International News

ကာကွယ်ဆေးထိုးပြီးသူတွေကတဆင့် တခြားသူတွေကို ကိုဗစ်ကူးနိုင်သေးတယ်လို့ ဗြိတိန်ဆရာဝန်ပြော

ကာကွယ်ဆေးထိုးပြီးသူတွေကတဆင့် တခြားသူတွေကို ကိုဗစ်ကူးနိုင်သေးတယ်လို့ ဗြိတိန်ဆရာဝန်ပြော

ကိုဗစ်ကာကွယ်ဆေးထိုးနှံထားသူတွေဟာ တခြားသူတွေဆီ ဗိုင်းရပ်စ်ကူးစက်နိုင်သေးတယ်လို့

အင်္ဂလန်လက်ထောက်ဆေးဘက်ဆိုင်ရာအရာရှိချုပ်က ပြောဆိုလိုက်ပါတယ်။ ပါမောက္ခဂျိုနသန်ဗန်တမ်က

ပြောဆိုခဲ့တာဖြစ်ပြီး ကာကွယ်ဆေးထိုးနှံထားသူတွေဟာ ဗိုင်းရပ်စ်ကို သူတို့ကတဆင့် အခြားသူတွေဆီ

ကူးစက်စေနိုင်လို့ လော့ဒေါင်း ချမှတ်ထားမှုတွေကို ဆက်လက်လိုက်နာဖို့ လိုအပ်ကြောင်းပြောဆိုခဲ့တာဖြစ်ပါတယ်။

ဆန်းဒေးတယ်လီဂရပ်သတင်းစာမှာ ရေးသားဖော်ပြချက်အရဆိုရင် သိပ္ပံပညာရှင်တွေအနေနဲ့

ကာကွယ်ဆေးရဲ့ပျံ့နှံ့မှုအပေါ် သက်ရောက်မှုကို မသိသေးဘူးလို့ ဆိုပါတယ်။ “ကာကွယ်ဆေးတွေက

မျှော်လင့်ချက်တွေရှိပေမယ့် ရောဂါကူးစက်မှုနှုန်းက လျင်လျင်မြန်မြန်ကျဆင်းသွားရပါ့မယ်”

လို့ ဂျိုနသန်က ပြောကြားခဲ့ပါတယ်။

ဗြိတိန်မှာတော့ အသက် ၈ဝနဲ့အထက်ရှိတဲ့ လူဦးရေ ၇၅% ဟာ ပထမအကြိမ်ကာကွယ်ဆေးကို

ထိုးနှံပြီးဖြစ်တယ်လို့ ကျန်းမာရေးနဲ့လူမှုစောင့်ရှောက်ရေးဝန်ကြီးက ပြောဆိုခဲ့ပါတယ်။ Pfizer နဲ့

AstraZeneca ကာကွယ်ဆေးတွေဟာ နှစ်ကြိမ်ထိုးနှံရမှာဖြစ်ပြီး ပထမတစ််ကြိမ်ထိုးနှံမှုက

သိသာတဲ့ရလဒ်တွေကို မဖော်ပြနိုင်သေးဘူးဘဲ စောင့်ကြည့်ရဦးမယ့် အနေအထားမှာ ရှိနေဆဲဖြစ်ပါတယ်။

ပါမောက္ခဂျိုနသန်ဗန်တမ်ကတော့ ဘယ်ကာကွယ်ဆေးကမှ ရာနှုန်းပြည့်ကာကွယ်ပေးနိုင်ခြင်းမရှိတာကြောင့်

ကာကွယ်ပေးနိုင်ဖို့ အာမခံချက်လည်းမရှိဘူးလို့ ဆိုခဲ့ပါတယ်။ ကာကွယ်ဆေးတစ်ကြိမ်ထိုးပြီးနောက် နှစ်ပတ်ကနေ

သုံးပတ်အတွင်းမှာလည်း ကူးစက်နိုင်ချေရှိတယ်လို့ ဂျိုနသန်က သတိပေးခဲ့ပြီး သက်ကြီးရွယ်အိုတွေမှာ

ခုခံအားတုံ့ပြန့်မှုကို အနည်းဆုံး သုံးပတ်အထိခွင့်ပြုတာက ပိုမိုကောင်းမွန်တယ်လို့လည်း အကြံပြုခဲ့ပါတယ်။

“ကာကွယ်ဆေး နှစ်ကြိမ်စလုံး ထိုးပြီးရင်တောင်မှ ခင်ဗျားဆီကတဆင့် တခြားလူကို ကူးစက်စေနိုင်ပါသေးတယ်၊

ဒါဆိုရင် ကူးစက်မှုကွင်းဆက်တွေက ဆက်ရှိနေပါလိမ့်မယ်၊ တကယ်လို့ ခင်ဗျားတို့ရဲ့ အပြုအမူတွေကို

ပြန်ပြီးပြောင်းလဲခဲ့မယ်ဆိုရင် ဗိုင်းရပ်စ်က ပြန့်နှံ့နေဦးမှာဖြစ်ပြီး ကိန်းဂဏန်းမြင့်တက်မှုတွေကလည်း

ဆက်ရှိနေဦးမှာပါ၊ ပြီးတော့ ကာကွယ်ဆေးထိုးဖို့ လိုအပ်နေတဲ့ တခြားသူတွေကိုလည်း

အန္တရာယ်ဖြစ်စေနိုင်ပါတယ်” လို့ သူကဆိုပါတယ်။

ဒီတစ်ပတ်အတွင်းမှာ အကြီးတန်းဆရာဝန်တွေက အင်္ဂလန်ရှိ ကျန်းမာရေးအရာရှိတွေကို

Pfizer ကာကွယ်ဆေးရဲ့ ပထမနဲ့ ဒုတိယဆေးထိုးမှုအကြား ကွာဟချက်နေ့ရက်ကို လျှော့ချဖို့

တောင်းဆိုခဲ့ပါတယ်။ အင်္ဂလန်မှာ ကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံဖို့အတွက် တစ်ကြိမ်နဲ့တစ်ကြိမ်ကြား

ကွာဟချက်ကို အမြင့်ဆုံးအနေနဲ့ ၁၂ ပတ်အထိ ထားရှိဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ်

ကန့်ကွက်ခဲ့ကြတာဖြစ်ပြီး ၆ ပတ်သာထားရှိဖို့ တောင်းဆိုခဲ့ကြပါတယ်။

ဗန်တမ်ကတော့ အခုလိုမျိုးကွာဟချိန်ကို တိုးမြှင့်ခဲ့တာဟာ အတတ်နိုင်ဆုံး လူများနိုင်သမျှ များများကို

ပထမတစ်ကြိမ် ကာကွယ်ဆေးထိုးနှံပေးနိုင်ဖို့ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

zawgyi

ကာကြယ္ေဆးထိုးၿပီးသူေတြကတဆင့္ တျခားသူေတြကို ကိုဗစ္ကူးႏိုင္ေသးတယ္လို႔ ၿဗိတိန္ဆရာဝန္ေျပာ

ကိုဗစ္ကာကြယ္ေဆးထိုးႏွံထားသူေတြဟာ တျခားသူေတြဆီ ဗိုင္းရပ္စ္ကူးစက္ႏိုင္ေသးတယ္လို႔

အဂၤလန္လက္ေထာက္ေဆးဘက္ဆိုင္ရာအရာရွိခ်ဳပ္က ေျပာဆိုလိုက္ပါတယ္။ ပါေမာကၡဂ်ိဳနသန္ဗန္တမ္က

ေျပာဆိုခဲ့တာျဖစ္ၿပီး ကာကြယ္ေဆးထိုးႏွံထားသူေတြဟာ ဗိုင္းရပ္စ္ကို သူတို႔ကတဆင့္ အျခားသူေတြဆီ

ကူးစက္ေစႏိုင္လို႔ ေလာ့ေဒါင္း ခ်မွတ္ထားမႈေတြကို ဆက္လက္လိုက္နာဖို႔ လိုအပ္ေၾကာင္းေျပာဆိုခဲ့တာျဖစ္ပါတယ္။

ဆန္းေဒးတယ္လီဂရပ္သတင္းစာမွာ ေရးသားေဖာ္ျပခ်က္အရဆိုရင္ သိပၸံပညာရွင္ေတြအေနနဲ႔

ကာကြယ္ေဆးရဲ႕ပ်ံ႕ႏွံ႔မႈအေပၚ သက္ေရာက္မႈကို မသိေသးဘူးလို႔ ဆိုပါတယ္။ “ကာကြယ္ေဆးေတြက

ေမွ်ာ္လင့္ခ်က္ေတြရွိေပမယ့္ ေရာဂါကူးစက္မႈႏႈန္းက လ်င္လ်င္ျမန္ျမန္က်ဆင္းသြားရပါ့မယ္”

လို႔ ဂ်ိဳနသန္က ေျပာၾကားခဲ့ပါတယ္။

ၿဗိတိန္မွာေတာ့ အသက္ ၈ဝနဲ႔အထက္ရွိတဲ့ လူဦးေရ ၇၅% ဟာ ပထမအႀကိမ္ကာကြယ္ေဆးကို

ထိုးႏွံၿပီးျဖစ္တယ္လို႔ က်န္းမာေရးနဲ႔လူမႈေစာင့္ေရွာက္ေရးဝန္ႀကီးက ေျပာဆိုခဲ့ပါတယ္။ Pfizer နဲ႔

AstraZeneca ကာကြယ္ေဆးေတြဟာ ႏွစ္ႀကိမ္ထိုးႏွံရမွာျဖစ္ၿပီး ပထမတစ္္ႀကိမ္ထိုးႏွံမႈက

သိသာတဲ့ရလဒ္ေတြကို မေဖာ္ျပႏိုင္ေသးဘူးဘဲ ေစာင့္ၾကည့္ရဦးမယ့္ အေနအထားမွာ ရွိေနဆဲျဖစ္ပါတယ္။

ပါေမာကၡဂ်ိဳနသန္ဗန္တမ္ကေတာ့ ဘယ္ကာကြယ္ေဆးကမွ ရာႏႈန္းျပည့္ကာကြယ္ေပးႏိုင္ျခင္းမရွိတာေၾကာင့္

ကာကြယ္ေပးႏိုင္ဖို႔ အာမခံခ်က္လည္းမရွိဘူးလို႔ ဆိုခဲ့ပါတယ္။ ကာကြယ္ေဆးတစ္ႀကိမ္ထိုးၿပီးေနာက္ ႏွစ္ပတ္ကေန

သုံးပတ္အတြင္းမွာလည္း ကူးစက္ႏိုင္ေခ်ရွိတယ္လို႔ ဂ်ိဳနသန္က သတိေပးခဲ့ၿပီး သက္ႀကီး႐ြယ္အိုေတြမွာ

ခုခံအားတုံ႔ျပန႔္မႈကို အနည္းဆုံး သုံးပတ္အထိခြင့္ျပဳတာက ပိုမိုေကာင္းမြန္တယ္လို႔လည္း အႀကံျပဳခဲ့ပါတယ္။

“ကာကြယ္ေဆး ႏွစ္ႀကိမ္စလုံး ထိုးၿပီးရင္ေတာင္မွ ခင္ဗ်ားဆီကတဆင့္ တျခားလူကို ကူးစက္ေစႏိုင္ပါေသးတယ္၊

ဒါဆိုရင္ ကူးစက္မႈကြင္းဆက္ေတြက ဆက္ရွိေနပါလိမ့္မယ္၊ တကယ္လို႔ ခင္ဗ်ားတို႔ရဲ႕ အျပဳအမူေတြကို

ျပန္ၿပီးေျပာင္းလဲခဲ့မယ္ဆိုရင္ ဗိုင္းရပ္စ္က ျပန႔္ႏွံ႔ေနဦးမွာျဖစ္ၿပီး ကိန္းဂဏန္းျမင့္တက္မႈေတြကလည္း

ဆက္ရွိေနဦးမွာပါ၊ ၿပီးေတာ့ ကာကြယ္ေဆးထိုးဖို႔ လိုအပ္ေနတဲ့ တျခားသူေတြကိုလည္း

အႏၲရာယ္ျဖစ္ေစႏိုင္ပါတယ္” လို႔ သူကဆိုပါတယ္။

ဒီတစ္ပတ္အတြင္းမွာ အႀကီးတန္းဆရာဝန္ေတြက အဂၤလန္ရွိ က်န္းမာေရးအရာရွိေတြကို

Pfizer ကာကြယ္ေဆးရဲ႕ ပထမနဲ႔ ဒုတိယေဆးထိုးမႈအၾကား ကြာဟခ်က္ေန႔ရက္ကို ေလွ်ာ့ခ်ဖို႔

ေတာင္းဆိုခဲ့ပါတယ္။ အဂၤလန္မွာ ကာကြယ္ေဆးႏွစ္ႀကိမ္ထိုးႏွံဖို႔အတြက္ တစ္ႀကိမ္နဲ႔တစ္ႀကိမ္ၾကား

ကြာဟခ်က္ကို အျမင့္ဆုံးအေနနဲ႔ ၁၂ ပတ္အထိ ထားရွိဖို႔ ဆုံးျဖတ္ခဲ့တဲ့အေပၚ

ကန႔္ကြက္ခဲ့ၾကတာျဖစ္ၿပီး ၆ ပတ္သာထားရွိဖို႔ ေတာင္းဆိုခဲ့ၾကပါတယ္။

ဗန္တမ္ကေတာ့ အခုလိုမ်ိဳးကြာဟခ်ိန္ကို တိုးျမႇင့္ခဲ့တာဟာ အတတ္ႏိုင္ဆုံး လူမ်ားႏိုင္သမွ် မ်ားမ်ားကို

ပထမတစ္ႀကိမ္ ကာကြယ္ေဆးထိုးႏွံေပးႏိုင္ဖို႔ ျဖစ္တယ္လို႔ ေျပာၾကားခဲ့ပါတယ္