ရွှေဘုတ် ဖြစ်လာတော့မည်လော
ယနေ့ရရှိသော သတင်း အရ မြန်မာစစ်တပ်၏ ရွေးကောက်ပွဲ ရလဒ် များကို ပြောင်းပြန်လှန်ပြစ်ရန်
အင်အားသုံး ခြိမ်းခြောက်မှု မျိုးကို လက်မခံ ဟု အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ပြောခွင့်ရ ပုဂ္ဂိုလ်က
ထုတ်ဖေါ် ပြောကြားလိုက်ပြီ ဖြစ်သည်၊ အလားတူ ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ကလည်း မြန်မာနိုင်ငံ၏
အခြေအနေကို စိုးရိမ်တကြီး စောင့်ကြည့်နေကြောင်းနှင့် ရွေးကောက်ပွဲ ရလဒ်ကို လေးစားလိုက်နာကြရန်
တိုက်တွန်းကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပြီ ဖြစ်သည်။
မနေ့က ကြေးမုံသတင်းစာ တွင်တော့ မြန်မာနိုင်ငံ ဆိုင်ရာ တရုတ် သံအမတ်ကြီး ချန်ဟိုင်း က မြန်မာ တွင်
အစိုးရသစ် ဖွဲ့စည်း ဖြစ်ပေါ်လာမည် ကို ကြိုဆိုကြောင်းနှင့် ပြောင်းလဲလာနေသော ကမ္ဘာအခြေအနေ အသစ်
ဖြစ်ပေါ်လာမှု များ နှင့်အတူ ဆွေမျိုး ပေါက်ဖေါ် ချစ်ကြည်ရေး စာမျက်နှာ သစ် ဖွင့်လှစ် နိုင်ခဲ့ပြီ အစချီကာ
တမျက်နှာပြည့် ဆောင်းပါး ထည့်သွင်း ဖေါ်ပြလိုက်ခြင်းကပင် တရုတ်၏ သဘောထား မည်သို့ ရှိကြောင်း သွယ်ဝိုက်
ဖွင့်ဆိုလိုက်ခြင်းဟု အဓိပ္ပါယ်ရပေသည်။ သို့သော် ခက်နေသည်က သူတို့ အဖို့ သွယ်ဝိုက် ပြောသည်များကို ခံယူ
နားလည်နိုင်စွမ်း မရှိ ဖြစ်နေပြန်သည်။ အားလုံးကလည်း တတ်နိုင်သမျှ
မတော်အောင် ကြိုးစားနေကြရင်းက အကျင့်ပါ ကုန်ကြဟန်တူသည်။
တရုတ် အဖို့က မြန်မာပြည်တွင် ပြည်တွင်း မငြိမ်သက်မှု များ ဖြစ်လာပါက ၎င်းတို့သမ္မတကြီး ရှီကျင့်ဖျင်၏
ပိုးလမ်းမ စီမံကိန်းကြီး ပျက်ပြားသွားဖို့သာ ရှိတော့သည်။ တရုတ်သည် နိုင်ငံရေး တည်ငြိမ်မှု ရှိသော လက်ရှိ
အစိုးရ အဖွဲ့ကိုသာ ဦးဆောင်စေချင်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင် ကိုယ်တိုင်ပင် အနှစ် နှစ်ဆယ်အတွင်း
တရုတ် အကြီးအကဲ တဦး၏ ပထမဆုံး ခရီးစဉ်အဖြစ် လာရောက် အားပေးခဲ့ဖူးသည် မဟုတ်ပါလား၊ ယခု စစ်တပ်၏
လုပ်ရပ်သည် ၎င်း၏ မျက်နှာကို ဖြတ်ရိုက်သလို ဖြစ်သွားပေလိမ့်မည်။
နောက်တချက်မှာ မြန်မာနှင့် နယ်နမိတ်ထိစပ်နေ၍ ပြည်တွင်း မငြိမ်မသက် ဖြစ်လာပါက တရုတ်တို့ ထိန်းချုပ်နိုင်ပါပြီ
ဆိုကာ ကမ္ဘာတွင် လက်မထောင်နေသော ကိုဗစ်-၁၉ ၏ ကူးစက်ခြင်းကို တကျော့ပြန်ခံရပေဦးမည်။ မိုင်ပေါင်း
၁,၃၀၀ ကျော် ရှည်လျားသော နယ်နမိတ် မျဉ်းကို မည်သို့မျှ ကာကွယ်နိုင်စွမ်း ရှိမည်မဟုတ်။
ရုရှားကလည်း မြန်မာကို စစ်လက်နက် ပစ္စည်းများ ရောင်းချဖို့ကလွဲပြီး ဘူမိနိုင်ငံရေး အနေအထားကို စိတ်လည်း
မဝင်စား၊ အကျိုး အမြတ်လည်းရရှိဖို့ မရှိ၊ ပြီးခဲ့သည့် အပတ်ကပင် ဈေးကွက်တွင် မည်သူမျှ မဝယ်သော
ဒရုန်းများကို မြန်မာပြည်တွင် ဗွေဆော်ဦး လာရောက် ရောင်းချသွားပြီး ဖြစ်သည်။ ယခုအခါ ပူတင်သည် ရုရှားတွင်
မရှူနိုင် မကယ်နိုင် ဖြစ်လာနေသည့် အနေအထားသို့ ဆိုက်ရောက်လာနေပြီ ဖြစ်သည်။ ကမ္ဘာပေါ်ရှိ ခေါင်းဆောင်တိုင်း
လိုလိုသည် မြန်မာ စစ်တပ်ကဲ့သို့ ၎င်းတို့ အပေါ် ခြွင်းချက်မရှိ လုပ်ချင်ရာလုပ် သစ္စာခံမည့်
စစ်တပ်မျိုး လက်ဝယ် ပိုင်ဆိုင်ထားသည့် အခွင့် အရေး မရရှိကြပေ။
ယခုအခါ နိုင်ငံတကာက သတိပေးစကား ပြောလာပြီ ဖြစ်၍ တပ်မတော်သည် သူတို့ ပြောသလို မိုက်ရူးရဲ
လုပ်ရပ်အတွက် အီရတ် နှင့် မြောက်ကိုရီယား ကဲ့သို့ ကုလသမဂ္ဂ ဦးဆောင်သည့် စီးပွားရေး ပိတ်ဆို့
ဒဏ်ခတ်မှု ကြီး နှင့် ပထမဦးဆုံး ထိတ်တိုက်တိုးလာရဖို့ ရှိနေသည်။
နောက်ထပ် စိတ်ဝင်စားဖို့ ကောင်းနေသည်က စာဖတ်သူကြီးပင် ဖြစ်သည်။ စာဖတ်သူကြီး သည် ဆယ်စုနှစ်
တဝက်ကျော် အချိန်ယူ ရေးဆွဲထားခဲ့သော ဖွဲ့စည်းပုံ ကြီးကို ဖျက်သိမ်းမည် ဆိုသည့် အရေးကို မည်သို့မျှ
မဝေဖန်တော့ဘူးလား၊ ယခု အရေးသည် လတ်တလော အာဏာရရေး အတွက် တစုံတဦး ၏ အဆင်ခြင်မဲ့သော
လုပ်ရပ်မျိုး ဖြစ်သည်။ အောင်မြင်သွားမည် ဆိုလျှင် ၎င်း၏ အကျိုး မည်သို့မျှ ယုတ်လျော့သွားစရာ မရှိသည့်အပြင်
သူ၏ ရုပ်ထုများပင် မြို့ရွာ အနှံ ထွက်လာနိုင်သေးသည်။ သို့သော် မအောင်မြင်ပါက ဇရာထောင်းချိန်ရောက်မှ
မိသားစု ထောင်နန်းစံရဦးတော့ မည့် အရေး ဖြစ်သည်။ အာဏာသိမ်းသည်ဆိုသည်ကလည်း
အောင်မြင်ဖို့ ၅၀-၅၀ သာ ဖြစ်ပေမည်။ ထိုသို့သော လောင်းကစားမှု မျိုးကို ၎င်းကိုယ်တိုင် ခွင့်ပြုပါမည်လော။
ရွေးကောက်ပွဲ ကော်မရှင်ကလည်း မဲစာရင်းတွင် ချို့ယွင်းချက်များ ရှိသော်လည်း လက်ရှိတွင် မဲဆန္ဒရှင်များထံမှ
တိုင်တန်း စာ ၉၄ ခု နှင့် ကိုယ်စားလှယ်လောင်းများထံမှ တိုင်တန်းစာ ၁၉၃ ခု လက်ခံရရှိထားပြီး
စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်။ မဲစာရင်းများ ထပ်နေသည် ဆိုသော်လည်း လက်သန်းမှင်စွန်းနေသေ
ာ လူတဦးသည် မည်သို့မျှ အကြိမ်ကြိမ် မဲပေး၍ မရကြောင်း ဖြင့် ခြောက်မျက်နှာပါ ကြေညာချက်ကို ထုတ်ပြန်ထားခဲ့ပြီး ဖြစ်သည်။
ပြည်သူများ အဖို့က မိမိတို့ တိုင်းပြည်၊ မိမိတို့ သားသမီး မြေးမြစ်များ၏ လူချင်းတူတူ သူချင်းမျှမျှ နေထိုင်နိုင်ခွင့်
ရရှိရေး အတွက် ကပ်ရောဂါဆိုးကြီး၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်နေသည့်ကြားမှ စွန့်စွန့်စားစား မဲပေးခဲ့ကြ၍
မဲလာပေးသူ အရည်အတွက်ပင် စံချိန်တင်သွားခဲ့ရသည့် အထိ တာဝန်ကျေခဲ့ကြသည်။ ယခုအခါ မိမိတို့အား
လူ့အောက်သူ့အောက် ကျစေမည့် အမှောင်ထုကြီးထဲသို့ ဆွဲခေါ်ခံရတော့မည်။ အင်တာနက် ဖေ့စ်ဘုတ်များလည်း
ဖြတ်တောက်ခံရပြီး ဖေ့စ်ဘုတ် အစား မိမိတို့ မိသားစု စားသောက်နေပုံ၊ အလှပုံများသာ တင်ခွင့်ရတော့မည့်
“ရွှေဘုတ်” အဖြစ် အသွင်ပြောင်းသွားပေတော့မည့် အရေးနှင့် ကြုံလာရဖို့ ရှိနေသည်။
စစ်တပ်က ထိုအရေး များကို ခေါင်းထဲတွင် ထည့်မထားနိုင်အား၊ နောင်ခါ နောင်လာဈေး ဆိုကာ မည်သို့
အကြောင်းပြရမည်ကိုသာ စဉ်းစားနေသည်။ ၎င်းတို့ အကြောင်းပြချက်ကလည်း မဲစာရင်း အမှား ဟူ၍သာ
ပြောနိုင်သည်။ အာဏာမသိမ်းနိုင်ခဲ့လျှင်ပင် ရှေ့လျှောက် ကန့်လန့်တိုက်ကာ ဒုက္ခပေးတော့မည် ဖြစ်သည်။
နိုင်ငံရေး အကျပ်အတည်းကြီးများ အမြဲလို ဖြစ်ပေါ်အောင် ဖန်တီးပေတော့မည်။ ထိုသို့သော နိုင်ငံမျိုးကို
မည်သူကကော လာရောက် ရင်းနှီးမြုပ်နှံပေဦးမည်နည်း။ ထိုကဲ့သို့ ဖန်တီးလိုစိတ် ရှိသူများ လုပ်နိုင်ခွင့်
ရနေသရွေ့ မည်သို့မျှ ထပ်မံရောက်ရှိလာတော့မည် လည်း မဟုတ်ပေ။
လက်ရှိ ဗြိတိန် နှင့် တောင်အာဖရိကတွင် ဖြစ်ပွားနေသော ကူးစက်မြန် ပုံစံပြောင်း ကိုဗစ် သည် တကမ္ဘာလုံးကို
ထပ်မံ ခြိမ်းခြောက်လာနေပြီ ဖြစ်၍ ဆင်းရဲသော မြန်မာ နိုင်ငံရှိ ပြည်သူများ အဖို့ ကာကွယ်ဆေး အတွက်ပင် အလှူခံ
နေရရှာသဖြင့် ထိတ်လန့်တုန်လှုပ်နေချိန်လည်း ဖြစ်သည်။ ၎င်းတို့၏ အသက်အန္တရာယ် ကို အနီးကပ်
ခြိမ်းခြောက်နေသော ကိုဗစ် အရေးကိုပင် မစဉ်းစားနိုင်လောက်အောင် မိုက်လုံးကြီးလာနေကြပြီ ဖြစ်သည်။ ဘယ်လို
ပုံစံနှင့် ဆက်၍ အုပ်ချုပ်သွားမည်ဆိုသည်ကိုလည်း ခေါင်းထဲတွင် မရှိကြ။
ယခုအခါ ဒို့တာဝန် အရေး သုံးပါး ကို ဦးထိပ်ထားပါသည် ဆိုသော တပ်မတော်သည် ထိုအရေး သုံးပါးကို
တစစီ ဆွဲဆုတ် လွှင့်ပြစ်ရန်အထိပင် မိုက်မဲလာနေကြပြီ ဖြစ်သည်။
သို့သော် နိုင်ငံတော်၏ အတိုင်ပင်ခံကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး စတင် ထိုးသည့် အခမ်းအနားသို့ ပြုံးပြုံးရွှင်ရွှင်
နှင့် လာရောက် အားပေးနေသည့် သတင်းတွေကပင် လူထုအတွက် စိုးရိမ်ကြောင့်ကြနေမှုများကို အထိုက်အလျောက်
သက်သာ လျော့ပါးသွားစေခဲ့သည်ကတော့ အမှန်ပင် ဖြစ်သည်။ ၎င်းတို့ ရင်ဆိုင်နေရသော ကိုဗစ် ကပ်ဆိုးကြီး၏
အန္တရာယ်ကြီးအား သူမထက် ပို၍ ကာကွယ်ပေးနိုင်မည်သူ တဦးတလေကိုမျှ မျက်စိထဲ တွင် ပေါ်လာမည်လည်း မဟုတ်ပေ။
ယင်း နှင့် အတူ ယခုလို တိုင်းပြည်သည် ငြိမ်းငြိမ်းချမ်းချမ်း နှင့် တိုးတက်လာနေသည့်အဖြစ်ကို တပ်မတော်သည်
လစ်လျူ ရှုကာ တဦးတယောက်၏ အာဏာရရေး အတွက် ဝိုင်းဝန်း ပံ့ပိုးပေးနေသည်ကို ကြည့်ကာ
စိတ်မကောင်းခြင်း ကြီးစွာ ဖြင့် စောင့်ကြည့်နေကြမည်သာ ဖြစ်ပေတော့သည်။
လှစိုးဝေ
zawgyi
ေ႐ႊဘုတ္ ျဖစ္လာေတာ့မည္ေလာ
ယေန႔ရရွိေသာ သတင္း အရ ျမန္မာစစ္တပ္၏ ေ႐ြးေကာက္ပြဲ ရလဒ္ မ်ားကို ေျပာင္းျပန္လွန္ျပစ္ရန္
အင္အားသုံး ၿခိမ္းေျခာက္မႈ မ်ိဳးကို လက္မခံ ဟု အေမရိကန္ ႏိုင္ငံျခားေရး ဝန္ႀကီး ေျပာခြင့္ရ ပုဂၢိဳလ္က
ထုတ္ေဖၚ ေျပာၾကားလိုက္ၿပီ ျဖစ္သည္၊ အလားတူ ကုလသမဂၢ အတြင္းေရးမႈးခ်ဳပ္ကလည္း ျမန္မာႏိုင္ငံ၏
အေျခအေနကို စိုးရိမ္တႀကီး ေစာင့္ၾကည့္ေနေၾကာင္းႏွင့္ ေ႐ြးေကာက္ပြဲ ရလဒ္ကို ေလးစားလိုက္နာၾကရန္
တိုက္တြန္းေၾကာင္း ေၾကညာခ်က္ ထုတ္ျပန္လိုက္ၿပီ ျဖစ္သည္။
မေန႔က ေၾကးမုံသတင္းစာ တြင္ေတာ့ ျမန္မာႏိုင္ငံ ဆိုင္ရာ တ႐ုတ္ သံအမတ္ႀကီး ခ်န္ဟိုင္း က ျမန္မာ တြင္
အစိုးရသစ္ ဖြဲ႕စည္း ျဖစ္ေပၚလာမည္ ကို ႀကိဳဆိုေၾကာင္းႏွင့္ ေျပာင္းလဲလာေနေသာ ကမာၻအေျခအေန အသစ္
ျဖစ္ေပၚလာမႈ မ်ား ႏွင့္အတူ ေဆြမ်ိဳး ေပါက္ေဖၚ ခ်စ္ၾကည္ေရး စာမ်က္ႏွာ သစ္ ဖြင့္လွစ္ ႏိုင္ခဲ့ၿပီ အစခ်ီကာ
တမ်က္ႏွာျပည့္ ေဆာင္းပါး ထည့္သြင္း ေဖၚျပလိုက္ျခင္းကပင္ တ႐ုတ္၏ သေဘာထား မည္သို႔ ရွိေၾကာင္း သြယ္ဝိုက္
ဖြင့္ဆိုလိုက္ျခင္းဟု အဓိပၸါယ္ရေပသည္။ သို႔ေသာ္ ခက္ေနသည္က သူတို႔ အဖို႔ သြယ္ဝိုက္ ေျပာသည္မ်ားကို ခံယူ
နားလည္ႏိုင္စြမ္း မရွိ ျဖစ္ေနျပန္သည္။ အားလုံးကလည္း တတ္ႏိုင္သမွ်
မေတာ္ေအာင္ ႀကိဳးစားေနၾကရင္းက အက်င့္ပါ ကုန္ၾကဟန္တူသည္။
တ႐ုတ္ အဖို႔က ျမန္မာျပည္တြင္ ျပည္တြင္း မၿငိမ္သက္မႈ မ်ား ျဖစ္လာပါက ၎တို႔သမၼတႀကီး ရွီက်င့္ဖ်င္၏
ပိုးလမ္းမ စီမံကိန္းႀကီး ပ်က္ျပားသြားဖို႔သာ ရွိေတာ့သည္။ တ႐ုတ္သည္ ႏိုင္ငံေရး တည္ၿငိမ္မႈ ရွိေသာ လက္ရွိ
အစိုးရ အဖြဲ႕ကိုသာ ဦးေဆာင္ေစခ်င္သည္။ တ႐ုတ္သမၼတ ရွီက်င့္ဖ်င္ ကိုယ္တိုင္ပင္ အႏွစ္ ႏွစ္ဆယ္အတြင္း
တ႐ုတ္ အႀကီးအကဲ တဦး၏ ပထမဆုံး ခရီးစဥ္အျဖစ္ လာေရာက္ အားေပးခဲ့ဖူးသည္ မဟုတ္ပါလား၊ ယခု စစ္တပ္၏
လုပ္ရပ္သည္ ၎၏ မ်က္ႏွာကို ျဖတ္႐ိုက္သလို ျဖစ္သြားေပလိမ့္မည္။
ေနာက္တခ်က္မွာ ျမန္မာႏွင့္ နယ္နမိတ္ထိစပ္ေန၍ ျပည္တြင္း မၿငိမ္မသက္ ျဖစ္လာပါက တ႐ုတ္တို႔ ထိန္းခ်ဳပ္ႏိုင္ပါၿပီ
ဆိုကာ ကမာၻတြင္ လက္မေထာင္ေနေသာ ကိုဗစ္-၁၉ ၏ ကူးစက္ျခင္းကို တေက်ာ့ျပန္ခံရေပဦးမည္။ မိုင္ေပါင္း
၁,၃၀၀ ေက်ာ္ ရွည္လ်ားေသာ နယ္နမိတ္ မ်ဥ္းကို မည္သို႔မွ် ကာကြယ္ႏိုင္စြမ္း ရွိမည္မဟုတ္။
႐ုရွားကလည္း ျမန္မာကို စစ္လက္နက္ ပစၥည္းမ်ား ေရာင္းခ်ဖို႔ကလြဲၿပီး ဘူမိႏိုင္ငံေရး အေနအထားကို စိတ္လည္း
မဝင္စား၊ အက်ိဳး အျမတ္လည္းရရွိဖို႔ မရွိ၊ ၿပီးခဲ့သည့္ အပတ္ကပင္ ေဈးကြက္တြင္ မည္သူမွ် မဝယ္ေသာ
ဒ႐ုန္းမ်ားကို ျမန္မာျပည္တြင္ ေဗြေဆာ္ဦး လာေရာက္ ေရာင္းခ်သြားၿပီး ျဖစ္သည္။ ယခုအခါ ပူတင္သည္ ႐ုရွားတြင္
မရႉႏိုင္ မကယ္ႏိုင္ ျဖစ္လာေနသည့္ အေနအထားသို႔ ဆိုက္ေရာက္လာေနၿပီ ျဖစ္သည္။ ကမာၻေပၚရွိ ေခါင္းေဆာင္တိုင္း
လိုလိုသည္ ျမန္မာ စစ္တပ္ကဲ့သို႔ ၎တို႔ အေပၚ ႁခြင္းခ်က္မရွိ လုပ္ခ်င္ရာလုပ္ သစၥာခံမည့္
စစ္တပ္မ်ိဳး လက္ဝယ္ ပိုင္ဆိုင္ထားသည့္ အခြင့္ အေရး မရရွိၾကေပ။
ယခုအခါ ႏိုင္ငံတကာက သတိေပးစကား ေျပာလာၿပီ ျဖစ္၍ တပ္မေတာ္သည္ သူတို႔ ေျပာသလို မိုက္႐ူးရဲ
လုပ္ရပ္အတြက္ အီရတ္ ႏွင့္ ေျမာက္ကိုရီယား ကဲ့သို႔ ကုလသမဂၢ ဦးေဆာင္သည့္ စီးပြားေရး ပိတ္ဆို႔
ဒဏ္ခတ္မႈ ႀကီး ႏွင့္ ပထမဦးဆုံး ထိတ္တိုက္တိုးလာရဖို႔ ရွိေနသည္။
ေနာက္ထပ္ စိတ္ဝင္စားဖို႔ ေကာင္းေနသည္က စာဖတ္သူႀကီးပင္ ျဖစ္သည္။ စာဖတ္သူႀကီး သည္ ဆယ္စုႏွစ္
တဝက္ေက်ာ္ အခ်ိန္ယူ ေရးဆြဲထားခဲ့ေသာ ဖြဲ႕စည္းပုံ ႀကီးကို ဖ်က္သိမ္းမည္ ဆိုသည့္ အေရးကို မည္သို႔မွ်
မေဝဖန္ေတာ့ဘူးလား၊ ယခု အေရးသည္ လတ္တေလာ အာဏာရေရး အတြက္ တစုံတဦး ၏ အဆင္ျခင္မဲ့ေသာ
လုပ္ရပ္မ်ိဳး ျဖစ္သည္။ ေအာင္ျမင္သြားမည္ ဆိုလွ်င္ ၎၏ အက်ိဳး မည္သို႔မွ် ယုတ္ေလ်ာ့သြားစရာ မရွိသည့္အျပင္
သူ၏ ႐ုပ္ထုမ်ားပင္ ၿမိဳ႕႐ြာ အႏွံ ထြက္လာႏိုင္ေသးသည္။ သို႔ေသာ္ မေအာင္ျမင္ပါက ဇရာေထာင္းခ်ိန္ေရာက္မွ
မိသားစု ေထာင္နန္းစံရဦးေတာ့ မည့္ အေရး ျဖစ္သည္။ အာဏာသိမ္းသည္ဆိုသည္ကလည္း
ေအာင္ျမင္ဖို႔ ၅၀-၅၀ သာ ျဖစ္ေပမည္။ ထိုသို႔ေသာ ေလာင္းကစားမႈ မ်ိဳးကို ၎ကိုယ္တိုင္ ခြင့္ျပဳပါမည္ေလာ။
ေ႐ြးေကာက္ပြဲ ေကာ္မရွင္ကလည္း မဲစာရင္းတြင္ ခ်ိဳ႕ယြင္းခ်က္မ်ား ရွိေသာ္လည္း လက္ရွိတြင္ မဲဆႏၵရွင္မ်ားထံမွ
တိုင္တန္း စာ ၉၄ ခု ႏွင့္ ကိုယ္စားလွယ္ေလာင္းမ်ားထံမွ တိုင္တန္းစာ ၁၉၃ ခု လက္ခံရရွိထားၿပီး
စုံစမ္းစစ္ေဆးမႈမ်ား ျပဳလုပ္ေနသည္။ မဲစာရင္းမ်ား ထပ္ေနသည္ ဆိုေသာ္လည္း လက္သန္းမွင္စြန္းေနေသ
ာ လူတဦးသည္ မည္သို႔မွ် အႀကိမ္ႀကိမ္ မဲေပး၍ မရေၾကာင္း ျဖင့္ ေျခာက္မ်က္ႏွာပါ ေၾကညာခ်က္ကို ထုတ္ျပန္ထားခဲ့ၿပီး ျဖစ္သည္။
ျပည္သူမ်ား အဖို႔က မိမိတို႔ တိုင္းျပည္၊ မိမိတို႔ သားသမီး ေျမးျမစ္မ်ား၏ လူခ်င္းတူတူ သူခ်င္းမွ်မွ် ေနထိုင္ႏိုင္ခြင့္
ရရွိေရး အတြက္ ကပ္ေရာဂါဆိုးႀကီး၏ အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ေနသည့္ၾကားမွ စြန႔္စြန႔္စားစား မဲေပးခဲ့ၾက၍
မဲလာေပးသူ အရည္အတြက္ပင္ စံခ်ိန္တင္သြားခဲ့ရသည့္ အထိ တာဝန္ေက်ခဲ့ၾကသည္။ ယခုအခါ မိမိတို႔အား
လူ႔ေအာက္သူ႔ေအာက္ က်ေစမည့္ အေမွာင္ထုႀကီးထဲသို႔ ဆြဲေခၚခံရေတာ့မည္။ အင္တာနက္ ေဖ့စ္ဘုတ္မ်ားလည္း
ျဖတ္ေတာက္ခံရၿပီး ေဖ့စ္ဘုတ္ အစား မိမိတို႔ မိသားစု စားေသာက္ေနပုံ၊ အလွပုံမ်ားသာ တင္ခြင့္ရေတာ့မည့္
“ေ႐ႊဘုတ္” အျဖစ္ အသြင္ေျပာင္းသြားေပေတာ့မည့္ အေရးႏွင့္ ႀကဳံလာရဖို႔ ရွိေနသည္။
စစ္တပ္က ထိုအေရး မ်ားကို ေခါင္းထဲတြင္ ထည့္မထားႏိုင္အား၊ ေနာင္ခါ ေနာင္လာေဈး ဆိုကာ မည္သို႔
အေၾကာင္းျပရမည္ကိုသာ စဥ္းစားေနသည္။ ၎တို႔ အေၾကာင္းျပခ်က္ကလည္း မဲစာရင္း အမွား ဟူ၍သာ
ေျပာႏိုင္သည္။ အာဏာမသိမ္းႏိုင္ခဲ့လွ်င္ပင္ ေရွ႕ေလွ်ာက္ ကန႔္လန႔္တိုက္ကာ ဒုကၡေပးေတာ့မည္ ျဖစ္သည္။
ႏိုင္ငံေရး အက်ပ္အတည္းႀကီးမ်ား အၿမဲလို ျဖစ္ေပၚေအာင္ ဖန္တီးေပေတာ့မည္။ ထိုသို႔ေသာ ႏိုင္ငံမ်ိဳးကို
မည္သူကေကာ လာေရာက္ ရင္းႏွီးျမဳပ္ႏွံေပဦးမည္နည္း။ ထိုကဲ့သို႔ ဖန္တီးလိုစိတ္ ရွိသူမ်ား လုပ္ႏိုင္ခြင့္
ရေနသေ႐ြ႕ မည္သို႔မွ် ထပ္မံေရာက္ရွိလာေတာ့မည္ လည္း မဟုတ္ေပ။
လက္ရွိ ၿဗိတိန္ ႏွင့္ ေတာင္အာဖရိကတြင္ ျဖစ္ပြားေနေသာ ကူးစက္ျမန္ ပုံစံေျပာင္း ကိုဗစ္ သည္ တကမာၻလုံးကို
ထပ္မံ ၿခိမ္းေျခာက္လာေနၿပီ ျဖစ္၍ ဆင္းရဲေသာ ျမန္မာ ႏိုင္ငံရွိ ျပည္သူမ်ား အဖို႔ ကာကြယ္ေဆး အတြက္ပင္ အလႉခံ
ေနရရွာသျဖင့္ ထိတ္လန႔္တုန္လႈပ္ေနခ်ိန္လည္း ျဖစ္သည္။ ၎တို႔၏ အသက္အႏၲရာယ္ ကို အနီးကပ္
ၿခိမ္းေျခာက္ေနေသာ ကိုဗစ္ အေရးကိုပင္ မစဥ္းစားႏိုင္ေလာက္ေအာင္ မိုက္လုံးႀကီးလာေနၾကၿပီ ျဖစ္သည္။ ဘယ္လို
ပုံစံႏွင့္ ဆက္၍ အုပ္ခ်ဳပ္သြားမည္ဆိုသည္ကိုလည္း ေခါင္းထဲတြင္ မရွိၾက။
ယခုအခါ ဒို႔တာဝန္ အေရး သုံးပါး ကို ဦးထိပ္ထားပါသည္ ဆိုေသာ တပ္မေတာ္သည္ ထိုအေရး သုံးပါးကို
တစစီ ဆြဲဆုတ္ လႊင့္ျပစ္ရန္အထိပင္ မိုက္မဲလာေနၾကၿပီ ျဖစ္သည္။
သို႔ေသာ္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံကေတာ့ ကိုဗစ္-၁၉ ကာကြယ္ေဆး စတင္ ထိုးသည့္ အခမ္းအနားသို႔ ၿပဳံးၿပဳံး႐ႊင္႐ႊင္
ႏွင့္ လာေရာက္ အားေပးေနသည့္ သတင္းေတြကပင္ လူထုအတြက္ စိုးရိမ္ေၾကာင့္ၾကေနမႈမ်ားကို အထိုက္အေလ်ာက္
သက္သာ ေလ်ာ့ပါးသြားေစခဲ့သည္ကေတာ့ အမွန္ပင္ ျဖစ္သည္။ ၎တို႔ ရင္ဆိုင္ေနရေသာ ကိုဗစ္ ကပ္ဆိုးႀကီး၏
အႏၲရာယ္ႀကီးအား သူမထက္ ပို၍ ကာကြယ္ေပးႏိုင္မည္သူ တဦးတေလကိုမွ် မ်က္စိထဲ တြင္ ေပၚလာမည္လည္း မဟုတ္ေပ။
ယင္း ႏွင့္ အတူ ယခုလို တိုင္းျပည္သည္ ၿငိမ္းၿငိမ္းခ်မ္းခ်မ္း ႏွင့္ တိုးတက္လာေနသည့္အျဖစ္ကို တပ္မေတာ္သည္
လစ္လ်ဴ ရႈကာ တဦးတေယာက္၏ အာဏာရေရး အတြက္ ဝိုင္းဝန္း ပံ့ပိုးေပးေနသည္ကို ၾကည့္ကာ
စိတ္မေကာင္းျခင္း ႀကီးစြာ ျဖင့္ ေစာင့္ၾကည့္ေနၾကမည္သာ ျဖစ္ေပေတာ့သည္။
လွစိုးေဝ