News

ယခုနှစ် တောင်သူနဲ့ ကြက်သွန်နီ (ဒီလို အခြေနေမျိုး နောက်များ မကြုံပါရစေနဲ့ဗျာ)

ယခုနှစ် တောင်သူနဲ့ ကြက်သွန်နီ.. ဒီလို အခြေနေမျိုး နောက်များ မကြုံပါရစေနဲ့ဗျာ..

တောင်သူအများစုမှာ လက်ရှိ မိုးကြက်သွန်နီ ဈေးကွက်အခြေနေအရ အရင်းနှီးမြုတ်နှံထားတဲ့

စရိတ်ပြန်ရဖို့ထက် နှုတ်ဖြတ်ပြီး မြို့တတ်ရောင်းပြန်ရင်လည်း နူတ်ခ ၊ ဖြတ်ခ အလုပ်သမားခပင်

ပြန်မရတော့တာကြောင့် သီးညှပ်မရှိတဲ့ စိုက်ခင်းအချို့တွေကို ရေစကြိုမြို့နယ် တောင်ပိုင်းမှာ ရှိတယ့်

ဗလဗ အုပ်စုအတွင်းရှိ ကျေးရွာမှ တောင်သူတစ်ဦး ကြက်သွန်တူးဖော်ရင်းတန်းလန်း

ထွန်စက်ဖြင့် မောင်းပြီး မြေသြဇာလုပ်ပစ်နေတယ့် မြင်ကွင်းပါ ။

မြစ်ရေအခါခါကြီး ရေမြုတ်လို့ စရိတ်က နှစ်ခါကုန် ခုထွက်လာတယ့် ကြက်သွန်နီဈေးက ဘာမှမဟုတ်

တစ်ပိသာ ၁၀၀/၁၄၀/၁၅၀/၂၀၀ တောင်သူများရဲ့ဘဝ ဒီလိုအခြေနေမျိုးနောက်များ မကြုံစေချင်ပါ..

မနှစ်ကရွှေဖြစ်ခဲ့တဲ့ မိုးကြက်သွန်နီ ဒီနှစ်တော့ မြေသြဇာဖြစ်ခဲ့ရပြီ ။

ကျွန်တော်တို့ကုန်သည်တွေအနေနဲ့လည်း နယ်စပ်တင်ပို့မှု အခြေနေမကောင်းတာရယ်

တစ်ခြားအကြောင်းကြောင်းများကြောင့် မည်ကဲ့သို့ လုပ်ဆောင်၍ မရပါ ။

ယခု ပို့စ်အား စိတ်မကောင်းစွာ ရေးသားခြင်းဖြစ်ပါတယ် ။

ကျေးရွာ၊ တောင်သူအမည်အား အကြောင်းအမျိုးမျိုးကြောင့်

ချန်ထားခဲ့ပါတယ်ခင်ဗျ.. ယခုထက်ပိုအသေးစိတ်သိလိုပါက

ယခုထွန်စက်ပိုင်ရှင် ဖုန်း 09789789464 သို့ အသေးစိတ် ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

Ko Sein Lwin

zawgyi

ယခုႏွစ္ ေတာင္သူနဲ႔ ၾကက္သြန္နီ.. ဒီလို အေျခေနမ်ိဳး ေနာက္မ်ား မႀကဳံပါရေစနဲ႔ဗ်ာ..

ေတာင္သူအမ်ားစုမွာ လက္ရွိ မိုးၾကက္သြန္နီ ေဈးကြက္အေျခေနအရ အရင္းႏွီးျမဳတ္ႏွံထားတဲ့

စရိတ္ျပန္ရဖို႔ထက္ ႏႈတ္ျဖတ္ၿပီး ၿမိဳ႕တတ္ေရာင္းျပန္ရင္လည္း ႏူတ္ခ ၊ ျဖတ္ခ အလုပ္သမားခပင္

ျပန္မရေတာ့တာေၾကာင့္ သီးညႇပ္မရွိတဲ့ စိုက္ခင္းအခ်ိဳ႕ေတြကို ေရစႀကိဳၿမိဳ႕နယ္ ေတာင္ပိုင္းမွာ ရွိတယ့္

ဗလဗ အုပ္စုအတြင္းရွိ ေက်း႐ြာမွ ေတာင္သူတစ္ဦး ၾကက္သြန္တူးေဖာ္ရင္းတန္းလန္း

ထြန္စက္ျဖင့္ ေမာင္းၿပီး ေျမၾသဇာလုပ္ပစ္ေနတယ့္ ျမင္ကြင္းပါ ။

ျမစ္ေရအခါခါႀကီး ေရျမဳတ္လို႔ စရိတ္က ႏွစ္ခါကုန္ ခုထြက္လာတယ့္ ၾကက္သြန္နီေဈးက ဘာမွမဟုတ္

တစ္ပိသာ ၁၀၀/၁၄၀/၁၅၀/၂၀၀ ေတာင္သူမ်ားရဲ႕ဘဝ ဒီလိုအေျခေနမ်ိဳးေနာက္မ်ား မႀကဳံေစခ်င္ပါ..

မႏွစ္ကေ႐ႊျဖစ္ခဲ့တဲ့ မိုးၾကက္သြန္နီ ဒီႏွစ္ေတာ့ ေျမၾသဇာျဖစ္ခဲ့ရၿပီ ။

ကြၽန္ေတာ္တို႔ကုန္သည္ေတြအေနနဲ႔လည္း နယ္စပ္တင္ပို႔မႈ အေျခေနမေကာင္းတာရယ္

တစ္ျခားအေၾကာင္းေၾကာင္းမ်ားေၾကာင့္ မည္ကဲ့သို႔ လုပ္ေဆာင္၍ မရပါ ။

ယခု ပို႔စ္အား စိတ္မေကာင္းစြာ ေရးသားျခင္းျဖစ္ပါတယ္ ။

ေက်း႐ြာ၊ ေတာင္သူအမည္အား အေၾကာင္းအမ်ိဳးမ်ိဳးေၾကာင့္

ခ်န္ထားခဲ့ပါတယ္ခင္ဗ်.. ယခုထက္ပိုအေသးစိတ္သိလိုပါက

ယခုထြန္စက္ပိုင္ရွင္ ဖုန္း 09789789464 သို႔ အေသးစိတ္ ဆက္သြယ္ေမးျမန္းႏိုင္ပါတယ္။

Ko Sein Lwin