ဧရာဝတီတိုင်း မော်ကျွန်းမှာ ခိုးဝင် (၃၄) ဦး မိပြန်ပြီ (ခိုးဝင်တွေကို ဘယ်သူမှ မတားနိုင်ကြတော့ဘူးလား)
ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်မှာ မနေ့က ရခိုင်ပြည်နယ်ကဝင်ရောက်လာတဲ့
နိုင်ငံသားအထောက်အထားမဲ့ ခိုးဝင် (၃၄) ဦးဖမ်းမိခဲ့တယ်လို့ တိုင်းရဲတပ်ဖွဲ့ကနေ သိရပါတယ်။
ကျွဲခြံကျေးရွာအဝင် သစ်ပုတ်ကျေးရွာအနီး ရာဇူဒိုင်မြစ်ထဲရပ်ထားတဲ့ စက်လှေကို မသင်္ကာစရာဖြစ်နေလို့
စစ်ဆေးရာကနေ ဖမ်းမိခဲ့တာ ဖြစ်တယ်လို့ တိုင်းရဲတပ်ဖွဲ့တာ၀န်ရှိသူက ပြောပါတယ်။
“အမျိုးသား ၇ ယောက် အမျိုးသမီး ၂၇ ယောက်ပေါ့၊ လောလောဆယ် အဲ့ရွာမှာပဲ စစ်ဆေးတာတွေ
ပြုလုပ်ဖို့ ထိန်းသိမ်းထားပါတယ်” လို့ တိုင်းရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။
အထောက်အထားမဲ့ ခိုးဝင် (၃၄) ဦးကို ရွာဘုန်းကြီးကျောင်း ဓမ္မာရုံမှာ ကွာရန်တင်းထားရှိပြီး
လိုက်ပို့တဲ့ စက်လှေမောင်း ၃ ဦးက ထွက်ပြေးနေတာကြောင့် ဖမ်းဆီးရမိရေး
ဆက်လက်ဆောင်ရွက်နေ တယ်လို့ ဆိုပါတယ်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလအစမှာ ပုသိမ်မြို့နယ်၊ ချောင်းသာကမ်းခြေမှာ ဖမ်းမိခဲ့တဲ့
နိုင်ငံသားအထောက်အထားမဲ့ ၇ ဦးကိုတော့ ၄င်းတို့နေထိုင်ရာဇာတိတွေကို
ပြန်လည်ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
zawgyi
ဧရာဝတီတိုင္း ေမာ္ကြၽန္းမွာ ခိုးဝင္ (၃၄) ဦး မိျပန္ၿပီ (ခိုးဝင္ေတြကို ဘယ္သူမွ မတားႏိုင္ၾကေတာ့ဘူးလား)
ဧရာဝတီတိုင္း ေမာ္လၿမိဳင္ကြၽန္းၿမိဳ႕နယ္မွာ မေန႔က ရခိုင္ျပည္နယ္ကဝင္ေရာက္လာတဲ့
ႏိုင္ငံသားအေထာက္အထားမဲ့ ခိုးဝင္ (၃၄) ဦးဖမ္းမိခဲ့တယ္လို႔ တိုင္းရဲတပ္ဖြဲ႕ကေန သိရပါတယ္။
ကြၽဲၿခံေက်း႐ြာအဝင္ သစ္ပုတ္ေက်း႐ြာအနီး ရာဇူဒိုင္ျမစ္ထဲရပ္ထားတဲ့ စက္ေလွကို မသကၤာစရာျဖစ္ေနလို႔
စစ္ေဆးရာကေန ဖမ္းမိခဲ့တာ ျဖစ္တယ္လို႔ တိုင္းရဲတပ္ဖြဲ႕တာ၀န္ရွိသူက ေျပာပါတယ္။
“အမ်ိဳးသား ၇ ေယာက္ အမ်ိဳးသမီး ၂၇ ေယာက္ေပါ့၊ ေလာေလာဆယ္ အဲ့႐ြာမွာပဲ စစ္ေဆးတာေတြ
ျပဳလုပ္ဖို႔ ထိန္းသိမ္းထားပါတယ္” လို႔ တိုင္းရဲတပ္ဖြဲ႕ ေျပာေရးဆိုခြင့္ရွိသူ ဒုရဲမႉးႀကီး ထြန္းေ႐ႊက ေျပာပါတယ္။
အေထာက္အထားမဲ့ ခိုးဝင္ (၃၄) ဦးကို ႐ြာဘုန္းႀကီးေက်ာင္း ဓမၼာ႐ုံမွာ ကြာရန္တင္းထားရွိၿပီး
လိုက္ပို႔တဲ့ စက္ေလွေမာင္း ၃ ဦးက ထြက္ေျပးေနတာေၾကာင့္ ဖမ္းဆီးရမိေရး
ဆက္လက္ေဆာင္႐ြက္ေန တယ္လို႔ ဆိုပါတယ္။
၂၀၂၁ ခုႏွစ္ ဇန္နဝါရီလအစမွာ ပုသိမ္ၿမိဳ႕နယ္၊ ေခ်ာင္းသာကမ္းေျခမွာ ဖမ္းမိခဲ့တဲ့
ႏိုင္ငံသားအေထာက္အထားမဲ့ ၇ ဦးကိုေတာ့ ၄င္းတို႔ေနထိုင္ရာဇာတိေတြကို
ျပန္လည္ပို႔ေဆာင္ေပးခဲ့တယ္လို႔ သိရပါတယ္။