News

ကိုဗစ်ကာကွယ်ဆေး ရရှိပြီးသား ဖြစ်နေတဲ့ တပ်မတော်နဲ့ ပြည်သူ့အစိုးရ ကွာခြားချက်

ကိုဗစ်ကာကွယ်ဆေး ရရှိပြီးသား ဖြစ်နေတဲ့ တပ်မတော်နဲ့ ပြည်သူ့အစိုးရ ကွာခြားချက်..

လူဦးရေ ၅၇ သန်းရှိတဲ့ မြန်မာနိုင်ငံမှာ ပထမဆုံး ကိုဗစ်ကာကွယ်ဆေး ထိုးခွင့်ရသူက နိုင်ငံတော်ရဲ့

အထွဋ်အထိပ် အာဏာရတဲ့ပုဂ္ဂိုလ်တွေ ဖြစ်တဲ့ သမ္မတ၊ အတိုင်ပင်ခံတို့ မဟုတ်ပဲ နေပြည်တော်

ကုတင် ၁၀၀၀ ဆေးရုံကြီးက အမျိုးသမီး ကျန်းမာရေးဝန်ထမ်းတစ်ဦးဖြစ်တဲ့ သူနာပြုဆရာမ ဒေါ်အေးမူမူ ဖြစ်ပါတယ်တဲ့..

ပြည်သူ့အစိုးရက ကိုဗစ်ကာကွယ်ဆေး အရေအတွက် ဘယ်လောက်ရထားတယ် ဘယ်သူတွေကို

ဦးစားပေးထိုးပေးမယ်ဆိုတာကိုလည်း ပွင့်လင်းမြင်သာစွာ ကြေညာခဲ့တဲ့အတိုင်း ကျန်းမာရေးဝန်ထမ်းတွေနှင့်

အတူ ပညာရေးဝန်ထမ်းတွေကို ပထမဦးစားပေး အသုတ်မှာ ကာကွယ်ဆေးထိုးပေးနေပြီဖြစ်ပါတယ်။

မနေ့က တပ်မတော်သတင်းစာရှင်းပွဲမှာ ဘီဘီစီ သတင်းထောက်က ဇော်မဲလုံးကိုမေးတဲ့ မေးခွန်းမှာ

ရုရှားကာကွယ်ရေးဝန်ကြီး လာတုန်းက ကိုဗစ်ကာကွယ်ဆေးတွေ ပေးခဲ့တယ်ဆိုတာ ဟုတ်လားလို့

မေးတော့ ငမဲလုံးတစ်ကောင် မျက်နှာတွေပျက် တိုင်တွေပတ်ပြီး ဟုတ်ပါတယ် ထောင်ဂဏ္ဏန်းပဲ

ရပါတယ်လို့ ကြက်ကြီးလည်လိမ်ပုံမျိုးနဲ့ ဝန်ခံသွားခဲ့ရတယ်။

တပ်မတော်ထဲမှာ ဘယ်သူတွေကို ထိုးပေးနေပြီလဲ ဆိုတဲ့ မေးခွန်းကိုတော့ ဘယ်သူ့မှ မထိုးပေးပဲ

သုတေသနလုပ်ဖို့ ယူထားတဲ့ပုံမျိုး ဖြေပြီး သူ့အဖြေ သူမကျေနပ်ဖြစ်ပုံရတယ်။ သတင်းထောက်က

ထပ်မမေးပေမယ့် သူ့ဖာသာ မလွှဲသာတော့မှ အရေးကြီးတဲ့သူတွေကို ထိုးပေးသွားပါမယ်

ထပ်ဖြစ်သွားပြီး သူ့အဖြေနဲ့သူ တိုင်ပတ်နေတာ တွေ့ရတယ်။

ဒီဖြစ်ရပ်နှစ်ခုကို နှိုင်းယှဉ်ကြည့်လိုက်ရင် ပြည်သူ့အစိုးရနဲ့ စစ်တပ်ရဲ့ ကွာခြားချက်ကို ပြည်သူတွေ

ရှင်းရှင်းလင်းလင်း မြင်နိုင်ပါလိမ့်မယ်။ ပြည်သူလူထုကို ဦးစားပေးတဲ့ ပြည်သူ့အစိုးရက ပွင့်လင်းမြင်သာစွာ

ရိုးသားသလောက် စစ်တပ်ကတော့ သူတို့ရတာ ပြည်သူကို အသိမခံသလို ရှားရှားပါးပါး ရလာတဲ့

ကာကွယ်ဆေးကိုလည်း သူတို့ထဲက ဘယ်သူတွေ အရင်ထိုးမယ်ဆိုတာ တပ်မတော်သားချင်းတောင် အသိခံချင်ပုံမရပါဘူး..

ဒီလို တစ်ကိုယ်ကောင်းသမား အာဏာရူး အတ္တရူးတွေ အုပ်ချုပ်နေတဲ့အချိန် ကိုဗစ်သာ

ရင်ဆိုင်ရမယ်ဆိုရင် မြန်မာနိုင်ငံနဲ့ ပြည်သူတွေဘဝက မတွေးဝံ့စရာပါပဲ.. (ZN.H)

zawgyi

ကိုဗစ္ကာကြယ္ေဆး ရရွိၿပီးသား ျဖစ္ေနတဲ့ တပ္မေတာ္နဲ႔ ျပည္သူ႔အစိုးရ ကြာျခားခ်က္..

လူဦးေရ ၅၇ သန္းရွိတဲ့ ျမန္မာႏိုင္ငံမွာ ပထမဆုံး ကိုဗစ္ကာကြယ္ေဆး ထိုးခြင့္ရသူက ႏိုင္ငံေတာ္ရဲ႕

အထြဋ္အထိပ္ အာဏာရတဲ့ပုဂၢိဳလ္ေတြ ျဖစ္တဲ့ သမၼတ၊ အတိုင္ပင္ခံတို႔ မဟုတ္ပဲ ေနျပည္ေတာ္

ကုတင္ ၁၀၀၀ ေဆး႐ုံႀကီးက အမ်ိဳးသမီး က်န္းမာေရးဝန္ထမ္းတစ္ဦးျဖစ္တဲ့ သူနာျပဳဆရာမ ေဒၚေအးမူမူ ျဖစ္ပါတယ္တဲ့..

ျပည္သူ႔အစိုးရက ကိုဗစ္ကာကြယ္ေဆး အေရအတြက္ ဘယ္ေလာက္ရထားတယ္ ဘယ္သူေတြကို

ဦးစားေပးထိုးေပးမယ္ဆိုတာကိုလည္း ပြင့္လင္းျမင္သာစြာ ေၾကညာခဲ့တဲ့အတိုင္း က်န္းမာေရးဝန္ထမ္းေတြႏွင့္

အတူ ပညာေရးဝန္ထမ္းေတြကို ပထမဦးစားေပး အသုတ္မွာ ကာကြယ္ေဆးထိုးေပးေနၿပီျဖစ္ပါတယ္။

မေန႔က တပ္မေတာ္သတင္းစာရွင္းပြဲမွာ ဘီဘီစီ သတင္းေထာက္က ေဇာ္မဲလုံးကိုေမးတဲ့ ေမးခြန္းမွာ

႐ုရွားကာကြယ္ေရးဝန္ႀကီး လာတုန္းက ကိုဗစ္ကာကြယ္ေဆးေတြ ေပးခဲ့တယ္ဆိုတာ ဟုတ္လားလို႔

ေမးေတာ့ ငမဲလုံးတစ္ေကာင္ မ်က္ႏွာေတြပ်က္ တိုင္ေတြပတ္ၿပီး ဟုတ္ပါတယ္ ေထာင္ဂဏၰန္းပဲ

ရပါတယ္လို႔ ၾကက္ႀကီးလည္လိမ္ပုံမ်ိဳးနဲ႔ ဝန္ခံသြားခဲ့ရတယ္။

တပ္မေတာ္ထဲမွာ ဘယ္သူေတြကို ထိုးေပးေနၿပီလဲ ဆိုတဲ့ ေမးခြန္းကိုေတာ့ ဘယ္သူ႔မွ မထိုးေပးပဲ

သုေတသနလုပ္ဖို႔ ယူထားတဲ့ပုံမ်ိဳး ေျဖၿပီး သူ႔အေျဖ သူမေက်နပ္ျဖစ္ပုံရတယ္။ သတင္းေထာက္က

ထပ္မေမးေပမယ့္ သူ႔ဖာသာ မလႊဲသာေတာ့မွ အေရးႀကီးတဲ့သူေတြကို ထိုးေပးသြားပါမယ္

ထပ္ျဖစ္သြားၿပီး သူ႔အေျဖနဲ႔သူ တိုင္ပတ္ေနတာ ေတြ႕ရတယ္။

ဒီျဖစ္ရပ္ႏွစ္ခုကို ႏႈိင္းယွဥ္ၾကည့္လိုက္ရင္ ျပည္သူ႔အစိုးရနဲ႔ စစ္တပ္ရဲ႕ ကြာျခားခ်က္ကို ျပည္သူေတြ

ရွင္းရွင္းလင္းလင္း ျမင္ႏိုင္ပါလိမ့္မယ္။ ျပည္သူလူထုကို ဦးစားေပးတဲ့ ျပည္သူ႔အစိုးရက ပြင့္လင္းျမင္သာစြာ

႐ိုးသားသေလာက္ စစ္တပ္ကေတာ့ သူတို႔ရတာ ျပည္သူကို အသိမခံသလို ရွားရွားပါးပါး ရလာတဲ့

ကာကြယ္ေဆးကိုလည္း သူတို႔ထဲက ဘယ္သူေတြ အရင္ထိုးမယ္ဆိုတာ တပ္မေတာ္သားခ်င္းေတာင္ အသိခံခ်င္ပုံမရပါဘူး..

ဒီလို တစ္ကိုယ္ေကာင္းသမား အာဏာ႐ူး အတၱ႐ူးေတြ အုပ္ခ်ဳပ္ေနတဲ့အခ်ိန္ ကိုဗစ္သာ

ရင္ဆိုင္ရမယ္ဆိုရင္ ျမန္မာႏိုင္ငံနဲ႔ ျပည္သူေတြဘဝက မေတြးဝံ့စရာပါပဲ.. (ZN.H)