News

မထင်မှတ်လောက်အောင် မြန်ဆန်တဲ့ မြန်မာ့ ကာကွယ်ဆေး လုပ်ငန်းစဥ်နဲ့ ပြည်သူတွေရဲ့ အောင်ပွဲ

မထင်မှတ်လောက်အောင် မြန်ဆန်တဲ့ မြန်မာ့ ကာကွယ်ဆေး လုပ်ငန်းစဥ်နဲ့ ပြည်သူတွေရဲ့ အောင်ပွဲ..

ဇန်နဝါရီ ၂၂ မှာ စရောက်တဲ့ ကာကွယ်ဆေးဟာ ၂၇ ရက်မှာ နိုင်ငံအနှံ့ ဖြန့်ကျက်ထိုးနှံပေးနိုင်ပြီ

ဆိုတာ အတော်ကို မြန်ဆန်တဲ့ ဖြန့်ဝေလုပ်ဆောင်မှုပါ။ မရောက်ခင်ကတည်းက

တင်ကူးပြင်ဆင်စီမံခန့်ခွဲထားတာ အားကောင်းတဲ့ ရလာဒ်ပါပဲ။

နောက်အသုတ်တွေလည်း ဖေဖေါ်ဝါရီ လဆန်း မတ် လဆန်း ရောက်မယ်လို့ commitment

ပေးထားတော့ ဒီလုပ်ဆောင်မှုကို အင်မတန်မှ ကျေနပ် အမှတ်ပေးဖွယ်ရာပါ။

အိမ်နီးချင်း နိုင်ငံ အတော်များများ ကာကွယ်ဆေး တိုင်ပတ်နေဆဲပါ။ အင်ဒိုနိရှ ဆို ဆိနိုဗက် တရုတ်ဆေးမို့

လူထု အယုံအကြည်နည်း လို့ သမ္မတကြီး ကိုယ်တိုင် လက်မောင်းလှန်

ဆေးထိုးခံပြီး ပြည်သူတွေ ထိုးရဲလာအောင် ဝါဒဖြန့်ခဲ့ရပါသေးတယ်။

အရှေ့ ဥရောပနိုင်ငံ အချို့ မူလကျီဂျာသွန် လုပ်နေရာကနေ ရုရှကာကွယ်ဆေး စပွတ်နစ်ကို

ခွင့်ပြုချက်ပေးလိုက်ကြရပါပြီ။ ဒါဟာ စီမံခန့်ခွဲသူတွေရဲ့ alert မရှိတာ ပြသနေတာ။ သူတို့မှာ ဘဏ္ဍာ မချို့ငဲ့ဘူး။

ကာကွယ်ဆေးက ကိုဗစ်တိုက်ပွဲ အဆုံးအဖြတ်အဖြေ မဟုတ်သလို ဒီကာကွယ်ဆေးတွေက ဘယ်လောက်ကြာအောင်

ကာကွယ်ပေးနိုင်မလဲ ဆိုတာ ပညာရှင်များ အပြောမစောသေးပါ။

သို့ပေသိ မရှိတဲ့ ကြား ဆင်းရဲတဲ့ကြားက အချိန်မီရအောင် ဖန်တီးပေးပြီး အားလုံးအတူ မကျန်စေရဘူး

ကတိပေးတဲ့ အတိုင်း တိုင်းပြည်အပေါ် တာဝန်ကျေတဲ့ သက်ဆိုင်ရာ ကဏ္ဍက

ပုဂ္ဂိုလ်အားလုံးကို အသိအမှတ်ပြု ချီးကျူးမိပါတယ်။ အားတက်မိပါတယ်။

ဒီတိုက်ပွဲမှာ ဘယ်သာဝမှ လေးဂွ တချက်ပစ်မကူဘဲ ပြည်သူ့ အင်အားစစ်စစ်နဲ့

ရှေ့တိုးနေကြရတယ် ဆိုတာလေး သမိုင်းကမ္ဗည်း ထိုးကြဖို့ပါပဲ။

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။ (ဝင်းနိုင်ဦး)

zawgyi

မထင္မွတ္ေလာက္ေအာင္ ျမန္ဆန္တဲ့ ျမန္မာ့ ကာကြယ္ေဆး လုပ္ငန္းစဥ္နဲ႔ ျပည္သူေတြရဲ႕ ေအာင္ပြဲ..

ဇန္နဝါရီ ၂၂ မွာ စေရာက္တဲ့ ကာကြယ္ေဆးဟာ ၂၇ ရက္မွာ ႏိုင္ငံအႏွံ႔ ျဖန္႔က်က္ထိုးႏွံေပးႏိုင္ၿပီ

ဆိုတာ အေတာ္ကို ျမန္ဆန္တဲ့ ျဖန္႔ေဝလုပ္ေဆာင္မႈပါ။ မေရာက္ခင္ကတည္းက

တင္ကူးျပင္ဆင္စီမံခန္႔ခြဲထားတာ အားေကာင္းတဲ့ ရလာဒ္ပါပဲ။

ေနာက္အသုတ္ေတြလည္း ေဖေဖၚဝါရီ လဆန္း မတ္ လဆန္း ေရာက္မယ္လို႔ commitment

ေပးထားေတာ့ ဒီလုပ္ေဆာင္မႈကို အင္မတန္မွ ေက်နပ္ အမွတ္ေပးဖြယ္ရာပါ။

အိမ္နီးခ်င္း ႏိုင္ငံ အေတာ္မ်ားမ်ား ကာကြယ္ေဆး တိုင္ပတ္ေနဆဲပါ။ အင္ဒိုနိရွ ဆို ဆိႏိုဗက္ တ႐ုတ္ေဆးမို႔

လူထု အယုံအၾကည္နည္း လို႔ သမၼတႀကီး ကိုယ္တိုင္ လက္ေမာင္းလွန္

ေဆးထိုးခံၿပီး ျပည္သူေတြ ထိုးရဲလာေအာင္ ဝါဒျဖန္႔ခဲ့ရပါေသးတယ္။

အေရွ႕ ဥေရာပႏိုင္ငံ အခ်ိဳ႕ မူလက်ီဂ်ာသြန္ လုပ္ေနရာကေန ႐ုရွကာကြယ္ေဆး စပြတ္နစ္ကို

ခြင့္ျပဳခ်က္ေပးလိုက္ၾကရပါၿပီ။ ဒါဟာ စီမံခန္႔ခြဲသူေတြရဲ႕ alert မရွိတာ ျပသေနတာ။ သူတို႔မွာ ဘ႑ာ မခ်ိဳ႕ငဲ့ဘူး။

ကာကြယ္ေဆးက ကိုဗစ္တိုက္ပြဲ အဆုံးအျဖတ္အေျဖ မဟုတ္သလို ဒီကာကြယ္ေဆးေတြက ဘယ္ေလာက္ၾကာေအာင္

ကာကြယ္ေပးႏိုင္မလဲ ဆိုတာ ပညာရွင္မ်ား အေျပာမေစာေသးပါ။

သို႔ေပသိ မရွိတဲ့ ၾကား ဆင္းရဲတဲ့ၾကားက အခ်ိန္မီရေအာင္ ဖန္တီးေပးၿပီး အားလုံးအတူ မက်န္ေစရဘူး

ကတိေပးတဲ့ အတိုင္း တိုင္းျပည္အေပၚ တာဝန္ေက်တဲ့ သက္ဆိုင္ရာ က႑က

ပုဂၢိဳလ္အားလုံးကို အသိအမွတ္ျပဳ ခ်ီးက်ဴးမိပါတယ္။ အားတက္မိပါတယ္။

ဒီတိုက္ပြဲမွာ ဘယ္သာဝမွ ေလးဂြ တခ်က္ပစ္မကူဘဲ ျပည္သူ႔ အင္အားစစ္စစ္နဲ႔

ေရွ႕တိုးေနၾကရတယ္ ဆိုတာေလး သမိုင္းကမၺည္း ထိုးၾကဖို႔ပါပဲ။

သေဗၺသတၱာ အေဝရာ ေဟာႏၲဳ။ (ဝင္းႏိုင္ဦး)