International News

ရုပ်ရှင်ထဲကအတိုင်း လမ်းဘေးက ATM စက်ကို အလုံးလိုက်မပြီး အိမ်ယူသွားတဲ့ သူခိုး မိပြီ

ရုပ်ရှင်ထဲကအတိုင်း လမ်းဘေးက ATM စက်ကို အလုံးလိုက်မပြီး အိမ်ယူသွားတဲ့ သူခိုး မိပြီ..

ထိုင်းနိုင်ငံစမွတ်ဆာခွန်ခရိုင်ရှိ Thai Progress Steel Co,.Ltd ရှေ့မှာ တပ်ဆင်းထားတဲ့

ကုန်သွယ်ရေးဘဏ်ဌာနမှ “ထိုင်းဖာနစ်” ATM စက်ဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၂ ရက်နေ့ည

သန်ခေါင် ၂:၃၀ ချိန် ထူးဆန်းစွာ အလုံးလိုက်ပျောက်သွားသည်။

ထိုင်းရဲတပ်ဖွဲ့စုံစမ်းဖော်ထုတ်ရာ စမွတ်ဆာခွန်မြို့ နားဒီးရပ်ကွက် နယ်မြေ ၈ တွင်အခန်းငှါးနေထိုင်သည့်

အသက် ၂၅ နှစ်အရွယ်လူငယ် နိုင်ထနာထစ်ပ်ကို မနေ့ကညနေ ၁၇:၀၀ ချိန်တွင်

ဖမ်းဝရမ်းဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်မိပါတယ် ။

ဖြစ်စဉ်မှာ ဇန်နဝါရီလ ၂၂ ရက်နေ့ ညသန်းခေါင် ၂:၃၀ ချိန်တွင် ပြစ်မှုကျူးလွန်သူသည်

စမွတ်ဆာခွန်းခရိုင် ကထုမ့်ဘဲန်းမြို့နယ် ခလောင်းမဒူးရပ်ကွက် ၊ နယ်မြေ ၇ ၊ အမှတ် ၅/၁၉ ရှိ

ကုမ္မဏီရှေ့တွင် တပ်ဆင်ထားသည့် ငွေထုတ် ATM စက်ကို သူ၏ ၆ ဘီးကားတွင် သံကြိုးဖြင့်ချည်ကာ

ဒရွတ်တိုက်ဆွဲယူ မကာ ကားပေါ်တင်ဆောင်သွားခဲ့ပြီး ထွက်ပြေးသွားခဲ့ခြင်းကြောင့် ရဲတပ်ဖွဲ့မှ

CCTV မှတ်တမ်းများ နှင့်အတူစုံစမ်းဖော်ထုတ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည် ။

တရားခံကတော့ လောင်းကစားဆော့မိပြီး ငွေလိုသဖြင့် သူကြည့်ဖူးခဲ့တဲ့

ရုပ်ရှင်ဇာတ်လမ်းထဲကအတိုင်း ယခုလိုပြုလုပ်မိပါတယ်လို့ ဖြောင့်ချက်ပေးခဲ့ပါတယ် ။

SiThuMaung

zawgyi















SiThuMaung