International News

ထိုင်းတွင် ကိုဗစ်ကူးစက်လူနာ စံချိန်တင်တွေ့ရှိ၊ မြန်မာရွှေ့ပြောင်းလုပ်သား အများစု ကူးစက်ခံနေရ………

ထိုင်းတွင် ကိုဗစ်ကူးစက်လူနာ စံချိန်တင်တွေ့ရှိ၊ မြန်မာရွှေ့ပြောင်းလုပ်သား အများစု ကူးစက်ခံနေရ

ထိုင်းနိုင်ငံမှာ ဒီနေ့ ဗိုင်းရပ်စ်ကူးစက်သူ ၉၁၄ ဦးအထိတွေ့တဲ့အတွက်

ဒါဟာ စံချိန်သစ်ဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

ကူးစက်မှုအားလုံးဟာ ဒီဇင်ဘာတုန်းက မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေ အစုအပြုံလိုက်

ကူးစက်ခဲ့တဲ့ ဘန်ကောက်မြို့တောင်ဖက်ရှိ စမွတ်ခွန်ဒေသ (မဟာချိုင်ဒေသ)

ကဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

အရင်က စံချိန်ဟောင်းကတော့ ဇန်နဝါရီ ၄ ရက်နေ့ကတွေ့ထားတဲ့ ၇၄၅ ဦးဖြစ်ပါတယ်။ အဲဒီတုန်းကလည်း

မြန်မာနိုင်ငံက ရွှေ့ပြောင်းလုပ်သားအများစု အလုပ်လုပ်နေတဲ့ စမွတ်စခွန်ဒေသကပဲဖြစ်ပါတယ်။ ဒီဒေသဟာ

ငါးဖမ်းလုပ်ငန်းရဲ့ ဗဟိုဖြစ်ပြီး ဒီဇင်ဘာတုန်းက ပင်လယ်စာရောင်းတဲ့ဆိုင်တခုမှာ ကိုရိုနာဗိုင်းရပ်စ်

စတင်တွေ့ရှိခဲ့တဲ့ နေရာလည်းဖြစ်ပါတယ်။ အခြားပြည်နယ်တွေက တွေ့ရှိမှုကိုတော့

မနက်ဖန် အင်္ဂါနေ့မှာ ကြေညာမယ်လို့ဆိုပါတယ်။

တရက်ကို လူတသောင်းနှုန်းနဲ့ သီတင်းတပတ်ကြာ ဆေးစစ်မှုတွေလုပ်ပြီးနောက် စမွတ်

စခွန်ဒေသမှာ အခုလို တထောင်နီးပါးအထိတွေ့ရှိခဲ့တာဖြစ်ပါတယ်။

ပိုးတွေ့သူ ၉၁၄ ဦးထဲက ၈၄၄ ဦးဟာ ဒီနေ့ အသစ်တွေ့ရှိတာဖြစ်ပြီး ၇၀ ကတော့ ဆေးရုံတင်ထားရသူတွေထဲမှာ

တွေ့ရှိခဲ့တာဖြစ်ပါတယ်။ အဲဒီစာရင်းကို လူမျိုးအလိုက်ပြန်ခွဲရင် ၁၁၉ ဦးက

ထိုင်းနိုင်ငံသားတွေဖြစ်ပြီး ၇၉၅ ဦးက ရွှေ့ပြောင်းအလုပ်သမားတွေဖြစ်ပါတယ်။

ဒီနေ့အစောပိုင်း ကျန်းမာရေးတာဝန်ရှိသူတွေရဲ့ပြောဆိုချက်အရ ကူးစက်မှုစာရင်း တသောင်းလေးထောင်နီးနီး

(၁၃,၆၈၇) ရှိလာပါတယ်။ သေဆုံးသူလည်း နှစ်ဦးထပ်တိုးတဲ့အတွက် အားလုံးပေါင်း ၇၅ ဦးရှိသွားပြီဖြစ်ပါတယ်။

စမွတ်စခွန်မှာ စတင်ခဲ့တဲ့ ဒီဇင်ဘာလကူးစက်မှုဟာ ထိုင်းနိုင်ငံရှိ ပြည်နယ် ၇၇ ခုထဲက ၆၀ ကို ပြန်နှံ့သွားခဲ့ပါတယ်။

ဒီလိုကူးစက်မှုကို တားဆီးနိုင်ဖို့အတွက် မြို့တော် ဘန်ကောက်အပါဝင် ဒေသအတော်များများမှာ

ကျောင်းတွေပိတ်တာ၊ စားသောက်ဆိုင်တွေ အချိန်အကန့်အသတ်နဲ့သာ ဖွင့်ခွင့်ပေးတာအပါဝင်

ကန့်သတ်ချက်အတော်များများချမှတ်ထားဆဲဖြစ်ပါတယ်။

zawgyi

ထိုင္းတြင္ ကိုဗစ္ကူးစက္လူနာ စံခ်ိန္တင္ေတြ႕ရွိ၊ ျမန္မာေ႐ႊ႕ေျပာင္းလုပ္သား အမ်ားစု ကူးစက္ခံေနရ

ထိုင္းႏိုင္ငံမွာ ဒီေန႔ ဗိုင္းရပ္စ္ကူးစက္သူ ၉၁၄ ဦးအထိေတြ႕တဲ့အတြက္

ဒါဟာ စံခ်ိန္သစ္ျဖစ္တယ္လို႔ တာဝန္ရွိသူေတြကေျပာပါတယ္။

ကူးစက္မႈအားလုံးဟာ ဒီဇင္ဘာတုန္းက ျမန္မာႏိုင္ငံက ေ႐ႊ႕ေျပာင္းလုပ္သားေတြ အစုအၿပဳံလိုက္

ကူးစက္ခဲ့တဲ့ ဘန္ေကာက္ၿမိဳ႕ေတာင္ဖက္ရွိ စမြတ္ခြန္ေဒသ (မဟာခ်ိဳင္ေဒသ)

ကျဖစ္တယ္လို႔ အာဏာပိုင္ေတြကေျပာပါတယ္။

အရင္က စံခ်ိန္ေဟာင္းကေတာ့ ဇန္နဝါရီ ၄ ရက္ေန႔ကေတြ႕ထားတဲ့ ၇၄၅ ဦးျဖစ္ပါတယ္။ အဲဒီတုန္းကလည္း

ျမန္မာႏိုင္ငံက ေ႐ႊ႕ေျပာင္းလုပ္သားအမ်ားစု အလုပ္လုပ္ေနတဲ့ စမြတ္စခြန္ေဒသကပဲျဖစ္ပါတယ္။ ဒီေဒသဟာ

ငါးဖမ္းလုပ္ငန္းရဲ႕ ဗဟိုျဖစ္ၿပီး ဒီဇင္ဘာတုန္းက ပင္လယ္စာေရာင္းတဲ့ဆိုင္တခုမွာ ကို႐ိုနာဗိုင္းရပ္စ္

စတင္ေတြ႕ရွိခဲ့တဲ့ ေနရာလည္းျဖစ္ပါတယ္။ အျခားျပည္နယ္ေတြက ေတြ႕ရွိမႈကိုေတာ့

မနက္ဖန္ အဂၤါေန႔မွာ ေၾကညာမယ္လို႔ဆိုပါတယ္။

တရက္ကို လူတေသာင္းႏႈန္းနဲ႔ သီတင္းတပတ္ၾကာ ေဆးစစ္မႈေတြလုပ္ၿပီးေနာက္ စမြတ္

စခြန္ေဒသမွာ အခုလို တေထာင္နီးပါးအထိေတြ႕ရွိခဲ့တာျဖစ္ပါတယ္။

ပိုးေတြ႕သူ ၉၁၄ ဦးထဲက ၈၄၄ ဦးဟာ ဒီေန႔ အသစ္ေတြ႕ရွိတာျဖစ္ၿပီး ၇၀ ကေတာ့ ေဆး႐ုံတင္ထားရသူေတြထဲမွာ

ေတြ႕ရွိခဲ့တာျဖစ္ပါတယ္။ အဲဒီစာရင္းကို လူမ်ိဳးအလိုက္ျပန္ခြဲရင္ ၁၁၉ ဦးက

ထိုင္းႏိုင္ငံသားေတြျဖစ္ၿပီး ၇၉၅ ဦးက ေ႐ႊ႕ေျပာင္းအလုပ္သမားေတြျဖစ္ပါတယ္။

ဒီေန႔အေစာပိုင္း က်န္းမာေရးတာဝန္ရွိသူေတြရဲ႕ေျပာဆိုခ်က္အရ ကူးစက္မႈစာရင္း တေသာင္းေလးေထာင္နီးနီး

(၁၃,၆၈၇) ရွိလာပါတယ္။ ေသဆုံးသူလည္း ႏွစ္ဦးထပ္တိုးတဲ့အတြက္ အားလုံးေပါင္း ၇၅ ဦးရွိသြားၿပီျဖစ္ပါတယ္။

စမြတ္စခြန္မွာ စတင္ခဲ့တဲ့ ဒီဇင္ဘာလကူးစက္မႈဟာ ထိုင္းႏိုင္ငံရွိ ျပည္နယ္ ၇၇ ခုထဲက ၆၀ ကို ျပန္ႏွံ႔သြားခဲ့ပါတယ္။

ဒီလိုကူးစက္မႈကို တားဆီးႏိုင္ဖို႔အတြက္ ၿမိဳ႕ေတာ္ ဘန္ေကာက္အပါဝင္ ေဒသအေတာ္မ်ားမ်ားမွာ

ေက်ာင္းေတြပိတ္တာ၊ စားေသာက္ဆိုင္ေတြ အခ်ိန္အကန႔္အသတ္နဲ႔သာ ဖြင့္ခြင့္ေပးတာအပါဝင္

ကန႔္သတ္ခ်က္အေတာ္မ်ားမ်ားခ်မွတ္ထားဆဲျဖစ္ပါတယ္။