အစိုးရထောက်ပံ့ကြေး လေးသောင်း မရလိုက်သူတွေနဲ့ ထပ်တိုးသူတွေကို ထောက်ပံ့ငွေ ထပ်ပေးမည်
အစိုးရပေးအပ်တဲ့ စတုတ္ထအကြိမ် ကိုဗစ်ထောက်ပံ့ကြေးပေးတဲ့အစီအစဉ်မှာ ကျန်ခဲ့တဲ့သူတွေနဲ့
ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲပြီး ထောက်ပံ့ကြေးပေးဖို့ လိုအပ်နေသူတွေကို စိစစ်နေပြီး
မကြာမီထောက်ပံ့ကြေးတွေပေးသွားဖို့ စီစဉ်နေတယ်လို့ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန
၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ပြောပါတယ်။
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို အစိုးရက ၂၀၂၀ နိုဝင်ဘာလက
စတုတ္ထအကြိမ်အနေနဲ့ ထောက်ပံ့ပေးခဲ့တာပါ။ ဒီလို ထောက်ပံ့ကြေးပေးရာမှာ မပါဘဲ
ကျန်ခဲ့လို့တိုင်ကြားထားတွေလည်း ရှိပါတယ်။
ဒါ့အပြင် အခြေခံလူတန်းစားအိမ်ထောင်စုစာရင်းမှာ အရင်ကမပါပေမယ့် ကိုဗစ်ကပ်ရောဂါကာလ
ရှည်ကြာလာတာကြောင့် လုပ်ကိုင်စားသောက်ရတာ အဆင်မပြေတဲ့ အိမ်ထောင်စုတွေက
ထောက်ပံ့ကြေးလိုအပ်တယ်လို့ ထွေ၊အုပ်ဦးစီးဌာနကို တင်ပြထားတာတွေ လည်းရှိပါတယ်။
ဒါတွေကို လက်ရှိမှာ စိစစ်နေပြီး မကြာမီ ထောက်ပံ့ကြေးပေးသွားမယ်လို့ သိပါတယ်။
အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမြင့်သန်းက “တနိုင်ငံလုံးကို
ထပ်ပေးတဲ့ သဘောမဟုတ်ပါဘူး။ အရင်က ကျန်ခဲ့တဲ့သူတွေနဲ့ ကပ်ရောဂါကာလရှည်ကြာလာလို့
ထောက်ပံ့ကြေးလိုချင်တယ်လို့ တောင်းခံတင်ပြထားတဲ့သူတွေကို ပေးမှာပါ။
လက်ရှိ ပြည်နယ်၊တိုင်း အလိုက်စိစစ်နေပါတယ်။”လို့ ပြောပါတယ်။
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို နိုင်ငံတော်အစိုးရက ထောက်ပံ့ပေးတဲ့
အစီအစဉ်အရ ပထမ အကြိမ်မှာ စုစုပေါင်း အိမ်ထောင်စု ၅ ဒသမ၄ သန်း နီးပါးကို အခြေခံစားကုန်
၅ မျိုးစီ၊ ဒုတိယအကြိမ်မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ ၄ သန်းနီးပါးကို ငွေကျပ် ၄၀၀၀၀
တတိယအကြိမ်မှာ အိမ်ထောင်စုပေါင်း ၅ ဒသမ ၇ သန်းနီးပါးနဲ့ စတုတ္ထအကြိမ်မှာ
အိမ်ထောင်စုပေါင်း ၆ ဒသမ ၁ သန်းနီးပါးကို ထောက်ပံ့ပေးထားတယ်လို့ ပြည်ထောင်စု
အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာနက ထုတ်ပြန်ထား ပါတယ်။
ကိုဗစ်ကာလအတွင်းမှာ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စုတွေကို
ထောက်ပံ့ခဲ့တာ စတုတ္ထအကြိမ် အထိဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေ
ကျပ် ၅၆၈ ဒသမ ၆၄ ဘီလီယံ အထိ ရှိနေပြီဖြစ်ပါတယ်။
zawgyi
အစိုးရေထာက္ပံ့ေၾကး ေလးေသာင္း မရလိုက္သူေတြနဲ႔ ထပ္တိုးသူေတြကို ေထာက္ပံ့ေငြ ထပ္ေပးမည္
အစိုးရေပးအပ္တဲ့ စတုတၳအႀကိမ္ ကိုဗစ္ေထာက္ပံ့ေၾကးေပးတဲ့အစီအစဥ္မွာ က်န္ခဲ့တဲ့သူေတြနဲ႔
ကိုဗစ္ေၾကာင့္ စားဝတ္ေနေရးခက္ခဲၿပီး ေထာက္ပံ့ေၾကးေပးဖို႔ လိုအပ္ေနသူေတြကို စိစစ္ေနၿပီး
မၾကာမီေထာက္ပံ့ေၾကးေတြေပးသြားဖို႔ စီစဥ္ေနတယ္လို႔ ျပည္ေထာင္စု အစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာန
၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာနက ေျပာပါတယ္။
ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားအိမ္ေထာင္စုေတြကို အစိုးရက ၂၀၂၀ ႏိုဝင္ဘာလက
စတုတၳအႀကိမ္အေနနဲ႔ ေထာက္ပံ့ေပးခဲ့တာပါ။ ဒီလို ေထာက္ပံ့ေၾကးေပးရာမွာ မပါဘဲ
က်န္ခဲ့လို႔တိုင္ၾကားထားေတြလည္း ရွိပါတယ္။
ဒါ့အျပင္ အေျခခံလူတန္းစားအိမ္ေထာင္စုစာရင္းမွာ အရင္ကမပါေပမယ့္ ကိုဗစ္ကပ္ေရာဂါကာလ
ရွည္ၾကာလာတာေၾကာင့္ လုပ္ကိုင္စားေသာက္ရတာ အဆင္မေျပတဲ့ အိမ္ေထာင္စုေတြက
ေထာက္ပံ့ေၾကးလိုအပ္တယ္လို႔ ေထြ၊အုပ္ဦးစီးဌာနကို တင္ျပထားတာေတြ လည္းရွိပါတယ္။
ဒါေတြကို လက္ရွိမွာ စိစစ္ေနၿပီး မၾကာမီ ေထာက္ပံ့ေၾကးေပးသြားမယ္လို႔ သိပါတယ္။
အေထြေထြအုပ္ခ်ဳပ္ေရး ဦးစီးဌာန ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးျမင့္သန္းက “တႏိုင္ငံလုံးကို
ထပ္ေပးတဲ့ သေဘာမဟုတ္ပါဘူး။ အရင္က က်န္ခဲ့တဲ့သူေတြနဲ႔ ကပ္ေရာဂါကာလရွည္ၾကာလာလို႔
ေထာက္ပံ့ေၾကးလိုခ်င္တယ္လို႔ ေတာင္းခံတင္ျပထားတဲ့သူေတြကို ေပးမွာပါ။
လက္ရွိ ျပည္နယ္၊တိုင္း အလိုက္စိစစ္ေနပါတယ္။”လို႔ ေျပာပါတယ္။
ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားအိမ္ေထာင္စုေတြကို ႏိုင္ငံေတာ္အစိုးရက ေထာက္ပံ့ေပးတဲ့
အစီအစဥ္အရ ပထမ အႀကိမ္မွာ စုစုေပါင္း အိမ္ေထာင္စု ၅ ဒသမ၄ သန္း နီးပါးကို အေျခခံစားကုန္
၅ မ်ိဳးစီ၊ ဒုတိယအႀကိမ္မွာ အိမ္ေထာင္စုေပါင္း ၅ ဒသမ ၄ သန္းနီးပါးကို ေငြက်ပ္ ၄၀၀၀၀
တတိယအႀကိမ္မွာ အိမ္ေထာင္စုေပါင္း ၅ ဒသမ ၇ သန္းနီးပါးနဲ႔ စတုတၳအႀကိမ္မွာ
အိမ္ေထာင္စုေပါင္း ၆ ဒသမ ၁ သန္းနီးပါးကို ေထာက္ပံ့ေပးထားတယ္လို႔ ျပည္ေထာင္စု
အစိုးရအဖြဲ႕႐ုံး ဝန္ႀကီးဌာနက ထုတ္ျပန္ထား ပါတယ္။
ကိုဗစ္ကာလအတြင္းမွာ ပုံမွန္ဝင္ေငြမရွိတဲ့ အေျခခံလူတန္းစားအိမ္ေထာင္စုေတြကို
ေထာက္ပံ့ခဲ့တာ စတုတၳအႀကိမ္ အထိဆိုရင္ ႏိုင္ငံေတာ္ဘ႑ာေငြ
က်ပ္ ၅၆၈ ဒသမ ၆၄ ဘီလီယံ အထိ ရွိေနၿပီျဖစ္ပါတယ္။