International News

ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ၁၀ ဦးရဲ့ ငွေများဖြင့် ကမ္ဘာပေါ်ရှိ လူအားလုံးကို ကိုဗစ်ကာကွယ်ဆေး ဝယ်ပေးနိုင်

ကမ္ဘာ့အချမ်းသာဆုံးသူဌေးကြီး ၁၀ ဦး၏ ပိုင်ဆိုင်မှုစုစုပေါင်းသည် ကိုဗစ် ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း

ဒေါ်လာ ၅၄၀ ဘီလီယံအထိ တိုးမြင့်လာခဲ့ပြီး ယင်းငွေများသည် ကမ္ဘာပေါ်ရှိ လူတိုင်းအတွက်

ကိုဗစ်ကာကွယ်ဆေး ဝယ်ယူနိုင်လောက်သည့် ပမာဏဖြစ်ကြောင်း ပရဟိတအဖွဲ့ Oxfam က ထုတ်ပြန်ခဲ့ပါတယ်။

ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များ၏ ပိုင်ဆိုင်မှုစုစုပေါင်းသည် စက်မှုဖွံ့ဖြိုးပြီးနိုင်ငံ ၂၀ (ဂျီ-၂၀) နိုင်ငံများရှိ

အစိုးရ၏ ကူးစက်ရောဂါမှ စီးပွားရေးပြန်နာလန်ထရေးသုံးစွဲမှုပမာဏနှင့်

ညီမျှနေကြောင်း ပရဟိတအဖွဲ့၏အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ယင်းကြောင့် ခေတ်သစ်ဇောတိကများအပေါ် အခွန်တိုးမြှင့်ကောက်ခံရေး

စဉ်းစားပေးရန် Oxfam က အစိုးရများအား တိုက်တွန်းခဲ့ပါတယ်။

ကူးစက်ရောဂါဖြစ်ပွားစဉ်အတွင်း လူချမ်းသာများ ပိုမိုချမ်းသာလာခဲ့သော်လည်း

ကူးစက်ရောဂါအရေးပေါ်တိုက်ဖျက်ရေးတွင်လည်း ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်များသည်

ထည့်ဝင်မှုများကို ပြုလုပ်ခဲ့ကြပါတယ်။

ကမ္ဘာ့စီးပွားရေးဖိုရမ်၏ အွန်လိုင်းညီလာခံသို့ ကမ္ဘာ့ခေါင်းဆောင်များ အွန်လိုင်းမှတစ်ဆင့် တက်ရောက်ရန်

စီစဉ်နေချိန်တွင် Oxfam က တန်းတူမညီမျှမှု ဗိုင်းရပ်စ် အမည်ရှိ အစီရင်ခံစာကို ထုတ်ပြန်ခဲ့ခြင်းဖြစ်ပါတယ်။

၂၀၂၀ ပြည့်နှစ် မတ် ၁၈ ရက်မှ ဒီဇင်ဘာ ၃၁ ရက်အတွင်း ဘီလျံနာများ၏ကြွယ်ဝချမ်းသာမှုပမာဏသည်

ဒေါ်လာ ၃ ဒသမ ၉ ထရီလီယံအထိ တိုးမြှင့်လာခဲ့ပြီး ယခုအခုအချိန်တွင်

ဒေါ်လာ ၁၁ ဒသမ ၉၅ ထရီလီယံအထိ ရှိနေပြီဖြစ်ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

၂၀၂၀ ပြည့်နှစ် မတ်မှ စ၍ ပိုင်ဆိုင်မှုတန်ဖိုး ဒေါ်လာ ၅၄၀ ဘီလီယံအထိ တိုးမြင့်လာခဲ့သူ ၁၀ ဦးတွင်

အမေဇုန်တည်ထောင်သူ ဂျက်ဘဲဇော့စ်၊ တဲစ်လာတည်ထောင်သူ အဲလွန် မာ့စ်နှင့်

ဖေ့စ်ဘွတ်ခ်တည်ထောင်သူ မာ့ခ် ဇူကာဘတ်တို့ပါဝင်နေပါတယ်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာရောက်ရှိချိန်တွင် ဘဲဇော့စ်၏ ပိုင်ဆိုင်မှုသည် အင်မတန်ကြီးမားလာသောကြောင့်

အမေဇုန်ဝန်ထမ်း ၈၇၆၀၀၀ တို့အား တစ်ဦးလျှင် ဆုကြေး ဒေါ်လာ ၁၀၅၀၀၀ ပေးအပ်လျှင်ပင် ၎င်းသည်

ကူးစက်ရောဂါမဖြစ်မီကရှိခဲ့သည့် ကြွယ်ဝမှုအတိုင်းဆက်ရှိနေဦးမည်ဖြစ်ကြောင်း လေ့လာမှုအရသိရပါတယ်။

zawgyi

ကမာၻ႔အခ်မ္းသာဆုံးသူေဌးႀကီး ၁၀ ဦး၏ ပိုင္ဆိုင္မႈစုစုေပါင္းသည္ ကိုဗစ္ ကူးစက္ေရာဂါျဖစ္ပြားစဥ္အတြင္း

ေဒၚလာ ၅၄၀ ဘီလီယံအထိ တိုးျမင့္လာခဲ့ၿပီး ယင္းေငြမ်ားသည္ ကမာၻေပၚရွိ လူတိုင္းအတြက္

ကိုဗစ္ကာကြယ္ေဆး ဝယ္ယူႏိုင္ေလာက္သည့္ ပမာဏျဖစ္ေၾကာင္း ပရဟိတအဖြဲ႕ Oxfam က ထုတ္ျပန္ခဲ့ပါတယ္။

ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္မ်ား၏ ပိုင္ဆိုင္မႈစုစုေပါင္းသည္ စက္မႈဖြံ႕ၿဖိဳးၿပီးႏိုင္ငံ ၂၀ (ဂ်ီ-၂၀) ႏိုင္ငံမ်ားရွိ

အစိုးရ၏ ကူးစက္ေရာဂါမွ စီးပြားေရးျပန္နာလန္ထေရးသုံးစြဲမႈပမာဏႏွင့္

ညီမွ်ေနေၾကာင္း ပရဟိတအဖြဲ႕၏အစီရင္ခံစာတြင္ ေဖာ္ျပထားပါတယ္။

ယင္းေၾကာင့္ ေခတ္သစ္ေဇာတိကမ်ားအေပၚ အခြန္တိုးျမႇင့္ေကာက္ခံေရး

စဥ္းစားေပးရန္ Oxfam က အစိုးရမ်ားအား တိုက္တြန္းခဲ့ပါတယ္။

ကူးစက္ေရာဂါျဖစ္ပြားစဥ္အတြင္း လူခ်မ္းသာမ်ား ပိုမိုခ်မ္းသာလာခဲ့ေသာ္လည္း

ကူးစက္ေရာဂါအေရးေပၚတိုက္ဖ်က္ေရးတြင္လည္း ကမာၻ႔အခ်မ္းသာဆုံးပုဂၢိဳလ္မ်ားသည္

ထည့္ဝင္မႈမ်ားကို ျပဳလုပ္ခဲ့ၾကပါတယ္။

ကမာၻ႔စီးပြားေရးဖိုရမ္၏ အြန္လိုင္းညီလာခံသို႔ ကမာၻ႔ေခါင္းေဆာင္မ်ား အြန္လိုင္းမွတစ္ဆင့္ တက္ေရာက္ရန္

စီစဥ္ေနခ်ိန္တြင္ Oxfam က တန္းတူမညီမွ်မႈ ဗိုင္းရပ္စ္ အမည္ရွိ အစီရင္ခံစာကို ထုတ္ျပန္ခဲ့ျခင္းျဖစ္ပါတယ္။

၂၀၂၀ ျပည့္ႏွစ္ မတ္ ၁၈ ရက္မွ ဒီဇင္ဘာ ၃၁ ရက္အတြင္း ဘီလ်ံနာမ်ား၏ႂကြယ္ဝခ်မ္းသာမႈပမာဏသည္

ေဒၚလာ ၃ ဒသမ ၉ ထရီလီယံအထိ တိုးျမႇင့္လာခဲ့ၿပီး ယခုအခုအခ်ိန္တြင္

ေဒၚလာ ၁၁ ဒသမ ၉၅ ထရီလီယံအထိ ရွိေနၿပီျဖစ္ေၾကာင္း အစီရင္ခံစာတြင္ ေဖာ္ျပထားပါတယ္။

၂၀၂၀ ျပည့္ႏွစ္ မတ္မွ စ၍ ပိုင္ဆိုင္မႈတန္ဖိုး ေဒၚလာ ၅၄၀ ဘီလီယံအထိ တိုးျမင့္လာခဲ့သူ ၁၀ ဦးတြင္

အေမဇုန္တည္ေထာင္သူ ဂ်က္ဘဲေဇာ့စ္၊ တဲစ္လာတည္ေထာင္သူ အဲလြန္ မာ့စ္ႏွင့္

ေဖ့စ္ဘြတ္ခ္တည္ေထာင္သူ မာ့ခ္ ဇူကာဘတ္တို႔ပါဝင္ေနပါတယ္။

၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာေရာက္ရွိခ်ိန္တြင္ ဘဲေဇာ့စ္၏ ပိုင္ဆိုင္မႈသည္ အင္မတန္ႀကီးမားလာေသာေၾကာင့္

အေမဇုန္ဝန္ထမ္း ၈၇၆၀၀၀ တို႔အား တစ္ဦးလွ်င္ ဆုေၾကး ေဒၚလာ ၁၀၅၀၀၀ ေပးအပ္လွ်င္ပင္ ၎သည္

ကူးစက္ေရာဂါမျဖစ္မီကရွိခဲ့သည့္ ႂကြယ္ဝမႈအတိုင္းဆက္ရွိေနဦးမည္ျဖစ္ေၾကာင္း ေလ့လာမႈအရသိရပါတယ္။