News

ကိုဗစ် ကို (၂) ရက်အထိ ကာကွယ်ပေးနိုင်မယ့် နှာခေါင်းဖြန်းဆေးကို ရောင်းချတော့မည်

ကိုဗစ် ကို (၂) ရက်တာအချိန်အထိ ကာကွယ်ပေးနိုင်စွမ်းရှိတဲ့ နှာခေါင်းဖြန်းဆေးတစ်မျိုးကို

လာမယ့်နွေရာသီမှာ အင်္ဂလန်နိုင်ငံက ဆေးဆိုင်တွေမှာ ရောင်းချလာနိုင်တယ်လို့ သိရပါတယ်။

ဒီနှာခေါင်းဖြန်းဆေးမှာတော့ အသိအမှတ်ပြုပြီးသား ပါဝင်ပစ္စည်းတွေကိုပဲ ထည့်သွင်းအသုံးပြုထားတာကြောင့်

ခွင့်ပြုချက်တောင်းခံစရာလိုမှာမဟုတ်ဘူးလို့လည်း သိရပါတယ်။

အင်္ဂလန်နိုင်ငံ ဘာမင်ဂမ်တက္ကသိုလ်က သိပ္ပံပညာရှင်တွေဟာ ပြီးခဲ့တဲ့ ဧပြီလကတည်းက နှာခေါင်းဖြန်းဆေးကို

ရွေးချယ်စရာတစ်ခုအဖြစ် ပြုလုပ်နိုင်ဖို့ လေ့လာခဲ့ကြတယ်လို့ ဆိုပါတယ်။ တကယ်လို့သာ ကာကွယ်နိုင်စွမ်းရှိပြီဆိုရင်တော့

social distancing ကိုဗစ်စည်းမျဉ်းကို ကျော်လွှားဖြေရှင်းနိုင်တော့မှာလည်း ဖြစ်ပါတယ်။

လေ့လာခဲ့တဲ့အဖွဲ့ဟာ စျေးဆိုင်တွေ၊ ဆေးဝါးကုမ္ပဏီတွေနဲ့ ညှိနှိုင်းဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပြီးပြီလို့သိရကာ

အမြောက်အများ ထုတ်လုပ်ဖို့အတွက်နဲ့ ဖြန့်ဖြူးရေးအတွက်ကို အလေးအနက်ထားဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။

Sunday Telegraph ကို ပြောဆိုခဲ့မှုအရဆိုရင်တော့ ကိုဗစ်ကို ကာကွယ်နိုင်ဖို့အတွက် တစ်ရက်ကို (၄) ကြိမ်အထိ

အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ လူဦးရေထူထပ်တဲ့နေရာတွေမှာ ရောက်ရှိနေမယ်ဆိုရင်တော့ မိနစ် ၂၀ မှာ

တစ်ကြိမ် အသုံးပြုနိုင်မယ်လို့လည်း ဆိုပါတယ်။ ဓါတ်ခွဲခန်းစမ်းသပ်မှုအရတော့

တခါဖြန်းရင် ၄၈ နာရီ (၂ ရက်) အထိ ကာကွယ်နိုင်တယ်လို့ ဆိုပါတယ်။

“ဒါက ကျောင်းတွေမှာလည်း ကူညီပေးနိုင်မယ်လို့ ကျွန်တော်တို့ထင်ပါတယ်၊ နှာခေါင်းဖြန်းဆေးရဲ့

အားသာချက်တစ်ခုကတော့ ကလေးငယ်တွေအတွက် ဖော်မြူလာပြန်ပြီးထုတ်ဖို့ မလိုအပ်တာပါ၊ ဒါက

ကလေးတွေကလည်း လူကြီးတွေလိုပဲ အသုံးပြုနိုင်တယ်ဆိုတဲ့ သဘောပါပဲ၊ ပြီးတော့ ကျောင်းတွေပြန်ဖွင့်လာနိုင်ပါလိမ့်မယ်”

လို့ ဦးဆောင်သူတစ်ဦးဖြစ်တဲ့ ဒေါက်တာ Richard Moakes က ပြောပါတယ်။

“ဒီဖော်မြူလာက အကျိုးသက်ရောက်နိုင်မယ်လို့ ကျွန်တော်ကတော့ ယုံကြည်တယ်၊ ကျွန်တော်တို့ရဲ့ ရည်မှန်းချက်က

အမြန်ဆုံးအကျိုးသက်ရောက်နိုင်စေဖို့ပါ၊ နွေရာသီမှာ ဒါအမှန်တကယ်ဖြစ်လာမှာကိုလည်း မြင်တွေ့ချင်ပါတယ်”

လို့ ဒေါက်တာ Richard Moakes ထပ်ပြောခဲ့ပါတယ်။

နှာခေါင်းဖြန်းဆေးရည်ကို carrageenan လို့ ခေါ်တဲ့ ဗိုင်းရပ်စ်ပိုးခံဆေးနဲ့ gellan လို့ ခေါ်တဲ့

ဘက်တီးရီးယားမှ ထုတ်လုပ်ထားပြီး ရေမှာပျော်ဝင်နိုင်တဲ့ anionic polysaccharide ကို ပေါင်းစပ်ထားတယ်လို့ သိရပါတယ်။

ဗိုင်းရပ်စ်ကို ဆဲလ်နဲ့အတူ အပေါက်ဝမှာပဲ ချုပ်မိစေဖို့ သူတို့က အတူတကွလုပ်ဆောင်ပြီး ဗိုင်းရပ်စ်ကို

ဆဲလ်တစ်ခုနဲ့ဖုံးအုပ်လိုက်တာကြောင့် လွတ်သွားတာ သို့မဟုတ် မှုတ်ထုတ်လိုက်တာမျိုး မဖြစ်စေတော့ပါဘူးလို့ သိရပါတယ်။

zawgyi

ကိုဗစ္ ကို (၂) ရက္တာအခ်ိန္အထိ ကာကြယ္ေပးႏိုင္စြမ္းရွိတဲ့ ႏွာေခါင္းျဖန္းေဆးတစ္မ်ိဳးကို

လာမယ့္ေႏြရာသီမွာ အဂၤလန္ႏိုင္ငံက ေဆးဆိုင္ေတြမွာ ေရာင္းခ်လာႏိုင္တယ္လို႔ သိရပါတယ္။

ဒီႏွာေခါင္းျဖန္းေဆးမွာေတာ့ အသိအမွတ္ျပဳၿပီးသား ပါဝင္ပစၥည္းေတြကိုပဲ ထည့္သြင္းအသုံးျပဳထားတာေၾကာင့္

ခြင့္ျပဳခ်က္ေတာင္းခံစရာလိုမွာမဟုတ္ဘူးလို႔လည္း သိရပါတယ္။

အဂၤလန္ႏိုင္ငံ ဘာမင္ဂမ္တကၠသိုလ္က သိပၸံပညာရွင္ေတြဟာ ၿပီးခဲ့တဲ့ ဧၿပီလကတည္းက ႏွာေခါင္းျဖန္းေဆးကို

ေ႐ြးခ်ယ္စရာတစ္ခုအျဖစ္ ျပဳလုပ္ႏိုင္ဖို႔ ေလ့လာခဲ့ၾကတယ္လို႔ ဆိုပါတယ္။ တကယ္လို႔သာ ကာကြယ္ႏိုင္စြမ္းရွိၿပီဆိုရင္ေတာ့

social distancing ကိုဗစ္စည္းမ်ဥ္းကို ေက်ာ္လႊားေျဖရွင္းႏိုင္ေတာ့မွာလည္း ျဖစ္ပါတယ္။

ေလ့လာခဲ့တဲ့အဖြဲ႕ဟာ ေစ်းဆိုင္ေတြ၊ ေဆးဝါးကုမၸဏီေတြနဲ႔ ညႇိႏႈိင္းေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ၿပီးၿပီလို႔သိရကာ

အေျမာက္အမ်ား ထုတ္လုပ္ဖို႔အတြက္နဲ႔ ျဖန႔္ျဖဴးေရးအတြက္ကို အေလးအနက္ထားေဆြးေႏြးခဲ့ၾကတယ္လို႔ ဆိုပါတယ္။

Sunday Telegraph ကို ေျပာဆိုခဲ့မႈအရဆိုရင္ေတာ့ ကိုဗစ္ကို ကာကြယ္ႏိုင္ဖို႔အတြက္ တစ္ရက္ကို (၄) ႀကိမ္အထိ

အသုံးျပဳႏိုင္မယ္လို႔ သိရပါတယ္။ လူဦးေရထူထပ္တဲ့ေနရာေတြမွာ ေရာက္ရွိေနမယ္ဆိုရင္ေတာ့ မိနစ္ ၂၀ မွာ

တစ္ႀကိမ္ အသုံးျပဳႏိုင္မယ္လို႔လည္း ဆိုပါတယ္။ ဓါတ္ခြဲခန္းစမ္းသပ္မႈအရေတာ့

တခါျဖန္းရင္ ၄၈ နာရီ (၂ ရက္) အထိ ကာကြယ္ႏိုင္တယ္လို႔ ဆိုပါတယ္။

“ဒါက ေက်ာင္းေတြမွာလည္း ကူညီေပးႏိုင္မယ္လို႔ ကြၽန္ေတာ္တို႔ထင္ပါတယ္၊ ႏွာေခါင္းျဖန္းေဆးရဲ႕

အားသာခ်က္တစ္ခုကေတာ့ ကေလးငယ္ေတြအတြက္ ေဖာ္ျမဴလာျပန္ၿပီးထုတ္ဖို႔ မလိုအပ္တာပါ၊ ဒါက

ကေလးေတြကလည္း လူႀကီးေတြလိုပဲ အသုံးျပဳႏိုင္တယ္ဆိုတဲ့ သေဘာပါပဲ၊ ၿပီးေတာ့ ေက်ာင္းေတြျပန္ဖြင့္လာႏိုင္ပါလိမ့္မယ္”

လို႔ ဦးေဆာင္သူတစ္ဦးျဖစ္တဲ့ ေဒါက္တာ Richard Moakes က ေျပာပါတယ္။

“ဒီေဖာ္ျမဴလာက အက်ိဳးသက္ေရာက္ႏိုင္မယ္လို႔ ကြၽန္ေတာ္ကေတာ့ ယုံၾကည္တယ္၊ ကြၽန္ေတာ္တို႔ရဲ႕ ရည္မွန္းခ်က္က

အျမန္ဆုံးအက်ိဳးသက္ေရာက္ႏိုင္ေစဖို႔ပါ၊ ေႏြရာသီမွာ ဒါအမွန္တကယ္ျဖစ္လာမွာကိုလည္း ျမင္ေတြ႕ခ်င္ပါတယ္”

လို႔ ေဒါက္တာ Richard Moakes ထပ္ေျပာခဲ့ပါတယ္။

ႏွာေခါင္းျဖန္းေဆးရည္ကို carrageenan လို႔ ေခၚတဲ့ ဗိုင္းရပ္စ္ပိုးခံေဆးနဲ႔ gellan လို႔ ေခၚတဲ့

ဘက္တီးရီးယားမွ ထုတ္လုပ္ထားၿပီး ေရမွာေပ်ာ္ဝင္ႏိုင္တဲ့ anionic polysaccharide ကို ေပါင္းစပ္ထားတယ္လို႔ သိရပါတယ္။

ဗိုင္းရပ္စ္ကို ဆဲလ္နဲ႔အတူ အေပါက္ဝမွာပဲ ခ်ဳပ္မိေစဖို႔ သူတို႔က အတူတကြလုပ္ေဆာင္ၿပီး ဗိုင္းရပ္စ္ကို

ဆဲလ္တစ္ခုနဲ႔ဖုံးအုပ္လိုက္တာေၾကာင့္ လြတ္သြားတာ သို႔မဟုတ္ မႈတ္ထုတ္လိုက္တာမ်ိဳး မျဖစ္ေစေတာ့ပါဘူးလို႔ သိရပါတယ္။