News

ကိုဗစ်ကာကွယ်ဆေး မထိုးခင်နှင့် ထိုးပြီး ကာလအတွင်း အရက်၊ ဆေးလိပ် ရှောင်ကြဥ်ထားသင့်ဟုဆို

ကိုဗစ်ကာကွယ်ဆေး မထိုးခင်နှင့် ထိုးပြီး ကာလအတွင်း အရက်၊ ဆေးလိပ် ရှောင်ကြဥ်ထားသင့်ဟုဆို

ကျန်းမာရေးဝန်ထမ်းများကို ဇန်နဝါရီလ ၂၇ရက်နေ့တွင် ကိုဗစ်ကာကွယ်ဆေးများ စတင်ထိုးနှံပေးမည်ဖြစ်ပြီး

ကာကွယ်ဆေးထိုးသည့်ကာလအတွင်း အရက်နှင့် ဆေးလိပ်သောက်သုံးခြင်းတို့ကို ရှောင်ကြဉ်သင့်ကြောင်း

နေပြည်တော် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။

“ကာကွယ်ဆေးတွေရဲ့ သဘောကတော့ အရက်တို့ ဆေးလိပ်တို့နဲ့တော့ အဲ့ဒီကာလမှာတော့ ရှောင်ထားတာတော့

အကောင်းဆုံးပါပဲ”ဟု ၎င်းက ပြောပါတယ်။ လက်ရှိနေပြည်တော်တွင် ကျန်းမာရေးဝန်ထမ်း ၃၀၀၀ ကျော်ရှိပြီး

မြို့နယ်ဆေးရုံများ၊ အထူးကုဆေးရုံများနှင့် အထွေထွေရောဂါကုဆေးရုံများတွင်ရှိသော ကျန်းမာရေးဝန်ထမ်းများအားလုံးကို

ကိုဗစ်ကာကွယ် ဆေးထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

ကာကွယ်ဆေးထိုးနှံပြီးပါက သတိထားပြီးနေသင့်ကြောင်း၊ ဆေးထိုးပြီး ပထမဆုံးရက်တွင် အိပ်ရေးဝအောင် အိပ်သင့်ကြောင်း၊

ရေများများသောက်သင့်ကြောင်းနှင့် အစားပုံမှန်စားပေးသင့်ကြောင်း ၎င်းက ဆိုပါတယ်။ ကျန်းမာရေးဝန်ထမ်းများကို

အိန္ဒိယနိုင်ငံက လှူဒါန်းထားသည့် Covishield အမည်ရ ကာကွယ်ဆေးများ ထိုးနှံပေးမည်ဖြစ်ပြီး အဆိုပါဆေးမှာ

လူတဦးလျှင် ၂ ကြိမ် ထိုးနှံရမည်ဖြစ်ကြောင်း သိရပါတယ်။

ထို့အပြင် မြန်မာအစိုးရအနေဖြင့် အဆိုပါ Covishieldကာကွယ်ဆေး အလုံးသန်း ၃၀ ၀ယ်ယူရေးအတွက်လည်း

သဘောတူစာချုပ်ချုပ်ဆိုထားသည်။ ၀ယ်ယူထားသည့် ကာကွယ်ဆေးများကိုတော့

လာမည့်ဖေဖော်ဝါရီလအတွင်း ရရှိရန် မျှော်မှန်းထားကြောင်း သိရပါတယ်။

“ဒီကာကွယ်ဆေးကို အားကိုးပြီးတော့ ကာကွယ်ဆေးထိုးပြီး အရင်ကလိုပဲ Mask မတပ်ပဲနဲ့ တယောက်နဲ့

တယောက်ခွာမနေပဲနဲ့ နေလို့ရပြီလားဆိုတော့ အဲ့လိုအနေအထားမျိုးတော့ မဖြစ်နိုင်သေးပါဘူး”ဟု

ဒေါက်တာမြတ်ဝဏ္ဏစိုးက ပြောပါတယ်။ ထို့ကြောင့် ကာကွယ်ဆေးထိုးပြီးပါကလည်း

သတိပြုနေထိုင်သင့်ကြောင်း ၎င်းက ဆက်လက်ပြောပါတယ်။

အစိုးရအနေဖြင့် ကိုဗစ်ကာကွယ်ဆေးများကို ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ အစိုးရအဖွဲ့ဝင်များ၊

လွှတ်တော်ကိုယ်စားလှယ်များကို ပထမအသုတ်အနေဖြင့် စတင်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။

zawgyi

ကိုဗစ္ကာကြယ္ေဆး မထိုးခင္ႏွင့္ ထိုးၿပီး ကာလအတြင္း အရက္၊ ေဆးလိပ္ ေရွာင္ၾကဥ္ထားသင့္ဟုဆို

က်န္းမာေရးဝန္ထမ္းမ်ားကို ဇန္နဝါရီလ ၂၇ရက္ေန႔တြင္ ကိုဗစ္ကာကြယ္ေဆးမ်ား စတင္ထိုးႏွံေပးမည္ျဖစ္ၿပီး

ကာကြယ္ေဆးထိုးသည့္ကာလအတြင္း အရက္ႏွင့္ ေဆးလိပ္ေသာက္သုံးျခင္းတို႔ကို ေရွာင္ၾကဥ္သင့္ေၾကာင္း

ေနျပည္ေတာ္ ျပည္သူ႔က်န္းမာေရးဦးစီးဌာန ဒုတိယၫႊန္ၾကားေရးမႉးခ်ဳပ္ ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။

“ကာကြယ္ေဆးေတြရဲ႕ သေဘာကေတာ့ အရက္တို႔ ေဆးလိပ္တို႔နဲ႔ေတာ့ အဲ့ဒီကာလမွာေတာ့ ေရွာင္ထားတာေတာ့

အေကာင္းဆုံးပါပဲ”ဟု ၎က ေျပာပါတယ္။ လက္ရွိေနျပည္ေတာ္တြင္ က်န္းမာေရးဝန္ထမ္း ၃၀၀၀ ေက်ာ္ရွိၿပီး

ၿမိဳ႕နယ္ေဆး႐ုံမ်ား၊ အထူးကုေဆး႐ုံမ်ားႏွင့္ အေထြေထြေရာဂါကုေဆး႐ုံမ်ားတြင္ရွိေသာ က်န္းမာေရးဝန္ထမ္းမ်ားအားလုံးကို

ကိုဗစ္ကာကြယ္ ေဆးထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။

ကာကြယ္ေဆးထိုးႏွံၿပီးပါက သတိထားၿပီးေနသင့္ေၾကာင္း၊ ေဆးထိုးၿပီး ပထမဆုံးရက္တြင္ အိပ္ေရးဝေအာင္ အိပ္သင့္ေၾကာင္း၊

ေရမ်ားမ်ားေသာက္သင့္ေၾကာင္းႏွင့္ အစားပုံမွန္စားေပးသင့္ေၾကာင္း ၎က ဆိုပါတယ္။ က်န္းမာေရးဝန္ထမ္းမ်ားကို

အိႏၵိယႏိုင္ငံက လႉဒါန္းထားသည့္ Covishield အမည္ရ ကာကြယ္ေဆးမ်ား ထိုးႏွံေပးမည္ျဖစ္ၿပီး အဆိုပါေဆးမွာ

လူတဦးလွ်င္ ၂ ႀကိမ္ ထိုးႏွံရမည္ျဖစ္ေၾကာင္း သိရပါတယ္။

ထို႔အျပင္ ျမန္မာအစိုးရအေနျဖင့္ အဆိုပါ Covishieldကာကြယ္ေဆး အလုံးသန္း ၃၀ ၀ယ္ယူေရးအတြက္လည္း

သေဘာတူစာခ်ဳပ္ခ်ဳပ္ဆိုထားသည္။ ၀ယ္ယူထားသည့္ ကာကြယ္ေဆးမ်ားကိုေတာ့

လာမည့္ေဖေဖာ္ဝါရီလအတြင္း ရရွိရန္ ေမွ်ာ္မွန္းထားေၾကာင္း သိရပါတယ္။

“ဒီကာကြယ္ေဆးကို အားကိုးၿပီးေတာ့ ကာကြယ္ေဆးထိုးၿပီး အရင္ကလိုပဲ Mask မတပ္ပဲနဲ႔ တေယာက္နဲ႔

တေယာက္ခြာမေနပဲနဲ႔ ေနလို႔ရၿပီလားဆိုေတာ့ အဲ့လိုအေနအထားမ်ိဳးေတာ့ မျဖစ္ႏိုင္ေသးပါဘူး”ဟု

ေဒါက္တာျမတ္ဝဏၰစိုးက ေျပာပါတယ္။ ထို႔ေၾကာင့္ ကာကြယ္ေဆးထိုးၿပီးပါကလည္း

သတိျပဳေနထိုင္သင့္ေၾကာင္း ၎က ဆက္လက္ေျပာပါတယ္။

အစိုးရအေနျဖင့္ ကိုဗစ္ကာကြယ္ေဆးမ်ားကို က်န္းမာေရးဝန္ထမ္းမ်ား၊ ေစတနာ့ဝန္ထမ္းမ်ား၊ အစိုးရအဖြဲ႕ဝင္မ်ား၊

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားကို ပထမအသုတ္အေနျဖင့္ စတင္ထိုးႏွံေပးသြားမည္ျဖစ္ေၾကာင္း သိရပါတယ္။