အစိုးရထောက်ပံ့ငွေ ကျပ် (၄) သောင်းကျပ် မရခဲ့သူတွေကို ဒီနေ့ဇန်နဝါရီလ(၂၈) ရက်ကစပြီး
သက်ဆိုင်ရာရပ်ကွက်နဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေမှာ ပြန်ပေးအပ်နေပါတယ်။
နောက်ဆုံး စိစစ်တွေ့ရှိချက်အတိုင်း ပုံမှန်ဝင်ငွေမရှိတဲ့ ထပ်တိုးအိမ်ထောင်စု နှစ်သန်းကျော်အတွက်
ကျပ် (၅၆) ဘီလျံကျော် ထောက်ပံ့ပေးမယ်လို့လည်း ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောကြားထားပါတယ်။
ဒါကြောင့် ဒီနေ့ကစလို့ ထောက်ပံ့ငွေကို ပေးနေတာဖြစ်ပြီး ဒီနေ့ညနေပိုင်းနဲ့ မနက်ဖြန်မနက် (၁၀)
နာရီမှာ ပေးအပ်ဖို့စီစဥ်ထားတဲ့ မြို့နယ်တွေလည်း ရှိနေပါတယ်။
CERP အရ ပုံမှန်ဝင်ငွေမရှိတဲ့ လူတန်းစားအိမ်ထောင်စုတွေအတွက် ထောက်ပံ့မှု (၄) ခါလုပ်ခဲ့ပြီး
ထောက်ပံ့ကြေးရယူလိုတဲ့ အိမ်ထောင်စုတွေရဲ့ တိုင်ကြားချက်တွေအပေါ် စိစစ်ခဲ့ပြီးတဲ့နောက်
အိမ်ထောင်စုတွေ ထပ်တိုးလာတာဖြစ်ပါတယ်။
“စတုတ္ထအကြိမ်ပေးတော့ အဖွားတို့မရခဲ့ဘူး။ ဆေးပင်စင်ယူထားကြာပြီ။ သူများတွေ တစ်လတစ်သိန်းကျော်ရတဲ့
ပင်စင်သမားတွေကျ ရကြတော့၊ အလုပ်ကလည်း စျေးရောင်းပဲ၊ တစ်လုပ်ပဲရှိတော့ အုပ်ချုပ်ရေးမှူးကို
လာပြောတော့ ပါလာတာပေါ့။ ကျေးဇူးတင်ပါတယ်လို့။ အခုလိုခက်ခဲနေတဲ့အချိန်မှာပေးလို့ ဆန်ဖိုး၊ ဆီဖိုးလေး
ရတာပေါ့။” လို့ ကမာရွတ်မြို့နယ်မှ ထောက်ပံ့ငွေလာထုတ်တဲ့ ဒေါ်စန်းစန်းမူက ပြောပါတယ်။
ထောက်ပံ့ငွေပေးတဲ့အခါ ပြဿနာတွေ မဖြစ်အောင်နဲ့ လိုအပ်တဲ့ အိမ်ထောင်စုတွေဆီ တကယ်ရောက်ဖို့
အဖွဲ့စနစ်နဲ့ လက်ခံမယ့်သူတွေဆီ အရောက်ပေးပို့ဖို့လည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။
ထောက်ပံ့ငွေထုတ်ပေးတဲ့အချိန်မှာတော့ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်တို့နဲ့ စစ်ဆေးပေးအပ်နေတာလို့ သိရပါတယ်။
ကိုဗစ်ကာလ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက် (CERP) အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား
အိမ်ထောင်စုတွေအတွက် နိုင်ငံတော် ဘဏ္ဍာငွေကနေကျပ် (၅၆၈.၆၄) ဘီလီယံ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။
zawgyi
အစိုးရေထာက္ပံ့ေငြ က်ပ္ (၄) ေသာင္းက်ပ္ မရခဲ့သူေတြကို ဒီေန႔ဇန္နဝါရီလ(၂၈) ရက္ကစၿပီး
သက္ဆိုင္ရာရပ္ကြက္နဲ႔ ေက်း႐ြာအုပ္ခ်ဳပ္ေရးမႉး႐ုံးေတြမွာ ျပန္ေပးအပ္ေနပါတယ္။
ေနာက္ဆုံး စိစစ္ေတြ႕ရွိခ်က္အတိုင္း ပုံမွန္ဝင္ေငြမရွိတဲ့ ထပ္တိုးအိမ္ေထာင္စု ႏွစ္သန္းေက်ာ္အတြက္
က်ပ္ (၅၆) ဘီလ်ံေက်ာ္ ေထာက္ပံ့ေပးမယ္လို႔လည္း ျပည္ေထာင္စုအစိုးရအဖြဲ႕႐ုံးဝန္ႀကီးဌာန
ျပည္ေထာင္စုဝန္ႀကီး ဦးမင္းသူက ေျပာၾကားထားပါတယ္။
ဒါေၾကာင့္ ဒီေန႔ကစလို႔ ေထာက္ပံ့ေငြကို ေပးေနတာျဖစ္ၿပီး ဒီေန႔ညေနပိုင္းနဲ႔ မနက္ျဖန္မနက္ (၁၀)
နာရီမွာ ေပးအပ္ဖို႔စီစဥ္ထားတဲ့ ၿမိဳ႕နယ္ေတြလည္း ရွိေနပါတယ္။
CERP အရ ပုံမွန္ဝင္ေငြမရွိတဲ့ လူတန္းစားအိမ္ေထာင္စုေတြအတြက္ ေထာက္ပံ့မႈ (၄) ခါလုပ္ခဲ့ၿပီး
ေထာက္ပံ့ေၾကးရယူလိုတဲ့ အိမ္ေထာင္စုေတြရဲ႕ တိုင္ၾကားခ်က္ေတြအေပၚ စိစစ္ခဲ့ၿပီးတဲ့ေနာက္
အိမ္ေထာင္စုေတြ ထပ္တိုးလာတာျဖစ္ပါတယ္။
“စတုတၳအႀကိမ္ေပးေတာ့ အဖြားတို႔မရခဲ့ဘူး။ ေဆးပင္စင္ယူထားၾကာၿပီ။ သူမ်ားေတြ တစ္လတစ္သိန္းေက်ာ္ရတဲ့
ပင္စင္သမားေတြက် ရၾကေတာ့၊ အလုပ္ကလည္း ေစ်းေရာင္းပဲ၊ တစ္လုပ္ပဲရွိေတာ့ အုပ္ခ်ဳပ္ေရးမႉးကို
လာေျပာေတာ့ ပါလာတာေပါ့။ ေက်းဇူးတင္ပါတယ္လို႔။ အခုလိုခက္ခဲေနတဲ့အခ်ိန္မွာေပးလို႔ ဆန္ဖိုး၊ ဆီဖိုးေလး
ရတာေပါ့။” လို႔ ကမာ႐ြတ္ၿမိဳ႕နယ္မွ ေထာက္ပံ့ေငြလာထုတ္တဲ့ ေဒၚစန္းစန္းမူက ေျပာပါတယ္။
ေထာက္ပံ့ေငြေပးတဲ့အခါ ျပႆနာေတြ မျဖစ္ေအာင္နဲ႔ လိုအပ္တဲ့ အိမ္ေထာင္စုေတြဆီ တကယ္ေရာက္ဖို႔
အဖြဲ႕စနစ္နဲ႔ လက္ခံမယ့္သူေတြဆီ အေရာက္ေပးပို႔ဖို႔လည္း ၫႊန္ၾကားထားတယ္လို႔ သိရပါတယ္။
ေထာက္ပံ့ေငြထုတ္ေပးတဲ့အခ်ိန္မွာေတာ့ အိမ္ေထာင္စုစာရင္း၊ မွတ္ပုံတင္တို႔နဲ႔ စစ္ေဆးေပးအပ္ေနတာလို႔ သိရပါတယ္။
ကိုဗစ္ကာလ စီးပြားေရးထိခိုက္မႈ သက္သာေရးစီမံခ်က္ (CERP) အရ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစား
အိမ္ေထာင္စုေတြအတြက္ ႏိုင္ငံေတာ္ ဘ႑ာေငြကေနက်ပ္ (၅၆၈.၆၄) ဘီလီယံ သုံးစြဲခဲ့တယ္လို႔ သိရပါတယ္။