News

ကိုဗစ်ကာကွယ်ဆေး မြန်မာပြည် ရောက်လာခြင်းနဲ့အတူ သတိထားရမယ့် ကာကွယ်ဆေးအတု

ကိုဗစ်ကာကွယ်ဆေး မြန်မာပြည် ရောက်လာခြင်းနဲ့အတူ သတိထားရမယ့် ကာကွယ်ဆေးအတု

ကိုဗစ် နဲ့ ပတ်သက်လို့ မပြောပဲ ငြိမ်နေတာ အခုတော့ မနေနိုင်လို့ ပြန်ဝင်ပြောအုံးမယ်။

အခုချိန် နိုင်ငံတိုင်း က အစိုးရတိုင်း နဲ့ လူတိုင်း က ကာကွယ်ဆေး ကို တတ်နိုင်သမျှ စိတ်အချရဆုံး

အကောင်းဆုံး အမြန်ဆုံး ရနိုင်အောင် ကြိုးပမ်းနေတဲ့ အချိန် မသမာသူလူတချို့ က

ကာကွယ်ဆေးအတုထုတ်ပြီး စီးပွါးရှာတာကတော့ တော်တော်များသွားပြီ။

အရင် ၂ ပတ်လောက် က မြန်မာနိုင်ငံက ပုဂ္ဂလိအဖွဲ့အစည်း တခု(ကျောက်မျက်အသင်းလို့ထင်တာပဲ)

က အစိုးရ ထိုးပေးမယ် အချိန်ထိ မစောင့် ပဲ ကိုယ်ဟာ ကိုယ် ဝယ်ပြီးထိုးဖို့ စာရင်းကောက်တာ တွေ့မိပါတယ်။

အခုချိန် မှာ ကိုဗစ် ကာကွယ်ဆေးထုတ်နိုင်တဲ့နိုင်ငံ က လက်တဖက် မပြည့်ပါဘူး၊ ကာကွယ်ဆေး ကို

ထုတ်တဲ့ ဆေးကုမ္မဏီတွေ ကလဲ နိုင်ငံအစိုးရတွေ ကိုပဲ တိုက်ရိုက်ရောင်းချပေးပါတယ်။ ဖဘပေါ်

က သတင်းတခုမှာတော့ ယူအစ် မှာ ဖိုက်ဇာ Pfizer ဆေးတလုံး ကို မှောင်ခိုစျေးကွက်

မှာ USD ၂၅,၀၀၀ နဲ့ ရောင်းတာလို့တော့ ကြားဘူးပါတယ်။ အမှန်တကယ် မဟုတ်ဘူးလို့ယူဆပါတယ်။

တကယ်ရောင်းရင်တောင် ကာကွယ်ဆေး အစစ်အမှန်ဖြစ်ဖို့ နဲ့ အာနိသင်ပြည့်ဝဖို့ဆိုတာ မေးခွန်းထုတ်စရာပါ။

ခုန အပေါ်မှာပြောတဲ့ အသင်းအဖွဲ့တွေရော လူပုဂ္ဂိုလ်တွေ ကိုရော ပြောချင်တာ က မှောင်ခိုစျေးကွက် က

ကိုဗစ်ကာကွယ်ဆေးက လုံးဝ(လုံးဝ) မယုံကြည်ရပါခင်ဗျား။ ဆေးထဲ မှာ ဘာဓာတုပဋိဇီဝဓါတ်ပေါင်းတွေပါလဲ

ဆိုတာ ဘုရား ပဲ သိမယ်ထင်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးဆက်(ဆိုးကျိုး) တွေ က ကိုယ်တယောက်ပဲ

ခံရတာထက် ဆွေစဥ်မျိုးဆက်တွေ အထိတောင် ခံရနိုငိတဲ့လို့ပဲပြောချင်ပါတယ်။

မြန်မာနိုင်ငံ ကို လဲ အခုလို ကာကွယ်ဆေးအတုတွေ ဝင်ရောက် မလာဖို့ အစိုးရ မှာ ပဲ တာဝန်ရှိရုံမက

နိုင်ငံသူ/သား မှာလဲ တာဝန်ရှိပါတယ်။ ဘယ်ဆေးကုမ္မဏီ ကိုယ်စားလှယ် လူပုဂ္ဂိုလ်တယောက် မှာ

ကာကွယ်ဆေး ဝယ်ယူခွင့် နဲ့ ဖြန့်ဖြူးခွင့်မရှိသေးကြောင်း ထပ်လောင်း သတိပေးချင်ပါတယ်။

အယုံမလွယ်ပါနဲ့

ဒေါက်တာ မောင်မောင်ဦး

zawgyi

ကိုဗစ္ကာကြယ္ေဆး ျမန္မာျပည္ ေရာက္လာျခင္းနဲ႔အတူ သတိထားရမယ့္ ကာကြယ္ေဆးအတု

ကိုဗစ္ နဲ႔ ပတ္သက္လို႔ မေျပာပဲ ၿငိမ္ေနတာ အခုေတာ့ မေနႏိုင္လို႔ ျပန္ဝင္ေျပာအုံးမယ္။

အခုခ်ိန္ ႏိုင္ငံတိုင္း က အစိုးရတိုင္း နဲ႔ လူတိုင္း က ကာကြယ္ေဆး ကို တတ္ႏိုင္သမွ် စိတ္အခ်ရဆုံး

အေကာင္းဆုံး အျမန္ဆုံး ရႏိုင္ေအာင္ ႀကိဳးပမ္းေနတဲ့ အခ်ိန္ မသမာသူလူတခ်ိဳ႕ က

ကာကြယ္ေဆးအတုထုတ္ၿပီး စီးပြါးရွာတာကေတာ့ ေတာ္ေတာ္မ်ားသြားၿပီ။

အရင္ ၂ ပတ္ေလာက္ က ျမန္မာႏိုင္ငံက ပုဂၢလိအဖြဲ႕အစည္း တခု(ေက်ာက္မ်က္အသင္းလို႔ထင္တာပဲ)

က အစိုးရ ထိုးေပးမယ္ အခ်ိန္ထိ မေစာင့္ ပဲ ကိုယ္ဟာ ကိုယ္ ဝယ္ၿပီးထိုးဖို႔ စာရင္းေကာက္တာ ေတြ႕မိပါတယ္။

အခုခ်ိန္ မွာ ကိုဗစ္ ကာကြယ္ေဆးထုတ္ႏိုင္တဲ့ႏိုင္ငံ က လက္တဖက္ မျပည့္ပါဘူး၊ ကာကြယ္ေဆး ကို

ထုတ္တဲ့ ေဆးကုမၼဏီေတြ ကလဲ ႏိုင္ငံအစိုးရေတြ ကိုပဲ တိုက္႐ိုက္ေရာင္းခ်ေပးပါတယ္။ ဖဘေပၚ

က သတင္းတခုမွာေတာ့ ယူအစ္ မွာ ဖိုက္ဇာ Pfizer ေဆးတလုံး ကို ေမွာင္ခိုေစ်းကြက္

မွာ USD ၂၅,၀၀၀ နဲ႔ ေရာင္းတာလို႔ေတာ့ ၾကားဘူးပါတယ္။ အမွန္တကယ္ မဟုတ္ဘူးလို႔ယူဆပါတယ္။

တကယ္ေရာင္းရင္ေတာင္ ကာကြယ္ေဆး အစစ္အမွန္ျဖစ္ဖို႔ နဲ႔ အာနိသင္ျပည့္ဝဖို႔ဆိုတာ ေမးခြန္းထုတ္စရာပါ။

ခုန အေပၚမွာေျပာတဲ့ အသင္းအဖြဲ႕ေတြေရာ လူပုဂၢိဳလ္ေတြ ကိုေရာ ေျပာခ်င္တာ က ေမွာင္ခိုေစ်းကြက္ က

ကိုဗစ္ကာကြယ္ေဆးက လုံးဝ(လုံးဝ) မယုံၾကည္ရပါခင္ဗ်ား။ ေဆးထဲ မွာ ဘာဓာတုပဋိဇီဝဓါတ္ေပါင္းေတြပါလဲ

ဆိုတာ ဘုရား ပဲ သိမယ္ထင္ပါတယ္။ ျဖစ္ေပၚလာႏိုင္တဲ့ အက်ိဳးဆက္(ဆိုးက်ိဳး) ေတြ က ကိုယ္တေယာက္ပဲ

ခံရတာထက္ ေဆြစဥ္မ်ိဳးဆက္ေတြ အထိေတာင္ ခံရႏိုငိတဲ့လို႔ပဲေျပာခ်င္ပါတယ္။

ျမန္မာႏိုင္ငံ ကို လဲ အခုလို ကာကြယ္ေဆးအတုေတြ ဝင္ေရာက္ မလာဖို႔ အစိုးရ မွာ ပဲ တာဝန္ရွိ႐ုံမက

ႏိုင္ငံသူ/သား မွာလဲ တာဝန္ရွိပါတယ္။ ဘယ္ေဆးကုမၼဏီ ကိုယ္စားလွယ္ လူပုဂၢိဳလ္တေယာက္ မွာ

ကာကြယ္ေဆး ဝယ္ယူခြင့္ နဲ႔ ျဖန္႔ျဖဴးခြင့္မရွိေသးေၾကာင္း ထပ္ေလာင္း သတိေပးခ်င္ပါတယ္။

အယုံမလြယ္ပါနဲ႔

ေဒါက္တာ ေမာင္ေမာင္ဦး