News

ရန်ကုန်က မီးပွိုင့်တွေမှာ စျေးရောင်းနေသူတွေနဲ့ တောင်းရမ်းသူတွေကို စည်ပင် စရှင်းပြီ

ရန်ကုန်က မီးပွိုင့်တွေမှာ စျေးရောင်းနေသူတွေနဲ့ တောင်းရမ်းသူတွေကို စည်ပင် စရှင်းပြီ

ရန်ကုန်မြို့တွင်းရှိ လမ်းဆုံ၊လမ်းခွ၊မီးပွိုင့်များအနီး စျေးရောင်းနေသူများကို ယနေ့မှစ၍

ရှင်းလင်းနေပြီဟု စည်ပင်သာယာရဲတပ်ဖွဲ့(ရန်ကုန်)က ပြောပါတယ်။

ရန်ကုန်မြို့တွင်းရှိ လမ်းဆုံ ၊ လမ်းခွ ၊ မီးပွိုင့်လမ်းမများ၌ မီးပွိုင့်မိ၍ ခေတ္တရပ်နားစဉ် ပန်း ၊ ကွမ်းယာ ၊

ဆေးလိပ် ၊ ရေသန့်များအား ရောင်းချနေသော ကလေးငယ်များနှင့် စျေးသည်များကို အဖွဲ့(၇)ဖွဲ့ခွဲပြီး

ပူးပေါင်းအဖွဲ့များဖြင့် ရှင်းလင်းဆောင်ရွက်ရခြင်းက ယာဉ်အန္တရာယ် ၊

လမ်းအန္တရာယ်စိုးရိမ်ရသည့်အတွက်ကြောင့် ဖြစ်သည်ဟု ရဲတပ်ဖွဲ့ကဆိုပါတယ်။

လမ်းဆုံ ၊ လမ်းခွ ၊ မီးပွိုင့်လမ်းရှိ စျေးသည်အချို့ က ၄င်းတို့၏ ပစ္စည်းဝယ်ရန် ဇွတ်အတင်းရောင်းချခြင်း၊

အချို့သော ကလေးများက ငွေကြေးတောင်းခံခြင်းများလည်း ရှိနေကြသည်ဟု ရဲကပြောပါတယ်။

ကလေးအချို့သည် ပိုက်ဆံမပေးပါက ကားကို ခြစ်ပစ်ခြင်း၊ ကားမှန်များကို ထုခေါက်ခြင်း၊ ကားကိုယ်ထည်ကို

ရေသန့်ဘူးများဖြင့် ထုရိုက်ခြင်း စသည့် ကြမ်းတမ်းသော အပြုအမူများကို ပြုလုပ်လေ့ ရှိကြောင်း သိရပါတယ်

zawgyi

ရန်ကုန်က မီးပွိုင့်တွေမှာ ဈေးရောင်းနေသူတွေနဲ့ တောင်းရမ်းသူတွေကို စည်ပင် စရှင်းပြီ

ရန်ကုန်မြို့တွင်းရှိ လမ်းဆုံ၊လမ်းခွ၊မီးပွိုင့်များအနီး ဈေးရောင်းနေသူများကို ယနေ့မှစ၍



ဆေးလိပ် ၊ ရေသန့်များအား ရောင်းချနေသော ကလေးငယ်များနှင့် ဈေးသည်များကို အဖွဲ့(၇)ဖွဲ့ခွဲပြီး



လမ်းဆုံ ၊ လမ်းခွ ၊ မီးပွိုင့်လမ်းရှိ ဈေးသည်အချို့ က ၄င်းတို့၏ ပစ္စည်းဝယ်ရန် ဇွတ်အတင်းရောင်းချခြင်း၊


