News

ရေးမြို့နယ်မှာ လူစုလူဝေးဖြစ်စေခဲ့တဲ့ ကိုရင်လေးကျောင်း ပဌာန်းလှည့်လည်ပွဲကို ထွေအုပ်က မသိဟုဆို………

ရေးမြို့နယ်မှာ လူစုလူဝေးဖြစ်စေခဲ့တဲ့ ကိုရင်လေးကျောင်း ပဌာန်းလှည့်လည်ပွဲကို ထွေအုပ်က မသိဟုဆို

မွန်ပြည်နယ်အတွင်း နေ့စဉ်ပိုးတွေ့လူနာများလာ သောကြောင့် လူစုလူဝေးပွဲများ မပြုလုပ်ကြရန်

ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယ ပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

ယခင်နှစ် မတ်လ ၂၃ရက်မှ ယခုနှစ် ဇန်နဝါရီ ၂၆ ရက်အထိ မွန်ပြည်နယ်တွင် ကိုဗစ်လူနာ

၃,၂၄၂ ဦးရှိကြောင်း ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာနက

ဇန် နဝါရီ ၂၇ ရက် ညနေပိုင်းတွင် ထုတ်ပြန်ခဲ့ပါတယ်။

သို့ဖြစ်ရာ ဇန်နဝါရီ ၂၄ ရက်တွင်ပြုလုပ်ခဲ့သည့် ရေးမြို့ နယ် ကိုရင်လေးကျောင်း ပဋ္ဌာန်း

လှည်လည်ပွဲကဲ့သို့ လူစုလူဝေး ပွဲများ မကျင်းပသင့်ကြောင်း ဒေါက်တာဝတ်မှုံက ပြောပါတယ်။

“လိုအပ်တဲ့ သင်တန်းတွေ ကိုတောင် လူတွလျှော့ပြီးတော့ တကယ့်ကို မျက်နှာချင်းဆိုင်လုပ်

ရမယ့် အလုပ်တွေမှာတောင် လျှော့ပြီး လုပ်နေရတယ်ပေါ့။ ကိုယ့်ကျန်းမာရေးအလုပ်တွေကို

တောင် စိစစ်ပြီး လုပ်နေရတဲ့အ ချိန် ခုနကပြောတဲ့ မလုပ်ဘဲနေလို့ ရတဲ့ဟာမျိုးဆို မလုပ်သင့်ဘူး ပေါ့။

ကူးစက်ရောဂါကို မြင့်တက် စေတာပေါ့”ဟု ၎င်းက ပြော သည်။ ထို့အပြင် ပွဲကျင်းပရန်ပြည်

နယ်ကျန်းမာရေးဦးစီးဌာနသို့ ခွင့် ပြုချက်တောင်းထားခြင်းလည်း မရှိကြောင်း ၎င်းကပြောပါတယ်။

ရေးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကံဝင်းက ကိုရင်လေးကျောင်း ပဋ္ဌာန်းလှည့်လည်ပွဲနှင့်ပတ်သက်

၍ “ကျွန်တော်တို့ကို သတင်းမပို့ ဘူးနော်။ အဲဒါက မသိထားဘူး” ဟု ပြောပါတယ်။

ရေးမြို့နယ် ကိုရင်လေး ကျောင်း ပဋ္ဌာန်းလှည့်လည်ပွဲ သည် ကျန်းမာရေးအမြင်အရ ကြည့်မည်ဆိုပါက

စိုးရိမ်စရာရှိ သော်လည်း ယခုပွဲသည် တမင်စီ စဉ်ကာ ကျင်းပခဲ့ခြင်းမဟုတ် ကြောင်း

ရေးမြို့နယ်မှ ဒေသခံ ကိုအောင်နိုင်ဝင်းက ပြောပါတယ်။

“ဒီပွဲကိုဆရာတော်က ဘာမှ မပါနဲ့ ပွဲလိုလည်း လုပ်တာတော့ မဟုတ်ဘူးဗျ။ ဆရာတော်က သူ့ မွေးနေ့မှာ

သူ့ဘာသာသူ ကောင်း မှုကုသိုလ်ပြုတာကို သူ့ရဲ့ ဒကာ တွေက ပုံမှန်ပဲ ဘုရားဖူးလာသူ တွေရော၊

ဒကာတွေရော လာ တော့ လူများသွားတာပေါ့။ ဆရာ တော်က ဖိတ်ကြားတာတော့ မရှိဘူး။

လူတွေက ဆရာတော် မွေးနေ့မှန်းသိလို့ လာကြတဲ့သ ဘောပါပဲ”ဟု ၎င်းကပြောပါတယ်။

zawgyi

ေရးၿမိဳ႕နယ္မွာ လူစုလူေဝးျဖစ္ေစခဲ့တဲ့ ကိုရင္ေလးေက်ာင္း ပဌာန္းလွည့္လည္ပြဲကို ေထြအုပ္က မသိဟုဆို

မြန္ျပည္နယ္အတြင္း ေန႔စဥ္ပိုးေတြ႕လူနာမ်ားလာ ေသာေၾကာင့္ လူစုလူေဝးပြဲမ်ား မျပဳလုပ္ၾကရန္

ျပည္နယ္ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုတိယ ျပည္နယ္ဦးစီးမႉး ေဒါက္တာဝတ္မႈံက ေျပာပါတယ္။

ယခင္ႏွစ္ မတ္လ ၂၃ရက္မွ ယခုႏွစ္ ဇန္နဝါရီ ၂၆ ရက္အထိ မြန္ျပည္နယ္တြင္ ကိုဗစ္လူနာ

၃,၂၄၂ ဦးရွိေၾကာင္း က်န္းမာေရး ႏွင့္အားကစားဝန္ႀကီးဌာနက

ဇန္ နဝါရီ ၂၇ ရက္ ညေနပိုင္းတြင္ ထုတ္ျပန္ခဲ့ပါတယ္။

သို႔ျဖစ္ရာ ဇန္နဝါရီ ၂၄ ရက္တြင္ျပဳလုပ္ခဲ့သည့္ ေရးၿမိဳ႕ နယ္ ကိုရင္ေလးေက်ာင္း ပ႒ာန္း

လွည္လည္ပြဲကဲ့သို႔ လူစုလူေဝး ပြဲမ်ား မက်င္းပသင့္ေၾကာင္း ေဒါက္တာဝတ္မႈံက ေျပာပါတယ္။

“လိုအပ္တဲ့ သင္တန္းေတြ ကိုေတာင္ လူတြေလွ်ာ့ၿပီးေတာ့ တကယ့္ကို မ်က္ႏွာခ်င္းဆိုင္လုပ္

ရမယ့္ အလုပ္ေတြမွာေတာင္ ေလွ်ာ့ၿပီး လုပ္ေနရတယ္ေပါ့။ ကိုယ့္က်န္းမာေရးအလုပ္ေတြကို

ေတာင္ စိစစ္ၿပီး လုပ္ေနရတဲ့အ ခ်ိန္ ခုနကေျပာတဲ့ မလုပ္ဘဲေနလို႔ ရတဲ့ဟာမ်ိဳးဆို မလုပ္သင့္ဘူး ေပါ့။

ကူးစက္ေရာဂါကို ျမင့္တက္ ေစတာေပါ့”ဟု ၎က ေျပာ သည္။ ထို႔အျပင္ ပြဲက်င္းပရန္ျပည္

နယ္က်န္းမာေရးဦးစီးဌာနသို႔ ခြင့္ ျပဳခ်က္ေတာင္းထားျခင္းလည္း မရွိေၾကာင္း ၎ကေျပာပါတယ္။

ေရးၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမႉး ဦးကံဝင္းက ကိုရင္ေလးေက်ာင္း ပ႒ာန္းလွည့္လည္ပြဲႏွင့္ပတ္သက္

၍ “ကြၽန္ေတာ္တို႔ကို သတင္းမပို႔ ဘူးေနာ္။ အဲဒါက မသိထားဘူး” ဟု ေျပာပါတယ္။

ေရးၿမိဳ႕နယ္ ကိုရင္ေလး ေက်ာင္း ပ႒ာန္းလွည့္လည္ပြဲ သည္ က်န္းမာေရးအျမင္အရ ၾကည့္မည္ဆိုပါက

စိုးရိမ္စရာရွိ ေသာ္လည္း ယခုပြဲသည္ တမင္စီ စဥ္ကာ က်င္းပခဲ့ျခင္းမဟုတ္ ေၾကာင္း

ေရးၿမိဳ႕နယ္မွ ေဒသခံ ကိုေအာင္ႏိုင္ဝင္းက ေျပာပါတယ္။

“ဒီပြဲကိုဆရာေတာ္က ဘာမွ မပါနဲ႔ ပြဲလိုလည္း လုပ္တာေတာ့ မဟုတ္ဘူးဗ်။ ဆရာေတာ္က သူ႔ ေမြးေန႔မွာ

သူ႔ဘာသာသူ ေကာင္း မႈကုသိုလ္ျပဳတာကို သူ႔ရဲ႕ ဒကာ ေတြက ပုံမွန္ပဲ ဘုရားဖူးလာသူ ေတြေရာ၊

ဒကာေတြေရာ လာ ေတာ့ လူမ်ားသြားတာေပါ့။ ဆရာ ေတာ္က ဖိတ္ၾကားတာေတာ့ မရွိဘူး။

လူေတြက ဆရာေတာ္ ေမြးေန႔မွန္းသိလို႔ လာၾကတဲ့သ ေဘာပါပဲ”ဟု ၎ကေျပာပါတယ္။