Celebrities

ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးဖို့ စတင် စာရင်းကောက်ယူ

ကျောင်းဆရာ၊ ဆရာမတွေနဲ့ ပညာရေးဝန်ထမ်းတွေကို ကာကွယ်ဆေးထိုးပေးဖို့ စတင် စာရင်းကောက်ယူ

အခြေခံပညာဦးစီးဌာန အောက်ရှိ ပညာရေးဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေး ရန်အတွက်

ဝန်ထမ်းစာရင်းကို အခြေခံပညာဦးစီးဌာနက စတင် ကောက်ယူနေပြီ ဖြစ်ပါတယ်။

ကိုဗစ် ရောဂါကူးစက် ပြန့်ပွားမှုမှ ကာကွယ်ရန်နှင့် သေဆုံးမှု လျှော့ချနိုင်ရန်၊ ရောဂါကူး စက်ပျံ့နှံ့မှုကို

ထိန်းချုပ်၍ ပုံမှန် လုပ်ငန်းများ ပြန်လည်လည်ပတ် နိုင်စေရန်အတွက် ဆေးရရှိမှုပေါ် မူတည်ကာ

ကာကွယ်ဆေးထိုးနှံ ပေးမည်ဖြစ်ပြီး တာဝန်ထမ်း ဆောင်နေသည့် ပညာရေးဝန် ထမ်းစာရင်းတင်ပြရန်

တိုင်းဒေသကြီးနှင့် ပြည်နယ်ပညာရေးမှူးရုံး များအား အခြေခံပညာဦးစီးဌာန က ညွှန်ကြားထားပါတယ်။

အခြေခံပညာဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးကိုလေးဝင်း က “ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနကို

စာရင်းတင်ပြရ မယ်။ တစ်နိုင်ငံလုံးရှိတဲ့ အခြေခံ ပညာမှာ တာဝန်ထမ်းနေတဲ့ ဝန် ထမ်းစာရင်း အကုန်တင်ပြမှာပါ။

ကာကွယ်ဆေးရတဲ့ပေါ် မူတည်ပြီး ဆေးထိုးရမယ့်အလှည့်ရောက် လာရင် အဆင်သင့်ဖြစ်အောင် စာရင်းတင်ပြရမှာပါ။

ခန့်မှန်းခြေဆို သင်ကြားရေးရော၊ သင်ကြားရေးဘက်က မဟုတ်တဲ့ ဝန်ထမ်းရောဆို ငါးသိန်းကျော်လောက်ရှိ မယ်”ဟု ပြောပါတယ်။

အသက် (၁၈) နှစ်အောက်အရွယ်များသည် ကာကွယ်ဆေး ထိုးနှံမည့်အစီအစဉ်တွင် မပါရှိခြင်းကြောင့်

အခြေခံပညာ ကျောင်းသားကျောင်းသူများကို ကာကွယ်ဆေးထိုးနှံရန်

လတ်တ လော အစီအစဉ်မရှိကြောင်း ၎င်းက ဆိုပါတယ်။

ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးရန် ကျောင်းရှိ ဝန်ထမ်း စာရင်းကို ဇန်နဝါရီ ၂၂ ရက်က ပေးပို့ထားပြီ

း ၂၀၀၃ ဇန်နဝါရီ ၁ ရက် နောက်ပိုင်းမွေးဖွား သူများ မပါဝင်ကြောင်း

မန္တလေး တိုင်းဒေသကြီးမှ အထက်တန်းပြ ဆရာမတစ်ဦးက ဆိုပါတယ်။

“ကျောင်းက ဝန်ထမ်းအင် အားစာရင်း တောင်းထားလို့ ပို့ပြီးပါပြီ။ ဘယ်တော့ ကာကွယ်ဆေးထိုးပေးမယ်ဆိုတာတော့

မသိရသေးပါဘူး။ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ထားတဲ့ ကြေညာ ချက်အရတော့

ဦးစားပေး နံပါတ် (၃) ဖြစ်မယ်ထင်ပါတယ်”ဟု ၎င်း က ဆိုပါတယ်။

ကာကွယ်ဆေးထိုးနှံမည့် ဦးစားပေးအစီအစဉ်အရ အစီ အစဉ် တစ်အဖြစ် ဗဟို၊ တိုင်းဒေသကြီ၊ ပြည်နယ်

အစိုးရအဖွဲ့ဝင်များ၊ အစီအစဉ် နှစ်အဖြစ် ဗဟို၊ တိုင်း ဒေသကြီး၊ ပြည်နယ်အဆင့် လွှတ်တော်ကိုယ်စားလှယ်များကို

ကာ ကွယ်ဆေးထိုးနှံမည်ဖြစ်ပြီး အစီအစဉ် သုံးအဖြစ် နိုင်ငံ့ဝန်ထမ်း များကို ကာကွယ်ဆေးထိုးနှံမည်

ဟု ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာနက ကြေညာထားပါတယ်။

zawgyi

ေက်ာင္းဆရာ၊ ဆရာမေတြနဲ႔ ပညာေရးဝန္ထမ္းေတြကို ကာကြယ္ေဆးထိုးေပးဖို႔ စတင္ စာရင္းေကာက္ယူ

အေျခခံပညာဦးစီးဌာန ေအာက္ရွိ ပညာေရးဝန္ထမ္းေတြကို ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပး ရန္အတြက္

ဝန္ထမ္းစာရင္းကို အေျခခံပညာဦးစီးဌာနက စတင္ ေကာက္ယူေနၿပီ ျဖစ္ပါတယ္။

ကိုဗစ္ ေရာဂါကူးစက္ ျပန႔္ပြားမႈမွ ကာကြယ္ရန္ႏွင့္ ေသဆုံးမႈ ေလွ်ာ့ခ်ႏိုင္ရန္၊ ေရာဂါကူး စက္ပ်ံ႕ႏွံ႔မႈကို

ထိန္းခ်ဳပ္၍ ပုံမွန္ လုပ္ငန္းမ်ား ျပန္လည္လည္ပတ္ ႏိုင္ေစရန္အတြက္ ေဆးရရွိမႈေပၚ မူတည္ကာ

ကာကြယ္ေဆးထိုးႏွံ ေပးမည္ျဖစ္ၿပီး တာဝန္ထမ္း ေဆာင္ေနသည့္ ပညာေရးဝန္ ထမ္းစာရင္းတင္ျပရန္

တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ပညာေရးမႉး႐ုံး မ်ားအား အေျခခံပညာဦးစီးဌာန က ၫႊန္ၾကားထားပါတယ္။

အေျခခံပညာဦးစီးဌာန ၫႊန္ ၾကားေရးမႉးခ်ဳပ္ ဦးကိုေလးဝင္း က “က်န္းမာေရးႏွင့္ အားကစား ဝန္ႀကီးဌာနကို

စာရင္းတင္ျပရ မယ္။ တစ္ႏိုင္ငံလုံးရွိတဲ့ အေျခခံ ပညာမွာ တာဝန္ထမ္းေနတဲ့ ဝန္ ထမ္းစာရင္း အကုန္တင္ျပမွာပါ။

ကာကြယ္ေဆးရတဲ့ေပၚ မူတည္ၿပီး ေဆးထိုးရမယ့္အလွည့္ေရာက္ လာရင္ အဆင္သင့္ျဖစ္ေအာင္ စာရင္းတင္ျပရမွာပါ။

ခန႔္မွန္းေျခဆို သင္ၾကားေရးေရာ၊ သင္ၾကားေရးဘက္က မဟုတ္တဲ့ ဝန္ထမ္းေရာဆို ငါးသိန္းေက်ာ္ေလာက္ရွိ မယ္”ဟု ေျပာပါတယ္။

အသက္ (၁၈) ႏွစ္ေအာက္အ႐ြယ္မ်ားသည္ ကာကြယ္ေဆး ထိုးႏွံမည့္အစီအစဥ္တြင္ မပါရွိျခင္းေၾကာင့္

အေျခခံပညာ ေက်ာင္းသားေက်ာင္းသူမ်ားကို ကာကြယ္ေဆးထိုးႏွံရန္ လတ္တ ေလာ အစီအစဥ္မရွိေၾကာင္း ၎က ဆိုပါတယ္။

ကိုဗစ္ကာကြယ္ေဆး ထိုးႏွံေပးရန္ ေက်ာင္းရွိ ဝန္ထမ္း စာရင္းကို ဇန္နဝါရီ ၂၂ ရက္က ေပးပို႔ထားၿပီ

း ၂၀၀၃ ဇန္နဝါရီ ၁ ရက္ ေနာက္ပိုင္းေမြးဖြား သူမ်ား မပါဝင္ေၾကာင္း

မႏၲေလး တိုင္းေဒသႀကီးမွ အထက္တန္းျပ ဆရာမတစ္ဦးက ဆိုပါတယ္။

“ေက်ာင္းက ဝန္ထမ္းအင္ အားစာရင္း ေတာင္းထားလို႔ ပို႔ၿပီးပါၿပီ။ ဘယ္ေတာ့ ကာကြယ္ေဆးထိုးေပးမယ္ဆိုတာေတာ့

မသိရေသးပါဘူး။ က်န္းမာေရးဝန္ႀကီး ဌာနက ထုတ္ထားတဲ့ ေၾကညာ ခ်က္အရေတာ့

ဦးစားေပး နံပါတ္ (၃) ျဖစ္မယ္ထင္ပါတယ္”ဟု ၎ က ဆိုပါတယ္။

ကာကြယ္ေဆးထိုးႏွံမည့္ ဦးစားေပးအစီအစဥ္အရ အစီ အစဥ္ တစ္အျဖစ္ ဗဟို၊ တိုင္းေဒသႀကီ၊ ျပည္နယ္

အစိုးရအဖြဲ႕ဝင္မ်ား၊ အစီအစဥ္ ႏွစ္အျဖစ္ ဗဟို၊ တိုင္း ေဒသႀကီး၊ ျပည္နယ္အဆင့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို

ကာ ကြယ္ေဆးထိုးႏွံမည္ျဖစ္ၿပီး အစီအစဥ္ သုံးအျဖစ္ ႏိုင္ငံ့ဝန္ထမ္း မ်ားကို ကာကြယ္ေဆးထိုးႏွံမည္

ဟု က်န္းမာေရးႏွင့္ အားကစားဝန္ ႀကီးဌာနက ေၾကညာထားပါတယ္။