ကိုဗစ်လူနာတွေအတွက် ဆေးရုံကုတင်မလောက်တော့တဲ့ လန်ဒန်မြို့ နောက်ဆုံးရအခြေအနေ
အခုတလော ရုံးမှာ အလုပ်တွေဟာ သေလုအောင်များတာပဲ.. လန်ဒန်မှာ လူသုံးဆယ်မှာ
တစ်ယောက်နှုန်းနဲ့ ကိုဗစ် ကူးခံနေရပြီး ဆေးရုံတွေမှာ ကုတင်မလောက်တဲ့ အခက်အခဲတွေ
ရှိလာပြီ.. အရင်တစ်ပတ် ကြာသပတေးနေ့ကဆို သတင်းစာမျက်နှာဖုံးမှာ ပါလာတာက
“အရေးပေါ်မှာ ကုသစရာ ကုတင်လွတ်မရှိလို့ လူနာတင်ယာဥ်ဆီ ပြန်ခေါ်သွားပြီး အဲ့ဒီမှာပဲ ဆေးကုရ” တဲ့..
တကယ်လည်း ဆေးရုံအတော်များများမှာ ကိုဗစ်လူနာတွေနဲ့တင် ပြည့်ကျပ်နေလို့ တခြားရောဂါနဲ့
တော်ရုံလူနာတွေကိုဆို ဆေးရုံတွေက ပြန်ကို လွှတ်နေရတာ.. အရေးပေါ်လူနာတင်ကားတွေကလည်း
အရင်လို ဆယ်ငါးမိနစ်အတွင်းတွေ ရောက်မလာတော့ဘူး.. လူတွေလည်း အရမ်းကို ကူးလို့
အစိုးရခမျာ ပြင်ပ Open space မှာတောင် လူတွေဟာ တစ်ယောက်ချင်းအပြင်
ပိုတွေ့ခွင့်မရှိတော့တဲ့အထိကို Social Distancing လုပ်ပစ်လိုက်ပြီ။
ဒါပေမယ့်လည်း ကူးနှုန်းက ရေရေရာရာ မကျပါဘူး.. တစ်နေ့ကို ထောင်ကျော်အောင်
သေကြတဲ့နေ့တွေ ကြုံလာရတော့ ငါးရာဆိုရင်တောင် အော် ငါးရာလောက်ပဲလို့ ပြောင်းပြီး ဖြေတွေးရတဲ့နေ့တွေ ရောက်လာပြီ။
ကာကွယ်ဆေးထိုးဖို့ လုပ်နေတာတွေအတွက်လည်း ဝန်ထမ်းအင်အားတွေ မလုံလောက်စဖြစ်လာတော့
ခုဆို Voluntary လုပ်ချင်သူတွေ စာရင်းပေးဖို့ စခေါ်နေကြပြီ.. အန္တရာယ်များတာ မှန်ပေမယ့်
တကယ်ကို တအားလူလိုလာရင်တော့ ပိုး သွားလုပ်ပေးမယ်လို့ ဆုံးဖြတ်ထားတယ်။
ကိုယ်က တယောက်တည်းနေသူမို့ တခုခုဆို ပြုစုမယ့် မိသားစု အနားမှာမရှိဘူး ပြောလည်း
တယောက်တည်းဆိုတော့ တခုခုဆို သူများထက် နောက်ကြောင်းအေးပြီး ပိုကူလို့ရတယ်လို့သာ ပိုးတေ
ာ့ တွေးတာပဲ.. ရှင်သန်ရတဲ့အသက်တာမှာ တကိုယ်ကောင်းဆန်သူဖြစ်ရမှာကို ရှက်ပြီး ပိုးဟာ
သူများကို ကူညီဖေးမနိုင်သူသာ ဖြစ်ချင်တယ်.. ကိုယ်ကြောင့် အဆင်ပြေသွားတာ မြင်ရရင်ကို
ကျေနပ်ရတာမို့ ကျန်သေးတဲ့ လူ့သက်တမ်းကိုလည်း အဲ့လိုပဲ ဖြတ်သန်းချင်တာ။
လောလောဆယ်တော့ ဆေးရုံ Volunteer မသွားခင် လူဟာ အလုပ်တွေ များတာမှ လှိမ့်နေတာပဲ..
အထူးသဖြင့် ကိုယ်က ဒီနေ့ ဒါပြီးစေရမယ်ဆို မဖြစ်မနေ အမီ ပေးချင်သူမို့ ပိုဆိုးတယ်.. ရုံးလည်း
တစ်ပတ်တစ်ရက်လောက် သွားသွားနေရတာပါပဲ.. ဒါတောင် Strategy Analyst ဆိုတာ
Data Analyst လိုမျိုးပဲမို့ Quality of Life များများရတဲ့ အလုပ်အမျိုးအစားနော်။
ကံကောင်းတာကတော့ ရုံးက ဒါရိုက်တာနဲ့ ဒီနေ့ အစည်းအဝေးမှာ နင် တက်ချင်တဲ့ ကျောင်းတွေ၊
သင်တန်းတွေ ငါတို့ဆီကို စာရင်းပို့ပေးပါ၊ အကုန်ခွင့်ပြုမယ်လို့ ပြောရုံမက Ph.D ဆက်တက်ဖို့ကိုလည်း
ရုံးက partial scholarship မျိုး ပေးမယ်အထိပါ ပြောနေတယ်။
လာမယ့်လတွေမှာ ဖွဲ့စည်းပုံပြောင်းနိုင်တာမို့ ရာထူးတိုးလည်း နင့်ကို လျှောက်စေချင်တယ်တဲ့..
အလုပ်များရပေမယ့် တန်တာပါပဲ.. ဘာကိုမဆို စိတ်နှစ်ပြီး အလုပ်ကို အလုပ်နဲ့ တူအောင်လုပ်ထားတဲ့
အကျိုးကျေးဇူးတွေ ပြန်ရတဲ့နှစ်ကာလတွေလို့သာ သတ်မှတ်ရမယ်.. ကိုဗစ်ကာလရဲ့ အဆိုးထဲက အကောင်းများပါပေါ့။
Poe Phyu Thant
zawgyi
ကိုဗစ္လူနာေတြအတြက္ ေဆး႐ုံကုတင္မေလာက္ေတာ့တဲ့ လန္ဒန္ၿမိဳ႕ ေနာက္ဆုံးရအေျခအေန
အခုတေလာ ႐ုံးမွာ အလုပ္ေတြဟာ ေသလုေအာင္မ်ားတာပဲ.. လန္ဒန္မွာ လူသုံးဆယ္မွာ
တစ္ေယာက္ႏႈန္းနဲ႔ ကိုဗစ္ ကူးခံေနရၿပီး ေဆး႐ုံေတြမွာ ကုတင္မေလာက္တဲ့ အခက္အခဲေတြ
ရွိလာၿပီ.. အရင္တစ္ပတ္ ၾကာသပေတးေန႔ကဆို သတင္းစာမ်က္ႏွာဖုံးမွာ ပါလာတာက
“အေရးေပၚမွာ ကုသစရာ ကုတင္လြတ္မရွိလို႔ လူနာတင္ယာဥ္ဆီ ျပန္ေခၚသြားၿပီး အဲ့ဒီမွာပဲ ေဆးကုရ” တဲ့..
တကယ္လည္း ေဆး႐ုံအေတာ္မ်ားမ်ားမွာ ကိုဗစ္လူနာေတြနဲ႔တင္ ျပည့္က်ပ္ေနလို႔ တျခားေရာဂါနဲ႔
ေတာ္႐ုံလူနာေတြကိုဆို ေဆး႐ုံေတြက ျပန္ကို လႊတ္ေနရတာ.. အေရးေပၚလူနာတင္ကားေတြကလည္း
အရင္လို ဆယ္ငါးမိနစ္အတြင္းေတြ ေရာက္မလာေတာ့ဘူး.. လူေတြလည္း အရမ္းကို ကူးလို႔
အစိုးရခမ်ာ ျပင္ပ Open space မွာေတာင္ လူေတြဟာ တစ္ေယာက္ခ်င္းအျပင္
ပိုေတြ႕ခြင့္မရွိေတာ့တဲ့အထိကို Social Distancing လုပ္ပစ္လိုက္ၿပီ။
ဒါေပမယ့္လည္း ကူးႏႈန္းက ေရေရရာရာ မက်ပါဘူး.. တစ္ေန႔ကို ေထာင္ေက်ာ္ေအာင္
ေသၾကတဲ့ေန႔ေတြ ႀကဳံလာရေတာ့ ငါးရာဆိုရင္ေတာင္ ေအာ္ ငါးရာေလာက္ပဲလို႔ ေျပာင္းၿပီး ေျဖေတြးရတဲ့ေန႔ေတြ ေရာက္လာၿပီ။
ကာကြယ္ေဆးထိုးဖို႔ လုပ္ေနတာေတြအတြက္လည္း ဝန္ထမ္းအင္အားေတြ မလုံေလာက္စျဖစ္လာေတာ့
ခုဆို Voluntary လုပ္ခ်င္သူေတြ စာရင္းေပးဖို႔ စေခၚေနၾကၿပီ.. အႏၲရာယ္မ်ားတာ မွန္ေပမယ့္
တကယ္ကို တအားလူလိုလာရင္ေတာ့ ပိုး သြားလုပ္ေပးမယ္လို႔ ဆုံးျဖတ္ထားတယ္။
ကိုယ္က တေယာက္တည္းေနသူမို႔ တခုခုဆို ျပဳစုမယ့္ မိသားစု အနားမွာမရွိဘူး ေျပာလည္း
တေယာက္တည္းဆိုေတာ့ တခုခုဆို သူမ်ားထက္ ေနာက္ေၾကာင္းေအးၿပီး ပိုကူလို႔ရတယ္လို႔သာ ပိုးေတ
ာ့ ေတြးတာပဲ.. ရွင္သန္ရတဲ့အသက္တာမွာ တကိုယ္ေကာင္းဆန္သူျဖစ္ရမွာကို ရွက္ၿပီး ပိုးဟာ
သူမ်ားကို ကူညီေဖးမႏိုင္သူသာ ျဖစ္ခ်င္တယ္.. ကိုယ္ေၾကာင့္ အဆင္ေျပသြားတာ ျမင္ရရင္ကို
ေက်နပ္ရတာမို႔ က်န္ေသးတဲ့ လူ႔သက္တမ္းကိုလည္း အဲ့လိုပဲ ျဖတ္သန္းခ်င္တာ။
ေလာေလာဆယ္ေတာ့ ေဆး႐ုံ Volunteer မသြားခင္ လူဟာ အလုပ္ေတြ မ်ားတာမွ လွိမ့္ေနတာပဲ..
အထူးသျဖင့္ ကိုယ္က ဒီေန႔ ဒါၿပီးေစရမယ္ဆို မျဖစ္မေန အမီ ေပးခ်င္သူမို႔ ပိုဆိုးတယ္.. ႐ုံးလည္း
တစ္ပတ္တစ္ရက္ေလာက္ သြားသြားေနရတာပါပဲ.. ဒါေတာင္ Strategy Analyst ဆိုတာ
Data Analyst လိုမ်ိဳးပဲမို႔ Quality of Life မ်ားမ်ားရတဲ့ အလုပ္အမ်ိဳးအစားေနာ္။
ကံေကာင္းတာကေတာ့ ႐ုံးက ဒါ႐ိုက္တာနဲ႔ ဒီေန႔ အစည္းအေဝးမွာ နင္ တက္ခ်င္တဲ့ ေက်ာင္းေတြ၊
သင္တန္းေတြ ငါတို႔ဆီကို စာရင္းပို႔ေပးပါ၊ အကုန္ခြင့္ျပဳမယ္လို႔ ေျပာ႐ုံမက Ph.D ဆက္တက္ဖို႔ကိုလည္း
႐ုံးက partial scholarship မ်ိဳး ေပးမယ္အထိပါ ေျပာေနတယ္။
လာမယ့္လေတြမွာ ဖြဲ႕စည္းပုံေျပာင္းႏိုင္တာမို႔ ရာထူးတိုးလည္း နင့္ကို ေလွ်ာက္ေစခ်င္တယ္တဲ့..
အလုပ္မ်ားရေပမယ့္ တန္တာပါပဲ.. ဘာကိုမဆို စိတ္ႏွစ္ၿပီး အလုပ္ကို အလုပ္နဲ႔ တူေအာင္လုပ္ထားတဲ့
အက်ိဳးေက်းဇူးေတြ ျပန္ရတဲ့ႏွစ္ကာလေတြလို႔သာ သတ္မွတ္ရမယ္.. ကိုဗစ္ကာလရဲ႕ အဆိုးထဲက အေကာင္းမ်ားပါေပါ့။
Poe Phyu Thant