ကျန်းမာရေးဝန်ကြီး ဒေါက်တာမြင့်ထွေး ကိုဗစ်ကာကွယ်ဆေးအထိုးခံ၊ ဒေါ်အောင်ဆန်းစုကြည် လာရောက်ကြည့်ရှု
ကျန်းမာရေးနဲ့ အားကစားပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးဟာ ကိုဗစ်ကာကွယ်ဆေးကို ဒီနေ့ ဇန်နဝါရီ
(၂၇) ရက်မှာ အထိုးခံခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သိရပါတယ်။
အဲဒီဆေးထိုးနှံတာကို နေပြည်တော်က ကုတင်(၁၀၀၀)ဆံ့ပြည်သူ့ဆေးရုံမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံတော်ရဲ့
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်လည်း ကြည့်ရှုခဲ့ပါသေးတယ်။
“ပြည်ထောင်စုဝန်ကြီးက ဒီနေ့ကိုဗစ်ကာကွယ်ဆေးအထိုးခံပါတယ်။ အခုအချိန်ထိတော့ ဆေးထိုးခံပြီးတဲ့
ကျန်းမာရေးဝန်းထမ်းတွေ ဘေးထွက်ဆိုးကျိုးဘာမှ ဖြစ်သံတော့မကြားရသေးဘူး။”လို့ ကျန်းမာရေးနဲ့
အားကစားဝန်ကြီး ဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။
တစ်နိုင်ငံလုံးက ကျန်းမာရေးဝန်ထမ်းတွေကို ဒီနေ့ ဇန်နဝါရီလ (၂၇) ရက်မှာ အိန္ဒိယနိုင်ငံက
လှူဒါန်းတဲ့ ကိုဗစ်ကာကွယ်ဆေးကို စတင်ထိုးနှံ ပေးနေတာ ဖြစ်ပါတယ်။
ဇန်နဝါရီလ (၂၇) ရက်မှာတော့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တွေ၊ ဇန်နဝါရီလ (၃၀)
ရက်မှာတော့ အမျိုးသား လွှတ်တော်ကိုယ်စားလှယ်တွေနဲ့
တပ်မတော်သားကိုယ်စားလှယ်တွေကို ဆေးထိုးပေးသွားမှာ ဖြစ်ပါတယ်။
နိုင်ငံတစ်ဝှမ်း ကိုဗစ်ကာကွယ်ဆေးထိုးနှံတဲ့ လုပ်ငန်းတွေကတော့ ဖေဖော်ဝါရီ (၅) ရက်နေ့ဖြစ်ပြီး
အဲဒီနေ့မှာပဲ ပြည်ထောင်စုအဆင့်၊ တိုင်းနဲ့ ပြည်နယ်အဆင့် အစိုးရအဖွဲ့ဝင်တွေကို ထိုးနှံပေးသွားမယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံက အခမဲ့ပေးပို့တဲ့ လူ (၇၅၀၀၀၀) စာ ကိုဗစ်ကာကွယ်ဆေး (၁.၅) သန်းဟာ
အိန္ဒိယကနေ ရန်ကုန်ကို ဇန်နဝါရီလ (၂၂) ရက်က ရောက်ရှိခဲ့တာ ဖြစ်ပါတယ်။
zawgyi
က်န္းမာေရးဝန္ႀကီး ေဒါက္တာျမင့္ေထြး ကိုဗစ္ကာကြယ္ေဆးအထိုးခံ၊ ေဒၚေအာင္ဆန္းစုၾကည္ လာေရာက္ၾကည့္ရႈ
က်န္းမာေရးနဲ႔ အားကစားျပည္ေထာင္စုဝန္ႀကီး ေဒါက္တာျမင့္ေထြးဟာ ကိုဗစ္ကာကြယ္ေဆးကို ဒီေန႔ ဇန္နဝါရီ
(၂၇) ရက္မွာ အထိုးခံခဲ့တယ္လို႔ က်န္းမာေရးနဲ႔ အားကစားဝန္ႀကီးဌာနက သိရပါတယ္။
အဲဒီေဆးထိုးႏွံတာကို ေနျပည္ေတာ္က ကုတင္(၁၀၀၀)ဆံ့ျပည္သူ႔ေဆး႐ုံမွာ ျပဳလုပ္ခဲ့တာျဖစ္ၿပီး ႏိုင္ငံေတာ္ရဲ႕
အတိုင္ပင္ခံပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္လည္း ၾကည့္ရႈခဲ့ပါေသးတယ္။
“ျပည္ေထာင္စုဝန္ႀကီးက ဒီေန႔ကိုဗစ္ကာကြယ္ေဆးအထိုးခံပါတယ္။ အခုအခ်ိန္ထိေတာ့ ေဆးထိုးခံၿပီးတဲ့
က်န္းမာေရးဝန္းထမ္းေတြ ေဘးထြက္ဆိုးက်ိဳးဘာမွ ျဖစ္သံေတာ့မၾကားရေသးဘူး။”လို႔ က်န္းမာေရးနဲ႔
အားကစားဝန္ႀကီး ဌာနရဲ႕ ၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။
တစ္ႏိုင္ငံလုံးက က်န္းမာေရးဝန္ထမ္းေတြကို ဒီေန႔ ဇန္နဝါရီလ (၂၇) ရက္မွာ အိႏၵိယႏိုင္ငံက
လႉဒါန္းတဲ့ ကိုဗစ္ကာကြယ္ေဆးကို စတင္ထိုးႏွံ ေပးေနတာ ျဖစ္ပါတယ္။
ဇန္နဝါရီလ (၂၇) ရက္မွာေတာ့ ျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ေတြ၊ ဇန္နဝါရီလ (၃၀)
ရက္မွာေတာ့ အမ်ိဳးသား လႊတ္ေတာ္ကိုယ္စားလွယ္ေတြနဲ႔
တပ္မေတာ္သားကိုယ္စားလွယ္ေတြကို ေဆးထိုးေပးသြားမွာ ျဖစ္ပါတယ္။
ႏိုင္ငံတစ္ဝွမ္း ကိုဗစ္ကာကြယ္ေဆးထိုးႏွံတဲ့ လုပ္ငန္းေတြကေတာ့ ေဖေဖာ္ဝါရီ (၅) ရက္ေန႔ျဖစ္ၿပီး
အဲဒီေန႔မွာပဲ ျပည္ေထာင္စုအဆင့္၊ တိုင္းနဲ႔ ျပည္နယ္အဆင့္ အစိုးရအဖြဲ႕ဝင္ေတြကို ထိုးႏွံေပးသြားမယ္လို႔ သိရပါတယ္။
အိႏၵိယႏိုင္ငံက အခမဲ့ေပးပို႔တဲ့ လူ (၇၅၀၀၀၀) စာ ကိုဗစ္ကာကြယ္ေဆး (၁.၅) သန္းဟာ
အိႏၵိယကေန ရန္ကုန္ကို ဇန္နဝါရီလ (၂၂) ရက္က ေရာက္ရွိခဲ့တာ ျဖစ္ပါတယ္။