ကိုဗစ် ကာကွယ်ဆေး ဒုတိယအသုတ် (၂) သန်း ရောက်ရှိမယ့်နေ့နဲ့ ပြည်သူတွေကို စထိုးပေးမယ့်နေ့
မန္တလေးမြို့ရှိ ကျန်းမာရေးဝန်ထမ်းများအား မနက်ဖန် ဇန်နဝါရီ (၂၇)ရက်က စတင်ကာ
ကိုဗစ် ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး နှစ်ရက်အတွင်း အပြီးထိုးနှံနိုင်ရန်
စီစဉ်ထားကြောင်း ဆေးရုံ တာဝန်ရှိသူများက ပြောပါတယ်။
ကိုဗစ် အတည်ပြုလူနာများ ထားရှိကုသပေးနေသော မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် ၆၂လမ်းပေါ်ရှိ
ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများအား အဆိုပါ ဆေးရုံ၌ပင် မနက်ဖန်
ဇန်နဝါရီ (၂၇)ရက် နေ့လည်ပိုင်းတွင် ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးမည်ဟု ယင်းဆေးရုံ၊
ဆေးရုံအုပ်ကြီး ဒေါက်တာဝေဝေဦးက ပြောပါတယ်။
ခုတင်(၃၀၀)ဆံ့ သင်ကြားရေးဆေးရုံ၌ တာဝန်ထမ်းဆောင်နေသာ ကျန်းမာရေးဝန်ထမ်း (၅၀၀)ကျော်
ရှိပြီး အဆိုပါ ဝန်ထမ်းများ အားလုံးကို နှစ်ရက်ခွဲကာ ထိုးနှံပေးနိုင်ရန် စီစဉ်ထားကြောင်း ဒေါက်တာဝေဝေဦးက
ရှင်းပြပါတယ်။ ထို့အပြင် ဆေးတက္ကသိုလ် (မန္တလေး)မှ ကျန်းမာရေးဝန်ထမ်းများကိုလည်း
မနက်ဖန် နံနက်ပိုင်းမှ စတင်ကာ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် လမ်း(၃၀)နှင့်(၇၃)လမ်းထောင့်ရှိ
အောင်ပင်လယ်ခန်းမ၌ ကာကွယ်ဆေး ထိုးနှံပေးမည်ဟု
ဆေးတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။
ဆေးတက္ကသိုလ်(မန္တလေး)တွင် ကျန်းမာရေးဝန်ထမ်း (၈၀၀)ကျော်ရှိပြီး နှစ်ရက်ခွဲကာ ထိုးနှံမည်ဟု
၎င်းက ဆိုသည်။ ဝန်ထမ်းအားလုံးကို ကာကွယ်ဆေး ထိုးနှံပေးနိုင်ရန် စာရင်းကောက်ယူ တင်ပြထားပြီး
ဆေးထိုးခြင်း၊ မထိုးခြင်းမှာမူ တစ်ဦးချင်းစီ၏ သဘောဆန္ဒအရသာဖြစ်ကာ အတင်းအကြပ်
ထိုးခိုင်းခြင်းမျိုး မရှိကြောင်း ဒေါက်တာခင်မောင်လွင်က ပြောပါတယ်။
မန္တလေး အထွေထွေဆေးရုံကြီးမှ ကျန်းမာရေးဝန်ထမ်းများကိုလည်း မနက်ဖန် ဇန်နဝါရီ (၂၇)ရက်တွင်
ကာကွယ်ဆေး ထိုးနှံမည် ဖြစ်ပြီး ယခုကဲ့သို့ ကိုဗစ် ကာကွယ်ဆေး ထိုးနှံခွင့်ရမည့်အပေါ် ဝမ်းသာကြောင်း
မန္တလေးဆေးရုံကြီး လက်အောက်ရှိ ကန်တော်နဒီဆေးရုံမှ လက်ထောက်ဆေးရုံအုပ်ကြီး ဒေါက်တာသက်ပိုင်ဦးက ပြောပါတယ်။
မြန်မာနိုင်ငံ အနေဖြင့် အိန္ဒိယနိုင်ငံမှ ပေးပို့ထောက်ပံ့ထားသည့် COVISHIELD ကိုဗစ်ကာကွယ်ဆေး အလုံးရေ
တစ်သန်းခွဲ လက်ခံရရှိထားပြီး ယင်းဆေးများဖြင့် လူဦးရေ ခုနှစ်သိန်းခွဲအား စတင်ထိုးနှံပေးမှာ ဖြစ်ပါတယ်။
ကာကွယ်ဆေးများကို ပထမဦးစားပေးအဖြစ် ကျန်းမာရေးဝန်ထမ်းများအား ထိုးနှံပေးမည်ဖြစ်ကြောင်းနှင့်
လတ်တလော ကောက်ယူထားသည့် စာရင်းအရ မြန်မာနိုင်ငံတွင် ကျန်းမာရေးဝန်ထမ်း (၁၁၀၀၀၀)ကျော်
ရှိကြောင်း အစိုးရ တာဝန်ရှိသူများက ပြောကြားထားပါတယ်။
(၂) လပိုင်း ပထမ အပတ်တွင် ကာကွယ်ဆေးများ ထပ်ရောက်မည်၊
(၅) ရက်နေ့တွင် ပြည်သူတွေကို စတင် ထိုးပေးမယ်လို့ သိရပါတယ်။
zawgyi
ကိုဗစ္ ကာကြယ္ေဆး ဒုတိယအသုတ္ (၂) သန္း ေရာက္ရွိမယ့္ေန႔နဲ႔ ျပည္သူေတြကို စထိုးေပးမယ့္ေန႔
မႏၲေလးၿမိဳ႕ရွိ က်န္းမာေရးဝန္ထမ္းမ်ားအား မနက္ဖန္ ဇန္နဝါရီ (၂၇)ရက္က စတင္ကာ
ကိုဗစ္ ကာကြယ္ေဆး ထိုးႏွံေပးမည္ျဖစ္ၿပီး ႏွစ္ရက္အတြင္း အၿပီးထိုးႏွံႏိုင္ရန္
စီစဥ္ထားေၾကာင္း ေဆး႐ုံ တာဝန္ရွိသူမ်ားက ေျပာပါတယ္။
ကိုဗစ္ အတည္ျပဳလူနာမ်ား ထားရွိကုသေပးေနေသာ မႏၲေလးၿမိဳ႕ ခ်မ္းျမသာစည္ၿမိဳ႕နယ္ ၆၂လမ္းေပၚရွိ
ခုတင္(၃၀၀)ဆံ့ သင္ၾကားေရးေဆး႐ုံမွ က်န္းမာေရးဝန္ထမ္းမ်ားအား အဆိုပါ ေဆး႐ုံ၌ပင္ မနက္ဖန္
ဇန္နဝါရီ (၂၇)ရက္ ေန႔လည္ပိုင္းတြင္ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပးမည္ဟု ယင္းေဆး႐ုံ၊
ေဆး႐ုံအုပ္ႀကီး ေဒါက္တာေဝေဝဦးက ေျပာပါတယ္။
ခုတင္(၃၀၀)ဆံ့ သင္ၾကားေရးေဆး႐ုံ၌ တာဝန္ထမ္းေဆာင္ေနသာ က်န္းမာေရးဝန္ထမ္း (၅၀၀)ေက်ာ္
ရွိၿပီး အဆိုပါ ဝန္ထမ္းမ်ား အားလုံးကို ႏွစ္ရက္ခြဲကာ ထိုးႏွံေပးႏိုင္ရန္ စီစဥ္ထားေၾကာင္း ေဒါက္တာေဝေဝဦးက
ရွင္းျပပါတယ္။ ထို႔အျပင္ ေဆးတကၠသိုလ္ (မႏၲေလး)မွ က်န္းမာေရးဝန္ထမ္းမ်ားကိုလည္း
မနက္ဖန္ နံနက္ပိုင္းမွ စတင္ကာ မႏၲေလးၿမိဳ႕ ခ်မ္းေအးသာစံၿမိဳ႕နယ္ လမ္း(၃၀)ႏွင့္(၇၃)လမ္းေထာင့္ရွိ
ေအာင္ပင္လယ္ခန္းမ၌ ကာကြယ္ေဆး ထိုးႏွံေပးမည္ဟု
ေဆးတကၠသိုလ္ပါေမာကၡခ်ဳပ္ ေဒါက္တာခင္ေမာင္လြင္က ေျပာပါတယ္။
ေဆးတကၠသိုလ္(မႏၲေလး)တြင္ က်န္းမာေရးဝန္ထမ္း (၈၀၀)ေက်ာ္ရွိၿပီး ႏွစ္ရက္ခြဲကာ ထိုးႏွံမည္ဟု
၎က ဆိုသည္။ ဝန္ထမ္းအားလုံးကို ကာကြယ္ေဆး ထိုးႏွံေပးႏိုင္ရန္ စာရင္းေကာက္ယူ တင္ျပထားၿပီး
ေဆးထိုးျခင္း၊ မထိုးျခင္းမွာမူ တစ္ဦးခ်င္းစီ၏ သေဘာဆႏၵအရသာျဖစ္ကာ အတင္းအၾကပ္
ထိုးခိုင္းျခင္းမ်ိဳး မရွိေၾကာင္း ေဒါက္တာခင္ေမာင္လြင္က ေျပာပါတယ္။
မႏၲေလး အေထြေထြေဆး႐ုံႀကီးမွ က်န္းမာေရးဝန္ထမ္းမ်ားကိုလည္း မနက္ဖန္ ဇန္နဝါရီ (၂၇)ရက္တြင္
ကာကြယ္ေဆး ထိုးႏွံမည္ ျဖစ္ၿပီး ယခုကဲ့သို႔ ကိုဗစ္ ကာကြယ္ေဆး ထိုးႏွံခြင့္ရမည့္အေပၚ ဝမ္းသာေၾကာင္း
မႏၲေလးေဆး႐ုံႀကီး လက္ေအာက္ရွိ ကန္ေတာ္နဒီေဆး႐ုံမွ လက္ေထာက္ေဆး႐ုံအုပ္ႀကီး ေဒါက္တာသက္ပိုင္ဦးက ေျပာပါတယ္။
ျမန္မာႏိုင္ငံ အေနျဖင့္ အိႏၵိယႏိုင္ငံမွ ေပးပို႔ေထာက္ပံ့ထားသည့္ COVISHIELD ကိုဗစ္ကာကြယ္ေဆး အလုံးေရ
တစ္သန္းခြဲ လက္ခံရရွိထားၿပီး ယင္းေဆးမ်ားျဖင့္ လူဦးေရ ခုႏွစ္သိန္းခြဲအား စတင္ထိုးႏွံေပးမွာ ျဖစ္ပါတယ္။
ကာကြယ္ေဆးမ်ားကို ပထမဦးစားေပးအျဖစ္ က်န္းမာေရးဝန္ထမ္းမ်ားအား ထိုးႏွံေပးမည္ျဖစ္ေၾကာင္းႏွင့္
လတ္တေလာ ေကာက္ယူထားသည့္ စာရင္းအရ ျမန္မာႏိုင္ငံတြင္ က်န္းမာေရးဝန္ထမ္း (၁၁၀၀၀၀)ေက်ာ္
ရွိေၾကာင္း အစိုးရ တာဝန္ရွိသူမ်ားက ေျပာၾကားထားပါတယ္။
(၂) လပိုင္း ပထမ အပတ္တြင္ ကာကြယ္ေဆးမ်ား ထပ္ေရာက္မည္၊
(၅) ရက္ေန႔တြင္ ျပည္သူေတြကို စတင္ ထိုးေပးမယ္လို႔ သိရပါတယ္။