အဆိုတော်ကြီး မြန်မာပြည်သိန်းတန်၏ ဇနီးကို မီးလောင်မှုဖြင့် အမှုဖွင့် အရေးယူ
ယနေ့ဇန်နဝါရီ ၂၁ ရက်နံနက် ၁၀ နာရီခွဲက အဆိုတော်မြန်မာပြည်သိန်းတန်၏ဇနီး ဒေါ်နုနန္ဒာသန်း
နေအိမ်တိုက် ခန်းဖြစ်သည့် ကမ်းနားလမ်း၊ ဆင်မလိုက် အဆင့်မြင့်ကွန်ဒိုအခန်း (8/D) တွင်
မီးလောင်မှုဖြစ်ပွားခဲ့သဖြင့် တိုက်ခန်းပိုင်ရှင် ဒေါ်နုနန္ဒာသန်းကို ကမာရွတ်ရဲစခန်းက
ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့်အရေးယူထားကြောင်း သိရပါတယ်။
ဖြစ်စဉ်မှာ မီးပျက်နေချိန်တွင် မီးပလပ်ခုံ၌ lighting မီးခွက်တပ်ဆင်အသုံးပြုစဉ်
မီးပြန်လာသည့်အခါ အပူလွန်ကဲပြီးမီးလောင်ခြင်းဖြကြောင်း သိရပါတယ်။
မီးလောင်မှုကြောင့် လူထိခိုက်ဒဏ်ရာရသူမသော်လည်း အဝတ်အစားနှင့်
အလှပြင်ပစ္စည်းကျပ် ငါးသောင်းဖိုးခန့်ဆုံးရှုံးသွားကြောင်း သတင်းရရှိပါတယ်။
zawgyi