News

ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီ (ကိုဗစ်ကို တိုက်စစ် ပြန်ဖွင့်နိုင်ပါတော့မယ်)

ကိုဗစ်ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီ (ကိုဗစ်ကို တိုက်စစ် ပြန်ဖွင့်နိုင်ပါတော့မယ်)

အိန္ဒိယကမှာယူထားတဲ့ ကိုဗစ် ကာကွယ်ဆေး ပထမအသုတ် မြန်မာပြည်ရောက်ပြီလို့

ကျန်းမာရေးဝန်ကြီးဌာနအသိုင်းအဝိုင်းကသိရပါတယ်။

ပထမဆုံးရောက်တဲ့ ဆေးတွေကို ရောဂါကူးစက်မှုအနီးစပ်ဆုံးနဲ့ ကူးစက်ခံရမှုအများဆုံးဖြစ်နေတဲ့

ကျန်းမာရေး၀န်ထမ်းနဲ့ စေတနာ့ဝန်ထမ်းတွေကို အရင် စတင်ထိုးပေးမှာဖြစ်ပြီး

နောက်ရောက်တာတွေကို အသက် ၆၅နှစ်အထက်တွေကို ထိုးပေးမယ်လို့သိရပါတယ်။

ကိုဗစ်ကာကွယ်ဆေးတလုံးဟာ အမျိုးအစားလိုက်ပြီး တချို့ဆေးဟာ လူ ၈ ဦး ထိုးလို့ရပြီး

တချို့ကတော့ ၁၀ ဦးထိ ထိုးပေးလို့ရပါတယ်။ ဆေးရဲ့ အကျိုးအာနိသင်ကိုလိုက်ပြီး ပထမထိုးနှံပြီးသူဟာ

နောက်ထပ် ၃ ပတ်နေမှ ဒုတိယအကြိမ် ထပ်ထိုးရမှာဖြစ်သလို တချို့ဆေးကတော့

နောက် ၄ ပတ်နေမှ ဒုတိယအကြိမ် ထပ်ထိုးရတဲ့ဆေးမျိုးလည်း ရှိပါတယ်။

မြန်မာနိုင်ငံအနေနဲ့ အိန္ဒိယကနေ ကိုဗစ်ကာကွယ်ဆေး၀ယ်ယူတာအပြင် CEPI, GAVI နဲ့ WHO

တို့ချမှတ်တဲ့ COVAX ကိုဗစ်ကာကွယ်ဆေးအစီအစဉ်နဲ့လည်း ကိုဗစ်ကာကွယ်ဆေ တွေ မှာယူထားပါတယ်။

တရုတ်နိုင်ငံကလည်း ကာကွယ်ဆေးအချို့ လှူဒါန်းထားပါတယ်။

မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာန စာရင်းတွေအရ ကိုဗစ်ပိုးကူးစက်ခံရတဲ့

ကျန်းမာရေးဝန်ထမ်း ၂ ထောင်ကျော် ရှိနေပြီ ဖြစ်ပါတယ်။

zawgyi














