News

ဓာတ်ခွဲခန်းမှူးကြီး ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရတဲ့ ကိုဗစ် ကာကွယ်ဆေး နောက်ဆက်တွဲ

ဓာတ်ခွဲခန်းမှူးကြီး ကိုယ်တိုင် နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရတဲ့ ကိုဗစ် ကာကွယ်ဆေး နောက်ဆက်တွဲ..

ကျွန်တော်တို့ ခပ်ငယ်ငယ်ဘဝ၊ ရွာကနေ မတ္တရာမြို့ကို ပြောင်းလာတုန်းကပေါ့။ ကျွန်တော့် အမေက

မူလတန်းပြ ဆရာမ။ အမေတို့ တာဝန်ကျတဲ့ ကျောင်းက မတ္တရာကနေ ၃ မိုင်လောက်ဝေးမယ်။

အမေနဲ့အတူ မြို့ပေါ်က ဆရာမတွေ နေ့တိုင်း စက်ဘီးနဲ့ ကျောင်းတက်ရတာ။ အဲဒီတုန်းက

အမေ့လုပ်ဖော်ကိုင်ဖက် ဆရာမ ဒေါ်မာမာဝင်း ပြောဖူးတာ တစ်ခုကို သတိရနေမိတယ်။

သူလည်း ကျွန်တော့်အမေလို လင်ဆိုးမယား၊ လူမမယ်ကလေးတွေရဲ့ မိခင် ဆိုတော့ကာ၊ မနက်လင်းတာနဲ့

လျှော်ဖွပ်၊ ချက်ပြုတ်၊ ခူးခပ်၊ စားသောက်၊ ကျွန်တော်တို့ မောင်နှမနဲ့ ရွယ်တူ၊ သူ့ကလေးတွေ ကျောင်းအတွက်

ထုပ်ပိုးပေးပြီးတော့ကာ၊ အဖြူအစိမ်းလေး ကောက်စွပ်ပြီး စက်ဘီးတစ်လှည့်စီ အမေနဲ့နင်းလို့ ကျောင်းတက်ရတယ်မို့လား။

လူလား မမြောက်သေးတဲ့ ကလေးတွေ ကိုယ်စီနဲ့ မိန်းမသားတွေချည်း လုပ်ကိုင်စားရတဲ့ဘဝတွ

ေ ဆိုတော့လည်း နည်းနည်းတော့ ကသီ စိတ်မော ရှာမှာပေါ့။

ကျောင်းရောက်တော့ ဆရာမ နားနေခန်းထဲရောက်ချိန် ဆရာမဒေါ်မာမာဝင်းက ဆိုသတဲ့။ “အောင်မလေး

ဆရာမရယ်၊ ပြီးခဲ့တဲ့ စနေ တနင်္ဂနွေ နှစ်ရက် ဘယ်လိုကို ကုန်သွားမှန်း မသိလိုက်ပါဘူး။

တစ်ပတ်လုံးစာ လျှော်လိုက် ဖွပ်လိုက်၊ လှဲလိုက် ကျင်းလိုက် ကလေးတွေနဲ့ အိမ်အလုပ်နဲ့

လူလည်း ဖတ်ဖတ်ကိုဆာ နေတာပါပဲ။ အခု ကျောင်းရောက်မှပဲ နားရတော့တယ်” တဲ့။

ကျွန်တော့်အမေက အဲဒီ စကားကို အခု သူပင်စင်နီးတဲ့အထိ သဘောတကျ ပြန်ပြော မဝဘူး။

ကျွန်တော့်မိတ်ဆွေများက အခုတလော ဖေ့ဘုတ်သိပ်မသုံးဖြစ်တဲ့ ကျွန်တော့်ကို ကိုအောင်မျိုး နေကောင်းရဲ့လား။

ကျန်းမာရဲ့လား။ စသဖြင့် ချစ်ခင် စိုးရိမ်စိတ်နဲ့ သတင်းမေးကြပါတယ်။ ကျွန်တော်က ကိုဗစ်လုပ်ငန်းတွေ လုပ်နေတဲ့

သူကိုး။ ဆိုတော့ကာ ကျွန်တော်ကလည်း “နေကောင်းပါတယ် ခင်ဗျာ။ ကျွန်တော် အလုပ်များနေလို့ပါ” လို့

သူတို့ စိတ်မပူအောင် ပြန်ဖြေတာပေါ့။ တကယ်လည်း လူက ကျန်းမာနေပါတယ်။

ဟော.. မနေ့ကတော့ ချစ်ခင်ရသူ ဆရာသမား၊ အပေါင်းအသင်းများက အတင်း တိုက်တွန်းလို့

ရှောင်နေတဲ့ကြားက ကိုဗစ်ကာကွယ်ဆေးဆိုတာ ထိုးလိုက်ရပါရော။ အခု လက်မောင်းတစ်ဖက်

ကောင်းကောင်း မမြှောက်နိုင်ဘူး။ လူက နုံးနေပြီး၊ မနေ့က တစ်ညလုံးဖျားနေတာ။ ကျွန်တော်နဲ့

တစ်ချိန်ထဲထိုးတဲ့ Swab အဖွဲ့ထဲက ကောင်လေးဆို ချက်ချင်း အာခေါင်တွေခြောက်ပြီး မူးလို့ ဆေးကုလိုက်ရသေး ဆိုပဲ။

ဒီမနက် အိပ်ယာနိုးတော့ ကိုယ်သိသမျှလူကုန် ဖုန်းလိုက်ဆက်ပြီး၊

“ခင်ဗျားတို့ရော အခြေအနေ ဘယ်လိုလဲဗျ” ဘာညာ စူးစမ်းရတာပ။

“အို.. ငါတို့လည်း..” က အစချီပြီး သူတို့ ခံစားရသမျှ ဝေဒနာဋီကာတွေ ပြန်မျှကြချိန်၊ စိတ်ယုတ်မာထားတယ်

လို့ စွပ်စွဲကာမှ ရှိစေ၊ ဝမ်းသာလိုက်တာ ခင်ဗျာ။ ဖျားနေတာ ငါတစ်ယောက်တည်း မဟုတ်ဘူး

ဆိုတဲ့အသိက၊ ကျွန်တော့်ကို တော်တော်စိတ်သက်သာ စေတာပဲ။

ဒီမနက်တော့ တစ်ဖွဲ့လုံး နေမကောင်းကြတာမို့ ယူရမယ့် Swab အလုပ်တွေ အကုန် ရက်ရွှေ့လိုက်ရပါတယ်။

ဒီတော့ကာ ဒီနေရာမှာ မောင်အောင်မျိုးလေး ချိုးချချင်တဲ့ ဒရာမာက၊ “ဒီနေ့မှ ကျွန်တော်လည်း

စိတ်အားလက်အား နားရတယ်” ပေါ့ခင်ဗျာ။ အားလုံး ဖျားကြတာပဲ ကျေးဇူးတင်ရမလိုလို။ ဟီးဟီး။ (Aungmyothu Lwin)

zawgyi

ဓာတ္ခြဲခန္းမႉးႀကီး ကိုယ္တိုင္ နဖူးေတြ႕ ဒူးေတြ႕ ႀကဳံလိုက္ရတဲ့ ကိုဗစ္ ကာကြယ္ေဆး ေနာက္ဆက္တြဲ..

ကြၽန္ေတာ္တို႔ ခပ္ငယ္ငယ္ဘဝ၊ ႐ြာကေန မတၱရာၿမိဳ႕ကို ေျပာင္းလာတုန္းကေပါ့။ ကြၽန္ေတာ့္ အေမက

မူလတန္းျပ ဆရာမ။ အေမတို႔ တာဝန္က်တဲ့ ေက်ာင္းက မတၱရာကေန ၃ မိုင္ေလာက္ေဝးမယ္။

အေမနဲ႔အတူ ၿမိဳ႕ေပၚက ဆရာမေတြ ေန႔တိုင္း စက္ဘီးနဲ႔ ေက်ာင္းတက္ရတာ။ အဲဒီတုန္းက

အေမ့လုပ္ေဖာ္ကိုင္ဖက္ ဆရာမ ေဒၚမာမာဝင္း ေျပာဖူးတာ တစ္ခုကို သတိရေနမိတယ္။

သူလည္း ကြၽန္ေတာ့္အေမလို လင္ဆိုးမယား၊ လူမမယ္ကေလးေတြရဲ႕ မိခင္ ဆိုေတာ့ကာ၊ မနက္လင္းတာနဲ႔

ေလွ်ာ္ဖြပ္၊ ခ်က္ျပဳတ္၊ ခူးခပ္၊ စားေသာက္၊ ကြၽန္ေတာ္တို႔ ေမာင္ႏွမနဲ႔ ႐ြယ္တူ၊ သူ႔ကေလးေတြ ေက်ာင္းအတြက္

ထုပ္ပိုးေပးၿပီးေတာ့ကာ၊ အျဖဴအစိမ္းေလး ေကာက္စြပ္ၿပီး စက္ဘီးတစ္လွည့္စီ အေမနဲ႔နင္းလို႔ ေက်ာင္းတက္ရတယ္မို႔လား။

လူလား မေျမာက္ေသးတဲ့ ကေလးေတြ ကိုယ္စီနဲ႔ မိန္းမသားေတြခ်ည္း လုပ္ကိုင္စားရတဲ့ဘဝတြ

ေ ဆိုေတာ့လည္း နည္းနည္းေတာ့ ကသီ စိတ္ေမာ ရွာမွာေပါ့။

ေက်ာင္းေရာက္ေတာ့ ဆရာမ နားေနခန္းထဲေရာက္ခ်ိန္ ဆရာမေဒၚမာမာဝင္းက ဆိုသတဲ့။ “ေအာင္မေလး

ဆရာမရယ္၊ ၿပီးခဲ့တဲ့ စေန တနဂၤေႏြ ႏွစ္ရက္ ဘယ္လိုကို ကုန္သြားမွန္း မသိလိုက္ပါဘူး။

တစ္ပတ္လုံးစာ ေလွ်ာ္လိုက္ ဖြပ္လိုက္၊ လွဲလိုက္ က်င္းလိုက္ ကေလးေတြနဲ႔ အိမ္အလုပ္နဲ႔

လူလည္း ဖတ္ဖတ္ကိုဆာ ေနတာပါပဲ။ အခု ေက်ာင္းေရာက္မွပဲ နားရေတာ့တယ္” တဲ့။

ကြၽန္ေတာ့္အေမက အဲဒီ စကားကို အခု သူပင္စင္နီးတဲ့အထိ သေဘာတက် ျပန္ေျပာ မဝဘူး။

ကြၽန္ေတာ့္မိတ္ေဆြမ်ားက အခုတေလာ ေဖ့ဘုတ္သိပ္မသုံးျဖစ္တဲ့ ကြၽန္ေတာ့္ကို ကိုေအာင္မ်ိဳး ေနေကာင္းရဲ႕လား။

က်န္းမာရဲ႕လား။ စသျဖင့္ ခ်စ္ခင္ စိုးရိမ္စိတ္နဲ႔ သတင္းေမးၾကပါတယ္။ ကြၽန္ေတာ္က ကိုဗစ္လုပ္ငန္းေတြ လုပ္ေနတဲ့

သူကိုး။ ဆိုေတာ့ကာ ကြၽန္ေတာ္ကလည္း “ေနေကာင္းပါတယ္ ခင္ဗ်ာ။ ကြၽန္ေတာ္ အလုပ္မ်ားေနလို႔ပါ” လို႔

သူတို႔ စိတ္မပူေအာင္ ျပန္ေျဖတာေပါ့။ တကယ္လည္း လူက က်န္းမာေနပါတယ္။

ေဟာ.. မေန႔ကေတာ့ ခ်စ္ခင္ရသူ ဆရာသမား၊ အေပါင္းအသင္းမ်ားက အတင္း တိုက္တြန္းလို႔

ေရွာင္ေနတဲ့ၾကားက ကိုဗစ္ကာကြယ္ေဆးဆိုတာ ထိုးလိုက္ရပါေရာ။ အခု လက္ေမာင္းတစ္ဖက္

ေကာင္းေကာင္း မေျမႇာက္ႏိုင္ဘူး။ လူက ႏုံးေနၿပီး၊ မေန႔က တစ္ညလုံးဖ်ားေနတာ။ ကြၽန္ေတာ္နဲ႔

တစ္ခ်ိန္ထဲထိုးတဲ့ Swab အဖြဲ႕ထဲက ေကာင္ေလးဆို ခ်က္ခ်င္း အာေခါင္ေတြေျခာက္ၿပီး မူးလို႔ ေဆးကုလိုက္ရေသး ဆိုပဲ။

ဒီမနက္ အိပ္ယာႏိုးေတာ့ ကိုယ္သိသမွ်လူကုန္ ဖုန္းလိုက္ဆက္ၿပီး၊

“ခင္ဗ်ားတို႔ေရာ အေျခအေန ဘယ္လိုလဲဗ်” ဘာညာ စူးစမ္းရတာပ။

“အို.. ငါတို႔လည္း..” က အစခ်ီၿပီး သူတို႔ ခံစားရသမွ် ေဝဒနာဋီကာေတြ ျပန္မွ်ၾကခ်ိန္၊ စိတ္ယုတ္မာထားတယ္

လို႔ စြပ္စြဲကာမွ ရွိေစ၊ ဝမ္းသာလိုက္တာ ခင္ဗ်ာ။ ဖ်ားေနတာ ငါတစ္ေယာက္တည္း မဟုတ္ဘူး

ဆိုတဲ့အသိက၊ ကြၽန္ေတာ့္ကို ေတာ္ေတာ္စိတ္သက္သာ ေစတာပဲ။

ဒီမနက္ေတာ့ တစ္ဖြဲ႕လုံး ေနမေကာင္းၾကတာမို႔ ယူရမယ့္ Swab အလုပ္ေတြ အကုန္ ရက္ေ႐ႊ႕လိုက္ရပါတယ္။

ဒီေတာ့ကာ ဒီေနရာမွာ ေမာင္ေအာင္မ်ိဳးေလး ခ်ိဳးခ်ခ်င္တဲ့ ဒရာမာက၊ “ဒီေန႔မွ ကြၽန္ေတာ္လည္း

စိတ္အားလက္အား နားရတယ္” ေပါ့ခင္ဗ်ာ။ အားလုံး ဖ်ားၾကတာပဲ ေက်းဇူးတင္ရမလိုလို။ ဟီးဟီး။ (Aungmyothu Lwin)