News
ဒီနေ့ ရန်ကုန်မှာ စံချိန်တင် အနည်းဆုံး ကိုဗစ်အတည်ပြုလူနာ တွေ့တဲ့ကိစ္စ (ဒေါက်တာဇော်ဝေစိုး)
ဒီနေ့ ရန်ကုန်မှာ စံချိန်တင် အနည်းဆုံး ကိုဗစ်အတည်ပြုလူနာ တွေ့တဲ့ကိစ္စ..
ကဲ ရန်ကုန် ကိုဗစ် ကာကွယ် နှိမ်နင်းရေး ဗိုလ်ချုပ် ဒေါက်တာ ဇော်ဝေစိုး ပြောတာလေး ဖတ်ကြည့်ပါအုန်း ။
ဒီနေ့ ရန်ကုန်မှာ ပေါ့စတစ် ၆၉ ယောက်နဲ့ စံချိန်တင် အနည်းဆုံးပါ။ ၁၀၀ အောက် ဖြစ်နေတာ တပါတ်ခန့် ရှိပါပြီ ။
စင်တာတွေမှာလည်း ၉၉၀ ပဲ ရှိပါတော့တယ် ၊ အရင်က တစ်သောင်း ကျော်ပါ။
စင်တာ ၉ ခုကို stand by အနေနဲ့ ပိတ်လိုက်ပြီး ၆ ခုပဲ ကျန်ပါတော့တယ်။
YGH အပါအဝင် ဆေးရုံ ၁၇ ရုံ မှာ အရင်က လူနာ ထောင်ကျော်ရှိရာကနေ အခု ၂၂၇ ယောက်ပါ။
နောက်ဆို ဝေဘာဂီ ဆေးရုံ တခုတည်းမှာပဲ ထားရှိ ကုနိုင်ပါတော့မယ်။ တပ်မတော် စင်တာတွေမှာ
အရပ်ဖက် လူနာ မရှိတော့ပါဘူး။ Private ဆေးရုံမှာ အရင်က ၇၀ ကျော်ကနေ အခု ၃၉ ယောက်ပါ။
ကိုဗစ်တိုက်ဖျက်ရေးအတွက် Command နဲ့ Control ကို တခုတည်း ဗဟိုက ချတဲ့အတိုင်း
အတိအကျ စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်ခဲ့ကြတာပါ။ နက်ဖြန် ကာကွယ်ဆေး စထိုးပါ့မယ်။
(ဟိုအဖွဲ့ကြီးလည်း သိမ်းမယ်ဆိုရင် ခနစောင့်ပါအုန်း။ ကာကွယ်ဆေးလေး ထိုးပြီးမှ သိမ်းကြပါ ။
သိမ်းပြီးမှဆို ကာကွယ်ဆေး ထိုးရဖို့က သိပ်မသေချာလို့ပါဗျာ)
Zarni Zeya
zawgyi
Zarni Zeya