News

ယခုလထုတ် အရောင်ပြယ်လွင့်နေတဲ့ ထီလက်မှတ်များကို စိစစ်ပြီးမှ ဆုငွေ ထုတ်ပေးမည်

ယခုလထုတ် အရောင်ပြယ်လွင့်နေတဲ့ ထီလက်မှတ်များကို စိစစ်ပြီးမှ ဆုငွေ ထုတ်ပေးမည်..

ယခုလထုတ် အရောင်ပြယ်လွင့်နေတဲ့ ထီလက်မှတ်တွေမှာ လုံခြုံရေးဆိုင်ရာ အခြားအချက်အလက်တွေ

ကျန်ရှိနေသေးတဲ့အတွက် အဲဒီအချက်တွေနဲ့တိုက်ပြီး ထီဆုငွေ ထုတ်ပေးသွားမှာဖြစ်တယ်လို့

ပြည်တွင်းအခွန်များဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က ပြောပါတယ်။

အောင်ဘာလေ ထီလက်မှတ်တွေကို လုံခြုံမှုအရည်အသွေး ပိုမိုကောင်းမွန်ဖို့ရည်ရွယ်ပြီး

လုံခြုံရေးနှင့်သက်ဆိုင်သောလုပ်ငန်းများ ညွှန်ကြားရေးမှူးရုံး (ဝါဇီ) က ပြီးခဲ့တဲ့ဇန်နဝါရီလ (၁) ရက်ကထုတ်တဲ့

(၂၄) ကြိမ်မြောက်ထီလက်မှတ်တွေရဲ့ အောက်ခံ အရောင်ကို အစိမ်းနုရောင် အဖြစ်ပြောင်းလဲခဲ့ပါတယ်။

အဲဒီလိုပြောင်းခဲ့ပေမယ့် နေရောင်ခြည်နဲ့ တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ အရောင်ပြယ်လွင့်မှုတွေ

ဖြစ်ပေါ်နေပြီး အရောင်ပြယ်ထီလက်မှတ်တွေနဲ့ ပတ်သက်လို့ အများပြည်သူကစိုးရိမ်မှုတွေရှိနေတဲ့အပေါ်

ပြည်တွင်းအခွန်များ ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က အခုလိုပြောပါတယ်။

ယခု (၂၄) ကြိမ်မြောက် အောင်ဘာလေထီလက်မှတ်တွေဟာဆိုရင် နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့

နေရာတွေမှာ အရောင်ပြယ်လွင့်မှုတွေ ဖြစ်နေကြောင်း လုံခြုံရေးနဲ့ဆိုင်တဲ့ပုံနှိပ်လုပ်ငန်းများ

ညွှန်ကြားရေးမှူးရုံးကိုလည်း အသိပေးအကြောင်းကြားထားခဲ့ပါတယ်။ ဒီအရောင်ပြယ်လွင့်တဲ့

ထီလက်မှတ်တွေမှာ လုံခြုံရေးဆိုင်ရာအခြား အချက်အလက်တွေ ကျန်ရှိနေသေးတဲ့အတွက်

ထီဖွင့်ပွဲကပေါ်လာတဲ့ ဆုရလက်မှတ်တွေကို စနစ်တကျစစ်ဆေးပြီးတော့ ဆုငွေထုတ်ပေးဖို့ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့်မို့လို့ ဒီအရောင်ပြယ်လွင့်နေတဲ့ ဆုရထီလက်မှတ်တွေကို ထီဆုငွေထုတ်ယူရာမှာ

အခက်အခဲမရှိကြောင်းနဲ့ စိတ်ချယုံကြည်စွာ ကံစမ်းနိုင်ပါကြောင်း အသိပေးပြောကြားလိုပါတယ်။

အဲဒီလိုအရောင်ပြယ်လွင့်နေတဲ့ ထီလက်မှတ်တွေထဲက အောင်ဘာလေဆု ပေါက်တဲ့အခါ ထီဆုငွေထုတ်ယူရာမှာ

အခက်အခဲမရှိထုတ်ယူနိုင်မှာဖြစ်လို့ အများပြည်သူအနေနဲ့ စိတ်ချစွာကံစမ်းနိုင်တယ်လို့လည်း ပြည်တွင်းအခွန်များ

ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဒေါ်ဆွေဆွေခိုင်က အတည်ပြု ပြောကြားလိုက်ပါတယ်။

zawgyi

ယခုလထုတ္ အေရာင္ျပယ္လြင့္ေနတဲ့ ထီလက္မွတ္မ်ားကို စိစစ္ၿပီးမွ ဆုေငြ ထုတ္ေပးမည္..

ယခုလထုတ္ အေရာင္ျပယ္လြင့္ေနတဲ့ ထီလက္မွတ္ေတြမွာ လုံၿခဳံေရးဆိုင္ရာ အျခားအခ်က္အလက္ေတြ

က်န္ရွိေနေသးတဲ့အတြက္ အဲဒီအခ်က္ေတြနဲ႔တိုက္ၿပီး ထီဆုေငြ ထုတ္ေပးသြားမွာျဖစ္တယ္လို႔

ျပည္တြင္းအခြန္မ်ားဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး ေဒၚေဆြေဆြခိုင္က ေျပာပါတယ္။

ေအာင္ဘာေလ ထီလက္မွတ္ေတြကို လုံၿခဳံမႈအရည္အေသြး ပိုမိုေကာင္းမြန္ဖို႔ရည္႐ြယ္ၿပီး

လုံၿခဳံေရးႏွင့္သက္ဆိုင္ေသာလုပ္ငန္းမ်ား ၫႊန္ၾကားေရးမႉး႐ုံး (ဝါဇီ) က ၿပီးခဲ့တဲ့ဇန္နဝါရီလ (၁) ရက္ကထုတ္တဲ့

(၂၄) ႀကိမ္ေျမာက္ထီလက္မွတ္ေတြရဲ႕ ေအာက္ခံ အေရာင္ကို အစိမ္းႏုေရာင္ အျဖစ္ေျပာင္းလဲခဲ့ပါတယ္။

အဲဒီလိုေျပာင္းခဲ့ေပမယ့္ ေနေရာင္ျခည္နဲ႔ တိုက္႐ိုက္ထိေတြ႕တဲ့ေနရာေတြမွာ အေရာင္ျပယ္လြင့္မႈေတြ

ျဖစ္ေပၚေနၿပီး အေရာင္ျပယ္ထီလက္မွတ္ေတြနဲ႔ ပတ္သက္လို႔ အမ်ားျပည္သူကစိုးရိမ္မႈေတြရွိေနတဲ့အေပၚ

ျပည္တြင္းအခြန္မ်ား ဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး ေဒၚေဆြေဆြခိုင္က အခုလိုေျပာပါတယ္။

ယခု (၂၄) ႀကိမ္ေျမာက္ ေအာင္ဘာေလထီလက္မွတ္ေတြဟာဆိုရင္ ေနေရာင္ျခည္တိုက္႐ိုက္ထိေတြ႕တဲ့

ေနရာေတြမွာ အေရာင္ျပယ္လြင့္မႈေတြ ျဖစ္ေနေၾကာင္း လုံၿခဳံေရးနဲ႔ဆိုင္တဲ့ပုံႏွိပ္လုပ္ငန္းမ်ား

ၫႊန္ၾကားေရးမႉး႐ုံးကိုလည္း အသိေပးအေၾကာင္းၾကားထားခဲ့ပါတယ္။ ဒီအေရာင္ျပယ္လြင့္တဲ့

ထီလက္မွတ္ေတြမွာ လုံၿခဳံေရးဆိုင္ရာအျခား အခ်က္အလက္ေတြ က်န္ရွိေနေသးတဲ့အတြက္

ထီဖြင့္ပြဲကေပၚလာတဲ့ ဆုရလက္မွတ္ေတြကို စနစ္တက်စစ္ေဆးၿပီးေတာ့ ဆုေငြထုတ္ေပးဖို႔ ေဆာင္႐ြက္သြားမွာ ျဖစ္ပါတယ္။

ဒါေၾကာင့္မို႔လို႔ ဒီအေရာင္ျပယ္လြင့္ေနတဲ့ ဆုရထီလက္မွတ္ေတြကို ထီဆုေငြထုတ္ယူရာမွာ

အခက္အခဲမရွိေၾကာင္းနဲ႔ စိတ္ခ်ယုံၾကည္စြာ ကံစမ္းႏိုင္ပါေၾကာင္း အသိေပးေျပာၾကားလိုပါတယ္။

အဲဒီလိုအေရာင္ျပယ္လြင့္ေနတဲ့ ထီလက္မွတ္ေတြထဲက ေအာင္ဘာေလဆု ေပါက္တဲ့အခါ ထီဆုေငြထုတ္ယူရာမွာ

အခက္အခဲမရွိထုတ္ယူႏိုင္မွာျဖစ္လို႔ အမ်ားျပည္သူအေနနဲ႔ စိတ္ခ်စြာကံစမ္းႏိုင္တယ္လို႔လည္း ျပည္တြင္းအခြန္မ်ား

ဦးစီးဌာန၊ ၫႊန္ၾကားေရးမႉး ေဒၚေဆြေဆြခိုင္က အတည္ျပဳ ေျပာၾကားလိုက္ပါတယ္။