ကြောင် (၁) ကောင် ပိုက်လုံးကြား ညှပ်နေသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့မှ အရေးပေါ် ကယ်ဆယ်ခဲ့ရ..
၂၈.၁.၂၀၂၁ ရက်နေ့၊ နေ့လည် ၂ နာရီ ၁၀ မိနစ်အချိန်ခန့်၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်
(တောင်ပိုင်း) မြို့နယ်၊ အမှတ် (၂) လမ်းမကြီးဘေး၊ ဒီဇင်ဘာအိမ်ယာ၀န်းအတွင်းရှိ တိုက်ခန်းတွင်
တပ်ဆင်ထားသော ရေဆင်းပိုက်လုံးကြားတွင် ကြောင် (၁) ကောင် ညပ်နေကြောင်း သတင်းရရှိခဲ့ပါသည်။
သတင်းရရှိသဖြင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့၀င်များဖြင့် သွားရောက်၍
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ နေ့လည် ၂ နာရီ ၂၇ မိနစ်
အချိန်တွင် ကြောင် အား အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့ပါသည်။
ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်
အသက်ရှင်လျက် မြင်တွေ့ရသည့် ကြောင်
zawgyi