News

မယားရှိလင်နဲ့ စနိုက်ကျော် ကိစ္စ ပန်ဆယ်လို ဒဲ့ပြောလိုက်ပြီ

မယားရွိလင္နဲ႔ စႏိုက္ေက်ာ္ ကိစၥ ပန္ဆယ္လို ဒဲ့ေျပာလိုက္ၿပီ

အခုေခတ္မွာ ရည္းစားထားရင္ အခြက္နဲ႔ ေရလွ်ံမလွ်ံပဲ ၾကည့္မေနၾကေတာ့နဲ႔ ေအာေမတို႔။

အိမ္ေထာင္ရွိမရွိ အရင္ဆုံးၾကည့္။ ေျပာခ်င္တာက တစ္ခုလပ္လို႔ မုဆိုးဖိုတို႔ကို ခြဲျခားတာ မဟုတ္ဘူး။

တစ္ခုပဲလပ္လပ္ ႏွစ္ခုပဲလပ္လပ္၊ မုဆိုးဖိုျဖစ္ျဖစ္ မုဆိုးထီးျဖစ္ျဖစ္ အေရးႀကီးတာက စႏႈိက္ေၾကာ္မျဖစ္ဖို႔ပဲ။

ဝါသနာအရ စႏႈိက္ကို ေၾကာ္ခ်င္သပဆိုလည္း ကိုယ့္ကိုယ္က်င့္တရားပဲ။ ဒါေပမယ့္ လူပ်ိဳပါဆိုၿပီး

ဟန္ေဆာင္လွည့္ဖ်ားခံရလို႔ ဆႏၵမပါဘဲ စႏိုက္ေၾကာ္ဘဝေရာက္ရတာက မတန္ဘူး။

အိမ္ေထာင္သည္ေယာက္်ားလား၊ အရင္ရည္းစားနဲ႔ မျပတ္ေသးတဲ့ တိုးလို႔တန္းလန္းလား အရင္ၾကည့္ဦး။

ယပင့္နဲ႔ပ်ိဳပ်ိဳ၊ ယရစ္နဲ႔ၿပိဳၿပိဳ ျပသနာမရွိေပမယ့္ စာခ်ဳပ္စာတမ္းနဲ႔ ၿပိဳထားၿပီးသား

မၿပီးမျပတ္ေကာင္ဆို ေနရင္းထိုင္ရင္း မယားငယ္မ ျဖစ္ေနမယ္။

သူမ်ားလင္ကိုမွ ႏႈိက္ခ်င္တာ ဝါသနာဆိုရင္ေတာ့ မေျပာတတ္ဘူး။ ဒင္းတို႔က လူပ်ိဳပါ၊ လူလြတ္ပါဆိုၿပီး

ေျပာဆိုလိမ္လည္၊ ကိုယ္က အတည္ႀကီးမွတ္ၿပီး ခ်စ္ပါတယ္ ႀကိဳက္ပါတယ္ဆိုၿပီးကာမွ တစ္ဖက္က

မယားႀကီးနဲ႔ မယားငယ္မ နဘန္းလုံး ပါးေတြ႐ိုက္။ ၾကားထဲက သေကာင့္သားက ကိုဖိုးစြံအထာ။

မယားႀကီးမွာ အိမ္ေထာင္ေရးပ်က္စီး၊ မယားငယ္မွာ ကိုယ့္က်င့္တရားပ်က္စီး၊ နစ္နာၾကတာ မိန္းမေတြခ်ည္းပဲ။

ဒီ Society က အထူးအဆန္းႀကီး။ ေယာက္်ားက ေဖာက္ျပားရင္ “မိန္းမက အထိမ္းအသိမ္းမတတ္လို႔”

၊ လွည့္ဖ်ားလိမ္ညာၿပီး ရယူခံရရင္ “မိန္းမက အညႇာလြယ္လို႔”။ ၾကားထဲက မယားႀကီးေပၚ သစၥာမဲ့တဲ့အျပင္

ေနာက္ထပ္မိန္းကေလးကို လိမ္လည္လွည့္ဖ်ား စႏိုက္ေၾကာ္ဇယားသြင္းတဲ့ ကိုယ္ေျမကိုယ္တိုး ၿခံခုန္ႏြားေတြက

ေယာက္်ားပဲဆိုတဲ့ ဂုဏ္ပုဒ္ႀကီးေအာက္ ကင္းလြတ္ခြင့္ေတြကို ရလို႔။

တရားဝင္မယားဆိုသည္မ်ားကလည္း ကိုယ့္လင္ကိုယ္ စိတ္နာတာက နည္းနည္း။ စႏိုက္မကိုက် သူ႔လင္

လိမ္ထားမထား စိတ္မဝင္စားဘူး။ အမႈန္႔ႀကိတ္ခ်င္ၾကတာ။ လင္ကိုသာ ပါးတစ္ခ်က္ မႏွက္ရဲတာ၊

စႏိုက္မကိုေတာ့ ပါးပါးလွီး ဆီအိုးထဲထည့္ၿပီး ႏွစ္ျပန္ေၾကာ္လုပ္ခ်င္ေနၾကတာ။ ငါ့လင္ကို ျမႇဴဆြယ္တာ၊

တို႔ေဆးထိတာဆိုတာက ပါေသး။ အခုေျပာေနတာ စႏိုက္မကို သနားခိုင္းေနတာ မဟုတ္ဘူး။

စႏိုက္မလည္း ဗ်င္း။ လင္လည္းဗ်င္းလို႔ ေျပာတာ။

အိမ္ေထာင္သည္မွန္း မသိလို႔ပါ၊ လိမ္ခံထိတာပါဆိုတာက စႏိုက္ျဖစ္ၿပီးမွ မ်က္ရည္တစမ္းစမ္းေျပာျပလည္း စႏိုက္ကေန

ေ႐ႊခ်ိဳးေလး ျဖစ္သြားမွာ မဟုတ္ဘူး။ အဲ့ေတာ့ ဘာမွ မျဖစ္ခင္ကတည္းက စုံစမ္း အကဲခတ္။ ႀကိဳက္တဲ့ေကာင္

ေပၚလာတာနဲ႔ ဝမ္းသာအားရ ဆြဲဆက္ မႀကိဳက္လိုက္နဲ႔။

ျပသနာေတြတက္မွ ကာမလိမ္လည္မႈနဲ႔ တရားစြဲမယ္ ဘာညာေတြ ႐ုတ္ခ်ဥ္းေသြးတက္ၿပီး ေလွ်ာက္ေတြးၾကတာ။

Rape Case ေတာင္ တရား႐ုံးမွာ ႏွစ္ေပါက္ေအာင္ ၾကာၿပီး အလိုတူပါတယ္ျဖစ္သြားတတ္တဲ့ အေနအထားမွာ

အလိုတူၿပီးသားပါ၊ လက္ထပ္မယ္ေျပာၿပီး ကာမရယူတာပါဆိုတဲ့ ပုဒ္မမ်ိဳးက ဆယ္ဆရႈပ္ေထြးေသး။ ခ်စ္ၾကည္ႏူး၊

တစ္တီတူးရင္း ျခင္ေထာင္သံနဲ႔ အတည္ယူမွာပါ ေျပာတဲ့စကားကို ဘယ္နားက သက္ေသျပမလဲ။

အဲ့ေတာ့ မမမ်ားေရ… မယားရွိလင္ဆိုတာ ဖင္မွာ တက္တူးထိုးထားတာလည္း မဟုတ္။ နဖူးမွာ

အတက္ထြက္ေနတာလည္း မဟုတ္။ အဲ့ေတာ့ အခြက္ေလး တစ္ေပါက္နဲ႔ ဟိုဟာလည္းနာေသး၊ အရွက္လည္း

ကြဲေသးေတာ့ မရင္းနဲ႔။ ခ်စ္မိသြားတာပါေတြဘာေတြ ေစာက္ေရးမပါ ဒရာမာေတြ မခင္းနဲ႔။ အဲ့ဒီ့ အခြက္နဲ႔အခ်စ္က

တကယ့္ဘဝမွာ အီးတစ္တာေလာက္ေတာင္ ေစာင္ေရးပါတာ မဟုတ္ဘူး။ ေလာကမွာ ေစာ္မရတဲ့ ေစာင္FA

ေကာင္ေတြ တစ္ပုံႀကီးက်န္ေသး။ လင္မရမွာ သိပ္ေလာမႀကီးၾကနဲ႔။

႐ုပ္ေလးၾကည့္ၿပီး ခ်စ္မိသြားတာဆိုတဲ့ ေအာေမတို႔ေရ.. တကယ့္အိမ္ေထာင္သည္ဘဝမွာ လင္ရဲ႕ေခ်ာပါတယ္

ဆိုတဲ့အခြက္က တစ္ေန႔ေစ်းဖိုးရေအာင္ေတာင္ ေပါင္စားလို႔ရတာမဟုတ္ဘူး။ ႐ုပ္ကေလးမက္မိရင္ ညစာခက္႐ုံမက

ထမင္းငတ္ၿပီး ပါစရာအီးေတာင္ ရွိမွာ မဟုတ္ဘူး။

မယားကို အစ္မအႀကီးဆုံးဆိုၿပီး လိမ္ထားလည္း ယုံတယ္။ အစ္မက စည္းကမ္းႀကီးလို႔ အျပင္မထြက္ရဘူးဆိုလည္း

ယုံတယ္။ ကေလးနဲ႔ပုံေတြ႕တာေတာင္ အစ္မသမီး တူမေလးေျပာလည္း ယုံတယ္။ အဲ့ဒီ့အစ္မဆိုတဲ့ မယားႀကီးက

အိမ္ေပၚတက္ ပါးလာ႐ိုက္မွ က်ဳပ္ခ်က္ေဘာက္ စာအရွည္ႀကီး ပို႔ၿပီး ေသခ်င္တယ္

မမပန္ရယ္ဆိုလို႔က ေသလိုက္လို႔ပဲ အားေပးခံရမယ္မွတ္…

ၾကည့္က်က္ယုံၾက က်က္သေရေတြ တုံးလို႔…

အိပန္ဆယ္လို

unicode

မယားရှိလင်နဲ့ စနိုက်ကျော် ကိစ္စ ပန်ဆယ်လို ဒဲ့ပြောလိုက်ပြီ

အခုခေတ်မှာ ရည်းစားထားရင် အခွက်နဲ့ ရေလျှံမလျှံပဲ ကြည့်မနေကြတော့နဲ့ အောမေတို့။

အိမ်ထောင်ရှိမရှိ အရင်ဆုံးကြည့်။ ပြောချင်တာက တစ်ခုလပ်လို့ မုဆိုးဖိုတို့ကို ခွဲခြားတာ မဟုတ်ဘူး။

တစ်ခုပဲလပ်လပ် နှစ်ခုပဲလပ်လပ်၊ မုဆိုးဖိုဖြစ်ဖြစ် မုဆိုးထီးဖြစ်ဖြစ် အရေးကြီးတာက စနှိုက်ကြော်မဖြစ်ဖို့ပဲ။

ဝါသနာအရ စနှိုက်ကို ကြော်ချင်သပဆိုလည်း ကိုယ့်ကိုယ်ကျင့်တရားပဲ။ ဒါပေမယ့် လူပျိုပါဆိုပြီး

ဟန်ဆောင်လှည့်ဖျားခံရလို့ ဆန္ဒမပါဘဲ စနိုက်ကြော်ဘဝရောက်ရတာက မတန်ဘူး။

အိမ်ထောင်သည်ယောက်ျားလား၊ အရင်ရည်းစားနဲ့ မပြတ်သေးတဲ့ တိုးလို့တန်းလန်းလား အရင်ကြည့်ဦး။

ယပင့်နဲ့ပျိုပျို၊ ယရစ်နဲ့ပြိုပြို ပြသနာမရှိပေမယ့် စာချုပ်စာတမ်းနဲ့ ပြိုထားပြီးသား

မပြီးမပြတ်ကောင်ဆို နေရင်းထိုင်ရင်း မယားငယ်မ ဖြစ်နေမယ်။

သူများလင်ကိုမှ နှိုက်ချင်တာ ဝါသနာဆိုရင်တော့ မပြောတတ်ဘူး။ ဒင်းတို့က လူပျိုပါ၊ လူလွတ်ပါဆိုပြီး

ပြောဆိုလိမ်လည်၊ ကိုယ်က အတည်ကြီးမှတ်ပြီး ချစ်ပါတယ် ကြိုက်ပါတယ်ဆိုပြီးကာမှ တစ်ဖက်က

မယားကြီးနဲ့ မယားငယ်မ နဘန်းလုံး ပါးတွေရိုက်။ ကြားထဲက သကောင့်သားက ကိုဖိုးစွံအထာ။

မယားကြီးမှာ အိမ်ထောင်ရေးပျက်စီး၊ မယားငယ်မှာ ကိုယ့်ကျင့်တရားပျက်စီး၊ နစ်နာကြတာ မိန်းမတွေချည်းပဲ။

ဒီ Society က အထူးအဆန်းကြီး။ ယောက်ျားက ဖောက်ပြားရင် “မိန်းမက အထိမ်းအသိမ်းမတတ်လို့”

၊ လှည့်ဖျားလိမ်ညာပြီး ရယူခံရရင် “မိန်းမက အညှာလွယ်လို့”။ ကြားထဲက မယားကြီးပေါ် သစ္စာမဲ့တဲ့အပြင်

နောက်ထပ်မိန်းကလေးကို လိမ်လည်လှည့်ဖျား စနိုက်ကြော်ဇယားသွင်းတဲ့ ကိုယ်မြေကိုယ်တိုး ခြံခုန်နွားတွေက

ယောက်ျားပဲဆိုတဲ့ ဂုဏ်ပုဒ်ကြီးအောက် ကင်းလွတ်ခွင့်တွေကို ရလို့။

တရားဝင်မယားဆိုသည်များကလည်း ကိုယ့်လင်ကိုယ် စိတ်နာတာက နည်းနည်း။ စနိုက်မကိုကျ သူ့လင်

လိမ်ထားမထား စိတ်မဝင်စားဘူး။ အမှုန့်ကြိတ်ချင်ကြတာ။ လင်ကိုသာ ပါးတစ်ချက် မနှက်ရဲတာ၊

စနိုက်မကိုတော့ ပါးပါးလှီး ဆီအိုးထဲထည့်ပြီး နှစ်ပြန်ကြော်လုပ်ချင်နေကြတာ။ ငါ့လင်ကို မြှူဆွယ်တာ၊

တို့ဆေးထိတာဆိုတာက ပါသေး။ အခုပြောနေတာ စနိုက်မကို သနားခိုင်းနေတာ မဟုတ်ဘူး။

စနိုက်မလည်း ဗျင်း။ လင်လည်းဗျင်းလို့ ပြောတာ။

အိမ်ထောင်သည်မှန်း မသိလို့ပါ၊ လိမ်ခံထိတာပါဆိုတာက စနိုက်ဖြစ်ပြီးမှ မျက်ရည်တစမ်းစမ်းပြောပြလည်း စနိုက်ကနေ

ရွှေချိုးလေး ဖြစ်သွားမှာ မဟုတ်ဘူး။ အဲ့တော့ ဘာမှ မဖြစ်ခင်ကတည်းက စုံစမ်း အကဲခတ်။ ကြိုက်တဲ့ကောင်

ပေါ်လာတာနဲ့ ဝမ်းသာအားရ ဆွဲဆက် မကြိုက်လိုက်နဲ့။

ပြသနာတွေတက်မှ ကာမလိမ်လည်မှုနဲ့ တရားစွဲမယ် ဘာညာတွေ ရုတ်ချဉ်းသွေးတက်ပြီး လျှောက်တွေးကြတာ။

Rape Case တောင် တရားရုံးမှာ နှစ်ပေါက်အောင် ကြာပြီး အလိုတူပါတယ်ဖြစ်သွားတတ်တဲ့ အနေအထားမှာ

အလိုတူပြီးသားပါ၊ လက်ထပ်မယ်ပြောပြီး ကာမရယူတာပါဆိုတဲ့ ပုဒ်မမျိုးက ဆယ်ဆရှုပ်ထွေးသေး။ ချစ်ကြည်နူး၊

တစ်တီတူးရင်း ခြင်ထောင်သံနဲ့ အတည်ယူမှာပါ ပြောတဲ့စကားကို ဘယ်နားက သက်သေပြမလဲ။

အဲ့တော့ မမများရေ… မယားရှိလင်ဆိုတာ ဖင်မှာ တက်တူးထိုးထားတာလည်း မဟုတ်။ နဖူးမှာ

အတက်ထွက်နေတာလည်း မဟုတ်။ အဲ့တော့ အခွက်လေး တစ်ပေါက်နဲ့ ဟိုဟာလည်းနာသေး၊ အရှက်လည်း

ကွဲသေးတော့ မရင်းနဲ့။ ချစ်မိသွားတာပါတွေဘာတွေ စောက်ရေးမပါ ဒရာမာတွေ မခင်းနဲ့။ အဲ့ဒီ့ အခွက်နဲ့အချစ်က

တကယ့်ဘဝမှာ အီးတစ်တာလောက်တောင် စောင်ရေးပါတာ မဟုတ်ဘူး။ လောကမှာ စော်မရတဲ့ စောင်FA

ကောင်တွေ တစ်ပုံကြီးကျန်သေး။ လင်မရမှာ သိပ်လောမကြီးကြနဲ့။

ရုပ်လေးကြည့်ပြီး ချစ်မိသွားတာဆိုတဲ့ အောမေတို့ရေ.. တကယ့်အိမ်ထောင်သည်ဘဝမှာ လင်ရဲ့ချောပါတယ်

ဆိုတဲ့အခွက်က တစ်နေ့စျေးဖိုးရအောင်တောင် ပေါင်စားလို့ရတာမဟုတ်ဘူး။ ရုပ်ကလေးမက်မိရင် ညစာခက်ရုံမက

ထမင်းငတ်ပြီး ပါစရာအီးတောင် ရှိမှာ မဟုတ်ဘူး။

မယားကို အစ်မအကြီးဆုံးဆိုပြီး လိမ်ထားလည်း ယုံတယ်။ အစ်မက စည်းကမ်းကြီးလို့ အပြင်မထွက်ရဘူးဆိုလည်း

ယုံတယ်။ ကလေးနဲ့ပုံတွေ့တာတောင် အစ်မသမီး တူမလေးပြောလည်း ယုံတယ်။ အဲ့ဒီ့အစ်မဆိုတဲ့ မယားကြီးက

အိမ်ပေါ်တက် ပါးလာရိုက်မှ ကျုပ်ချက်ဘောက် စာအရှည်ကြီး ပို့ပြီး သေချင်တယ်

မမပန်ရယ်ဆိုလို့က သေလိုက်လို့ပဲ အားပေးခံရမယ်မှတ်…

ကြည့်ကျက်ယုံကြ ကျက်သရေတွေ တုံးလို့…

အိပန်ဆယ်လို