ကိုဗစ် စတင်ရာ ဝူဟန်မြို့ရောက် ကမ္ဘာ့ကျန်းမာရေး WHO စစ်ဆေးရေးအဖွဲ့ နှင့် တရုတ် အာဏာပိုင်တွေရဲ့ အကြောက်တရား..
ကိုဗစ်စတင်ရာ တရုတ်ပြည် ဝူဟန်မြို့ကို ရောက်ရှိနေတဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ရဲ့ ကိုဗစ်ဖြစ်ပွားရာ
အစရှာဖွေစုံစမ်းရေးအဖွဲ့ဟာ ၂၈ ရက် နေ့လည်ခင်းမှာ ဟော်တယ် Q ဝင်တာ (၁၄) ရက်ပြည့်ပြီဖြစ်ပါတယ်။
WHO အဖွဲ့ဟာ ဟော်တယ်က ထွက်ခွာပြီး ဘတ်စကားပေါ်တက်သွားတာ တွေ့လိုက်ရပါတယ်။ ဟော်တယ်
ကွာရန်တင်းဝင်နေစဉ် (၁၄) ရက်အတွင်းမှာ တရုတ်ပညာရှင်တွေနဲ့ အွန်လိုင်းကနေမီတင်ထိုင်ခဲ့ကြပါတယ်။
အခုတော့ လေ့လာဖို့လိုအပ်တဲ့နေရာတွေကို ဆက်လေ့လာမှာ ဖြစ်ပါတယ်။
WHO ရဲ့ ကိုဗစ်ဖြစ်ပွားမှုအစ စုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွတ်ဖို့ကိစ္စဟာ ကိုဗစ် ဖြစ်တာတစ်နှစ်ကျော်ကြာတဲ့တိုင်အောင်
နှောင့်နှေးခဲ့ရပြီး လွန်ခဲ့တဲ့ နှစ်ပတ်ကမှ သွားခွင့်ရခဲ့တာပါ။
ဒီကိစ္စဟာ နိုင်ငံရေးပါဝင်ပတ်သက်မှုတွေ များတယ်လို့ ပါဝင်လိုက်ပါသွားတဲ့အဖွဲ့သားတွေက ဆိုပါတယ်။
တရုတ်ဘက်က သူတို့ပညာရှင်တွေဟာ ပေကျင်း၊ ရှန်ဟိုင်းနဲ့အခြားမြို့တွေမှာ
အခုရောဂါဖြစ်တာနဲ့ နပမ်းလုံးနေရပြီး မအားဘူးလို့ဆိုပါတယ်။
ဝူဟန်မြို့ရှိ မနှစ်က ကိုဗစ်နဲ့သေဆုံးခဲ့ရသူတွေရဲ့ ဆွေမျိုးတွေက WHO အဖွဲ့နဲ့တွေ့ခွင့်တောင်းခဲ့ပေမယ့်
တရုတ်အာဏာပိုင်တွေက ပေးမတွေ့ဘူးလို့ဆိုပါတယ်။ တရုတ် ဆိုရှယ်မီဒီယာတွေမှာ သူတို့ရဲ့ Group
တွေကို အာဏာပိုင်တွေက ဖယ်ရှားပြီး အသံတိတ်အောင်လုပ်နေတယ်လို့ ဆိုပါတယ်။
မိသားစုဝင်တွေ (၁၀၀) လောက်ပြောဆိုနေတဲ့ WeChat Group ဟာ လွန်ခဲ့တဲ့ ၁၀ ရက်က delete
လုပ်ဖယ်ရှားခံခဲ့ရပါတယ်တဲ့။ ဒါဟာ အာဏာပိုင်တွေရဲ့ကြောက်လန့်မှုကို့
ပြနေတယ်လို့ အသက် ၅၁ နှစ်ရှိ Zhang Hai ကဆိုပါတယ်။
အာဏာပိုင်တွေရဲ့ သတင်းအမှောင်ချခြင်းကြောင့် သူတို့မိသားစုဝင်တွေဟာ သတင်းအမှန်မသိရတဲ့အတွက်
မသေသင့်ပဲ သေခဲ့ရတယ်ဆိုပြီး မကျေနပ်ကြတာဖြစ်ပါတယ်။
အခုစစ်ဆေးရေးအဖွဲ့ဟာ ဘယ်နေရာတွေကို သွားရောက်စစ်ဆေးခွင့်ရပြီး ဘယ်သူတွေကို
မေးမြန်းခွင့်ရမလဲ ဆိုတာကလဲ အဓိကမေးခွန်းဖြစ်နေဆဲပါပဲ။
တနှစ်ကျော်ကြာမှ စစ်ဆေးလို့ အထောက်အထားတွေ ပြောင်းလဲပျောက်ကွယ်နေနိုင်ပြီး လူတွေရဲ့
မှတ်မိနိုင်စွမ်းကလဲ အားနဲပါတယ်လို့ WHO အရာရှိဟောင်းတဦးဖြစ်တဲ့ Keiji Fukudaက ဒီလဆန်းမှာ သုံးသပ်ဖူးပါတယ်။
အခုစစ်ဆေးမဲ့နေရာတွေထဲ ကူးစက်မှုအများအပြားနဲ့ ဆက်စပ်နေတဲ့ ဝူဟန်မြို့က ပင်လယ်စာဈေးကွက်၊
သုတေသနအင်စ တီကျုနဲ့ ကူးစက်မှုအမြင့်ဆုံးကာလတုန်းက ကိုဗစ်လူနာတွေကို ကုသတဲ့ ဆေးရုံတွေ ပါဝင်နိုင်ပါတယ်။
ကာလရှည်ကြာ အငြင်းပွားပြီးနောက် တရုတ်ဘက်က အချိန်ဆွဲလွန်းတယ်လို့ WHO ဘက်က ရှားရှားပါးပါး
ဝေဖန်ပြီးနောက်မှ ခုလို ဝင်ရောက်စစ်ဆေးခွင့်ပြုလိုက်တာပါ။ ဒီဗိုင်းရပ်စ်ဟာ လင်းနို့တွေဆီက
စတင်လာပြီး အဲဒီကတဆင့် တခြားတိရစ္ဆာန်တွေနဲ့ လူသားတွေကို ကူးစက်တာလို့
ပညာရှင်အများစုက ယုံကြည်ထားကြပြီး ဇာစ်မြစ်မှန်ကို ပညာရှင်တွေက ရှာဖွေဖော်ထုတ်ဖို့ ကြိုးပမ်းနေပါတယ်။
zawgyi
ကိုဗစ္ စတင္ရာ ဝူဟန္ၿမိဳ႕ေရာက္ ကမာၻ႔က်န္းမာေရး WHO စစ္ေဆးေရးအဖြဲ႕ ႏွင့္ တ႐ုတ္ အာဏာပိုင္ေတြရဲ႕ အေၾကာက္တရား..
ကိုဗစ္စတင္ရာ တ႐ုတ္ျပည္ ဝူဟန္ၿမိဳ႕ကို ေရာက္ရွိေနတဲ့ ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO ရဲ႕ ကိုဗစ္ျဖစ္ပြားရာ
အစရွာေဖြစုံစမ္းေရးအဖြဲ႕ဟာ ၂၈ ရက္ ေန႔လည္ခင္းမွာ ေဟာ္တယ္ Q ဝင္တာ (၁၄) ရက္ျပည့္ၿပီျဖစ္ပါတယ္။
WHO အဖြဲ႕ဟာ ေဟာ္တယ္က ထြက္ခြာၿပီး ဘတ္စကားေပၚတက္သြားတာ ေတြ႕လိုက္ရပါတယ္။ ေဟာ္တယ္
ကြာရန္တင္းဝင္ေနစဥ္ (၁၄) ရက္အတြင္းမွာ တ႐ုတ္ပညာရွင္ေတြနဲ႔ အြန္လိုင္းကေနမီတင္ထိုင္ခဲ့ၾကပါတယ္။
အခုေတာ့ ေလ့လာဖို႔လိုအပ္တဲ့ေနရာေတြကို ဆက္ေလ့လာမွာ ျဖစ္ပါတယ္။
WHO ရဲ႕ ကိုဗစ္ျဖစ္ပြားမႈအစ စုံစမ္းစစ္ေဆးေရးအဖြဲ႕ ေစလြတ္ဖို႔ကိစၥဟာ ကိုဗစ္ ျဖစ္တာတစ္ႏွစ္ေက်ာ္ၾကာတဲ့တိုင္ေအာင္
ေႏွာင့္ေႏွးခဲ့ရၿပီး လြန္ခဲ့တဲ့ ႏွစ္ပတ္ကမွ သြားခြင့္ရခဲ့တာပါ။
ဒီကိစၥဟာ ႏိုင္ငံေရးပါဝင္ပတ္သက္မႈေတြ မ်ားတယ္လို႔ ပါဝင္လိုက္ပါသြားတဲ့အဖြဲ႕သားေတြက ဆိုပါတယ္။
တ႐ုတ္ဘက္က သူတို႔ပညာရွင္ေတြဟာ ေပက်င္း၊ ရွန္ဟိုင္းနဲ႔အျခားၿမိဳ႕ေတြမွာ
အခုေရာဂါျဖစ္တာနဲ႔ နပမ္းလုံးေနရၿပီး မအားဘူးလို႔ဆိုပါတယ္။
ဝူဟန္ၿမိဳ႕ရွိ မႏွစ္က ကိုဗစ္နဲ႔ေသဆုံးခဲ့ရသူေတြရဲ႕ ေဆြမ်ိဳးေတြက WHO အဖြဲ႕နဲ႔ေတြ႕ခြင့္ေတာင္းခဲ့ေပမယ့္
တ႐ုတ္အာဏာပိုင္ေတြက ေပးမေတြ႕ဘူးလို႔ဆိုပါတယ္။ တ႐ုတ္ ဆိုရွယ္မီဒီယာေတြမွာ သူတို႔ရဲ႕ Group
ေတြကို အာဏာပိုင္ေတြက ဖယ္ရွားၿပီး အသံတိတ္ေအာင္လုပ္ေနတယ္လို႔ ဆိုပါတယ္။
မိသားစုဝင္ေတြ (၁၀၀) ေလာက္ေျပာဆိုေနတဲ့ WeChat Group ဟာ လြန္ခဲ့တဲ့ ၁၀ ရက္က delete
လုပ္ဖယ္ရွားခံခဲ့ရပါတယ္တဲ့။ ဒါဟာ အာဏာပိုင္ေတြရဲ႕ေၾကာက္လန႔္မႈကို႔
ျပေနတယ္လို႔ အသက္ ၅၁ ႏွစ္ရွိ Zhang Hai ကဆိုပါတယ္။
အာဏာပိုင္ေတြရဲ႕ သတင္းအေမွာင္ခ်ျခင္းေၾကာင့္ သူတို႔မိသားစုဝင္ေတြဟာ သတင္းအမွန္မသိရတဲ့အတြက္
မေသသင့္ပဲ ေသခဲ့ရတယ္ဆိုၿပီး မေက်နပ္ၾကတာျဖစ္ပါတယ္။
အခုစစ္ေဆးေရးအဖြဲ႕ဟာ ဘယ္ေနရာေတြကို သြားေရာက္စစ္ေဆးခြင့္ရၿပီး ဘယ္သူေတြကို
ေမးျမန္းခြင့္ရမလဲ ဆိုတာကလဲ အဓိကေမးခြန္းျဖစ္ေနဆဲပါပဲ။
တႏွစ္ေက်ာ္ၾကာမွ စစ္ေဆးလို႔ အေထာက္အထားေတြ ေျပာင္းလဲေပ်ာက္ကြယ္ေနႏိုင္ၿပီး လူေတြရဲ႕
မွတ္မိႏိုင္စြမ္းကလဲ အားနဲပါတယ္လို႔ WHO အရာရွိေဟာင္းတဦးျဖစ္တဲ့ Keiji Fukudaက ဒီလဆန္းမွာ သုံးသပ္ဖူးပါတယ္။
အခုစစ္ေဆးမဲ့ေနရာေတြထဲ ကူးစက္မႈအမ်ားအျပားနဲ႔ ဆက္စပ္ေနတဲ့ ဝူဟန္ၿမိဳ႕က ပင္လယ္စာေဈးကြက္၊
သုေတသနအင္စ တီက်ဳနဲ႔ ကူးစက္မႈအျမင့္ဆုံးကာလတုန္းက ကိုဗစ္လူနာေတြကို ကုသတဲ့ ေဆး႐ုံေတြ ပါဝင္ႏိုင္ပါတယ္။
ကာလရွည္ၾကာ အျငင္းပြားၿပီးေနာက္ တ႐ုတ္ဘက္က အခ်ိန္ဆြဲလြန္းတယ္လို႔ WHO ဘက္က ရွားရွားပါးပါး
ေဝဖန္ၿပီးေနာက္မွ ခုလို ဝင္ေရာက္စစ္ေဆးခြင့္ျပဳလိုက္တာပါ။ ဒီဗိုင္းရပ္စ္ဟာ လင္းႏို႔ေတြဆီက
စတင္လာၿပီး အဲဒီကတဆင့္ တျခားတိရစာၦန္ေတြနဲ႔ လူသားေတြကို ကူးစက္တာလို႔
ပညာရွင္အမ်ားစုက ယုံၾကည္ထားၾကၿပီး ဇာစ္ျမစ္မွန္ကို ပညာရွင္ေတြက ရွာေဖြေဖာ္ထုတ္ဖို႔ ႀကိဳးပမ္းေနပါတယ္။