News

အာဆီယံမှာ ကိုဗစ် ကာကွယ်ဆေး စောလျင်စွာရတဲ့ (၃) နိုင်ငံမှာ မြန်မာ ဘာကြောင့် ပါသလဲ

အာဆီယံမှာ ကိုဗစ် ကာကွယ်ဆေး စောလျင်စွာရတဲ့ (၃) နိုင်ငံမှာ မြန်မာ ဘာကြောင့် ပါသလဲ..

အာဆီယံမှာ ကိုဗစ် ကာကွယ်ဆေး စောလျင်စွာရတဲ့ (၃) နိုင်ငံရှိပါတယ်။

စင်္ကာပူနိုင်ငံက လူဦးရေနည်းပြီး နိုင်ငံချမ်းသာလို့ အမေရိကန်မှာ Pfizer ကုမ္ပဏီက ပုဂ္ဂလိကကို

ရောင်းချတဲ့နှုန်းအတိုင်း Pfizer ထံကနေ ကိုဗစ်ကာကွယ်ဆေး ဈေးကြီးကြီးဝယ်ယူပြီး နိုင်ငံသားတွေကို ထိုပေးနိုင်တာပါ။

ဒုတိယမြောက် ကာကွယ်ဆေးရတဲ့ အင်ဒိုနီးရှားကတော့ တရုတ် Sinovac ရဲ့ ကာကွယ်ဆေးကို

နိုင်ငံသားတွေအပေါ် အစမ်းသပ်ခံပြီးမှ စမ်းသပ်ကြေးအနေနဲ့ တရုတ်ဆီကို တောင်းဆိုလို့

တရုတ်က ပေးတဲ့အတွက် ထိုးနှံခွင့်ရတာပါ။

ဒါဆို အာဆီယံမှာ တတိယမြောက် အစောဆုံး ကာကွယ်ဆေးရတဲ့ မြန်မာက အင်ဒိုနီးရှားလို နိုင်ငံသားတွေလည်း

အစမ်းသပ်မခံရ၊ စင်္ကာပူလို ငွေလည်းသုံးစရာမလိုဘဲ ဘာလို့ စောလျင်စွာ ထိုးနှံခွင့်ရတယ် ထင်ပါသလဲ။

မြန်မာထက်ချမ်းသာတဲ့ ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားတို့ကို ကျော်လွန်ပြီး ဘာကြောင့် စောလျင်စွာရရှိတယ် ထင်ပါသလဲ။

အကြောင်းရင်းက တခုတည်းရှိပါတယ်။ ခေါင်းဆောင်ကောင်းလို့ပါ။ သူ့ရဲ့ သံတမန်ကျွမ်းကျင်မှု၊ အမြော်အမြင်ရှိမှုနဲ့

စိတ်ရင်းစေတနမေတ္တာ ကြီးမားမှုတို့ကြောင့်သာ မြန်မာနိုင်ငံသားတွေ ဂုဏ်ရှိစွာ ထိုးနှံခွင့်ရတာပဲဖြစ်ပါတယ်။

Shine Htet Aung

zawgyi













Shine Htet Aung