မြန်မာပြည်မှာ ကိုဗစ်ကာကွယ်ဆေးထိုးတော့မယ့် ကိစ္စနဲ့ ပတ်သက်ပြီး ပန်ဆယ်လို ပြောပြီ
ကိုဗစ် ကာကွယ်ဆေး တစ်သန်းခွဲ မြန်မာပြည်ကို ရောက်လာပြီ။ လူတစ်ဦးကို နှစ်ခါထိုးရမှာဆိုတော့
လူခုနှစ်သိန်းခွဲအတွက် ကာကွယ်ဆေး ထိုးခွင့်ရတော့မယ်။
လေးလပိုင်းလောက်မှ အစောဆုံးရနိုင်မယ်လို့ ကြားထားတော့ ဇန်နဝါရီမှာ ဒီလိုမြင်ကွင်းမျိုးတွေ မြင်ရတာ
အံ့ဩဝမ်းသာမိတယ်။ အာဆီယံနိုင်ငံတွေထဲမှာ တတိယမြောက် ကာကွယ်ဆေး ရတဲ့နိုင်ငံက ကိုယ်တို့ နိုင်ငံတဲ့လေ။
ကိုဗစ် ကြောင့် နိုင်ငံတိုင်း အထိနာနေကြတာ။ အခုအချိန်မှာ ကိုဗစ် ကာကွယ်ဆေးရဖို့ နိုင်ငံတိုင်းက
ကြိုးစားနေကြမှာပဲ။ ကိုယ့်တို့နိုင်ငံထက် ချမ်းသာတဲ့၊ အင်အားတောင့်တင်းတဲ့ နိုင်ငံတွေ ကာကွယ်ဆေး
မရကြသေးဘူး။ ကိုယ်တို့ရဲ့ ခေါင်းဆောင်ကောင်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အိန္ဒိယရဲ့ သံတမန်ရေးရာ
ချောမွေ့မှုတွေက ဒီကောင်းခြင်းမင်္ဂလာကို ဖန်တီးပေးခဲ့တာပဲ။
ပထမဆုံး Front Line က ကျန်းမာရေးဝန်ထမ်းတွေကို အရင်ဆုံး ကာကွယ်ဆေး ထိုးနှံပေးလိမ့်မယ်။
ဒေါ်အောင်ဆန်းစုကြည်က ပထမအသုတ်မှာ ကာကွယ်ဆေး မထိုးဘူး။ အစိုးရယန္တယားအတွက်
အရေးကြီးသူတွေအတွက်လျာထားတဲ့ ဒုတိယအသုတ်မှာ ကာကွယ်ဆေးထိုးခွင့်ရတာတောင်
သူမက ပြည်သူတွေကို အားနာစကားပြောသေးတယ်။
သူကြိုးပမ်းခဲ့တဲ့ ကာကွယ်ဆေး၊ မြန်မာပြည်ရဲ့ လက်ရှိ ထိပ်ဆုံးခေါင်းဆောင်၊ ဒါပေမယ့် သူမဟာ
ဒါကို ရပိုင်ခွင့်လို့ ခံယူမထားဘဲ ပြည်သူနဲ့အတူဆိုတဲ့စကားနဲ့အညီ ရပ်တည်ပေးနေတာဟာ ပြည်သူဟာ
သူမကို ရွေးချယ်ခဲ့ခြင်းအတွက် အမှားအယွင်းမရှိခဲ့ဘူးဆိုတာ သက်သေပါပဲ။
ကိုဗစ်နဲ့ မျက်နှာချင်းဆိုင် တိုက်ခိုက်ပေးခဲ့ကြတဲ့ ဆေးဝန်ထမ်းတွေ ကာကွယ်ဆေးထိုးခွင့်ရခြင်းကို
ဝမ်းမြောက်သလို အစိုးရယန္တယားအတွက် တာဝန်ရှိသူတွေ ကာကွယ်ဆေးထိုးနှံခွင့်ရတာ
ကျေနပ်ပါရဲ့။ ကိုယ်တို့ပြည်သူတွေလည်း သိပ်မဝေးလှတဲ့ တစ်နေ့ ကာကွယ်ဆေးထိုးခွင့်ရမယ်၊
ကိုဗစ်ကို အောင်နိုင်ပြီလို့ ဟစ်ကြွေးခွင့်ရတော့မယ်ဆိုတာ အကြွင်းမဲ့ ယုံကြည်ပါတယ်။
ကမ္ဘာ့ကပ်ရောဂါကြီး တစ်ခုလုံးမှာ စ၊ လယ်၊ ဆုံး အတူရုန်းပေးခဲ့တဲ့ အမေ သက်ရှည်ကျန်းမာပါစေ။
အိပန်ဆယ်လို
zawgyi
ျမန္မာျပည္မွာ ကိုဗစ္ကာကြယ္ေဆးထိုးေတာ့မယ့္ ကိစၥနဲ႔ ပတ္သက္ၿပီး ပန္ဆယ္လို ေျပာၿပီ
ကိုဗစ္ ကာကြယ္ေဆး တစ္သန္းခြဲ ျမန္မာျပည္ကို ေရာက္လာၿပီ။ လူတစ္ဦးကို ႏွစ္ခါထိုးရမွာဆိုေတာ့
လူခုႏွစ္သိန္းခြဲအတြက္ ကာကြယ္ေဆး ထိုးခြင့္ရေတာ့မယ္။
ေလးလပိုင္းေလာက္မွ အေစာဆုံးရႏိုင္မယ္လို႔ ၾကားထားေတာ့ ဇန္နဝါရီမွာ ဒီလိုျမင္ကြင္းမ်ိဳးေတြ ျမင္ရတာ
အံ့ဩဝမ္းသာမိတယ္။ အာဆီယံႏိုင္ငံေတြထဲမွာ တတိယေျမာက္ ကာကြယ္ေဆး ရတဲ့ႏိုင္ငံက ကိုယ္တို႔ ႏိုင္ငံတဲ့ေလ။
ကိုဗစ္ ေၾကာင့္ ႏိုင္ငံတိုင္း အထိနာေနၾကတာ။ အခုအခ်ိန္မွာ ကိုဗစ္ ကာကြယ္ေဆးရဖို႔ ႏိုင္ငံတိုင္းက
ႀကိဳးစားေနၾကမွာပဲ။ ကိုယ့္တို႔ႏိုင္ငံထက္ ခ်မ္းသာတဲ့၊ အင္အားေတာင့္တင္းတဲ့ ႏိုင္ငံေတြ ကာကြယ္ေဆး
မရၾကေသးဘူး။ ကိုယ္တို႔ရဲ႕ ေခါင္းေဆာင္ေကာင္း ေဒၚေအာင္ဆန္းစုၾကည္နဲ႔ အိႏၵိယရဲ႕ သံတမန္ေရးရာ
ေခ်ာေမြ႕မႈေတြက ဒီေကာင္းျခင္းမဂၤလာကို ဖန္တီးေပးခဲ့တာပဲ။
ပထမဆုံး Front Line က က်န္းမာေရးဝန္ထမ္းေတြကို အရင္ဆုံး ကာကြယ္ေဆး ထိုးႏွံေပးလိမ့္မယ္။
ေဒၚေအာင္ဆန္းစုၾကည္က ပထမအသုတ္မွာ ကာကြယ္ေဆး မထိုးဘူး။ အစိုးရယႏၲယားအတြက္
အေရးႀကီးသူေတြအတြက္လ်ာထားတဲ့ ဒုတိယအသုတ္မွာ ကာကြယ္ေဆးထိုးခြင့္ရတာေတာင္
သူမက ျပည္သူေတြကို အားနာစကားေျပာေသးတယ္။
သူႀကိဳးပမ္းခဲ့တဲ့ ကာကြယ္ေဆး၊ ျမန္မာျပည္ရဲ႕ လက္ရွိ ထိပ္ဆုံးေခါင္းေဆာင္၊ ဒါေပမယ့္ သူမဟာ
ဒါကို ရပိုင္ခြင့္လို႔ ခံယူမထားဘဲ ျပည္သူနဲ႔အတူဆိုတဲ့စကားနဲ႔အညီ ရပ္တည္ေပးေနတာဟာ ျပည္သူဟာ
သူမကို ေ႐ြးခ်ယ္ခဲ့ျခင္းအတြက္ အမွားအယြင္းမရွိခဲ့ဘူးဆိုတာ သက္ေသပါပဲ။
ကိုဗစ္နဲ႔ မ်က္ႏွာခ်င္းဆိုင္ တိုက္ခိုက္ေပးခဲ့ၾကတဲ့ ေဆးဝန္ထမ္းေတြ ကာကြယ္ေဆးထိုးခြင့္ရျခင္းကို
ဝမ္းေျမာက္သလို အစိုးရယႏၲယားအတြက္ တာဝန္ရွိသူေတြ ကာကြယ္ေဆးထိုးႏွံခြင့္ရတာ
ေက်နပ္ပါရဲ႕။ ကိုယ္တို႔ျပည္သူေတြလည္း သိပ္မေဝးလွတဲ့ တစ္ေန႔ ကာကြယ္ေဆးထိုးခြင့္ရမယ္၊
ကိုဗစ္ကို ေအာင္ႏိုင္ၿပီလို႔ ဟစ္ေႂကြးခြင့္ရေတာ့မယ္ဆိုတာ အႂကြင္းမဲ့ ယုံၾကည္ပါတယ္။
ကမာၻ႔ကပ္ေရာဂါႀကီး တစ္ခုလုံးမွာ စ၊ လယ္၊ ဆုံး အတူ႐ုန္းေပးခဲ့တဲ့ အေမ သက္ရွည္က်န္းမာပါေစ။
အိပန္ဆယ္လို