News

ယနေ့ ရန်ကုန် (၂၃) မြို့နယ် နာရီနဲ့ ချီ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်

မနက်ဖြန်တွင် ရန်ကုန် (၂၃) မြို့နယ် နာရီနဲ့ ချီ၍ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်များတွင် (၆၆)ကေဗွီ၊ (၃၃)ကေဗွီ ဓာတ်အားခွဲရုံများ ၊

Distribution Transformer များ ထိန်းသိမ်းပြုပြင်ခြင်းလုပ်ငန်းများ၊

ရေရှည်ဓာတ်အားတည်ငြိမ် ပြည့်ဝစွာ ပေးနိုင်ရေးအတွက်

ဟောင်းနွမ်း၍ ဝန်အားမနိုင်တော့သော (၁၁)ကေဗွီ ဓာတ်အားလိုင်းကြိုးများအား ကြိုးအသစ်များဖြင့်

လဲလှယ်ခြင်းလုပ်ငန်းများနှင့် ဓာတ်အားပြတ်တောက်မှု လျော့နည်း ကျဆင်းစေရေးအတွက် သစ်ပင်သစ်ကိုင်းများ

ခုတ်ထွင် ရှင်းလင်းခြင်း လုပ်ငန်းများကို (၂၆-၁-၂၀၂၁) ရက်နေ့ အင်္ဂါ နေ့တွင် (၀၉:၀၀)

နာရီ မှ (၁၂:၀၀)နာရီ အချိန်အထိ ဆောင်ရွက်သွားမည်ဖြစ်ဟု သိရှိရသည်။

ထိုသို့ ဆောင်ရွက်နေစဥ်တွင် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ  သင်္ဃန်းကျွန်း ဒဂုံမြို့သစ် (တောင်ပိုင်း)

တောင်ဥက္ကလာပ သာကေတ ရန်ကင်း  ဒဂုံမြို့သစ် (မြောက်ပိုင်း) ဒေါပုံ ဗိုလ်တထောင် ဒဂုံဆိပ်ကမ်း 

ဗဟန်း  မရမ်းကုန်း  ကွမ်းခြံကုန်း  ကျောက်တန်း တံတား  ကော့မှူး သန်လျင်  မင်္ဂလာဒုံ  အင်းစိန် 

လှိုင်သာယာ (အနောက်) ရွှေပြည်သာ  ထန်းတပင်  ထောက်ကြန့်  မှော်ဘီ မြို့နယ်များရှိ

ရပ်ကွက်အချို့များတွင် ယာယီဓာတ်အား ပြတ်တောက်မှုဖြစ်ပေါ်မည် ဖြစ်ပါတယ်။

ထိုသို့ဆောင်ရွက်ရခြင်းသည် ဓာတ်အားပြတ်တောက်မှု လျော့နည်းစေရန် ဆောင်ရွက်ခြင်း ဖြစ်သောကြောင့်

နားလည်ခွင့်လွတ်ပေးပါရန် ရန်ကုန်လျှပ်စစ်ဓာတ်အား ကော်ပိုရေးရှင်းမှ သတင်းထုတ်ပြန်ထားပါတယ်။

zawgyi














