ကိုဗစ်ကာကွယ်ဆေးကို ဘယ်အသက်အရွယ်အထိ ထိုးနှံနိုင်လဲ
ကိုဗစ်ရောဂါအတွက်ကာကွယ်ဆေးကို ထိုးနှံနိုင်သည့် အမြင့်ဆုံးအသက်အရွယ် ကန့်သတ်ထားသည်ကိုမတွေ့ရပါ။
တချို့သောသူများက မိဘများကို ထိုးပေးချင်စိတ်ဖြင့် မိမိမိဘ အသက်မည်မျှရှိပြီမို့ ထိုးနှံရန်
သင့်ပါ့မလား စသဖြင့် မေးမြန်းလာကြသည်ကို တွေ့ရပါသည်
ဤကိစ္စနှင့်ပတ်သက်၍ ကိုဗစ်ကာကွယ်ဆေးထိုးနှံရာ၌ ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးထိုးနှံသည့်
အသက် ၁၀၆ နှစ်အဖွားအကြောင်း Jan 13 ရက်နေ့ ဘီဘီစီသတင်းမှ ဘာသာပြန်တင်ဆက်လိုက်ပါသည်။
အင်္ဂလန်နိုင်ငံ မြောက်ရော့ရှိုင်းယားတွင်နေထိုင်သူ အသက် ၁၀၆ နှစ်ရှိအဖွားသည်
ကိုဗစ်ကာကွယ်ဆေးထိုးခံသူများအနက် ကမ္ဘာပေါ်တွင် အသက်အကြီးဆုံးဖြစ်ပါသည်
Olive အိုလစ်ဟု အမည်တွင်သောအဖွားသည် ပြီးခဲ့သည့်အင်္ဂါနေ့က ခွဲစိတ်မှုခံယူရန်အတွက်
ဆေးရုံတက်ရောက်ခဲ့ရာမှ ကာကွယ်ဆေးထိုးနှံခဲ့ပါသည် အဖွား၏သမီးဖြစ်သူ ဂျဲနက်က
အဖော်အဖြစ်ရှိနေပေးပြီး အဖွားကလည်း ကာကွယ်ဆေးထိုးကဒ်နှင့်အတူ ဓာတ်ပုံရိုက်ရန် သဘောတူခဲ့ပါသည်
ဂျက်နက်ကပြောသည်မှာ သူမ၏အမေသည် ကိုဗစ်နှင့်ပတ်သက်၍ အန္တရာယ်ကြီးပုံကို
ကောင်းစွာသိရှိပြီး ဒီကောက်ကျစ်သည့်ဗိုင်းရပ်စ်ကို အနိုင်ယူနိုင်ဖို့
ကာကွယ်ဆေးမဖြစ်မနေထိုးဖို့လိုအပ်ကြောင်းကိုလည်း ကောင်းစွာနားလည်ပါသည်
အဖွားအိုလစ်ကို ခွဲစိတ်ကုသမှုပေးမည့်ဆရာဝန် ဒေါက်တာ ကင်ဘာလင် ကလည်း
ဒီအသက်အရွယ်မှာ ခွဲစိတ်ကုသမှု ခံယူနိုင်တဲ့သူ တွေ့ဖို့ရန် ခဲယဉ်းကြောင်း အဖွားသည်
ကမ္ဘာ့အသက်အကြီးဆုံး ကာကွယ်ဆေးထိုးသူ ဖြစ်ကြောင်း ပြောကြားရင်း အဖွားကိုကြိုဆိုခဲ့ကြပါသည်
အဖွားအတွက် အနီရောင်ကော်ဇောခင်းကြိုဆိုပြီး သက်တောင့်သက်သာအရှိဆုံးဖြစ်အောင်
ဆောင်ရွက်ပေးမှာဖြစ်ပြီး သူမသည် ဆေးရုံအတွက် အဖိုးမဖြတ်နိုင်လောက်သော
တန်ဖိုးရှိသောသူဖြစ်သည့်အပြင် တောက်ပသောကြယ်တစ်ပွင့်လည်း ဖြစ်ပါသည်ဟု ဒေါက်တာကင်ဘာလင် ကဆိုပါသည်
သမီးဖြစ်သူ ဂျက်နက်ကလည်း ဆေးရုံဝန်ထမ်းများက သူမ၏အမေဖြစ်သူကို လှိုက်လှိုက်လှဲလှဲ
ကြိုဆိုခဲ့ကြသည့်အတွက် အထူးပင်ဝမ်းမြောက်ရကြောင်း နှင့် သူမ၏အမေဖြစ်သူ ဓာတ်ပုံရိုက်ခံဖို့သဘောတူရခြင်း၏
နောက်ခံအကြောင်းရင်း တစ်ခုသာရှိကြောင်းနှင့် ဒါကတော့ ကာကွယ်ဆေးထိုးခြင်း၏ အရေးကြီးပုံကို
အခြားသူများအား ပြောပြလိုသည့် အများကြားပျံ့နှံ့စေလိုသည့် ရည်ရွယ်ချက်ပဲ ဖြစ်ကြောင်း ပြောကြားပါသည်
ဒေါက်တာ ကင်ဘာလင်ကမူ ယခုလို ပထမဦးစားပေးအုပ်စုထဲတွင်ပါဝင်သည့် အသက်အလွန်ကြီးသော
၁၀၆ နှစ်ရှိ အဖွားဂျက်နက်ကို ကာကွယ်ဆေးထိုးလုပ်ငန်း အောင်မြင်စွာလုပ်ဆောင်နိုင်ခြင်းမှာ
အဖွဲ့လိုက်စုပေါင်းဆောင်ရွက်မှုကြောင့်ဟု အသိအမှတ်ပြုရင်း ဂုဏ်ပြုအပ်ပါကြောင်း ပြောကြားခဲ့ပါသည်
စာကြွင်း: ဒီနေရာမှာ ယခုပို့စ်ကို ဘာသာပြန်တင်ရသည့် ရည်ရွယ်ချက်မှာ ရောဂါပိုးကူးစက်လွယ်ပြီး
ဖြစ်ပွားသေဆုံးမှုများစေသော အသက်အရွယ်ကြီးရင့်သူများကို မဖြစ်မနေ
ကာကွယ်ဆေးထိုးပေးစေချင်သော စိတ်ကြောင့် ဘာသာပြန်တင်ဆက်ရခြင်းဖြစ်ပါသည်
နိုင်ငံတိုင်းတွင် ကျန်းမာရေးဝန်ထမ်းပြီးလျှင် ဦးစားပေးရမည့်အုပ်စုသည် အသက်အရွယ်အလွန်ကြီးသော
လူ့အဖိုးတန် senior citizen များသာဖြစ်ကြောင်း သိစေလိုရင်းဖြစ်ပါသည်
သူတို့ဘဝတလျှောက်လုံး ငယ်ရွယ်သန်စွမ်းသော အချိန်ကာလများကို တိုင်းပြည်တိုးတက်ရာတိုးတက်ကြောင်းအတွက်
များစွာရင်းနှီးမြှုပ်နှံခဲ့ပြီးဖြစ်ပါသည် အိမ်တစ်အိမ်တွင် အိမ်ဦးခန်း၌ မိဘနှစ်ပါးထိုင်နေတာကို
တွေ့တာနဲ့ပင် အလွန်ပင်အားရှိစရာကောင်းပါသည် သက်ရှိဘုရားသဖွယ်ပင်ဖြစ်ပါသည် အချိန်ရှိတုန်း
မိဘများကို လိုလေသေးမရှိ ပြုစုယုယကြပါ ပစ်မထားကြပါနှင့်
သားသမီးများအနေဖြင့် မိမိ မိဘ အသက် ၆၀ ကျော် ၆၅ လောက်ကို အလွန်အမင်းအသက်ကြီးနေသည့်အသွင်
မယူဆပါနှင့် သူတို့အသက် ၉၀ ကျော် ၁၀၀ အထိလည်း နေနိုင်ပါသည် ကာကွယ်ဆေးလည်း ထိုးသင့်ပါသည်
ရောဂါဖြစ်ပွားလျှင် ပြင်းထန်စွာ ခံစားရနိုင်ပြီး သေဆုံးနိုင်သည့် အန္တရာယ်နှင့် နှိုင်းစာလျှင်
ယခုကာကွယ်ဆေးထိုးခြင်းကြောင့် ဖြစ်ပေါ်နိုင်သော အန္တရာယ်က စာမဖွဲ့လောက်ပါ ကာကွယ်ဆေးထိုးနှံရာတွင်လည်း
အဘက်ဘက်က ဘေးကင်းစေရန် စီမံထားမှာဖြစ်သည့်အတွက်လည်း ထိုးနှံပေးစေချင်ပါသည်
ယခုပို့စ်သည် မိဘကချစ်သော မိဘကိုချစ်သော အလေးထားသော သားသမီးများအတွက် ရည်ရွယ်ပြီး
ရေးသားခြင်းဖြစ်ပါသည်။ အချုပ်ပြောလိုရင်းမှာ အသက်ကြီးသောမိဘများကို အလွန်ဆိုးဝါးသော ကိုဗစ်ကပ်ရောဂါကနေ
ကာကွယ်ပေးကြပါ ကာကွယ်ဆေးလဲ ထိုးနှံပေးကြပါရန် တိုက်တွန်းအပ်ပါသည်
ဒေါက်တာခင်ခင်ကြီး
zawgyi
ကိုဗစ္ကာကြယ္ေဆးကို ဘယ္အသက္အ႐ြယ္အထိ ထိုးႏွံႏိုင္လဲ
ကိုဗစ္ေရာဂါအတြက္ကာကြယ္ေဆးကို ထိုးႏွံႏိုင္သည့္ အျမင့္ဆုံးအသက္အ႐ြယ္ ကန႔္သတ္ထားသည္ကိုမေတြ႕ရပါ။
တခ်ိဳ႕ေသာသူမ်ားက မိဘမ်ားကို ထိုးေပးခ်င္စိတ္ျဖင့္ မိမိမိဘ အသက္မည္မွ်ရွိၿပီမို႔ ထိုးႏွံရန္
သင့္ပါ့မလား စသျဖင့္ ေမးျမန္းလာၾကသည္ကို ေတြ႕ရပါသည္
ဤကိစၥႏွင့္ပတ္သက္၍ ကိုဗစ္ကာကြယ္ေဆးထိုးႏွံရာ၌ ကမာၻေပၚတြင္ အသက္အႀကီးဆုံးထိုးႏွံသည့္
အသက္ ၁၀၆ ႏွစ္အဖြားအေၾကာင္း Jan 13 ရက္ေန႔ ဘီဘီစီသတင္းမွ ဘာသာျပန္တင္ဆက္လိုက္ပါသည္။
အဂၤလန္ႏိုင္ငံ ေျမာက္ေရာ့ရႈိင္းယားတြင္ေနထိုင္သူ အသက္ ၁၀၆ ႏွစ္ရွိအဖြားသည္
ကိုဗစ္ကာကြယ္ေဆးထိုးခံသူမ်ားအနက္ ကမာၻေပၚတြင္ အသက္အႀကီးဆုံးျဖစ္ပါသည္
Olive အိုလစ္ဟု အမည္တြင္ေသာအဖြားသည္ ၿပီးခဲ့သည့္အဂၤါေန႔က ခြဲစိတ္မႈခံယူရန္အတြက္
ေဆး႐ုံတက္ေရာက္ခဲ့ရာမွ ကာကြယ္ေဆးထိုးႏွံခဲ့ပါသည္ အဖြား၏သမီးျဖစ္သူ ဂ်ဲနက္က
အေဖာ္အျဖစ္ရွိေနေပးၿပီး အဖြားကလည္း ကာကြယ္ေဆးထိုးကဒ္ႏွင့္အတူ ဓာတ္ပုံ႐ိုက္ရန္ သေဘာတူခဲ့ပါသည္
ဂ်က္နက္ကေျပာသည္မွာ သူမ၏အေမသည္ ကိုဗစ္ႏွင့္ပတ္သက္၍ အႏၲရာယ္ႀကီးပုံကို
ေကာင္းစြာသိရွိၿပီး ဒီေကာက္က်စ္သည့္ဗိုင္းရပ္စ္ကို အႏိုင္ယူႏိုင္ဖို႔
ကာကြယ္ေဆးမျဖစ္မေနထိုးဖို႔လိုအပ္ေၾကာင္းကိုလည္း ေကာင္းစြာနားလည္ပါသည္
အဖြားအိုလစ္ကို ခြဲစိတ္ကုသမႈေပးမည့္ဆရာဝန္ ေဒါက္တာ ကင္ဘာလင္ ကလည္း
ဒီအသက္အ႐ြယ္မွာ ခြဲစိတ္ကုသမႈ ခံယူႏိုင္တဲ့သူ ေတြ႕ဖို႔ရန္ ခဲယဥ္းေၾကာင္း အဖြားသည္
ကမာၻ႔အသက္အႀကီးဆုံး ကာကြယ္ေဆးထိုးသူ ျဖစ္ေၾကာင္း ေျပာၾကားရင္း အဖြားကိုႀကိဳဆိုခဲ့ၾကပါသည္
အဖြားအတြက္ အနီေရာင္ေကာ္ေဇာခင္းႀကိဳဆိုၿပီး သက္ေတာင့္သက္သာအရွိဆုံးျဖစ္ေအာင္
ေဆာင္႐ြက္ေပးမွာျဖစ္ၿပီး သူမသည္ ေဆး႐ုံအတြက္ အဖိုးမျဖတ္ႏိုင္ေလာက္ေသာ
တန္ဖိုးရွိေသာသူျဖစ္သည့္အျပင္ ေတာက္ပေသာၾကယ္တစ္ပြင့္လည္း ျဖစ္ပါသည္ဟု ေဒါက္တာကင္ဘာလင္ ကဆိုပါသည္
သမီးျဖစ္သူ ဂ်က္နက္ကလည္း ေဆး႐ုံဝန္ထမ္းမ်ားက သူမ၏အေမျဖစ္သူကို လႈိက္လႈိက္လွဲလွဲ
ႀကိဳဆိုခဲ့ၾကသည့္အတြက္ အထူးပင္ဝမ္းေျမာက္ရေၾကာင္း ႏွင့္ သူမ၏အေမျဖစ္သူ ဓာတ္ပုံ႐ိုက္ခံဖို႔သေဘာတူရျခင္း၏
ေနာက္ခံအေၾကာင္းရင္း တစ္ခုသာရွိေၾကာင္းႏွင့္ ဒါကေတာ့ ကာကြယ္ေဆးထိုးျခင္း၏ အေရးႀကီးပုံကို
အျခားသူမ်ားအား ေျပာျပလိုသည့္ အမ်ားၾကားပ်ံ႕ႏွံ႔ေစလိုသည့္ ရည္႐ြယ္ခ်က္ပဲ ျဖစ္ေၾကာင္း ေျပာၾကားပါသည္
ေဒါက္တာ ကင္ဘာလင္ကမူ ယခုလို ပထမဦးစားေပးအုပ္စုထဲတြင္ပါဝင္သည့္ အသက္အလြန္ႀကီးေသာ
၁၀၆ ႏွစ္ရွိ အဖြားဂ်က္နက္ကို ကာကြယ္ေဆးထိုးလုပ္ငန္း ေအာင္ျမင္စြာလုပ္ေဆာင္ႏိုင္ျခင္းမွာ
အဖြဲ႕လိုက္စုေပါင္းေဆာင္႐ြက္မႈေၾကာင့္ဟု အသိအမွတ္ျပဳရင္း ဂုဏ္ျပဳအပ္ပါေၾကာင္း ေျပာၾကားခဲ့ပါသည္
စာႂကြင္း: ဒီေနရာမွာ ယခုပို႔စ္ကို ဘာသာျပန္တင္ရသည့္ ရည္႐ြယ္ခ်က္မွာ ေရာဂါပိုးကူးစက္လြယ္ၿပီး
ျဖစ္ပြားေသဆုံးမႈမ်ားေစေသာ အသက္အ႐ြယ္ႀကီးရင့္သူမ်ားကို မျဖစ္မေန
ကာကြယ္ေဆးထိုးေပးေစခ်င္ေသာ စိတ္ေၾကာင့္ ဘာသာျပန္တင္ဆက္ရျခင္းျဖစ္ပါသည္
ႏိုင္ငံတိုင္းတြင္ က်န္းမာေရးဝန္ထမ္းၿပီးလွ်င္ ဦးစားေပးရမည့္အုပ္စုသည္ အသက္အ႐ြယ္အလြန္ႀကီးေသာ
လူ႔အဖိုးတန္ senior citizen မ်ားသာျဖစ္ေၾကာင္း သိေစလိုရင္းျဖစ္ပါသည္
သူတို႔ဘဝတေလွ်ာက္လုံး ငယ္႐ြယ္သန္စြမ္းေသာ အခ်ိန္ကာလမ်ားကို တိုင္းျပည္တိုးတက္ရာတိုးတက္ေၾကာင္းအတြက္
မ်ားစြာရင္းႏွီးျမႇဳပ္ႏွံခဲ့ၿပီးျဖစ္ပါသည္ အိမ္တစ္အိမ္တြင္ အိမ္ဦးခန္း၌ မိဘႏွစ္ပါးထိုင္ေနတာကို
ေတြ႕တာနဲ႔ပင္ အလြန္ပင္အားရွိစရာေကာင္းပါသည္ သက္ရွိဘုရားသဖြယ္ပင္ျဖစ္ပါသည္ အခ်ိန္ရွိတုန္း
မိဘမ်ားကို လိုေလေသးမရွိ ျပဳစုယုယၾကပါ ပစ္မထားၾကပါႏွင့္
သားသမီးမ်ားအေနျဖင့္ မိမိ မိဘ အသက္ ၆၀ ေက်ာ္ ၆၅ ေလာက္ကို အလြန္အမင္းအသက္ႀကီးေနသည့္အသြင္
မယူဆပါႏွင့္ သူတို႔အသက္ ၉၀ ေက်ာ္ ၁၀၀ အထိလည္း ေနႏိုင္ပါသည္ ကာကြယ္ေဆးလည္း ထိုးသင့္ပါသည္
ေရာဂါျဖစ္ပြားလွ်င္ ျပင္းထန္စြာ ခံစားရႏိုင္ၿပီး ေသဆုံးႏိုင္သည့္ အႏၲရာယ္ႏွင့္ ႏႈိင္းစာလွ်င္
ယခုကာကြယ္ေဆးထိုးျခင္းေၾကာင့္ ျဖစ္ေပၚႏိုင္ေသာ အႏၲရာယ္က စာမဖြဲ႕ေလာက္ပါ ကာကြယ္ေဆးထိုးႏွံရာတြင္လည္း
အဘက္ဘက္က ေဘးကင္းေစရန္ စီမံထားမွာျဖစ္သည့္အတြက္လည္း ထိုးႏွံေပးေစခ်င္ပါသည္
ယခုပို႔စ္သည္ မိဘကခ်စ္ေသာ မိဘကိုခ်စ္ေသာ အေလးထားေသာ သားသမီးမ်ားအတြက္ ရည္႐ြယ္ၿပီး
ေရးသားျခင္းျဖစ္ပါသည္။ အခ်ဳပ္ေျပာလိုရင္းမွာ အသက္ႀကီးေသာမိဘမ်ားကို အလြန္ဆိုးဝါးေသာ ကိုဗစ္ကပ္ေရာဂါကေန
ကာကြယ္ေပးၾကပါ ကာကြယ္ေဆးလဲ ထိုးႏွံေပးၾကပါရန္ တိုက္တြန္းအပ္ပါသည္
ေဒါက္တာခင္ခင္ႀကီး