News

ပရိသတ်တို့ မျှော်လင့်နေတဲ့ အောင်လအန်ဆန်းပွဲ ပြန်လာပါပြီ (ပြိုင်ဖက်ဟောင်းနဲ့ တွေ့ရမှာပါ)

ဝမ်းချန်ပီယံရှစ် ရဲ့ မစ်ဒယ်ဝိတ်တန်းပြိုင်ပွဲမှာ ကမ္ဘာ့ချန်ပီယံဟောင်း နှစ်ဦးဖြစ်ကြသည့်

အောင်လန်ဆန်းနှင့် ဗစ်တာလီဗစ်ဒက်ရှ်တို့ ထိုးသတ်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဆိုပါပွဲစဉ်ကို စင်္ကာပူနိုင်ငံတွင် လာမည့် ၂၀၂၁ ဧပြီလ ၂၁ ရက်နေ့မှာ ကျင်းပသွားမည်ဖြစ်ပြီး

အဓိက ပွဲစဉ်အဖြစ် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ထိုပွဲစဉ်မှာ အောင်လအန်ဆန်းနှင့်

ဗစ်လာလီဗစ်ဒက်ရှ်တို့ နှစ်ဦးအတွက် တတိယအကြိမ်မြောက် ပြန်လည်ဆုံတွေ့ခြင်းဖြစ်ပြီး အနိုင်ရသူက

လက်ရှိကမ္ဘာ့ချန်ပီယံ ရေနီယာဒီရိုက်ဒါကို စိန်ခေါ်ထိုးသတ်ခွင့် ရရှိမှာ ဖြစ်ပါတယ်။ ဗစ်တာလီဗစ်ဒက်ရှ်မှ

ာ မစ်ဒယ်ဝိတ်တန်း ချန်ပီယံဆုကို ၂၀၁၇၊ ဇန်နဝါရီလတွင် ရရှိခဲ့ပြီး ၎င်းအနေဖြင့် အင်ဒိုနီးရှားနိုင်ငံ၊

ဂျကာတာတွင် အောင်လအန်ဆန်းကို အနိုင်ယူခဲ့ခြင်းဖြစ်ပါတယ်။

ယင်းပွဲစဉ်အပြီးတွင် အောင်လအန်ဆန်းက ဗစ်တာလီဗစ်ဒက်ရှ်ကို ပြန်လည်စိန်ခေါ်ခွင့်ရရှိခဲ့သည့်

အခွင့်အရေးကြောင့် အမိမြေပေါ်တွင် ပြန်လည်ထိုးသတ်ရန် စိန်ခေါ်ခဲ့ပြီး ဒုတိယအကြိမ်အဖြစ်ထပ်မံ ထိုးသတ်ခဲ့ကြပါတယ်။

အဆိုပါပွဲစဉ်ကို ရန်ကုန်မြို့၊ သုဝဏ္ဏမိုးလုံလေလုံးအားကစားကွင်းတွင် ကျင်းပခဲ့ပြီး အောင်လန်အန်ဆန်းက

လက်ရည်အသာဖြင့်ထိုးသတ် အနိုင်ယူခဲ့ခြင်းကြောင့် မစ်ဒယ်ဝိတ်တန်း

ကမ္ဘာ့ချန်ပီယံဆုကို ၂၀၁၇၊ ဇွန်လမှာ ရယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့်လည်း အောင်လအန်ဆန်းမှာ ပြီးခဲ့သည့် ၂၀၂၀၊ အောက်တိုဘာလတွင် နယ်သာလန်နိုင်ငံသား

ရေနီယာဒီရိုက်ဒါကို ရှုံးနိမ့်ခဲ့ခြင်းကြောင့် ကမ္ဘာ့ချန်ပီယံဆုကို လက်လွှတ်ဆုံးရှုံးခဲ့ရပါတယ်။ အောင်လအန်ဆန်းအနေဖြင့်

ကမ္ဘာ့ချန်ပီယံဆုကို ပြန်လည်ရယူနိုင်ရန် ရည်မှန်းထားပြီး ရေနီယာဒီရိုက်ဒါကို

ပြန်လည်စိန်ခေါ်ခွင့်ရရှိရန် ဗစ်တာလီဗစ်ဒက်ရှ်ကို အနိုင်ကျော်ဖြတ်ရန် လိုအပ်နေပါတယ်။

ဗစ်တာလီဗစ်ဒက်ရှ်မှာလည်း အောင်လအန်ဆန်းကဲ့သို့ ကမ္ဘာ့ချန်ပီယုံဆုကို ပြန်လည်ရယူနိုင်ရန်

မျှော်လင့်နေပြီး အောင်လအန်ဆန်းကို အနိုင်ယူကျော်ဖြတ်ရန် လိုအပ်နေပါတယ်။

ချန်ပီယံပြိုင်ဘက်ဟောင်းများအနေဖြင့် တတိယအကြိမ်မြောက် ထိပ်တိုက်ရင်ဆိုင်ရမည်ဖြစ်ပြီး

ချန်ပီယံဆုပြန်လည်ရယူနိုင်ရေး အိပ်မက်များကို အကောင်အထည်ဖော်ရမည့်ပွဲစဉ် ဖြစ်သောကြောင့်

ပရိသတ်အကြိုက် ပွဲကောင်းတစ်ပွဲဖြစ်လာတော့မှာ ဖြစ်ပါတယ်။

zawgyi

ဝမ္းခ်န္ပီယံရွစ္ ရဲ႕ မစ္ဒယ္ဝိတ္တန္းၿပိဳင္ပြဲမွာ ကမာၻ႔ခ်န္ပီယံေဟာင္း ႏွစ္ဦးျဖစ္ၾကသည့္

ေအာင္လန္ဆန္းႏွင့္ ဗစ္တာလီဗစ္ဒက္ရွ္တို႔ ထိုးသတ္သြားမည္ျဖစ္ေၾကာင္း ထုတ္ျပန္ေၾကညာလိုက္ပါတယ္။

အဆိုပါပြဲစဥ္ကို စကၤာပူႏိုင္ငံတြင္ လာမည့္ ၂၀၂၁ ဧၿပီလ ၂၁ ရက္ေန႔မွာ က်င္းပသြားမည္ျဖစ္ၿပီး

အဓိက ပြဲစဥ္အျဖစ္ ထိုးသတ္သြားမွာ ျဖစ္ပါတယ္။ ထိုပြဲစဥ္မွာ ေအာင္လအန္ဆန္းႏွင့္

ဗစ္လာလီဗစ္ဒက္ရွ္တို႔ ႏွစ္ဦးအတြက္ တတိယအႀကိမ္ေျမာက္ ျပန္လည္ဆုံေတြ႕ျခင္းျဖစ္ၿပီး အႏိုင္ရသူက

လက္ရွိကမာၻ႔ခ်န္ပီယံ ေရနီယာဒီ႐ိုက္ဒါကို စိန္ေခၚထိုးသတ္ခြင့္ ရရွိမွာ ျဖစ္ပါတယ္။ ဗစ္တာလီဗစ္ဒက္ရွ္မွ

ာ မစ္ဒယ္ဝိတ္တန္း ခ်န္ပီယံဆုကို ၂၀၁၇၊ ဇန္နဝါရီလတြင္ ရရွိခဲ့ၿပီး ၎အေနျဖင့္ အင္ဒိုနီးရွားႏိုင္ငံ၊

ဂ်ကာတာတြင္ ေအာင္လအန္ဆန္းကို အႏိုင္ယူခဲ့ျခင္းျဖစ္ပါတယ္။

ယင္းပြဲစဥ္အၿပီးတြင္ ေအာင္လအန္ဆန္းက ဗစ္တာလီဗစ္ဒက္ရွ္ကို ျပန္လည္စိန္ေခၚခြင့္ရရွိခဲ့သည့္

အခြင့္အေရးေၾကာင့္ အမိေျမေပၚတြင္ ျပန္လည္ထိုးသတ္ရန္ စိန္ေခၚခဲ့ၿပီး ဒုတိယအႀကိမ္အျဖစ္ထပ္မံ ထိုးသတ္ခဲ့ၾကပါတယ္။

အဆိုပါပြဲစဥ္ကို ရန္ကုန္ၿမိဳ႕၊ သုဝဏၰမိုးလုံေလလုံးအားကစားကြင္းတြင္ က်င္းပခဲ့ၿပီး ေအာင္လန္အန္ဆန္းက

လက္ရည္အသာျဖင့္ထိုးသတ္ အႏိုင္ယူခဲ့ျခင္းေၾကာင့္ မစ္ဒယ္ဝိတ္တန္း

ကမာၻ႔ခ်န္ပီယံဆုကို ၂၀၁၇၊ ဇြန္လမွာ ရယူႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္လည္း ေအာင္လအန္ဆန္းမွာ ၿပီးခဲ့သည့္ ၂၀၂၀၊ ေအာက္တိုဘာလတြင္ နယ္သာလန္ႏိုင္ငံသား

ေရနီယာဒီ႐ိုက္ဒါကို ရႈံးနိမ့္ခဲ့ျခင္းေၾကာင့္ ကမာၻ႔ခ်န္ပီယံဆုကို လက္လႊတ္ဆုံးရႈံးခဲ့ရပါတယ္။ ေအာင္လအန္ဆန္းအေနျဖင့္

ကမာၻ႔ခ်န္ပီယံဆုကို ျပန္လည္ရယူႏိုင္ရန္ ရည္မွန္းထားၿပီး ေရနီယာဒီ႐ိုက္ဒါကို

ျပန္လည္စိန္ေခၚခြင့္ရရွိရန္ ဗစ္တာလီဗစ္ဒက္ရွ္ကို အႏိုင္ေက်ာ္ျဖတ္ရန္ လိုအပ္ေနပါတယ္။

ဗစ္တာလီဗစ္ဒက္ရွ္မွာလည္း ေအာင္လအန္ဆန္းကဲ့သို႔ ကမာၻ႔ခ်န္ပီယုံဆုကို ျပန္လည္ရယူႏိုင္ရန္

ေမွ်ာ္လင့္ေနၿပီး ေအာင္လအန္ဆန္းကို အႏိုင္ယူေက်ာ္ျဖတ္ရန္ လိုအပ္ေနပါတယ္။

ခ်န္ပီယံၿပိဳင္ဘက္ေဟာင္းမ်ားအေနျဖင့္ တတိယအႀကိမ္ေျမာက္ ထိပ္တိုက္ရင္ဆိုင္ရမည္ျဖစ္ၿပီး

ခ်န္ပီယံဆုျပန္လည္ရယူႏိုင္ေရး အိပ္မက္မ်ားကို အေကာင္အထည္ေဖာ္ရမည့္ပြဲစဥ္ ျဖစ္ေသာေၾကာင့္

ပရိသတ္အႀကိဳက္ ပြဲေကာင္းတစ္ပြဲျဖစ္လာေတာ့မွာ ျဖစ္ပါတယ္။