျပန္ပါလိမ့္မယ္။ တၿမိဳ႕နဲ႔ တၿမိဳ႕ ဆက္သြယ္လို႔ မရေအာင္ ဆက္သြယ္ေရး
လမ္းေၾကာင္းေတြ ျဖတ္ေတာက္ ထားပါလိမ့္မယ္။ လူထု အသုံးျပဳလို႔ ရတဲ့ ဆက္သြယ္ေရး
နည္းလမ္းေတြ မွန္သမွ်ကို ကန႔္သတ္ထားမွာ ျဖစ္ၿပီး တခ်ိဳ႕ေနရာေတြမွာ
လွ်ပ္စစ္မီးကိုပါ ျဖတ္ေတာက္ ထားမွာ ျဖစ္ပါတယ္။
ႏိုင္ငံတကာ သံတမန္နဲ႔ မိသားစုေတြကိုေတာ့ သက္ဆိုင္ရာ ႏိုင္ငံေတြက လာေခၚၾကမွာ ျဖစ္ၿပီး ႏိုင္ငံထဲကေန
ထြက္ေျပးမယ့္သူေတြ အမ်ားအျပား ရွိလာပါလိမ့္မယ္။
ဆူပူေသာင္းက်န္းသူေတြၾကားမွာ လုယက္သူေတြ အမ်ားအျပား ေပၚလာပါလိမ့္မယ္။
ဒီအခ်ိန္မွာ စစ္တပ္က သူ႔ကို အာခံသူမွန္သမွ်ကို စစ္ေျမျပင္က ရန္သူသဖြယ္ ျပင္းျပင္းထန္ထန္
ေခ်မႈန္း ပါလိမ့္မယ္။ လူအေသအေပ်ာက္ အမ်ားအျပား ရွိႏိုင္ပါတယ္။ တခ်ိဳ႕ ႏိုင္ငံေတြမွာေတာ့
အာဏာသိမ္းမႈ ျဖစ္လို႔ တိုင္းျပည္ မတည္မၿငိမ္ျဖစ္လာရင္ ေဘးႏိုင္ငံက စစ္တပ္ေတြ ကိုယ့္ႏိုင္ငံထဲအထိ
ဝင္လာတဲ့ ျဖစ္ရပ္ေတြ ရွိဖူးပါတယ္။ မ်ားေသာအားျဖင့္ အာဖရိက ႏိုင္ငံေတြမွာ ျဖစ္ေလ့ ရွိပါတယ္။
အိမ္တြင္းေရး မတည္ၿငိမ္ေတာ့ ေဘးအိမ္က လာေစာ္ကားတဲ့ သေဘာမ်ိဳးပါပဲ။ သတင္းထုတ္ျပန္ရင္ေတာ့
တည္ၿငိမ္မႈကို ထိန္းသိမ္းတယ္ဆို ၿပီးေတာ့ပဲ ထုတ္ျပန္ေလ့ ရွိပါတယ္။
စစ္တပ္က အာဏာသိမ္းမႈ ျဖစ္စဥ္ေတြမွာ ျဖစ္ေလ့ ျဖစ္ထ ရွိတဲ့ သေဘာကို ေရးျပလိုက္ပါတယ္။
အေျခအေနေတြက ဝမ္းနည္းစရာေတြ ျဖစ္သြားႏိုင္သလို တူရကီကလိုမ်ိဳး အာဏာသိမ္းမႈ မေအာင္ျမင္တဲ့
အျဖစ္အပ်က္ေတြလည္း ႀကဳံေတြရႏိုင္ပါတယ္။ အားလုံး သင္ခန္းစာ ယူႏိုင္ၾကပါေစ။
ေမာင္ေလးလုံ