News

မြူးဇစ်ဇုန် ကေတီဗီပိုင်ရှင် နိုင်ငံခြားတွင် ဆေးကုရန် အာမခံရရှိ

မြူးဇစ်ဇုန် ကေတီဗီပိုင်ရှင် အသည်းကင်ဆာရောဂါ ဖြစ်နေသောကြောင့် နိုင်ငံခြားတွင် ဆေးကုန်ရ အာမခံရရှိ

မြူးဇစ်ဇုန် ကေတီဗီ ဆိုင်ပိုင်ရှင် ကျန်းမာရေးကြောင့် နိုင်ငံခြားတွင်ဆေးဝါးကုသရန် ပြီးခဲ့သေ

ာ ရုံးချိန်း တစ်ခုတွင် သင်္ဃန်းကျွန်းမြို့နယ်တရားရုံးက ဆေးကုသခွင့်အာမခံပေးလိုက်ကြောင်း

တရားစွဲဆိုခံထား ရသူဘက်မှ အမှုလိုက်ပါဆောင်ရွက်ပေးနေသည့်

တရားလွှတ်တော်ရှေ့နေ ဦးဇော်သိန်းထွန်းက ပြောပါတယ်။

အသက် ၅၃ နှစ်အရွှယ် ဆိုင်ပိုင်ရှင် ဦးဇော်မင်းအနေဖြင့် လက်ရှိတွင်

ထိုင်းနိုင်ငံ သို့မဟုတ် စင်ကာပူ နိုင်ငံတွင် ဆေးဝါးကုသမှု ရရှိရန်လျှောက်ထားပြီး

မည်သည့်နိုင်ငံတွင် ဆေးဝါးကုသခွင့်ရမည်ဆိုခြင်းကို မသိရှိရသေး ကြောင်း ၎င်းက ဆိုပါတယ်။

“ဟုတ်ပါတယ်။ ကျန်းမာရေးနဲ့ ပတ်သက်လို့ အာမခံပေးထားလိုက်ပါတယ်။

အခုနိုင်ငံခြားသွားပြီးဆေး ကုဖို့ အရေးပေါ်၊ သူ့မှာက နဂိုတည်းကသွား ပြီး ကုဖို့

အနေအထားရှိတယ်။ ပြဿနာပေါ်လို့ အဖမ်းခံ လိုက်ရတော့ ရောဂါအခြေအနေဆိုးလာလို့

သမားတော်တွေရဲ့ ထောက်ခံချက်နဲ့ လုပ်ရတယ်။ အခု သွားဖို့ စီစဉ်နေပါတယ်။

ထိုင်းနဲ့ စင်ကာပူဘယ်ဟာကို ခွင့်ပြုမလည်း မသိဘူး။ သူက ထိုင်းမှာက နဂို

တည်းက ဆေးစစ်ပြီးသား သူ့ဆေးမှတ်တမ်းတွေက ရှိပြီးသား။ အစိုးရက

ထိုင်းကိုပဲခွင့်ပြုမလား။ စင်ကာပူကိုဘဲခွင့်ပြုမလား။ဒါက လုံခြုံရေးပိုင်းနဲ့

ကျန်းမာရေးဦးစီးက သဘောထားတွေပဲ၊ သူတို့ ညွှန်တဲ့ ဟာကို

လုပ်ရမှာပေါ့” ဟု ၎င်းကပင် ရှင်းပြပါတယ်။

ဆိုင်ပိုင်ရှင်ဦးဇော်မင်းမှာ အသည်းကင်ဆာ ဝေဒနာကို ခံစားနေရသူဖြစ်ကာ ပြီးခဲ့

သော ၂၀၂၀ ပြည့်နှစ် အောက်တိုဘာလ ၂၇ ရက် ရုံးထုတ်တွင် ပထမအကြိမ်

အာမခံလျှောက် ထား ခဲ့ရာ ရုံးတော်က ပယ်ချခဲ့ပြီးနောက် ဒီဇင်ဘာလ ၈ ရက်က

ဒုတိယအကြိမ်အာမခံ လျှောက်ထား ရာ အာမခံရရှိခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

လက်ရှိတွင် မြူးဇစ်ဇုန်ကေတီဗီ ဆိုင်မန်နေဂျာ အသက် ၃၂ နှစ်အရွှယ်

ကိုမျိုးဇော်ကို တစ်ဦးတည်း အား အမှုဆက်လက်စစ်ဆေးသွားမည်ဖြစ်ပြီး လာမည့်

ဖေဖော်ဝါရီလ ၅ရက်တွင် ရုံးချိန်း ချိန်းဆိုထား ကြောင်း သိရပါတယ်။

၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ ၂၉ ရက်က မြူးဇစ်ဇုန်ကေတီဗီ ဆိုင်ပိုင်ရှင်

ဦးဇော်မင်းနှင့် ဆိုင်မန်နေ ဂျာ ကိုမျိုးဇော်ကို တို့အား သင်္ဃန်းကျွန်းမြို့နယ်

ကျန်းမာရးဦးစီးဋ္ဌာနက တရားလိုပြုလုပ်၍ ပုဒ်မ ၂၅ ဖြင့် အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်ကြောင်း၊

ယင်းမှာ ပြစ်မှုထင် ရှားပါက သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ

ငွေဒဏ်ဖြစ်စေ ချမှတ်နိုင်ကြောင်း သိရပါတယ်။

zawgyi

ျမဴးဇစ္ဇုန္ ေကတီဗီပိုင္ရွင္ အသည္းကင္ဆာေရာဂါ ျဖစ္ေနေသာေၾကာင့္ ႏိုင္ငံျခားတြင္ ေဆးကုန္ရ အာမခံရရွိ

ျမဴးဇစ္ဇုန္ ေကတီဗီ ဆိုင္ပိုင္ရွင္ က်န္းမာေရးေၾကာင့္ ႏိုင္ငံျခားတြင္ေဆးဝါးကုသရန္ ၿပီးခဲ့ေသ

ာ ႐ုံးခ်ိန္း တစ္ခုတြင္ သဃၤန္းကြၽန္းၿမိဳ႕နယ္တရား႐ုံးက ေဆးကုသခြင့္အာမခံေပးလိုက္ေၾကာင္း

တရားစြဲဆိုခံထား ရသူဘက္မွ အမႈလိုက္ပါေဆာင္႐ြက္ေပးေနသည့္

တရားလႊတ္ေတာ္ေရွ႕ေန ဦးေဇာ္သိန္းထြန္းက ေျပာပါတယ္။

အသက္ ၅၃ ႏွစ္အ႐ႊယ္ ဆိုင္ပိုင္ရွင္ ဦးေဇာ္မင္းအေနျဖင့္ လက္ရွိတြင္

ထိုင္းႏိုင္ငံ သို႔မဟုတ္ စင္ကာပူ ႏိုင္ငံတြင္ ေဆးဝါးကုသမႈ ရရွိရန္ေလွ်ာက္ထားၿပီး

မည္သည့္ႏိုင္ငံတြင္ ေဆးဝါးကုသခြင့္ရမည္ဆိုျခင္းကို မသိရွိရေသး ေၾကာင္း ၎က ဆိုပါတယ္။

“ဟုတ္ပါတယ္။ က်န္းမာေရးနဲ႔ ပတ္သက္လို႔ အာမခံေပးထားလိုက္ပါတယ္။

အခုႏိုင္ငံျခားသြားၿပီးေဆး ကုဖို႔ အေရးေပၚ၊ သူ႔မွာက နဂိုတည္းကသြား ၿပီး ကုဖို႔

အေနအထားရွိတယ္။ ျပႆနာေပၚလို႔ အဖမ္းခံ လိုက္ရေတာ့ ေရာဂါအေျခအေနဆိုးလာလို႔

သမားေတာ္ေတြရဲ႕ ေထာက္ခံခ်က္နဲ႔ လုပ္ရတယ္။ အခု သြားဖို႔ စီစဥ္ေနပါတယ္။

ထိုင္းနဲ႔ စင္ကာပူဘယ္ဟာကို ခြင့္ျပဳမလည္း မသိဘူး။ သူက ထိုင္းမွာက နဂို

တည္းက ေဆးစစ္ၿပီးသား သူ႔ေဆးမွတ္တမ္းေတြက ရွိၿပီးသား။ အစိုးရက

ထိုင္းကိုပဲခြင့္ျပဳမလား။ စင္ကာပူကိုဘဲခြင့္ျပဳမလား။ဒါက လုံၿခဳံေရးပိုင္းနဲ႔

က်န္းမာေရးဦးစီးက သေဘာထားေတြပဲ၊ သူတို႔ ၫႊန္တဲ့ ဟာကို

လုပ္ရမွာေပါ့” ဟု ၎ကပင္ ရွင္းျပပါတယ္။

ဆိုင္ပိုင္ရွင္ဦးေဇာ္မင္းမွာ အသည္းကင္ဆာ ေဝဒနာကို ခံစားေနရသူျဖစ္ကာ ၿပီးခဲ့

ေသာ ၂၀၂၀ ျပည့္ႏွစ္ ေအာက္တိုဘာလ ၂၇ ရက္ ႐ုံးထုတ္တြင္ ပထမအႀကိမ္

အာမခံေလွ်ာက္ ထား ခဲ့ရာ ႐ုံးေတာ္က ပယ္ခ်ခဲ့ၿပီးေနာက္ ဒီဇင္ဘာလ ၈ ရက္က

ဒုတိယအႀကိမ္အာမခံ ေလွ်ာက္ထား ရာ အာမခံရရွိခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

လက္ရွိတြင္ ျမဴးဇစ္ဇုန္ေကတီဗီ ဆိုင္မန္ေနဂ်ာ အသက္ ၃၂ ႏွစ္အ႐ႊယ္

ကိုမ်ိဳးေဇာ္ကို တစ္ဦးတည္း အား အမႈဆက္လက္စစ္ေဆးသြားမည္ျဖစ္ၿပီး လာမည့္

ေဖေဖာ္ဝါရီလ ၅ရက္တြင္ ႐ုံးခ်ိန္း ခ်ိန္းဆိုထား ေၾကာင္း သိရပါတယ္။

၂၀၂၀ ျပည့္ႏွစ္ စက္တင္ဘာလ ၂၉ ရက္က ျမဴးဇစ္ဇုန္ေကတီဗီ ဆိုင္ပိုင္ရွင္

ဦးေဇာ္မင္းႏွင့္ ဆိုင္မန္ေန ဂ်ာ ကိုမ်ိဳးေဇာ္ကို တို႔အား သဃၤန္းကြၽန္းၿမိဳ႕နယ္

က်န္းမာရးဦးစီး႒ာနက တရားလိုျပဳလုပ္၍ ပုဒ္မ ၂၅ ျဖင့္ အမႈဖြင့္တရားစြဲဆိုခဲ့ျခင္းျဖစ္ေၾကာင္း၊

ယင္းမွာ ျပစ္မႈထင္ ရွားပါက သုံးႏွစ္ထက္မပိုေသာ ေထာင္ဒဏ္ျဖစ္ေစ

ေငြဒဏ္ျဖစ္ေစ ခ်မွတ္ႏိုင္ေၾကာင္း သိရပါတယ္။