International News

ရုရှားက ပေးခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေးများကို မြန်မာ့တပ်မတော်မှ သုတေသန ပြုလုပ်မည်

ရုရှားက ပေးခဲ့တဲ့ ကိုဗစ် ကာကွယ်ဆေးများကို မြန်မာ့တပ်မတော်မှ သုတေသန ပြုလုပ်မည်..

ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey K.SHOIGU လာရောက်စဉ်

လက်ဆောင်ပေးခဲ့သည့် ရုရှားထုတ် Sputnik V ကိုဗစ်ကာကွယ်ဆေးများကို သုတေသန ပြုလုပ်ရန်အတွက်သာ

ထားရှိထားကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါသည်။

ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက “ဒါကတော့ ကျွန်တော်တို့ဆီမှာ ဆေးသုတေသနလုပ်ဖို့ စမ်းသပ်ကြည့်ဖို့ပဲ ကျွန်တော်တို့

လုပ်ဆောင် သွားမှာဖြစ်ပါတယ်။ ကိုဗစ် ကာကွယ်ဆေးနဲ့ ပတ်သက်လို့ ကျွန်တော်သိရသလောက်တော့ထိုးနှံပြိးတဲ့

သူတော့ မရှိသေးပါဘူး။ စမ်းသပ်နေတဲ့ဟာပဲ ရှိပါတယ်။ ခုနက ပြောသလို ကာကွယ်ဆေး အရေအတွက်

ထောင်ဂဏန်းဆိုတာ စမ်းသပ်ဖို့ အတွက် သုတေသန ပြုလုပ်ဖို့ အတွက် လက်ခံထားရှိတာမျိုးဖြစ်ပါတယ်” ဟု ပြောပါသည်။

စမ်းသပ်သုတေသနပြုလုပ်ရန်ထားရှိထားသော်လည်း ကိုဗစ် ၁၉ ရောဂါ ရှိသူများ နှင့် တိုက်ရိုက်ထိတွေ့ရမည့်သူများ

ရှိပါက ထိုးနှံပေးမည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုသည်။

ရုရှားက လှူဒါန်းခဲ့သည့် ကိုဗစ် ကာကွယ်ဆေးသည် အလုံးရေ ထောင်ဂဏန်း မပြည့်ကြောင်း သိရသည်။

တပ်ချုပ် မင်းအောင်လှိုင် နှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး

Army General Sergey K.SHOIGU တို့ ဇန်နဝါရီလ ၂၂ ရက်နေ့က တွေ့ဆုံရာတွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

zawgyi

႐ုရွားက ေပးခဲ့တဲ့ ကိုဗစ္ ကာကြယ္ေဆးမ်ားကို ျမန္မာ့တပ္မေတာ္မွ သုေတသန ျပဳလုပ္မည္..

႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီး Army General Sergey K.SHOIGU လာေရာက္စဥ္

လက္ေဆာင္ေပးခဲ့သည့္ ႐ုရွားထုတ္ Sputnik V ကိုဗစ္ကာကြယ္ေဆးမ်ားကို သုေတသန ျပဳလုပ္ရန္အတြက္သာ

ထားရွိထားေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕မွ ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ေျပာပါသည္။

ဗိုလ္မႉးခ်ဳပ္ ေဇာ္မင္းထြန္းက “ဒါကေတာ့ ကြၽန္ေတာ္တို႔ဆီမွာ ေဆးသုေတသနလုပ္ဖို႔ စမ္းသပ္ၾကည့္ဖို႔ပဲ ကြၽန္ေတာ္တို႔

လုပ္ေဆာင္ သြားမွာျဖစ္ပါတယ္။ ကိုဗစ္ ကာကြယ္ေဆးနဲ႔ ပတ္သက္လို႔ ကြၽန္ေတာ္သိရသေလာက္ေတာ့ထိုးႏွံၿပိးတဲ့

သူေတာ့ မရွိေသးပါဘူး။ စမ္းသပ္ေနတဲ့ဟာပဲ ရွိပါတယ္။ ခုနက ေျပာသလို ကာကြယ္ေဆး အေရအတြက္

ေထာင္ဂဏန္းဆိုတာ စမ္းသပ္ဖို႔ အတြက္ သုေတသန ျပဳလုပ္ဖို႔ အတြက္ လက္ခံထားရွိတာမ်ိဳးျဖစ္ပါတယ္” ဟု ေျပာပါသည္။

စမ္းသပ္သုေတသနျပဳလုပ္ရန္ထားရွိထားေသာ္လည္း ကိုဗစ္ ၁၉ ေရာဂါ ရွိသူမ်ား ႏွင့္ တိုက္႐ိုက္ထိေတြ႕ရမည့္သူမ်ား

ရွိပါက ထိုးႏွံေပးမည္ျဖစ္ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းက ဆိုသည္။

႐ုရွားက လႉဒါန္းခဲ့သည့္ ကိုဗစ္ ကာကြယ္ေဆးသည္ အလုံးေရ ေထာင္ဂဏန္း မျပည့္ေၾကာင္း သိရသည္။

တပ္ခ်ဳပ္ မင္းေအာင္လႈိင္ ႏွင့္ ႐ုရွားဖက္ဒေရးရွင္းႏိုင္ငံ၊ ကာကြယ္ေရးဝန္ႀကီး

Army General Sergey K.SHOIGU တို႔ ဇန္နဝါရီလ ၂၂ ရက္ေန႔က ေတြ႕ဆုံရာတြင္ ေပးအပ္လႉဒါန္းခဲ့ေၾကာင္း သိရသည္။