International News

တရုတ်ပြည်မှာ ကိုဗစ် စစ်ဆေးဖို့ စအိုကနေ Swab ယူတဲ့နည်း သုံးပြီ၊ ပိုမိုထိရောက်ဟုဆို

တရုတ်ပြည်မှာ ကိုဗစ် စစ်ဆေးဖို့ စအိုကနေ Swab ယူတဲ့နည်း သုံးပြီ၊ ပိုမိုထိရောက်ဟုဆို..

မကြာသေးမီ ရက်သတ္တပတ်တွေအတွင်း တရုတ်မှာကိုဗစ်ကူးစက်မှုတွေ ပြန်လည်ဖြစ်ပွားခဲ့ပြီးတဲ့နောက်မှာ

တရုတ်အာဏာပိုင်တွေဟာ ကိုဗစ်ရောဂါပိုး ရှိ မရှိ စစ်ဆေးနည်းအသစ်တစ်ခုကို စမ်းသပ်အသုံးပြုနေပါတယ်။

လက်ရှိမှာ တရုတ်အာဏာပိုင်တွေနဲ့ တရုတ်ဆေးပညာရှင်တွေ ဆရာဝန်ကြီးတွေဟာ စအိုကနေ

ဓာတ်ခွဲနမူနာများရယူပြီး ကိုဗစ် စစ်ဆေးတဲ့နည်းကို အသုံပြုနေတာဖြစ်ပါတယ်။

ဒါကြောင့်နိုင်ငံတကာ ခရီးသွားတွေနဲ့ တရုတ်ပြည်ထဲက ကိုဗစ် ကူးစက်မှု

ြစ်ပွားတဲ့နေရာတွေမှာ အဲ့ဒိနည်းကို သုံးဖို့လုပ်နေကြပြီလိုဆိုပါတယ်။

ကိုရိုနိုဗိုင်းရပ်စ်ပိုးကို အရင်က လည်ချောင်းနဲ့နှာခေါင်းက တို့ဖတ်ယူစစ်ဆေးကြပေမယ့် အခုတရုတ်က

ဒီနည်းအသစ်ကို သုံးရတာဟာ ဒီနည်းဟာ ရောဂါ ရှိ မရှိ စမ်းသပ်တာ ပိုထိရောက်ပြီး ကိုဗစ်ပိုးဟာ

အသက်ရှုလမ်းကြောင်းထဲမှာထက် စအိုမှာ အသက်ရှင်နေထိုင်ချိန်ကြာမြင့်တာကို လေ့လာတွေ့ရှိခဲ့တဲ့အတွက်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့အပတ်က တရုတ်ပြည် ဘေဂျင်းမှာ ဒီနည်းသုံးပြီး ကိုဗစ်ပိုး ရှိ မရှိကို စမ်းသပ်စစ်ဆေးခဲ့တယ်လို့

ဘေဂျင်းက ဆရာဝန် Li Tongzeng က တရုတ်နိုင်ငံပိုင်မီဒီယာတစ်ခုကို ပြောကြားထားပါတယ်။

သို့သော် စအိုကနေ ဓာတ်ခွဲနမူနာရယူစစ်ဆေးတဲ့ နည်းလမ်းက ကူးစက်ခံရသူတွေကို ရှာဖွေတွေ့ရှိမှုနှုန်း

မြင့်တက်နိုင်ကြောင်းနဲ့ ဗိုင်းရပ်စ်သဲလွန်စတွေဟာ အသက်ရှူလမ်းကြောင်းမှာထက် စအိုထဲမှာ

အချိန်ပိုမိုရှည်ကြာရှိနေကြောင်း ဘေဂျင်းမြို့ You’an ဆေးရုံမှ ဆရာဝန် Li Tongzeng က ပြောပါတယ်။

တရုတ်နိုင်ငံမှ Weibo အသုံးပြုသူတွေကတော့ ထိုနည်းလမ်းဖြင့် ကိုဗစ် စစ်ဆေးမှုကို ဟာသအဖြစ်နဲ့

ရွံရှာစရာအဖြစ် ဝေဖန်ပြောဆိုနေကြတယ်လို့ ဆိုပါတယ်။ “တော်သေးတာပေါ့၊ ငါ တရုတ်ကို စောစော

ပြန်လာခဲ့လို့ ကံကောင်းသွားတယ်” လို့ Weibo သုံးသူတစ်ဦးက ပြောပါတယ်။

တရုတ်အစိုးရကတော့ ပီးခဲ့တဲ့ တစ်ပတ်က တရုတ်မှာ ကိုဗစ်ပိုးကူးစက်မှု ပြန်လည်မြင့်တက်လာပြီးနောက်မှာ

ပြည်တွင်းပြည်ပ ခရီးသွားသူတွေကို ကန့်သတ်မှုတွေ ပိုမိုပြုလုပ်ထားပြီး

၁၄ ရက် ကွာရန်တင်းဝင်ဖို့လည်း ညွှန်ကြားထားပါတယ်။

အဲ့ဒီလို ကွာရန်တင်းဝင်ပြီး ရောဂါပိုး ရှိ မရှိစစ်ရင်တော့ တရုတ်ရဲ့ နည်းသစ်ဖြစ်တဲ့ စအိုထဲက

Swab ယူတဲ့ နည်းကို ခင်ဗျားအနေနဲ့ အသုံးခံရနိုင်တယ်လို့ လူမှုကွန်ရက်ပေါ်မှာ ဖြန့်ဝေရေးသားနေကြပါတယ်။

zawgyi

တ႐ုတ္ျပည္မွာ ကိုဗစ္ စစ္ေဆးဖို႔ စအိုကေန Swab ယူတဲ့နည္း သုံးၿပီ၊ ပိုမိုထိေရာက္ဟုဆို..

မၾကာေသးမီ ရက္သတၱပတ္ေတြအတြင္း တ႐ုတ္မွာကိုဗစ္ကူးစက္မႈေတြ ျပန္လည္ျဖစ္ပြားခဲ့ၿပီးတဲ့ေနာက္မွာ

တ႐ုတ္အာဏာပိုင္ေတြဟာ ကိုဗစ္ေရာဂါပိုး ရွိ မရွိ စစ္ေဆးနည္းအသစ္တစ္ခုကို စမ္းသပ္အသုံးျပဳေနပါတယ္။

လက္ရွိမွာ တ႐ုတ္အာဏာပိုင္ေတြနဲ႔ တ႐ုတ္ေဆးပညာရွင္ေတြ ဆရာဝန္ႀကီးေတြဟာ စအိုကေန

ဓာတ္ခြဲနမူနာမ်ားရယူၿပီး ကိုဗစ္ စစ္ေဆးတဲ့နည္းကို အသုံျပဳေနတာျဖစ္ပါတယ္။

ဒါေၾကာင့္ႏိုင္ငံတကာ ခရီးသြားေတြနဲ႔ တ႐ုတ္ျပည္ထဲက ကိုဗစ္ ကူးစက္မႈ

ျစ္ပြားတဲ့ေနရာေတြမွာ အဲ့ဒိနည္းကို သုံးဖို႔လုပ္ေနၾကၿပီလိုဆိုပါတယ္။

ကို႐ိုႏိုဗိုင္းရပ္စ္ပိုးကို အရင္က လည္ေခ်ာင္းနဲ႔ႏွာေခါင္းက တို႔ဖတ္ယူစစ္ေဆးၾကေပမယ့္ အခုတ႐ုတ္က

ဒီနည္းအသစ္ကို သုံးရတာဟာ ဒီနည္းဟာ ေရာဂါ ရွိ မရွိ စမ္းသပ္တာ ပိုထိေရာက္ၿပီး ကိုဗစ္ပိုးဟာ

အသက္ရႈလမ္းေၾကာင္းထဲမွာထက္ စအိုမွာ အသက္ရွင္ေနထိုင္ခ်ိန္ၾကာျမင့္တာကို ေလ့လာေတြ႕ရွိခဲ့တဲ့အတြက္လို႔ ဆိုပါတယ္။

ၿပီးခဲ့တဲ့အပတ္က တ႐ုတ္ျပည္ ေဘဂ်င္းမွာ ဒီနည္းသုံးၿပီး ကိုဗစ္ပိုး ရွိ မရွိကို စမ္းသပ္စစ္ေဆးခဲ့တယ္လို႔

ေဘဂ်င္းက ဆရာဝန္ Li Tongzeng က တ႐ုတ္ႏိုင္ငံပိုင္မီဒီယာတစ္ခုကို ေျပာၾကားထားပါတယ္။

သို႔ေသာ္ စအိုကေန ဓာတ္ခြဲနမူနာရယူစစ္ေဆးတဲ့ နည္းလမ္းက ကူးစက္ခံရသူေတြကို ရွာေဖြေတြ႕ရွိမႈႏႈန္း

ျမင့္တက္ႏိုင္ေၾကာင္းနဲ႔ ဗိုင္းရပ္စ္သဲလြန္စေတြဟာ အသက္ရႉလမ္းေၾကာင္းမွာထက္ စအိုထဲမွာ

အခ်ိန္ပိုမိုရွည္ၾကာရွိေနေၾကာင္း ေဘဂ်င္းၿမိဳ႕ You’an ေဆး႐ုံမွ ဆရာဝန္ Li Tongzeng က ေျပာပါတယ္။

တ႐ုတ္ႏိုင္ငံမွ Weibo အသုံးျပဳသူေတြကေတာ့ ထိုနည္းလမ္းျဖင့္ ကိုဗစ္ စစ္ေဆးမႈကို ဟာသအျဖစ္နဲ႔

႐ြံရွာစရာအျဖစ္ ေဝဖန္ေျပာဆိုေနၾကတယ္လို႔ ဆိုပါတယ္။ “ေတာ္ေသးတာေပါ့၊ ငါ တ႐ုတ္ကို ေစာေစာ

ျပန္လာခဲ့လို႔ ကံေကာင္းသြားတယ္” လို႔ Weibo သုံးသူတစ္ဦးက ေျပာပါတယ္။

တ႐ုတ္အစိုးရကေတာ့ ပီးခဲ့တဲ့ တစ္ပတ္က တ႐ုတ္မွာ ကိုဗစ္ပိုးကူးစက္မႈ ျပန္လည္ျမင့္တက္လာၿပီးေနာက္မွာ

ျပည္တြင္းျပည္ပ ခရီးသြားသူေတြကို ကန္႔သတ္မႈေတြ ပိုမိုျပဳလုပ္ထားၿပီး

၁၄ ရက္ ကြာရန္တင္းဝင္ဖို႔လည္း ၫႊန္ၾကားထားပါတယ္။

အဲ့ဒီလို ကြာရန္တင္းဝင္ၿပီး ေရာဂါပိုး ရွိ မရွိစစ္ရင္ေတာ့ တ႐ုတ္ရဲ႕ နည္းသစ္ျဖစ္တဲ့ စအိုထဲက

Swab ယူတဲ့ နည္းကို ခင္ဗ်ားအေနနဲ႔ အသုံးခံရႏိုင္တယ္လို႔ လူမႈကြန္ရက္ေပၚမွာ ျဖန္႔ေဝေရးသားေနၾကပါတယ္။