International News

ပြည်သူကို အထင်သေးခဲ့လို့ အဆုံးသတ်မလှဖြစ်သွားတဲ့ တူရကီ စစ်အာဏာသိမ်းမှု (သင်ခန်းစာ ယူနိုင်ကြပါစေ)

ပြည်သူကို အထင်သေးခဲ့လို့ အဆုံးသတ်မလှဖြစ်သွားတဲ့ တူရကီ စစ်အာဏာသိမ်းမှု (သင်ခန်းစာ ယူနိုင်ကြပါစေ)

၂၀၁၆ ဇူလိုင် ၁၅ ရက်နှင့် ၁၆ ရက်တို့တွင် တူရကီ နိုင်ငံ၌ စစ်တပ်က လက်ရှိအစိုးရကို ဖြုတ်ချပြီး

အာဏာသိမ်းရန် အားထုတ်မှုတစ်ခု ဖြစ်ပွားခဲ့သည်။ အဆိုပါကိစ္စသည် ကမ္ဘာ့မီဒီယာများသို့ ခေါင်းကြီးသတင်းအဖြစ်

လျင်လျင် မြန်မြန် ပျံ့နှံ့သွားသည်။ တစ်ကမ္ဘာလုံးက တူရကီအရေးအခင်းကို စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ပြီး

နောက်ဆုံးတွင် သမ္မတ ယီဆက်ပ်တေရစ်အာဒိုဂန်က အခြေအနေကို ထိန်းသိမ်းနိုင်ခဲ့ပြီဟု ကြေညာခဲ့သည်။

တူရကီပြည်သူများက အန်ကာရာ၊ အစ္စတန်ဘူလ် နှင့် အခြားသော မြို့ကြီးများထဲ ဝင်ရောက်လာသည့်

တပ်ဖွဲ့များ၊ တင့်ကားကြီးများကို ပိတ်ဆို့ထားခဲ့ပြီး အာဏာသိမ်းမှုကို လက်မခံကြောင်း ဆန္ဒပြခဲ့ကြသည်။

အာဒိုဂန် ခရီးထွက်နေချိန်တွင် နိုင်ငံကို ကြားဖြတ်ထိန်းချုပ်ရန် ရည်ရွယ်ခဲ့သည့် တူရကီ စစ်တပ်သည်

နောက်ဆုံး၌ ၎င်းတို့၏ အစီအစဉ်ကို စွန့်လွှတ်လိုက်ရသည်။ တူရကီနိုင်ငံအတွင်း လက်ရှိအစိုးရကို

ထောက်ခံသည့်ပြည်သူများနှင့် မြို့ကြီးများထဲ ချီ တက်လာသည့် စစ်သားများ ထိပ်တိုက်တွေ့ရာမှ

ထိခိုက်စေသည့် အရေးအခင်းများ ပေါ်ပေါက်လာသည်။ အကျိုးဆက်အနေဖြင့် အရပ်သား ၁၁၉ ဦး အပါအဝင်

၂၉၀ ကျော် သေဆုံးကာ လူပေါင်း ၁,၅၀၀ မျှ ဒဏ်ရာရရှိခဲ့သည်။

အာဒိုဂန်က အာဏာသိမ်းယူမှု သတင်းကို ကြားသိရသည်နှင့် အစ္စတန်ဘူလ်သို့ လေကြောင်းမှ

အလျင်အမြန်ရောက်ရှိလာသည်။ ပြဿနာများ စတင်သည်နှင့် ၎င်းက နိုင်ငံသားများကို ရုပ်မြင်သံကြားမှတစ်ဆင့်

မိန့်ခွန်းပြောခဲ့သည်။ “ခင်ဗျားတို့ လမ်းပေါ် ထွက်ကြပါ။ ခင်ဗျားတို့ကိုယ်တိုင် မဲပေး ရွေးချယ်ထားတဲ့ အစိုးရကို ကာကွယ်ပေးကြပါ။

ပြည်သူလူထုရဲ့ ညီညွတ်မှုထက်ပိုပြီး အားကောင်းတဲ့ စွမ်းအားမျိုး ရှိလိမ့်မယ်လို့

ကျွန်တော် မယုံကြည်ဘူး” ဟု ၎င်းက တိုက်တွန်းခဲ့သည်။

အမှန်တကယ်လည်း တူရကီသမ္မတအာဒိုဂန်ကို ထောက်ခံသူများက လမ်းများပေါ် ထွက်လာကာ စစ်သားများကို

တားဆီးသည်။ တင့်ကားများရှေ့ မတ်တတ်ရပ်ပိတ်ဆို့နေသည့် ပြည်သူများ၏ ဓာတ်ပုံများသည်

မအောင်မြင်သော အာဏာသိမ်းမှု၏ သမိုင်းဝင်မှတ်တိုင်များ ဖြစ်လာသည်။ နောက်ဆုံးတွင် တူရကီ

အစိုးရက အခြေအနေကို ပြန်လည်ထိန်းသိမ်းပြီး နိုင်ငံ အာဏာကို လက်ဝယ်တည်တံ့စေခဲ့သည်။

တူရကီစစ်တပ်သည် ၁၉၆၀၊ ၁၉၇၁၊ ၁၉၈၀၊ ၁၉၉၃ နှင့် ၁၉၉၇ တို့တွင် နိုင်ငံရေးနယ်ပယ်၌

ဝင်ရောက် စွက်ဖက်မှုများ ရှိခဲ့ဖူးပြီး ရလဒ်များမှာ အမျိုးမျိုးထွက်ပေါ်ခဲ့သည်။

တူရကီသည် စစ်တပ်အုပ်ချုပ်မှုကို ခံရသည့် သမိုင်းကြောင်းမျိုး ဖြတ်သန်းခဲ့ဖူးရာ ပြည်သူအများစုက

ထိုခေတ်မျိုးသို့ ပြန်သွားရန် မလိုလားကြချေ။ အာဒိုဂန်အနေဖြင့် ၎င်း၏ လုပ်ထုံးလုပ်နည်း ပိုင်းအတွက်

ဝေဖန်မှုများစွာ ရင်ဆိုင်ခဲ့ရသည့်တိုင် ယခုအာဏာ သိမ်းမှုကို ရှင်သန် ဖြတ်ကျော်နိုင်ခဲ့ခြင်းမှာ

ထိုအချက်နှင့်လည်း သက်ဆိုင်သည်။ အာဒိုဂန်ကို မလိုလားသော၊ မနှစ်သက်သော

အတိုက်အခံသဘောထားရှိသည့် ပြည်သူအများအပြားပါ ဒီမိုကရေစီ နည်းလမ်းတကျ ရွေးချယ်ထားသော

အစိုးရကို ကာကွယ်ရန် လမ်းပေါ်ထွက်လာကြသည်။

အာဏာသိမ်းသည့် အင်အားစုသည် ထိုအခြေအနေကို လိုသည်ထက် လျှော့တွက်မိခြင်းကြောင့် ပေးဆပ်မှု

ကြီးမားသွားခြင်းဖြစ်သည်။ အာဏာသိမ်းရန်ကြိုးစားခဲ့ကြသော စစ်ဘက်အရာရှိ ၁၄၀ ဦး ထောင်ဒါဏ်တစ်သက် ချမှတ်ခံခဲ့လိုက်ရသည်။

zawgyi

ျပည္သူကို အထင္ေသးခဲ့လို႔ အဆုံးသတ္မလွျဖစ္သြားတဲ့ တူရကီ စစ္အာဏာသိမ္းမႈ (သင္ခန္းစာ ယူႏိုင္ၾကပါေစ)

၂၀၁၆ ဇူလိုင္ ၁၅ ရက္ႏွင့္ ၁၆ ရက္တို႔တြင္ တူရကီ ႏိုင္ငံ၌ စစ္တပ္က လက္ရွိအစိုးရကို ျဖဳတ္ခ်ၿပီး

အာဏာသိမ္းရန္ အားထုတ္မႈတစ္ခု ျဖစ္ပြားခဲ့သည္။ အဆိုပါကိစၥသည္ ကမာၻ႔မီဒီယာမ်ားသို႔ ေခါင္းႀကီးသတင္းအျဖစ္

လ်င္လ်င္ ျမန္ျမန္ ပ်ံ႕ႏွံ႔သြားသည္။ တစ္ကမာၻလုံးက တူရကီအေရးအခင္းကို စိတ္ဝင္တစား ေစာင့္ၾကည့္ေနခဲ့ၿပီး

ေနာက္ဆုံးတြင္ သမၼတ ယီဆက္ပ္ေတရစ္အာဒိုဂန္က အေျခအေနကို ထိန္းသိမ္းႏိုင္ခဲ့ၿပီဟု ေၾကညာခဲ့သည္။

တူရကီျပည္သူမ်ားက အန္ကာရာ၊ အစၥတန္ဘူလ္ ႏွင့္ အျခားေသာ ၿမိဳ႕ႀကီးမ်ားထဲ ဝင္ေရာက္လာသည့္

တပ္ဖြဲ႕မ်ား၊ တင့္ကားႀကီးမ်ားကို ပိတ္ဆို႔ထားခဲ့ၿပီး အာဏာသိမ္းမႈကို လက္မခံေၾကာင္း ဆႏၵျပခဲ့ၾကသည္။

အာဒိုဂန္ ခရီးထြက္ေနခ်ိန္တြင္ ႏိုင္ငံကို ၾကားျဖတ္ထိန္းခ်ဳပ္ရန္ ရည္႐ြယ္ခဲ့သည့္ တူရကီ စစ္တပ္သည္

ေနာက္ဆုံး၌ ၎တို႔၏ အစီအစဥ္ကို စြန႔္လႊတ္လိုက္ရသည္။ တူရကီႏိုင္ငံအတြင္း လက္ရွိအစိုးရကို

ေထာက္ခံသည့္ျပည္သူမ်ားႏွင့္ ၿမိဳ႕ႀကီးမ်ားထဲ ခ်ီ တက္လာသည့္ စစ္သားမ်ား ထိပ္တိုက္ေတြ႕ရာမွ

ထိခိုက္ေစသည့္ အေရးအခင္းမ်ား ေပၚေပါက္လာသည္။ အက်ိဳးဆက္အေနျဖင့္ အရပ္သား ၁၁၉ ဦး အပါအဝင္

၂၉၀ ေက်ာ္ ေသဆုံးကာ လူေပါင္း ၁,၅၀၀ မွ် ဒဏ္ရာရရွိခဲ့သည္။

အာဒိုဂန္က အာဏာသိမ္းယူမႈ သတင္းကို ၾကားသိရသည္ႏွင့္ အစၥတန္ဘူလ္သို႔ ေလေၾကာင္းမွ

အလ်င္အျမန္ေရာက္ရွိလာသည္။ ျပႆနာမ်ား စတင္သည္ႏွင့္ ၎က ႏိုင္ငံသားမ်ားကို ႐ုပ္ျမင္သံၾကားမွတစ္ဆင့္

မိန႔္ခြန္းေျပာခဲ့သည္။ “ခင္ဗ်ားတို႔ လမ္းေပၚ ထြက္ၾကပါ။ ခင္ဗ်ားတို႔ကိုယ္တိုင္ မဲေပး ေ႐ြးခ်ယ္ထားတဲ့ အစိုးရကို ကာကြယ္ေပးၾကပါ။

ျပည္သူလူထုရဲ႕ ညီၫြတ္မႈထက္ပိုၿပီး အားေကာင္းတဲ့ စြမ္းအားမ်ိဳး ရွိလိမ့္မယ္လို႔

ကြၽန္ေတာ္ မယုံၾကည္ဘူး” ဟု ၎က တိုက္တြန္းခဲ့သည္။

အမွန္တကယ္လည္း တူရကီသမၼတအာဒိုဂန္ကို ေထာက္ခံသူမ်ားက လမ္းမ်ားေပၚ ထြက္လာကာ စစ္သားမ်ားကို

တားဆီးသည္။ တင့္ကားမ်ားေရွ႕ မတ္တတ္ရပ္ပိတ္ဆို႔ေနသည့္ ျပည္သူမ်ား၏ ဓာတ္ပုံမ်ားသည္

မေအာင္ျမင္ေသာ အာဏာသိမ္းမႈ၏ သမိုင္းဝင္မွတ္တိုင္မ်ား ျဖစ္လာသည္။ ေနာက္ဆုံးတြင္ တူရကီ

အစိုးရက အေျခအေနကို ျပန္လည္ထိန္းသိမ္းၿပီး ႏိုင္ငံ အာဏာကို လက္ဝယ္တည္တံ့ေစခဲ့သည္။

တူရကီစစ္တပ္သည္ ၁၉၆၀၊ ၁၉၇၁၊ ၁၉၈၀၊ ၁၉၉၃ ႏွင့္ ၁၉၉၇ တို႔တြင္ ႏိုင္ငံေရးနယ္ပယ္၌

ဝင္ေရာက္ စြက္ဖက္မႈမ်ား ရွိခဲ့ဖူးၿပီး ရလဒ္မ်ားမွာ အမ်ိဳးမ်ိဳးထြက္ေပၚခဲ့သည္။

တူရကီသည္ စစ္တပ္အုပ္ခ်ဳပ္မႈကို ခံရသည့္ သမိုင္းေၾကာင္းမ်ိဳး ျဖတ္သန္းခဲ့ဖူးရာ ျပည္သူအမ်ားစုက

ထိုေခတ္မ်ိဳးသို႔ ျပန္သြားရန္ မလိုလားၾကေခ်။ အာဒိုဂန္အေနျဖင့္ ၎၏ လုပ္ထုံးလုပ္နည္း ပိုင္းအတြက္

ေဝဖန္မႈမ်ားစြာ ရင္ဆိုင္ခဲ့ရသည့္တိုင္ ယခုအာဏာ သိမ္းမႈကို ရွင္သန္ ျဖတ္ေက်ာ္ႏိုင္ခဲ့ျခင္းမွာ

ထိုအခ်က္ႏွင့္လည္း သက္ဆိုင္သည္။ အာဒိုဂန္ကို မလိုလားေသာ၊ မႏွစ္သက္ေသာ

အတိုက္အခံသေဘာထားရွိသည့္ ျပည္သူအမ်ားအျပားပါ ဒီမိုကေရစီ နည္းလမ္းတက် ေ႐ြးခ်ယ္ထားေသာ

အစိုးရကို ကာကြယ္ရန္ လမ္းေပၚထြက္လာၾကသည္။

အာဏာသိမ္းသည့္ အင္အားစုသည္ ထိုအေျခအေနကို လိုသည္ထက္ ေလွ်ာ့တြက္မိျခင္းေၾကာင့္ ေပးဆပ္မႈ

ႀကီးမားသြားျခင္းျဖစ္သည္။ အာဏာသိမ္းရန္ႀကိဳးစားခဲ့ၾကေသာ စစ္ဘက္အရာရွိ ၁၄၀ ဦး ေထာင္ဒါဏ္တစ္သက္ ခ်မွတ္ခံခဲ့လိုက္ရသည္။