News

ရပ်စောက်တွင် ဆေးရုံတည်ဆောက်ဖို့ ဒေသခံတဦးက သိန်း (၂၀၀၀) ကျော်တန်ဖိုးရှိ မြေများလှူဒါန်း

ရှမ်းပြည်နယ် ရပ်စောက်မြို့နယ် ကောင်းဘို့ကျေးရွာတွင် လိုအပ်လျှက်ရှိသည့်

တိုက်နယ်ဆေးရုံတည်ဆောက်ရေးအတွက် ဒေသခံပြည်သူတစ်ဦးက ၎င်းပိုင် သိန်း (၂၀၀၀)

ကျော်တန်ဖိုးရှိ ယာမြေများကို နိုင်ငံတော်သို့ လှူဒါန်းလိုက်သည်ဟု သိရသည်။

ယင်းကောင်းဘို့တိုက်နယ်ဆေးရုံ ဆောက်လုပ်ပေးရန် ပြည်သူ့လွှတ်တော်အမတ် ဦးခင်မောင်မြင့်က

လွှတ်တော်တွင် ကြယ်ပွင့်ပြ မေးမြန်းခဲ့ပြီး အစိုးရကလည်း တည်ဆောက်ပေးမည် ဟု ကတိပြုထားခဲ့ပြီးဖြစ်သည်။

သို့သော် ဆေးရုံဆောက်လုပ်ရန်မှာ မြေနေရာမရှိသေးသဖြင့် ဆောက်လုပ်ခြင်းမပြုနိုင်ခဲ့ရာမှ

ယခုကောင်းဘို့ကျေးရွာနေ တောင်သူ ဦးအောင်စိုးက ၎င်း ပိုင်ဆိုင်သည့်

မြေလေးဧကကို ဆေးရုံနေရာအတွက် လှူဒါန်းခဲ့ခြင်းဖြစ်သည်။

ယင်းးလှူဒါန်းခဲ့သည့် မြေနေရာသည် အောင်ပန်း- ရပ်စောက်ကားလမ်းမဘေးတွင်ရှိပြီး

စိန် တလုံးသရက်များ စိုက်ပျိုးထား သည့် နေရာဖြစ်သည်။ မြေနေရာ (၄) ဧကထိ လှူဒါန်းရခြင်းမှာ

တိုက်နယ်ဆေးရုံပြီးပါကလည်း ဝန်ထမ်းများ ပျော်ပျော်ရွှင်ရွှင် ကျယ်ကျယ်ဝန်းဝန်းနှင့် နေနိုင်ရန်

လှူဒါန်းခြင်းဖြစ်ကြောင်း အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ်က ပြောသည်။

“သူက ဒေသခံ တိုင်းရင်းသား။ အဲဒီမှာပဲ နေထိုင်တဲ့သူ။ အရင်ကတည်းက ဘိုးပိုင်၊ ဘွားပိုင်မြေရှိတာကိုး။

အဲဒီထဲကနေ ဖဲ့လှူပေးတာပေါ့။ တောင်သူကြီးကိုယ်တိုင် အဲဒီလိုလှူလို့ တကယ်ကို လေးစားတယ်။

စီးပွားရေးလုပ်ငန်းရှင်လည်း မဟုတ်ပါဘူး။ ဒေသခံတောင်သူကြီး။ တကယ်ကို ဓားမဦးချတောင်သူကြီး။

အင်မတန်မှ လေးစားစရာကောင်းပါတယ်” ဟု ဦးဇော်မင်းလတ်က ပြောသည်။

ထိုသို့ လှူဒါန်းသည်ကို အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဇော်မင်းလတ် အပါအဝင် ရပ်စောက်မြို့နယ်မှ

လွှတ်တော်ကိုယ်စားလှယ်များ၊ စည်ပင်သာယာ ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင် များ၊ ကောင်းဘို့ကျေးရွာအုပ်စု

အုပ်ချုပ်ရေးမှူးနှင့် ရပ်ရွာအကြီး အကဲများက ဇန်နဝါရီ ၁၉ ရက် တွင် သွားရောက်လက်ခံရယူပေးခဲ့သည်။

ပြည်ထောင်စုအစိုးရက တည်ဆောက်ပေးရန် ကတိကဝတ်ပြုပြီးသားဖြစ်သည့်အပြင် မြေနေရာလည်း

ရှိပြီဖြစ်သောကြောင့် လာမည့်ဘဏ္ဍာနှစ်အတွင်း ဆေးရုံအား အမြန်ဆုံးဆောက် လုပ်ပေးမည်ဟု

ယုံကြည်ကြောင်း ဦးဇော်မင်းလတ်က ဆိုသည်။

ကောင်းဘို့ကျေးရွာအုပ်စု တွင် ကျေးရွာပေါင်း ၇၅ ရွာ၊ အိမ်ခြေ ၇,၂၀၀ ကျော်၊ လူဦးရေ ၃၃,၀၀၀

ကျော်ရှိပြီး ယင်းကောင်း ဘို့ကျေးလက်ကျန်းမာရေးဌာနကို တိုက်နယ်ဆေးရုံအဖြစ်

အဆင့်မြှင့်တင်ပေးပါက လူဦးရေ ၂၅,၆၀၀ ကျော်တို့၏

ကျန်းမာရေးဝန်ဆောင်မှုများကို ဆောင်ရွက် ပေးနိုင်မည်ဖြစ်သည်။

Photo – Ko Latt Nld

zawgyi

ရွမ္းျပည္နယ္ ရပ္ေစာက္ၿမိဳ႕နယ္ ေကာင္းဘို႔ေက်း႐ြာတြင္ လိုအပ္လွ်က္ရွိသည့္

တိုက္နယ္ေဆး႐ုံတည္ေဆာက္ေရးအတြက္ ေဒသခံျပည္သူတစ္ဦးက ၎ပိုင္ သိန္း (၂၀၀၀)

ေက်ာ္တန္ဖိုးရွိ ယာေျမမ်ားကို ႏိုင္ငံေတာ္သို႔ လႉဒါန္းလိုက္သည္ဟု သိရသည္။

ယင္းေကာင္းဘို႔တိုက္နယ္ေဆး႐ုံ ေဆာက္လုပ္ေပးရန္ ျပည္သူ႔လႊတ္ေတာ္အမတ္ ဦးခင္ေမာင္ျမင့္က

လႊတ္ေတာ္တြင္ ၾကယ္ပြင့္ျပ ေမးျမန္းခဲ့ၿပီး အစိုးရကလည္း တည္ေဆာက္ေပးမည္ ဟု ကတိျပဳထားခဲ့ၿပီးျဖစ္သည္။

သို႔ေသာ္ ေဆး႐ုံေဆာက္လုပ္ရန္မွာ ေျမေနရာမရွိေသးသျဖင့္ ေဆာက္လုပ္ျခင္းမျပဳႏိုင္ခဲ့ရာမွ

ယခုေကာင္းဘို႔ေက်း႐ြာေန ေတာင္သူ ဦးေအာင္စိုးက ၎ ပိုင္ဆိုင္သည့္

ေျမေလးဧကကို ေဆး႐ုံေနရာအတြက္ လႉဒါန္းခဲ့ျခင္းျဖစ္သည္။

ယင္းးလႉဒါန္းခဲ့သည့္ ေျမေနရာသည္ ေအာင္ပန္း- ရပ္ေစာက္ကားလမ္းမေဘးတြင္ရွိၿပီး

စိန္ တလုံးသရက္မ်ား စိုက္ပ်ိဳးထား သည့္ ေနရာျဖစ္သည္။ ေျမေနရာ (၄) ဧကထိ လႉဒါန္းရျခင္းမွာ

တိုက္နယ္ေဆး႐ုံၿပီးပါကလည္း ဝန္ထမ္းမ်ား ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ က်ယ္က်ယ္ဝန္းဝန္းႏွင့္ ေနႏိုင္ရန္

လႉဒါန္းျခင္းျဖစ္ေၾကာင္း အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မင္းလတ္က ေျပာသည္။

“သူက ေဒသခံ တိုင္းရင္းသား။ အဲဒီမွာပဲ ေနထိုင္တဲ့သူ။ အရင္ကတည္းက ဘိုးပိုင္၊ ဘြားပိုင္ေျမရွိတာကိုး။

အဲဒီထဲကေန ဖဲ့လႉေပးတာေပါ့။ ေတာင္သူႀကီးကိုယ္တိုင္ အဲဒီလိုလႉလို႔ တကယ္ကို ေလးစားတယ္။

စီးပြားေရးလုပ္ငန္းရွင္လည္း မဟုတ္ပါဘူး။ ေဒသခံေတာင္သူႀကီး။ တကယ္ကို ဓားမဦးခ်ေတာင္သူႀကီး။

အင္မတန္မွ ေလးစားစရာေကာင္းပါတယ္” ဟု ဦးေဇာ္မင္းလတ္က ေျပာသည္။

ထိုသို႔ လႉဒါန္းသည္ကို အမ်ိဳးသားလႊတ္ေတာ္ကိုယ္စားလွယ္ ဦးေဇာ္မင္းလတ္ အပါအဝင္ ရပ္ေစာက္ၿမိဳ႕နယ္မွ

လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ စည္ပင္သာယာ ေရးေကာ္မတီဥကၠ႒ႏွင့္ အဖြဲ႕ဝင္ မ်ား၊ ေကာင္းဘို႔ေက်း႐ြာအုပ္စု

အုပ္ခ်ဳပ္ေရးမႉးႏွင့္ ရပ္႐ြာအႀကီး အကဲမ်ားက ဇန္နဝါရီ ၁၉ ရက္ တြင္ သြားေရာက္လက္ခံရယူေပးခဲ့သည္။

ျပည္ေထာင္စုအစိုးရက တည္ေဆာက္ေပးရန္ ကတိကဝတ္ျပဳၿပီးသားျဖစ္သည့္အျပင္ ေျမေနရာလည္း

ရွိၿပီျဖစ္ေသာေၾကာင့္ လာမည့္ဘ႑ာႏွစ္အတြင္း ေဆး႐ုံအား အျမန္ဆုံးေဆာက္ လုပ္ေပးမည္ဟု

ယုံၾကည္ေၾကာင္း ဦးေဇာ္မင္းလတ္က ဆိုသည္။

ေကာင္းဘို႔ေက်း႐ြာအုပ္စု တြင္ ေက်း႐ြာေပါင္း ၇၅ ႐ြာ၊ အိမ္ေျခ ၇,၂၀၀ ေက်ာ္၊ လူဦးေရ ၃၃,၀၀၀

ေက်ာ္ရွိၿပီး ယင္းေကာင္း ဘို႔ေက်းလက္က်န္းမာေရးဌာနကို တိုက္နယ္ေဆး႐ုံအျဖစ္

အဆင့္ျမႇင့္တင္ေပးပါက လူဦးေရ ၂၅,၆၀၀ ေက်ာ္တို႔၏

က်န္းမာေရးဝန္ေဆာင္မႈမ်ားကို ေဆာင္႐ြက္ ေပးႏိုင္မည္ျဖစ္သည္။

Photo – Ko Latt Nld