မြန်မာပြည်ရောက်နေတဲ့ ကိုဗစ် ကာကွယ်ဆေးနှင့် ပတ်သက်ပြီး သိရှိသင့်သည့်
အချက်များကို ဒေါက်တာခင်ခင်ကြီး ပြောပြီ..
မြန်မာနိုင်ငံအတွက် Covishield ကိုဗစ်ကာကွယ်ဆေး ရောက်ပြီဆိုတော့ Covishield
ကာကွယ်ဆေးနဲ့ပတ်သက်လို့ ဘယ်သူတွေထိုးနှံသင့်သလဲဆိုတာကို တင်ပြလိုက်ပါတယ်..
၁။ ဘယ်သူတွေကိုထိုးရမလဲ..
အသက် ၁၈ နှစ်အထက်သာ ထိုးနှံရပါမယ်..
၂၊ ဘယ်သူတွေကို မထိုးသင့်ဘူးလဲ..
ကိုယ်ဝန်ဆောင်တွေ ကိုယ်ဝန်ရှိနိုင်တဲ့သူတွေ နို့တိုက်မိခင်တွေအနေနဲ့
ယခုအချိန်မှာတော့ မထိုးသင့်သေးပါဘူး.. ယခင်တခေါက် ကာကွယ်ဆေးတခုခု
ထိုးစဉ်က ဓာတ်မတည့်ဖြစ်ခဲ့ဖူးသူများ မထိုးသင့်ပါ.. ယခင်က ကိုဗစ်ကာကွယ်ဆေးထိုးခဲ့စဉ်
ချက်ချင်း သို့ နောက်မှဆေးမတည့်ခြင်း, အစားအသောက်ဓာတ်မတည့်ခြင်း ဖြစ်ခဲ့ဖူးသူများ မထိုးသင့်ပါ..
၃။ ကာကွယ်ဆေးနှင့်ပတ်သက်၍ သိသင့်သည့် အချက်များ..
ကိုဗစ်ကာကွယ်ဆေးနှင့် အခြားကာကွယ်ဆေးများကို အနည်းဆုံး ၁၄ ရက်ခြားရပါမည်..
ကိုဗစ်ကာကွယ်ဆေးတစ်မျိုးထိုးပြီးနောက် အခြားတစ်မျိုးနှင့် လဲလှယ်ထိုးခြင်းခွင့်မပြုပါ..
ကာကွယ်ဆေးအမျိုးအစားချင်း တူရပါမည်..
၄။ လောလောဆယ် ကာကွယ်ဆေးမထိုးသင့်သောသူများ..
အောက်ပါအခြေအနေများရှိပါက လတ်တလောတွင် ကာကွယ်ဆေးထိုးခြင်းကို
ဆိုင်းငံ့ထားသင့်ပါသည်.. ခဏတဖြုတ် မထိုးသင့်သေးပါ.. ကာကွယ်ဆေးထိုးခြင်းကို
နေကောင်းပြီး ၄-၈ ပတ်အကြာမှ ပြန်ထိုးသင့်ပါသည်..
လက်ရှိအချိန် ကိုဗစ်လက္ခဏာခံစားနေရသူများ.. ကိုဗစ်ပိုးတွေ့လူနာဖြစ်ပြီး
Monoclonal Antibodies နှင့်ကုသမှုခံယူနေသူများ, ပြန်ကောင်းလူနာ၏
သွေးရည်ကြည်သွင်းပြီး ကုသမှုခံယူနေသူများ.. ရောဂါတစ်မျိုးမျိုးကြောင့် လောလောဆယ်
နေမကောင်းဖြစ်နေပြီး ဆေးရုံတင်ကုသမှုခံယူနေသူများ မထိုးသင့်ပါ..
၅။ ကာကွယ်ဆေးနှင့် ပတ်သက်၍ အထူးသတိထားရမည့်အချက်များ..
Covishield ကိုဗစ် ကာကွယ်ဆေးကို သွေးနှင့်ဆိုင်သောရောဂါတစ်မျိုးမျိုး
သွေးမတိတ်ရောဂါခံစားနေရသူများ (သွေးခဲသည့်ဓာတ်ချို့ယွင်းနေသူ,
သွေးခဲစနစ်တွင်ပြသနာရှိသူ, သွေးမွှားတွင်ချို့ယွင်းချက်ရှိသူ) များ ဂရုစိုက်၍ ဆေးထိုးရပါမည်..
၆။ ကိုဗစ်ကာကွယ်ဆေး ထိုးနှံလို့ရသည့် အခြေအနေများ..
ယခင်က ကိုဗစ်ကူးစက်ခံရသူများ.. နာတာရှည်ရောဂါရှိသူများ.. ကိုယ်ခံအားကျဆင်းသည့်
ဝေဒနာခံစားနေရသူများ.. HIV ရှိသူများ.. အကြောင်းကြောင်းကြောင့် ကိုယ်ခံအားကို ဖိနှိပ်ထားရသူများ..
၇။ Covishield ထိုးပြီးနောက် ဘယ်လိုမျိုး နောက်ဆက်တွဲဖြစ်ရပ်ဖြစ်တတ်ပါသလဲ..
ဆေးထိုးသည့်နေရာနီနေခြင်း, နာကျင်ခြင်း, ခေါင်းကိုက်ခြင်း, မောပန်းခြင်း, ပျို့အန်ခြင်းတို့
ခံစားရနိုင်ပါသည်.. အာရုံကြောအပေါ်လွှာတွင် ထိခိုက်မှု
demyelinating disorders ကို အလွန်ရှားပါးစွာတွေ့ရနိုင်ပါသည်..
အထက်ပါပို့စ်ကို ဇန်နဝါရီလ ၁၆ ရက်နေ့ အိန္ဒိယတူဒေး သတင်းစာမှ
ဘာသာပြန်တင်ပြအပ်ပါသည်.. (ဒေါက်တာခင်ခင်ကြီး)
zawgyi
ျမန္မာျပည္ေရာက္ေနတဲ့ ကိုဗစ္ ကာကြယ္ေဆးႏွင့္ ပတ္သက္ၿပီး သိရွိသင့္သည့္
အခ်က္မ်ားကို ေဒါက္တာခင္ခင္ႀကီး ေျပာၿပီ..
ျမန္မာႏိုင္ငံအတြက္ Covishield ကိုဗစ္ကာကြယ္ေဆး ေရာက္ၿပီဆိုေတာ့ Covishield
ကာကြယ္ေဆးနဲ႔ပတ္သက္လို႔ ဘယ္သူေတြထိုးႏွံသင့္သလဲဆိုတာကို တင္ျပလိုက္ပါတယ္..
၁။ ဘယ္သူေတြကိုထိုးရမလဲ..
အသက္ ၁၈ ႏွစ္အထက္သာ ထိုးႏွံရပါမယ္..
၂၊ ဘယ္သူေတြကို မထိုးသင့္ဘူးလဲ..
ကိုယ္ဝန္ေဆာင္ေတြ ကိုယ္ဝန္ရွိႏိုင္တဲ့သူေတြ ႏို႔တိုက္မိခင္ေတြအေနနဲ႔
ယခုအခ်ိန္မွာေတာ့ မထိုးသင့္ေသးပါဘူး.. ယခင္တေခါက္ ကာကြယ္ေဆးတခုခု
ထိုးစဥ္က ဓာတ္မတည့္ျဖစ္ခဲ့ဖူးသူမ်ား မထိုးသင့္ပါ.. ယခင္က ကိုဗစ္ကာကြယ္ေဆးထိုးခဲ့စဥ္
ခ်က္ခ်င္း သို႔ ေနာက္မွေဆးမတည့္ျခင္း, အစားအေသာက္ဓာတ္မတည့္ျခင္း ျဖစ္ခဲ့ဖူးသူမ်ား မထိုးသင့္ပါ..
၃။ ကာကြယ္ေဆးႏွင့္ပတ္သက္၍ သိသင့္သည့္ အခ်က္မ်ား..
ကိုဗစ္ကာကြယ္ေဆးႏွင့္ အျခားကာကြယ္ေဆးမ်ားကို အနည္းဆုံး ၁၄ ရက္ျခားရပါမည္..
ကိုဗစ္ကာကြယ္ေဆးတစ္မ်ိဳးထိုးၿပီးေနာက္ အျခားတစ္မ်ိဳးႏွင့္ လဲလွယ္ထိုးျခင္းခြင့္မျပဳပါ..
ကာကြယ္ေဆးအမ်ိဳးအစားခ်င္း တူရပါမည္..
၄။ ေလာေလာဆယ္ ကာကြယ္ေဆးမထိုးသင့္ေသာသူမ်ား..
ေအာက္ပါအေျခအေနမ်ားရွိပါက လတ္တေလာတြင္ ကာကြယ္ေဆးထိုးျခင္းကို
ဆိုင္းငံ့ထားသင့္ပါသည္.. ခဏတျဖဳတ္ မထိုးသင့္ေသးပါ.. ကာကြယ္ေဆးထိုးျခင္းကို
ေနေကာင္းၿပီး ၄-၈ ပတ္အၾကာမွ ျပန္ထိုးသင့္ပါသည္..
လက္ရွိအခ်ိန္ ကိုဗစ္လကၡဏာခံစားေနရသူမ်ား.. ကိုဗစ္ပိုးေတြ႕လူနာျဖစ္ၿပီး
Monoclonal Antibodies ႏွင့္ကုသမႈခံယူေနသူမ်ား, ျပန္ေကာင္းလူနာ၏
ေသြးရည္ၾကည္သြင္းၿပီး ကုသမႈခံယူေနသူမ်ား.. ေရာဂါတစ္မ်ိဳးမ်ိဳးေၾကာင့္ ေလာေလာဆယ္
ေနမေကာင္းျဖစ္ေနၿပီး ေဆး႐ုံတင္ကုသမႈခံယူေနသူမ်ား မထိုးသင့္ပါ..
၅။ ကာကြယ္ေဆးႏွင့္ ပတ္သက္၍ အထူးသတိထားရမည့္အခ်က္မ်ား..
Covishield ကိုဗစ္ ကာကြယ္ေဆးကို ေသြးႏွင့္ဆိုင္ေသာေရာဂါတစ္မ်ိဳးမ်ိဳး
ေသြးမတိတ္ေရာဂါခံစားေနရသူမ်ား (ေသြးခဲသည့္ဓာတ္ခ်ိဳ႕ယြင္းေနသူ,
ေသြးခဲစနစ္တြင္ျပသနာရွိသူ, ေသြးမႊားတြင္ခ်ိဳ႕ယြင္းခ်က္ရွိသူ) မ်ား ဂ႐ုစိုက္၍ ေဆးထိုးရပါမည္..
၆။ ကိုဗစ္ကာကြယ္ေဆး ထိုးႏွံလို႔ရသည့္ အေျခအေနမ်ား..
ယခင္က ကိုဗစ္ကူးစက္ခံရသူမ်ား.. နာတာရွည္ေရာဂါရွိသူမ်ား.. ကိုယ္ခံအားက်ဆင္းသည့္
ေဝဒနာခံစားေနရသူမ်ား.. HIV ရွိသူမ်ား.. အေၾကာင္းေၾကာင္းေၾကာင့္ ကိုယ္ခံအားကို ဖိႏွိပ္ထားရသူမ်ား..
၇။ Covishield ထိုးၿပီးေနာက္ ဘယ္လိုမ်ိဳး ေနာက္ဆက္တြဲျဖစ္ရပ္ျဖစ္တတ္ပါသလဲ..
ေဆးထိုးသည့္ေနရာနီေနျခင္း, နာက်င္ျခင္း, ေခါင္းကိုက္ျခင္း, ေမာပန္းျခင္း, ပ်ိဳ႕အန္ျခင္းတို႔
ခံစားရႏိုင္ပါသည္.. အာ႐ုံေၾကာအေပၚလႊာတြင္ ထိခိုက္မႈ
demyelinating disorders ကို အလြန္ရွားပါးစြာေတြ႕ရႏိုင္ပါသည္..
အထက္ပါပို႔စ္ကို ဇန္နဝါရီလ ၁၆ ရက္ေန႔ အိႏၵိယတူေဒး သတင္းစာမွ
ဘာသာျပန္တင္ျပအပ္ပါသည္.. (ေဒါက္တာခင္ခင္ႀကီး)