ထောက်လှမ်းရေးဆိုပြီး ဆက်ကြေးကောက်၊ ထီလက်မှတ် လိမ်ရောင်းတဲ့သူတွေကို ဖမ်းပြီ
စစ်ကိုင်းတိုင်း၊ ဗန်းမောက်မြို့နယ်၊ ကိုင်းကြီးကျေးရွာအုပ်စု၊ ခေါင်းကိုက်ကျေးရွာမှာ စသုံးလံဒး
အဖွဲ့ကပါဆိုပြီး အောင်ဘာလေထီလက်မှတ် ၁ အုပ်ကို ပိုက်ဆံ ၈ သောင်းကျပ်နဲ့ အတင်းအဓမ္မ
ခြိမ်းခြောက်လာရောင်းတဲ့သူ ၄ ဦးထဲက ၃ ဦးကို ဖမ်းဆီးထားတယ်လို့ ဗန်းမောက်မြို့မရဲစခန်းကနေ သိရပါတယ်။
အတင်းအဓမ္မ ထီလာရောင်းတာကို ကြောက်လန့်လို့ ထီဝယ်လိုက်ရသူတွေက ကျေနပ်မှုမရှိလို့
မနေ့ ဇန်နဝါရီ ၁၉ရက်နေ့က ရဲစခန်းမှာ လာရောက်တိုင်ကြားခဲ့တာလည်းဖြစ်ပါတယ်။
ထီလက်မှတ် ၂ အုပ်ဝယ်ယူခဲ့ရသူ ဦးအောင်နိုင်ဦးကတော့ “လူ ၄ ယောက် အိမ်ကိုရောက်လာတယ်၊
(၂၄) ကြိမ်မြောက် အောင်ဘာလေထီ လက်မှတ် ၁ အုပ်ကို ၈ သောင်းနဲ့ဝယ်ရမယ်လို့
အတင်းအဓမ္မခိုင်းတယ်၊ အဲ့ဒီ ငွေကြေးလောက်ကြီး မတတ်နိုင်ဘူးပြောတော့ ၊ ငါတို့က စသုံးလုံး
အဖွဲ့ကဖြစ်တယ်၊ မဝယ်ဘူးဆိုရင် ဖမ်းမယ်လုပ်တော့ ထီ ၂ အုပ်ကို ၁ သိန်း ၆ သောင်းနဲ့
ကြောက်လို့ဝယ်လိုက်ရတယ်၊ ကျွန်တော် တစ်ယောက်ထဲမဟုတ်ဘူး၊ ကျန်တဲ့လူ ၆ ယောက်လည်း
ဝယ်လိုက်ရတယ်၊ သူတို့က တစ်ယောက် ၁ အုပ်စီ”လို့ ပြောပါတယ်။
ဗန်းမောက်မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးက တာဝန်ကျ ရဲအရာရှိတစ်ဦးကလည်း “BSI (စစစ)ဝန်ထမ်း
အယောင်ဆောင်ပြီး အောင်ဘာလေထီ လက်မှတ်ရောင်းသူ ၄ ယောက်ဖြစ်တယ် ၊ သူတို့က
ဒေသခံတွေမဟုတ်ဘူး၊ မန္တလေးတိုင်း စဉ့်ကူးမြို့နယ် လက်ပံလှရွာက ဇာနည်ကျော်ထက် ၊
မန္တလေး ချမ်းမြသာစည်မြို့နယ် အောင်သာယာရပ်ကွက်က သိန်းဝင်း(ခ) ပြောင်ကြီး ၊
မဟာအောင်မြေမြို့နယ် တမာကုန်းရပ်ကွက်က ဌေးမောင် ဆိုသူနဲ့ ဇော်ဝင်းဦး (ခ)
ကျစ်ကျစ် ဆိုတဲ့ လူ ၄ ယောက်ဖြစ်တယ်”လို့ ပြောပါတယ်။
အဲ့ဒီ လူ ၄ ယောက်ထဲက ၃ရောက် ဖမ်းဆီးရမိထားပြီး ဗန်းမောက်မြို့မရဲစခန်းက အမှုဖွင့်စစ်ဆေးနေတယ်လို့
သိရပါတယ်။ ဒါ့အပြင် ဝန်ထမ်းအယောင်ဆောင်ပြီး ထီလက်မှတ်တွေကို ခြိမ်းခြောက်ဝယ်ယူခိုင်းသူ
၄ ယောက်ဟာ ဇန်နဝါရီ ၁၆ ရက် မနက်ပိုင်းကလည်း ကိုင်းကြီးကျေးရွာအုပ်စု၊ ခေါင်းကိုက်ရွာက
လူနေအိမ်တစ်လုံးကိုဝင်ရောက်ပြီး မူးယစ်ဆေးဝါးရောင်းတယ်လို့ စွပ်စွဲကာ တစ်ပတ်အတွင်း
ဆက်ကြေး ၂ ခါ လာရောက်ကောက်ခံသူတွေဖြစ်တယ်လို့ ရဲမှတ်တမ်းမှာ ဖော်ပြကာ
အရေးယူထားတဲ့သူတွေလည်း ဖြစ်ပါတယ်။
အဲ့ဒီ အယောင်ဆောင် ၄ ယောက်ဟာ ရှမ်းတိုင်းရင်းသားမျိုးနွယ်တွေ အများစုနေထိုင်တဲ့
ဗန်းမောက်မြို့နယ်ထဲက ကျေးလက်နေ ပြည်သူတွေကို ကသာခရိုင်မူးယစ်အဖွဲ့ ၊ စသုံးလုံး အဖွဲ့ ၊
သတင်းထောက်အဖွဲ့ လို့ အမျိုးမျိုးပြောဆိုခြိမ်းခြောက်ကာ ဆက်ကြေးကောက်ခံနေသူတွေဖြစ်တယ်လို့လည်း သိရပါတယ်။
zawgyi
ေထာက္လွမ္းေရးဆိုၿပီး ဆက္ေၾကးေကာက္၊ ထီလက္မွတ္ လိမ္ေရာင္းတဲ့သူေတြကို ဖမ္းၿပီ
စစ္ကိုင္းတိုင္း၊ ဗန္းေမာက္ၿမိဳ႕နယ္၊ ကိုင္းႀကီးေက်း႐ြာအုပ္စု၊ ေခါင္းကိုက္ေက်း႐ြာမွာ စသုံးလံဒး
အဖြဲ႕ကပါဆိုၿပီး ေအာင္ဘာေလထီလက္မွတ္ ၁ အုပ္ကို ပိုက္ဆံ ၈ ေသာင္းက်ပ္နဲ႔ အတင္းအဓမၼ
ၿခိမ္းေျခာက္လာေရာင္းတဲ့သူ ၄ ဦးထဲက ၃ ဦးကို ဖမ္းဆီးထားတယ္လို႔ ဗန္းေမာက္ၿမိဳ႕မရဲစခန္းကေန သိရပါတယ္။
အတင္းအဓမၼ ထီလာေရာင္းတာကို ေၾကာက္လန႔္လို႔ ထီဝယ္လိုက္ရသူေတြက ေက်နပ္မႈမရွိလို႔
မေန႔ ဇန္နဝါရီ ၁၉ရက္ေန႔က ရဲစခန္းမွာ လာေရာက္တိုင္ၾကားခဲ့တာလည္းျဖစ္ပါတယ္။
ထီလက္မွတ္ ၂ အုပ္ဝယ္ယူခဲ့ရသူ ဦးေအာင္ႏိုင္ဦးကေတာ့ “လူ ၄ ေယာက္ အိမ္ကိုေရာက္လာတယ္၊
(၂၄) ႀကိမ္ေျမာက္ ေအာင္ဘာေလထီ လက္မွတ္ ၁ အုပ္ကို ၈ ေသာင္းနဲ႔ဝယ္ရမယ္လို႔
အတင္းအဓမၼခိုင္းတယ္၊ အဲ့ဒီ ေငြေၾကးေလာက္ႀကီး မတတ္ႏိုင္ဘူးေျပာေတာ့ ၊ ငါတို႔က စသုံးလုံး
အဖြဲ႕ကျဖစ္တယ္၊ မဝယ္ဘူးဆိုရင္ ဖမ္းမယ္လုပ္ေတာ့ ထီ ၂ အုပ္ကို ၁ သိန္း ၆ ေသာင္းနဲ႔
ေၾကာက္လို႔ဝယ္လိုက္ရတယ္၊ ကြၽန္ေတာ္ တစ္ေယာက္ထဲမဟုတ္ဘူး၊ က်န္တဲ့လူ ၆ ေယာက္လည္း
ဝယ္လိုက္ရတယ္၊ သူတို႔က တစ္ေယာက္ ၁ အုပ္စီ”လို႔ ေျပာပါတယ္။
ဗန္းေမာက္ၿမိဳ႕နယ္ ရဲတပ္ဖြဲ႕မႉး႐ုံးက တာဝန္က် ရဲအရာရွိတစ္ဦးကလည္း “BSI (စစစ)ဝန္ထမ္း
အေယာင္ေဆာင္ၿပီး ေအာင္ဘာေလထီ လက္မွတ္ေရာင္းသူ ၄ ေယာက္ျဖစ္တယ္ ၊ သူတို႔က
ေဒသခံေတြမဟုတ္ဘူး၊ မႏၲေလးတိုင္း စဥ့္ကူးၿမိဳ႕နယ္ လက္ပံလွ႐ြာက ဇာနည္ေက်ာ္ထက္ ၊
မႏၲေလး ခ်မ္းျမသာစည္ၿမိဳ႕နယ္ ေအာင္သာယာရပ္ကြက္က သိန္းဝင္း(ခ) ေျပာင္ႀကီး ၊
မဟာေအာင္ေျမၿမိဳ႕နယ္ တမာကုန္းရပ္ကြက္က ေဌးေမာင္ ဆိုသူနဲ႔ ေဇာ္ဝင္းဦး (ခ)
က်စ္က်စ္ ဆိုတဲ့ လူ ၄ ေယာက္ျဖစ္တယ္”လို႔ ေျပာပါတယ္။
အဲ့ဒီ လူ ၄ ေယာက္ထဲက ၃ေရာက္ ဖမ္းဆီးရမိထားၿပီး ဗန္းေမာက္ၿမိဳ႕မရဲစခန္းက အမႈဖြင့္စစ္ေဆးေနတယ္လို႔
သိရပါတယ္။ ဒါ့အျပင္ ဝန္ထမ္းအေယာင္ေဆာင္ၿပီး ထီလက္မွတ္ေတြကို ၿခိမ္းေျခာက္ဝယ္ယူခိုင္းသူ
၄ ေယာက္ဟာ ဇန္နဝါရီ ၁၆ ရက္ မနက္ပိုင္းကလည္း ကိုင္းႀကီးေက်း႐ြာအုပ္စု၊ ေခါင္းကိုက္႐ြာက
လူေနအိမ္တစ္လုံးကိုဝင္ေရာက္ၿပီး မူးယစ္ေဆးဝါးေရာင္းတယ္လို႔ စြပ္စြဲကာ တစ္ပတ္အတြင္း
ဆက္ေၾကး ၂ ခါ လာေရာက္ေကာက္ခံသူေတြျဖစ္တယ္လို႔ ရဲမွတ္တမ္းမွာ ေဖာ္ျပကာ
အေရးယူထားတဲ့သူေတြလည္း ျဖစ္ပါတယ္။
အဲ့ဒီ အေယာင္ေဆာင္ ၄ ေယာက္ဟာ ရွမ္းတိုင္းရင္းသားမ်ိဳးႏြယ္ေတြ အမ်ားစုေနထိုင္တဲ့
ဗန္းေမာက္ၿမိဳ႕နယ္ထဲက ေက်းလက္ေန ျပည္သူေတြကို ကသာခ႐ိုင္မူးယစ္အဖြဲ႕ ၊ စသုံးလုံး အဖြဲ႕ ၊
သတင္းေထာက္အဖြဲ႕ လို႔ အမ်ိဳးမ်ိဳးေျပာဆိုၿခိမ္းေျခာက္ကာ ဆက္ေၾကးေကာက္ခံေနသူေတြျဖစ္တယ္လို႔လည္း သိရပါတယ္။