News

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ စီမံခန့်ခွဲမှု နှင့် Q ဝင်ရသူတွေ ကြုံတွေ့နေရတဲ့ အဖြစ်

နေပြည်တော် စည်ပင်ဧည့်ရိပ်သာ စီမံခန့်ခွဲမှု နှင့် Q ဝင်ရသူတွေ ကြုံတွေ့နေရတဲ့ အဖြစ်..

တတိယအကြိမ် ပြည်ထောင်စု လွှတ်တော်တွေရဲ့ ပထမပုံမှန်အစည်းအဝေး တနည်းအားဖြင့် ၂၀၂၀ ရွေးကောက်ပွဲရဲ့

ပထမဆုံးလွှတ်တော်တက်ရက်ကို ကျွန်တော်တို့ သတင်းယူဖို့ မနေ့က ရန်ကုန်ကနေ နံနက် ၅ နာရီကတည်းက

ထွက်လာကြပြီး ၁၀ နာရီလောက်မှာ နေပြည်တော်ကို ရောက်ကြပါတယ်။

နေပြည်တော်အဝင် စစ်ဆေးရေးဂိတ်မှာ ပါလာတဲ့ပစ္စည်းတွေ ချ၊ လိုအပ်တာတွေအစစ်ခံပြီး စည်ပင်ဧည့်ရိပ်သာဆီ

သူတို့ကားနဲ့ပို့ဖို့ လူပြည့်အောင် တစ်နာရီလောက် ထိုင်စောင့်ရပါတယ်။ ကားထွက်တော့ တစ်ယောက် နှစ်ထောင် ကားခတောင်းပါတယ်။

တကယ်တော့ ဒီခရီးကို ပြန်ကြားရေးက စီစဉ်တာပါ။ ကောင်စီကတဆင့် ထုတ်ပြန်တဲ့အထဲ သူတို့အားလုံးအဆင်ပြေအောင်

စီစဉ်ပေးမယ့်ပုံထင်လို့ ကားတောင်ယူမလာဘဲ ကားငှါးလာခဲ့ပါတယ်။ လက်တွေ့မှာတော့ တာဝန်ခံမယ့်သူမရှိတဲ့ အခြေအနေဖြစ်လာခဲ့ပါတယ်။

နေပြည်တော်စည်ပင် ကွာရန်တင်းကွပ်ကဲမှု တာဝန်ခံ ဆရာဝန်တစ်ယောက်နဲ့ စပြီး စကားတွေပြောရပါတော့တယ်။

တစ်မိုင်လောက်ရှိတဲ့ နောက်ဆုံးအဆောင် ၈၈၊ ၈၉ မှာ သတင်းမီဒီယာတွေကို နေရာချထားတယ်။ အလုပ်တွေလုပ်ဖို့

ရန်ကုန်ကသယ်လာတဲ့ PC တွေ၊ ကင်မရာတွေ ပုံးလိုက် သုံးခေါက်လောက် ထမ်းသယ်ရတော့တယ်။ တခြားသူတွေလည်း

ဒီလိုပဲ ကွာရန်တင်းဝင်သူတွေ အဆင်ပြေ မပြေ ဘယ်သူမှမကြည့်ပါ။

စည်ပင်မှာမဝင်ချင်လို့ ရန်ကုန်ကတည်းက ပြန်ကြားရေးက ညွှန်မှူးကို ဟိုတယ်ပဲဝင်လိုကြောင်းပြောပေမယ့်

ဆေးစစ်မယ့်သူတွေ အဆင်ပြေစေဖို့ ဟိုတယ်ပေးဖို့ အဆင်မပြေဘူးပြောလို့ လာခဲ့ရသူတွေပါ။ အထုပ်အပိုးတွေသယ်ပြီး

အခန်းစဝင်တော့ စိတ်ပျက်စရာတွေစကြုံရပါတော့တယ်။ အရှေ့ကနေသွားသူတွေရဲ့ စောင်ခေါင်းအုံးတွေ တိုးလိုတန်းလန်း၊

ရေချိုးခန်း ရေပန်းခေါင်းမရှိ၊ ရေတွေ တုတ်ချောင်းတွေနဲ့ပိတ်နေတဲ့ ဘေစင်၊ ဖွင့်မရတဲ့မီးတွေ.

. အနီးအနားက စည်ပင်ဝန်ထမ်းတစ်ယောက်ကို ဘယ်ကိုပြောရမလဲဆိုတော့ တာဝန်ရှိ ကွပ်ကဲရေးကို မေးပါတဲ့။

သွားမေးတော့.. “ဘာဖြစ်တာလဲ ပြော” ဆိုတဲ့ တာဝန်ခံဆရာဝန်ကို သေသေချာချာရှင်းပြရင်း “စောင်တွေက သုံးပြီးသား..”

“ဒါက လုပ်ပေးလို့မရဘူး မင်းတို့မီဒီယာတွေကို အကောင်းဆုံးအခန်းပေးထားတာ” ထပ်ပြောပါသေးတယ်။

စောင်တွေ ယူလာရမှာတဲ့။ အံ့သြလို့မဆုံးသော စီမံခန့်ခွဲမှုတွေပါ။

အခွင့်ထူးခံလူတန်းစားတို့ သတင်းသမားဆိုတာ ပြသနာရှာတဲ့ကောင်တို့ အပြောခံရမှာစိုးလို့ အထင်မလွဲအောင်

ပြောနေရင်း အခြေအနေက တင်းမာလာတော့မှာ သိလာတယ်။ စည်ပင်ကလည်း Q ဘက်က သူတို့နဲ့မဆိုင်တဲ့။

ကွပ်ကဲသူတွေကလည်း သန့်ရှင်းရေးကိစ္စတွေဟာ သူတို့နဲ့မဆိုင်တဲ့ပါဗျာ။ နေပြည်တော်လိုနေရာက

စည်ပင်ကွာရန်တင်းဟာ ဒီလောက်တောင် ညံ့ဖျင်းလှချည်လားပေါ့။

ပြန်ကြားရေးကညွှန်မှူးကို ဟိုတယ်ကိုသာ အမြန်ဆုံးပြောင်းပေးဖို့ ဖုန်းဆက်တော့ တစုတစည်းတည်း ဆေးစစ်ချင်လို့

စည်ပင်ပဲရမယ်ဆိုပြီး ဖျောင်းဖျနေတော့တာပဲ။ နောက်ဆုံး သူ့လူတစ်ယောက်လွှတ်ပေးပါတယ်။ နေဆိုလည်း နေပါတယ်။

ဒါပေမဲ့ အဆင်မပြေတာကို လုပ်ပေးဖို့ဆိုတာ ဝေးလို့.. ဟိုတယ်ကွာရန်တင်းတွေမှာ ပိုးသတ်ဆေးဖြန်းရတာနဲ့

စောင်တွေ လျှော်ရတာ လဲရတာတွေဟာ ဆရာဝန်တွေရှိတဲ့ စည်ပင်လည်းရောက်ရော မလိုတော့ဘူးဆိုတာ သိလိုက်ရတာပဲ။

လူဘယ်နှစ်ယောက်အိပ်သွားမှန်းမသိတဲ့ အခင်း၊ စောင်တွေနဲ့ ဖြတ်သန်းဖို့ တခြားသတင်းသမားတွေပါ

စိတ်ညစ်နေကြတယ်။ ခန်းစီးလိုက်ကာမပါတဲ့အခန်းက အမျိုးသမီးသတင်းထောက်နှစ်ယောက်လည်း

အဆင်မပြေကြ။ ညနေရောက်တော့ အခန်းသော့တွေအကုန်ပေးလိုက်ပြီး အဆင်ပြေတဲ့ အခန်းရှာပြီးနေဖို့

ပြောတော့ အခန်းကိုပြန်လာ တစ်ခန်းဝင်တစ်ခန်းထွက် နေလို့ရမယ့် အခန်းတစ်ခန်းယူ ပစ္စည်းတွေပြောင်း ညနေစောင်းသွားတော့ပါတယ်။

နေပြည်တော်က သတင်းအယ်ဒီတာ မိတ်ဆွေအစ်ကို ကိုသန်းထိုက်အောင်ကို “အစ်ကိုရေ ဘာပြောရမှန်းမသိတော့လို့

ညကျရင် အိပ်စရာစောင်လေးတစ်ထည်၊ နှစ်ယောက်ဆိုတော့ နှစ်ထည်လောက် ဝယ်ပြီး လာပို့ပေးပါဦး” လုပ်ရတော့တယ်။

တစ်မိုင်လောက်ဝေးတဲ့ ဂိတ်ဝကို လမ်းလျှောက် စောင်တွေသွားယူပြီး ညကိုဖြတ်ကျော်လိုက်ပါတယ်။

တစ်ရက်တည်း သုံးကြိမ်မြောက် လမ်းလျှောက်ခြင်းပါ။

ဒါက စည်ပင်ဧည့်ရိပ်သာ (၁) ပါ။ လွှတ်တော်အမတ်တွေတည်းတဲ့ အမှတ် (၂) မှာရော အဲလိုပဲလားဗျ။

အကြောင်းကိုယ်စီနဲ့လာကြတဲ့ ဝန်ထမ်း၊ ပြည်သူတွေလည်း စည်ပင်မှာ မျက်နှာမကောင်းပါ။ ထပ်ပြောဦးမယ်

အခွင့်ထူးခံလူတန်းစားတို့ ပြသနာရှာတဲ့သတင်းထောက်တို့ တစ်ကောင်မှမပါသလို တာဝန်ကိုယ်စီနဲ့ လာတဲ့ကောင်တွေပါ။

အတတ်နိုင်ဆုံး ယဉ်ယဉ်ကျေးကျေးပြောခဲ့သလို ကိုဗစ်ဘေးမှာ တာဝန်အသီးသီးထမ်းဆောင်ကြသူတွေကို လေးစားပြီးသားပါ။

သက်သေအနေနဲ့ စည်ပင်မှာတည်းခဲ့တဲ့ သတင်းထောက်ဆယ်ယောက်ရှိပါတယ်။ လိုလေသေးမရှိ

ကွက်တိစီစဉ်ညွှန်ကြားပေးသည့်အတွက် ဝယ်ထားသော စောင်တစ်ထည်နှင့်အတူ မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။

မှတ်ချက် – ဟိုတယ်ပြောင်းပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးက ဆက်သွယ်လာပါသည်။

Kaung Htet San

zawgyi

ေနျပည္ေတာ္ စည္ပင္ဧည့္ရိပ္သာ စီမံခန႔္ခြဲမႈ ႏွင့္ Q ဝင္ရသူေတြ ႀကဳံေတြ႕ေနရတဲ့ အျဖစ္..

တတိယအႀကိမ္ ျပည္ေထာင္စု လႊတ္ေတာ္ေတြရဲ႕ ပထမပုံမွန္အစည္းအေဝး တနည္းအားျဖင့္ ၂၀၂၀ ေ႐ြးေကာက္ပြဲရဲ႕

ပထမဆုံးလႊတ္ေတာ္တက္ရက္ကို ကြၽန္ေတာ္တို႔ သတင္းယူဖို႔ မေန႔က ရန္ကုန္ကေန နံနက္ ၅ နာရီကတည္းက

ထြက္လာၾကၿပီး ၁၀ နာရီေလာက္မွာ ေနျပည္ေတာ္ကို ေရာက္ၾကပါတယ္။

ေနျပည္ေတာ္အဝင္ စစ္ေဆးေရးဂိတ္မွာ ပါလာတဲ့ပစၥည္းေတြ ခ်၊ လိုအပ္တာေတြအစစ္ခံၿပီး စည္ပင္ဧည့္ရိပ္သာဆီ

သူတို႔ကားနဲ႔ပို႔ဖို႔ လူျပည့္ေအာင္ တစ္နာရီေလာက္ ထိုင္ေစာင့္ရပါတယ္။ ကားထြက္ေတာ့ တစ္ေယာက္ ႏွစ္ေထာင္ ကားခေတာင္းပါတယ္။

တကယ္ေတာ့ ဒီခရီးကို ျပန္ၾကားေရးက စီစဥ္တာပါ။ ေကာင္စီကတဆင့္ ထုတ္ျပန္တဲ့အထဲ သူတို႔အားလုံးအဆင္ေျပေအာင္

စီစဥ္ေပးမယ့္ပုံထင္လို႔ ကားေတာင္ယူမလာဘဲ ကားငွါးလာခဲ့ပါတယ္။ လက္ေတြ႕မွာေတာ့ တာဝန္ခံမယ့္သူမရွိတဲ့ အေျခအေနျဖစ္လာခဲ့ပါတယ္။

ေနျပည္ေတာ္စည္ပင္ ကြာရန္တင္းကြပ္ကဲမႈ တာဝန္ခံ ဆရာဝန္တစ္ေယာက္နဲ႔ စၿပီး စကားေတြေျပာရပါေတာ့တယ္။

တစ္မိုင္ေလာက္ရွိတဲ့ ေနာက္ဆုံးအေဆာင္ ၈၈၊ ၈၉ မွာ သတင္းမီဒီယာေတြကို ေနရာခ်ထားတယ္။ အလုပ္ေတြလုပ္ဖို႔

ရန္ကုန္ကသယ္လာတဲ့ PC ေတြ၊ ကင္မရာေတြ ပုံးလိုက္ သုံးေခါက္ေလာက္ ထမ္းသယ္ရေတာ့တယ္။ တျခားသူေတြလည္း

ဒီလိုပဲ ကြာရန္တင္းဝင္သူေတြ အဆင္ေျပ မေျပ ဘယ္သူမွမၾကည့္ပါ။

စည္ပင္မွာမဝင္ခ်င္လို႔ ရန္ကုန္ကတည္းက ျပန္ၾကားေရးက ၫႊန္မႉးကို ဟိုတယ္ပဲဝင္လိုေၾကာင္းေျပာေပမယ့္

ေဆးစစ္မယ့္သူေတြ အဆင္ေျပေစဖို႔ ဟိုတယ္ေပးဖို႔ အဆင္မေျပဘူးေျပာလို႔ လာခဲ့ရသူေတြပါ။ အထုပ္အပိုးေတြသယ္ၿပီး

အခန္းစဝင္ေတာ့ စိတ္ပ်က္စရာေတြစႀကဳံရပါေတာ့တယ္။ အေရွ႕ကေနသြားသူေတြရဲ႕ ေစာင္ေခါင္းအုံးေတြ တိုးလိုတန္းလန္း၊

ေရခ်ိဳးခန္း ေရပန္းေခါင္းမရွိ၊ ေရေတြ တုတ္ေခ်ာင္းေတြနဲ႔ပိတ္ေနတဲ့ ေဘစင္၊ ဖြင့္မရတဲ့မီးေတြ.

. အနီးအနားက စည္ပင္ဝန္ထမ္းတစ္ေယာက္ကို ဘယ္ကိုေျပာရမလဲဆိုေတာ့ တာဝန္ရွိ ကြပ္ကဲေရးကို ေမးပါတဲ့။

သြားေမးေတာ့.. “ဘာျဖစ္တာလဲ ေျပာ” ဆိုတဲ့ တာဝန္ခံဆရာဝန္ကို ေသေသခ်ာခ်ာရွင္းျပရင္း “ေစာင္ေတြက သုံးၿပီးသား..”

“ဒါက လုပ္ေပးလို႔မရဘူး မင္းတို႔မီဒီယာေတြကို အေကာင္းဆုံးအခန္းေပးထားတာ” ထပ္ေျပာပါေသးတယ္။

ေစာင္ေတြ ယူလာရမွာတဲ့။ အံ့ၾသလို႔မဆုံးေသာ စီမံခန႔္ခြဲမႈေတြပါ။

အခြင့္ထူးခံလူတန္းစားတို႔ သတင္းသမားဆိုတာ ျပသနာရွာတဲ့ေကာင္တို႔ အေျပာခံရမွာစိုးလို႔ အထင္မလြဲေအာင္

ေျပာေနရင္း အေျခအေနက တင္းမာလာေတာ့မွာ သိလာတယ္။ စည္ပင္ကလည္း Q ဘက္က သူတို႔နဲ႔မဆိုင္တဲ့။

ကြပ္ကဲသူေတြကလည္း သန႔္ရွင္းေရးကိစၥေတြဟာ သူတို႔နဲ႔မဆိုင္တဲ့ပါဗ်ာ။ ေနျပည္ေတာ္လိုေနရာက

စည္ပင္ကြာရန္တင္းဟာ ဒီေလာက္ေတာင္ ညံ့ဖ်င္းလွခ်ည္လားေပါ့။

ျပန္ၾကားေရးကၫႊန္မႉးကို ဟိုတယ္ကိုသာ အျမန္ဆုံးေျပာင္းေပးဖို႔ ဖုန္းဆက္ေတာ့ တစုတစည္းတည္း ေဆးစစ္ခ်င္လို႔

စည္ပင္ပဲရမယ္ဆိုၿပီး ေဖ်ာင္းဖ်ေနေတာ့တာပဲ။ ေနာက္ဆုံး သူ႔လူတစ္ေယာက္လႊတ္ေပးပါတယ္။ ေနဆိုလည္း ေနပါတယ္။

ဒါေပမဲ့ အဆင္မေျပတာကို လုပ္ေပးဖို႔ဆိုတာ ေဝးလို႔.. ဟိုတယ္ကြာရန္တင္းေတြမွာ ပိုးသတ္ေဆးျဖန္းရတာနဲ႔

ေစာင္ေတြ ေလွ်ာ္ရတာ လဲရတာေတြဟာ ဆရာဝန္ေတြရွိတဲ့ စည္ပင္လည္းေရာက္ေရာ မလိုေတာ့ဘူးဆိုတာ သိလိုက္ရတာပဲ။

လူဘယ္ႏွစ္ေယာက္အိပ္သြားမွန္းမသိတဲ့ အခင္း၊ ေစာင္ေတြနဲ႔ ျဖတ္သန္းဖို႔ တျခားသတင္းသမားေတြပါ

စိတ္ညစ္ေနၾကတယ္။ ခန္းစီးလိုက္ကာမပါတဲ့အခန္းက အမ်ိဳးသမီးသတင္းေထာက္ႏွစ္ေယာက္လည္း

အဆင္မေျပၾက။ ညေနေရာက္ေတာ့ အခန္းေသာ့ေတြအကုန္ေပးလိုက္ၿပီး အဆင္ေျပတဲ့ အခန္းရွာၿပီးေနဖို႔

ေျပာေတာ့ အခန္းကိုျပန္လာ တစ္ခန္းဝင္တစ္ခန္းထြက္ ေနလို႔ရမယ့္ အခန္းတစ္ခန္းယူ ပစၥည္းေတြေျပာင္း ညေနေစာင္းသြားေတာ့ပါတယ္။

ေနျပည္ေတာ္က သတင္းအယ္ဒီတာ မိတ္ေဆြအစ္ကို ကိုသန္းထိုက္ေအာင္ကို “အစ္ကိုေရ ဘာေျပာရမွန္းမသိေတာ့လို႔

ညက်ရင္ အိပ္စရာေစာင္ေလးတစ္ထည္၊ ႏွစ္ေယာက္ဆိုေတာ့ ႏွစ္ထည္ေလာက္ ဝယ္ၿပီး လာပို႔ေပးပါဦး” လုပ္ရေတာ့တယ္။

တစ္မိုင္ေလာက္ေဝးတဲ့ ဂိတ္ဝကို လမ္းေလွ်ာက္ ေစာင္ေတြသြားယူၿပီး ညကိုျဖတ္ေက်ာ္လိုက္ပါတယ္။

တစ္ရက္တည္း သုံးႀကိမ္ေျမာက္ လမ္းေလွ်ာက္ျခင္းပါ။

ဒါက စည္ပင္ဧည့္ရိပ္သာ (၁) ပါ။ လႊတ္ေတာ္အမတ္ေတြတည္းတဲ့ အမွတ္ (၂) မွာေရာ အဲလိုပဲလားဗ်။

အေၾကာင္းကိုယ္စီနဲ႔လာၾကတဲ့ ဝန္ထမ္း၊ ျပည္သူေတြလည္း စည္ပင္မွာ မ်က္ႏွာမေကာင္းပါ။ ထပ္ေျပာဦးမယ္

အခြင့္ထူးခံလူတန္းစားတို႔ ျပသနာရွာတဲ့သတင္းေထာက္တို႔ တစ္ေကာင္မွမပါသလို တာဝန္ကိုယ္စီနဲ႔ လာတဲ့ေကာင္ေတြပါ။

အတတ္ႏိုင္ဆုံး ယဥ္ယဥ္ေက်းေက်းေျပာခဲ့သလို ကိုဗစ္ေဘးမွာ တာဝန္အသီးသီးထမ္းေဆာင္ၾကသူေတြကို ေလးစားၿပီးသားပါ။

သက္ေသအေနနဲ႔ စည္ပင္မွာတည္းခဲ့တဲ့ သတင္းေထာက္ဆယ္ေယာက္ရွိပါတယ္။ လိုေလေသးမရွိ

ကြက္တိစီစဥ္ၫႊန္ၾကားေပးသည့္အတြက္ ဝယ္ထားေသာ ေစာင္တစ္ထည္ႏွင့္အတူ မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။

မွတ္ခ်က္ – ဟိုတယ္ေျပာင္းေပးမည္ျဖစ္ေၾကာင္း ျပန္ၾကားေရးက ဆက္သြယ္လာပါသည္။

Kaung Htet San