ကာကွယ်ဆေးထိုးလို့ ဖျားတာ ဟုတ်ပါတယ်။ ဒါပေမယ့် ဖျားတဲ့လူ ဖျားပြီး မဖျားတဲ့သူလည်း မဖျားပါဘူး။
ဖျားတာကို ကျန်းမာရေးဝန်ထမ်းတွေ တင်နေတာက attention seek လုပ်တယ်မထင်ဘူး။ တကယ်
ကျန်းမာရေးဝန်ထမ်းမဟုတ်တဲ့သူတွေ ထိုးရင် “အော် ဆရာတွေ ဆရာမတွေ တုန်းကလည်း ဖျားတတ်တာပဲ
ဆိုတာ၊ ဒါ ဘာမှ မဖြစ်ဘူး” ဆိုတာ awareness ရအောင်လို့ ထင်ပါတယ်။
ကာကွယ်ဆေးထိုးတာ ဖျားတတ်တာ ဆရာဝန်တိုင်း သိပါတယ်။ တချို့သော သာမန်လူတွေ မသိပါဘူး။
သူတို့ ဖျားတယ် ထထ အော်နေတာ ကာကွယ်ဆေး တကယ်ထိုးတဲ့အခါ မကြောက်ကြအောင်၊ သိပြီးသား
ဖြစ်အောင်နေမှာပါ။ အခုထိ myths တွေ အများကြီးထွက်နေပါတယ်။
လူတွေက ကာကွယ်ဆေးထိုးရမှာ ကြောက်နေကြပါတယ်။
တစ်ခါတည်း ၂ လုံးထိုးရမယ် တို့၊ အိန္ဒိယက မစမ်းဘဲ မြန်မာကို ပို့လိုက်တာ တို့ ဆိုတာ မဟုတ်ပါဘူး
။ အဲဒီတော့ လောလောဆယ် ဖျားတဲ့အုပ်စုနဲ့ မဖျားတဲ့ အုပ်စု ရန်မဖြစ်ကြဘဲ ပြည်သူကို
သတင်းပေးစောင့်ရှောက်ကြရအောင်.. (Khoon Nyo Thway)
သယ်ရင်းဆရာဝန်တစ်ယောက်တော့ မနက်ဆေးထိုးပြီး ခုစဖျားပြီတဲ့။ အနာအဖျား နည်းကြပါစေ။
တန်းစီထိုးတော့ အကုန်သာဖျားရင် အလုပ်လုပ်မယ့်သူ လျော့သွားလိမ့်မယ်။
အမေရိကားမှာ Pfizer ကိုဗစ်ကာကွယ်ဆေးထိုးတဲ့ သူငယ်ချင်းဆို အတော်ဖျားလိုက်တယ်ပြောတယ်၊
တည့်တယ် မတည့်ဘူးကွာအုံးမယ်။ လက်ပူတိုက်ထုတ်ထားကြရတဲ့ ကာကွယ်ဆေးမို့လို့ပါ။
ပုံမှန်ကာကွယ်ဆေးတွေသာဆို FDA Approve ယောင်လို့တောင် ကျမှာမဟုတ်။ မထိုးရဘူးလားဆို
မဟုတ်။ high risk သမားတွေက ထိုးရမှာပဲ။ ရောဂါဖြစ်ရင်သေနိုင်ချေက ပိုမြင့်တာမို့လို့ပါ။
လူငယ်လူရွယ် low risk တွေက မထိုးတာ ထိုးတာ ကိုယ့်သဘောပါ။ ကျနော်ကတော့ မထိုးသေးပါ။
အားလုံးပြီးလို့ ပိုလျှံနေပြီဆိုမှ ထိုးပါမယ်။ (ဒေါက်တာကျော်ကျော်စိုင်း)
zawgyi