International News

အမေရိကန်သင်္ဘောတွေရောက်နေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ် စစ်ရေးလေ့ကျင့်မည်

အမေရိကန်သင်္ဘောတွေရောက်နေတဲ့ တောင်တရုတ်ပင်လယ်မှာ တရုတ် စစ်ရေးလေ့ကျင့်မည်

အငြင်းပွားရေပိုင်နက်အတွင်း အမေရိကန်လေယာဉ်တင်သင်္ဘောအုပ်စု ဝင်ရောက်မှုကို အမျက်ဒေါသထွက်ခဲ့

သည့် တရုတ်နိုင်ငံက ယခုအပတ်အတွင်း တောင်တရုတ်ပင်လယ်အတွင်း

စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်မယ်လို့ ပြောကြားလိုက်ပါတယ်။

တရုတ်နိုင်ငံ ပင်လယ်ရေကြောင်းဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်သည့် သတိပေးချက်တစ်ခုအရ

ဇန်န ဝါရီလ ၂၇ ရက်မှ ၃၀ ရက်အတွင်း တုံကင်းပင်လယ်ကွေ့ ရေပိုင်နက်နယ်မြေအချို့မှ တရုတ်နိုင်ငံ

အနောက် တောင်ပိုင်း လီကျိုးကျွန်းဆွယ်အနောက်ပိုင်းအထိ သင်္ဘော၊ လှေများဝင်ရောက်ခွင့် ပိတ်ပင်ထားပါတယ်။

သို့သော်လည်း မည်သည့်အချိန်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်မည် သို့မဟုတ် စစ်ရေးလေ့ကျင့်မှုတွင်

တပ်ဖွဲ့ ဝင်နှင့် စစ်သင်္ဘော၊ လက်နက် မည်ရွေ့မည်မျှ ပါဝင်မည်ဆိုသည်ကို အသေးစိတ်မဖော်ပြထားပါဘူး။

ဂျိုးဘိုင်ဒင် သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုပြီးနောက် လွတ်လပ်သော ရေကြောင်းသွားလာခွင့်

တိုးမြှင့်ရန်ဟု ဆိုကာ ယူအက်စ်အက်စ် သီရိုဒီရုစဗဲ့ ဦးဆောင်သော အမေရိကန်တိုက်ရေယာဉ်အုပ်စု

တောင်တရုတ်ပင်လယ် အတွင်း ဝင်ရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံက ဗီယက်နမ်၊ မလေးရှား၊ ဖိလစ်ပိုင်၊ ဘရူနိုင်း၊ ထိုင်ဝမ်တို့နှင့် ပိုင်နက်နယ်မြေ

အငြင်းပွားမှုများ ဖြစ်ပွားလျက်ရှိရာ တောင်တရုတ်ပင်လယ်အတွင်းသို့ မကြာသေးမီနှစ်များအတွင်း

အမေရိကန်တပ်မတော်က လှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်လာခဲ့ပါတယ်။

တောင်တရုတ်ပင်လယ်အတွင်းသို့ အမေရိကန်နိုင်ငံက လေယာဉ်တင်သင်္ဘောများ၊ စစ်ရေယာဉ်များ ပုံမှန်

ဆိုသလို စေလွှတ်မှုကို တရုတ်နိုင်ငံက ဇန်နဝါရီလ ၂၅ ရက်တွင် ကန့်ကွက်ခဲ့ပါတယ်။

တိုက်ချင်းပစ် ဒုံးကျည်ပစ်စင်တွေကိုလည်း လေ့ကျင့်ဖို့ နေရာဖြန့်ကျက်ထားလိုက်ပါတယ်။

အရှေ့နဲ့အနောက်ဖက်ဆီတွေက တပ်မတွေဆီဖြန့်ကာ တရုတ်ဟာ အိန္ဒိယတနိုင်ငံလုံးနဲ့ ဂျပန်အခြေစိုက်

အမေရိကန်တပ်စခန်းတွေကို ချိန်ရွယ်လိုက်ပါသတဲ့။ မနှစ်ကတော့ ဒီ DF-26 တွေကို တောင်တရုတ်ပင်လယ်ထဲက

ရေတပ်စခန်းတွေဆီဖြန့်ကာ ကျူးကျော်လာတဲ့ အမေရိကန်သင်္ဘောတွေကို ဖျက်ပစ်မယ်လို့ ကျုံးဝါးခဲ့ဖူးသတဲ့။

zawgyi

အေမရိကန္သေဘၤာေတြေရာက္ေနတဲ့ ေတာင္တ႐ုတ္ပင္လယ္မွာ တ႐ုတ္ စစ္ေရးေလ့က်င့္မည္

အျငင္းပြားေရပိုင္နက္အတြင္း အေမရိကန္ေလယာဥ္တင္သေဘၤာအုပ္စု ဝင္ေရာက္မႈကို အမ်က္ေဒါသထြက္ခဲ့

သည့္ တ႐ုတ္ႏိုင္ငံက ယခုအပတ္အတြင္း ေတာင္တ႐ုတ္ပင္လယ္အတြင္း

စစ္ေရးေလ့က်င့္မႈမ်ား ျပဳလုပ္မယ္လို႔ ေျပာၾကားလိုက္ပါတယ္။

တ႐ုတ္ႏိုင္ငံ ပင္လယ္ေရေၾကာင္းဆိုင္ရာ အုပ္ခ်ဳပ္ေရးအဖြဲ႕ကထုတ္ျပန္သည့္ သတိေပးခ်က္တစ္ခုအရ

ဇန္န ဝါရီလ ၂၇ ရက္မွ ၃၀ ရက္အတြင္း တုံကင္းပင္လယ္ေကြ႕ ေရပိုင္နက္နယ္ေျမအခ်ိဳ႕မွ တ႐ုတ္ႏိုင္ငံ

အေနာက္ ေတာင္ပိုင္း လီက်ိဳးကြၽန္းဆြယ္အေနာက္ပိုင္းအထိ သေဘၤာ၊ ေလွမ်ားဝင္ေရာက္ခြင့္ ပိတ္ပင္ထားပါတယ္။

သို႔ေသာ္လည္း မည္သည့္အခ်ိန္တြင္ စစ္ေရးေလ့က်င့္မႈျပဳလုပ္မည္ သို႔မဟုတ္ စစ္ေရးေလ့က်င့္မႈတြင္

တပ္ဖြဲ႕ ဝင္ႏွင့္ စစ္သေဘၤာ၊ လက္နက္ မည္ေ႐ြ႕မည္မွ် ပါဝင္မည္ဆိုသည္ကို အေသးစိတ္မေဖာ္ျပထားပါဘူး။

ဂ်ိဳးဘိုင္ဒင္ သမၼတအျဖစ္ က်မ္းသစၥာက်ိန္ဆိုၿပီးေနာက္ လြတ္လပ္ေသာ ေရေၾကာင္းသြားလာခြင့္

တိုးျမႇင့္ရန္ဟု ဆိုကာ ယူအက္စ္အက္စ္ သီ႐ိုဒီ႐ုစဗဲ့ ဦးေဆာင္ေသာ အေမရိကန္တိုက္ေရယာဥ္အုပ္စု

ေတာင္တ႐ုတ္ပင္လယ္ အတြင္း ဝင္ေရာက္ခဲ့ပါတယ္။

တ႐ုတ္ႏိုင္ငံက ဗီယက္နမ္၊ မေလးရွား၊ ဖိလစ္ပိုင္၊ ဘ႐ူႏိုင္း၊ ထိုင္ဝမ္တို႔ႏွင့္ ပိုင္နက္နယ္ေျမ

အျငင္းပြားမႈမ်ား ျဖစ္ပြားလ်က္ရွိရာ ေတာင္တ႐ုတ္ပင္လယ္အတြင္းသို႔ မၾကာေသးမီႏွစ္မ်ားအတြင္း

အေမရိကန္တပ္မေတာ္က လႈပ္ရွားမႈမ်ား တိုးျမႇင့္လုပ္ေဆာင္လာခဲ့ပါတယ္။

ေတာင္တ႐ုတ္ပင္လယ္အတြင္းသို႔ အေမရိကန္ႏိုင္ငံက ေလယာဥ္တင္သေဘၤာမ်ား၊ စစ္ေရယာဥ္မ်ား ပုံမွန္

ဆိုသလို ေစလႊတ္မႈကို တ႐ုတ္ႏိုင္ငံက ဇန္နဝါရီလ ၂၅ ရက္တြင္ ကန႔္ကြက္ခဲ့ပါတယ္။

တိုက္ခ်င္းပစ္ ဒုံးက်ည္ပစ္စင္ေတြကိုလည္း ေလ့က်င့္ဖို႔ ေနရာျဖန႔္က်က္ထားလိုက္ပါတယ္။

အေရွ႕နဲ႔အေနာက္ဖက္ဆီေတြက တပ္မေတြဆီျဖန႔္ကာ တ႐ုတ္ဟာ အိႏၵိယတႏိုင္ငံလုံးနဲ႔ ဂ်ပန္အေျခစိုက္

အေမရိကန္တပ္စခန္းေတြကို ခ်ိန္႐ြယ္လိုက္ပါသတဲ့။ မႏွစ္ကေတာ့ ဒီ DF-26 ေတြကို ေတာင္တ႐ုတ္ပင္လယ္ထဲက

ေရတပ္စခန္းေတြဆီျဖန႔္ကာ က်ဴးေက်ာ္လာတဲ့ အေမရိကန္သေဘၤာေတြကို ဖ်က္ပစ္မယ္လို႔ က်ဳံးဝါးခဲ့ဖူးသတဲ့။