News

ဝယ်စားမယ့်သူ မရှိတဲ့ ဆိုင်လေးကို နေ့ချင်းညချင်း ရောင်းကောင်းအောင်လုပ်ပေးလိုက်တဲ့ စေတနာရှင်မလေး

ဝယ်စားမယ့်သူ မရှိတဲ့ ဆိုင်လေးကို နေ့ချင်းညချင်း ရောင်းကောင်းအောင်လုပ်ပေးလိုက်တဲ့ စေတနာရှင်မလေး

ကျွန်မ က ညည့်နက်တဲ့ အထိ အလုပ် လုပ်ရသူဖြစ်လေတော့ ည ၉ နာရီ ၁၀နာရီဆို အလုပ် လုပ်တာ

ခဏနားပြီး ဝရံတာကနေ အမြဲ ရွှေတိဂုံ ဘုရားဖူးရင် ပတ်ဝန်းကျင်ကို ကြည့်လေ့ရှိတယ်။

ခုနေတဲ့နေရာ က နေရာသစ်ဆိုတော့ ပတ်ဝန်းကျင်ကို ကြည့်မိတိုင်း ကျွန်မ မြင်ကွင်းထဲအမြဲရောက်လာတာ

အပေါ်ကနေ လှမ်းကြည့်ရင် စားမဲ့သူ မရှိတဲ့ ဆိုင်လေးရယ်၊ ထိုဆိုင်ပိုင်ရှင်

လင်မယား ရဲ့ စာလုပ်နေတဲ့ ကလေးလေးရယ် ကျွန်မ တွေ့ရတယ်။

သွေးမတော် သားမစပ် ပေမဲ့ မီးမှိန်မှိန်အောက်က စျေးမရောင်းရတဲ့ မြင်တွေ့ရတဲ့မြင်ကွင်း ကျွန်မ ရင်ကို ထိစေတယ်။

ဆိုင်လေးက တအားစုတ်နေတော့ စားမဲ့သူနည်းတာထင်ပါရဲ့။ ငါဘာလုပ်ပေးရမလည်းဆိုတဲ့ အတွေးနဲ့အတူ နောက်နေ့

သူတို့ ဆိုင်ထွက်ချိန် ၅နာရီခွဲလောက်မှာ ဘာမှ မပြောပဲ ကျွန်မ ကြာဇံကြော်မှာစားတယ်။ ကျွန်မ အရသာကို

မြည်းကြည့်တာ။ ဒါမျိူးအရသာ ဆိုင်ကြီးတွေမှာဆို ၃/၄ထောင် အရသာ။

လှည်းစုတ်လေးကိုလာစားတဲ့ ကျွန်မကို သူတို့ပြာပြာသလဲပေါ့။ စားပြီးမှ ကျွန်မရည်ရွယ်ချက်ကို ပြောမိတယ်။ ပထမတော့

လှည်းလေးကို ပြန်ပြင်ဖို့ကြိုးစားပေမဲ့ အရမ်းစုတ်ချာတဲ့လှည်းလေး ပြင်မရတော့ဘူးလေ။ နောက်တနေ့

အသံတုန်တုန် အားနာစွာနဲ့ ဖုန်းဆက်လာတယ်။ ပြင်မရတော့ဘူး အမရယ်တဲ့။

ကျွန်မ ငွေမချမ်းသာပေမဲ့ မေတ္တာချမ်းသာတဲ့သူ ပြင်မရ အသစ်သာလုပ်ခိုင်းလိုက်ဆိုပြီး လှည်းသစ်လေး ထပ်လုပ်တယ်။

၂ သိန်းငါးသောင်း ကုန်ကျတယ်။ ဆိုင်လေးကသပ်ရပ်သွားပြီဆိုတော့ လိုတာလေးတွေ မီးလင်းဖို့ မီးချောင်း၊

ဓာတ်ဘူး၊ ဗီနိုင်းလေးတွေ ထုတ်ဖို့ ကျွန်မ ၃ သောင်းထပ်ပေးတာ

ခုတော့ကြည့်ဦး သူတို့ ဆိုင်လေး သန့်သွားပြီ။ ကျွန်မ သတိရတိုင်း ထကြည့်ရင် လူတွေ လာလာဝယ်နေကျတာ

စားနေကျတာတွေ့ရပြီ။ ကျွန်မရဲ့ပီတိ ဝမ်းသာလွန်းလို့ ငိုမဲ့မျက်ဝန်းတွေနဲ့ ကျေးဇူးတင်နေတဲ့သူတို့ကို ကျွန်မ ပြောခဲ့လေးက

အမ ကိုကျေးဇူးမတင်ပါနဲ့ ဆိုတာရယ်။ ကျေးဇူးတင်လို့ ဝမ်းသာရင် အလုပ်တွေကြိုးစားဆိုတာရယ်။ အမ ပျော်ရွှင်မှုဟာ

ညည်းတို့မိသားစု ပြေလည်သထက် ပြေလည်ဖို့ဆိုတာရယ် မှာခဲ့မိတယ်။

ညည်းအမျိုးသား အရက်မသောက် ပေါက်ကရမလုပ်ပဲ မိသားစုလေး စုစည်းရပ်တည်တဲ့ အကျိုးဖြစ်တယ်ဆိုတာလည်း

ကျွန်မပြောခဲ့တယ်။ ဟုတ်တယ်လေ ကျွန်မ အရမ်းပင်ပန်းပြီး မချမ်းသာပဲမျှဝေတာ အရက်သမား အရက်သောက်ဖို့ဆို

ခုလိုလုပ်ပေးဖို့ မပြောနဲ့ တကျပ်တောင်ကျွန်မ မပေးဘူး။ လာအကူအညီတောင်းလည်း အပြတ်ပြောမှာ ကျွန်မ လမ်းကူးပြီး

ကျောခိုင်းတော့ အကို ရေ ညမရေ နဲ့ စျေးရောင်းကောင်းပြီး ဆည်းလည်းသံလေးတွေဝေဆာနေလေရဲ့

ပျော်လိုက်ရတဲ့ ပျော်ရွှင်မှုလေးမျှဝေရင်း သူတို့ရဲ့ ဘဝသစ်လေးရောင်းကောင်းအောင် အားပေးပါဦး။

ရှဲ ပေးရင်သူတို့ပိုရောင်းရမှာ ကြည့်မြင်တိုင် အထက်လမ်း စလင်းကွင်းမှတ်တိုင်နဲ့ နတ်စင်လမ်းကြား

က လမ်းဘေးဆိုင်လေးပါ။ အထူးအော်ဒါလက်ခံပါတယ်။

၂၈ ရက်နေ့ စာသင်သား သံဃာတွေ အတွက်ဆွမ်းကပ်ဖို့ ပွဲ-၃၀ ကျွန်မအော်ဒါမှာထားတယ်။ ၄၅၀၀၀

ကျပ်နဲ့ဆွမ်းကပ်ခွင့်လည်းရပါပြီ။ Fairy လေးကိုအားပေးတဲ့သူတွေကြောင့် ကျွန်မ လုပ်ပေးနိုင်တာပါ။

ကုသိုလ်ထပ်တူရပါစေ။ ပုံလေးတွေ တပုံချင်းကြည့်ပေးနော်။ နောက်ဆုံးမှာ မီနူးလေးပါ တယ်။ မိုးချုပ်နေတော့

ပုံလေးတွေသိပ်မပေါ်ပေမဲ့ နောက်နေ့ ကျွန်မ လှလှလေးထပ်ရိုက်ပေးဦးမယ်။

ဘဝသစ် စားဖွယ်စုံ .. 09791979556 အော်ဒါမှာလို့ရပါတယ်

မေတ္တာများဖြင့်ကမ္ဘာကြီးလှပပါစေ..

Shwe Thae Wah

zawgyi

ဝယ္စားမယ့္သူ မရွိတဲ့ ဆိုင္ေလးကို ေန႔ခ်င္းညခ်င္း ေရာင္းေကာင္းေအာင္လုပ္ေပးလိုက္တဲ့ ေစတနာရွင္မေလး

ကြၽန္မ က ညည့္နက္တဲ့ အထိ အလုပ္ လုပ္ရသူျဖစ္ေလေတာ့ ည ၉ နာရီ ၁၀နာရီဆို အလုပ္ လုပ္တာ

ခဏနားၿပီး ဝရံတာကေန အၿမဲ ေ႐ႊတိဂုံ ဘုရားဖူးရင္ ပတ္ဝန္းက်င္ကို ၾကည့္ေလ့ရွိတယ္။

ခုေနတဲ့ေနရာ က ေနရာသစ္ဆိုေတာ့ ပတ္ဝန္းက်င္ကို ၾကည့္မိတိုင္း ကြၽန္မ ျမင္ကြင္းထဲအၿမဲေရာက္လာတာ

အေပၚကေန လွမ္းၾကည့္ရင္ စားမဲ့သူ မရွိတဲ့ ဆိုင္ေလးရယ္၊ ထိုဆိုင္ပိုင္ရွင္

လင္မယား ရဲ႕ စာလုပ္ေနတဲ့ ကေလးေလးရယ္ ကြၽန္မ ေတြ႕ရတယ္။

ေသြးမေတာ္ သားမစပ္ ေပမဲ့ မီးမွိန္မွိန္ေအာက္က ေစ်းမေရာင္းရတဲ့ ျမင္ေတြ႕ရတဲ့ျမင္ကြင္း ကြၽန္မ ရင္ကို ထိေစတယ္။

ဆိုင္ေလးက တအားစုတ္ေနေတာ့ စားမဲ့သူနည္းတာထင္ပါရဲ႕။ ငါဘာလုပ္ေပးရမလည္းဆိုတဲ့ အေတြးနဲ႔အတူ ေနာက္ေန႔

သူတို႔ ဆိုင္ထြက္ခ်ိန္ ၅နာရီခြဲေလာက္မွာ ဘာမွ မေျပာပဲ ကြၽန္မ ၾကာဇံေၾကာ္မွာစားတယ္။ ကြၽန္မ အရသာကို

ျမည္းၾကည့္တာ။ ဒါမ်ိဴးအရသာ ဆိုင္ႀကီးေတြမွာဆို ၃/၄ေထာင္ အရသာ။

လွည္းစုတ္ေလးကိုလာစားတဲ့ ကြၽန္မကို သူတို႔ျပာျပာသလဲေပါ့။ စားၿပီးမွ ကြၽန္မရည္႐ြယ္ခ်က္ကို ေျပာမိတယ္။ ပထမေတာ့

လွည္းေလးကို ျပန္ျပင္ဖို႔ႀကိဳးစားေပမဲ့ အရမ္းစုတ္ခ်ာတဲ့လွည္းေလး ျပင္မရေတာ့ဘူးေလ။ ေနာက္တေန႔

အသံတုန္တုန္ အားနာစြာနဲ႔ ဖုန္းဆက္လာတယ္။ ျပင္မရေတာ့ဘူး အမရယ္တဲ့။

ကြၽန္မ ေငြမခ်မ္းသာေပမဲ့ ေမတၱာခ်မ္းသာတဲ့သူ ျပင္မရ အသစ္သာလုပ္ခိုင္းလိုက္ဆိုၿပီး လွည္းသစ္ေလး ထပ္လုပ္တယ္။

၂ သိန္းငါးေသာင္း ကုန္က်တယ္။ ဆိုင္ေလးကသပ္ရပ္သြားၿပီဆိုေတာ့ လိုတာေလးေတြ မီးလင္းဖို႔ မီးေခ်ာင္း၊

ဓာတ္ဘူး၊ ဗီႏိုင္းေလးေတြ ထုတ္ဖို႔ ကြၽန္မ ၃ ေသာင္းထပ္ေပးတာ

ခုေတာ့ၾကည့္ဦး သူတို႔ ဆိုင္ေလး သန္႔သြားၿပီ။ ကြၽန္မ သတိရတိုင္း ထၾကည့္ရင္ လူေတြ လာလာဝယ္ေနက်တာ

စားေနက်တာေတြ႕ရၿပီ။ ကြၽန္မရဲ႕ပီတိ ဝမ္းသာလြန္းလို႔ ငိုမဲ့မ်က္ဝန္းေတြနဲ႔ ေက်းဇူးတင္ေနတဲ့သူတို႔ကို ကြၽန္မ ေျပာခဲ့ေလးက

အမ ကိုေက်းဇူးမတင္ပါနဲ႔ ဆိုတာရယ္။ ေက်းဇူးတင္လို႔ ဝမ္းသာရင္ အလုပ္ေတြႀကိဳးစားဆိုတာရယ္။ အမ ေပ်ာ္႐ႊင္မႈဟာ

ညည္းတို႔မိသားစု ေျပလည္သထက္ ေျပလည္ဖို႔ဆိုတာရယ္ မွာခဲ့မိတယ္။

ညည္းအမ်ိဳးသား အရက္မေသာက္ ေပါက္ကရမလုပ္ပဲ မိသားစုေလး စုစည္းရပ္တည္တဲ့ အက်ိဳးျဖစ္တယ္ဆိုတာလည္း

ကြၽန္မေျပာခဲ့တယ္။ ဟုတ္တယ္ေလ ကြၽန္မ အရမ္းပင္ပန္းၿပီး မခ်မ္းသာပဲမွ်ေဝတာ အရက္သမား အရက္ေသာက္ဖို႔ဆို

ခုလိုလုပ္ေပးဖို႔ မေျပာနဲ႔ တက်ပ္ေတာင္ကြၽန္မ မေပးဘူး။ လာအကူအညီေတာင္းလည္း အျပတ္ေျပာမွာ ကြၽန္မ လမ္းကူးၿပီး

ေက်ာခိုင္းေတာ့ အကို ေရ ညမေရ နဲ႔ ေစ်းေရာင္းေကာင္းၿပီး ဆည္းလည္းသံေလးေတြေဝဆာေနေလရဲ႕

ေပ်ာ္လိုက္ရတဲ့ ေပ်ာ္႐ႊင္မႈေလးမွ်ေဝရင္း သူတို႔ရဲ႕ ဘဝသစ္ေလးေရာင္းေကာင္းေအာင္ အားေပးပါဦး။

ရွဲ ေပးရင္သူတို႔ပိုေရာင္းရမွာ ၾကည့္ျမင္တိုင္ အထက္လမ္း စလင္းကြင္းမွတ္တိုင္နဲ႔ နတ္စင္လမ္းၾကား

က လမ္းေဘးဆိုင္ေလးပါ။ အထူးေအာ္ဒါလက္ခံပါတယ္။

၂၈ ရက္ေန႔ စာသင္သား သံဃာေတြ အတြက္ဆြမ္းကပ္ဖို႔ ပြဲ-၃၀ ကြၽန္မေအာ္ဒါမွာထားတယ္။ ၄၅၀၀၀

က်ပ္နဲ႔ဆြမ္းကပ္ခြင့္လည္းရပါၿပီ။ Fairy ေလးကိုအားေပးတဲ့သူေတြေၾကာင့္ ကြၽန္မ လုပ္ေပးႏိုင္တာပါ။

ကုသိုလ္ထပ္တူရပါေစ။ ပုံေလးေတြ တပုံခ်င္းၾကည့္ေပးေနာ္။ ေနာက္ဆုံးမွာ မီႏူးေလးပါ တယ္။ မိုးခ်ဳပ္ေနေတာ့

ပုံေလးေတြသိပ္မေပၚေပမဲ့ ေနာက္ေန႔ ကြၽန္မ လွလွေလးထပ္႐ိုက္ေပးဦးမယ္။

ဘဝသစ္ စားဖြယ္စုံ .. 09791979556 ေအာ္ဒါမွာလို႔ရပါတယ္

ေမတၱာမ်ားျဖင့္ကမာၻႀကီးလွပပါေစ..

Shwe Thae Wah