International News

အိန္ဒိယတွင် ကာကွယ်ဆေးအထိုးခံရန် ငြင်းဆန်မှုများ ရှိလာ၊ အစိုးရက စည်းရုံးရေးဆင်းနေရ

အိန္ဒိယတွင် ကာကွယ်ဆေးအထိုးခံရန် ငြင်းဆန်မှုများ ရှိလာ၊ အစိုးရက စည်းရုံးရေးဆင်းနေရ

အိန္ဒိယနိုင်ငံမှာ ကိုဗစ်-၁၉ ကာကွယ်ဆေး လာရောက်ထိုးနှံခံဖို့ စာရင်းသွင်း ခေါ်ယူထားသူ သုံးပုံတစ်ပုံလောက်

လာရောက်ထိုးနှံခံတာ မရှိတဲ့နောက်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ဆေးအပေါ်

ယုံကြည်မှု ရှိလာအောင် အာဏာပိုင်တွေဟာ တနင်္လာနေ့မှာ စတင်ကြိုးပမ်းလာရပါတယ်။

အစိုးရဟာ ကမ္ဘာမှာ အကြီးမားဆုံးကာကွယ်ဆေးထိုးနှံပေးရေး စီမံကိန်းတွေကို စတင်လုပ်ဆောင်နေတာ

ဖြစ်ပြီး လူဦးရေ ၁ ဒသမ ၃ ဘီလီယံ ရှိတဲ့ နိုင်ငံမှာ ဇူလိုင်လမကုန်ခင် လူပေါင်း သန်း ၃၀၀

ထက်မနည်း ကာကွယ်ဆေး ထိုးနှံပေးပြီးဖြစ်ရေးအတွက် ရည်မှန်းချက်ချထားတာလည်း ဖြစ်ပါတယ်။

စနေနေ့က စတင်တဲ့ ကာကွယ်ဆေးထိုးနှံပေးရေး လုပ်ငန်းစဉ် သုံးရက်အတွင်းမှာ မြို့တော်နယူးဒေလီမှာ

လာရောက်ကာကွယ်ဆေး ထိုးနှံသူ ၃၈၁၃၀၅ ဦး ရှိတာကြောင့် ထိုးနှံခံရမယ့် ဦးရေရဲ့ ၅၃ ရာခိုင်နှုန်းပဲ

ရှိတယ်လို့ ကျန်းမာရေးတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဒါက အစပိုင်း ရက်တွေမို့ပါ။ လူတွေအနေနဲ့ အခု ကာကွယ်ဆေးထိုးနှံရေး လုပ်ငန်းစဉ်ကနေ ဘာတွေ ဖြစ်လာမလဲနဲ့

ကာကွယ်ဆေး ထိုးပြီး ဘာတွေ ဖြစ်မလဲဆိုတာ စောင့်ကြည့်နေတာကို ကျွန်တော်တို့ နားလည်ပါတယ်။”လို့ မြို့တော်

ကိုရိုနာဗိုင်းရပ်စ်လုပ်ငန်းစဉ်အဖွဲ့ဝင် ဆူနီလာဂက်ခ်က ပြောပါတယ်။ “ပိုပြီးတော့ ယုံကြည်လာကြရင်တော့

လာရောက် ကာကွယ်ဆေး အထိုးနှံခံတဲ့သူ ဦးရေ တက်လာမှာပါ။ ဒီအတွက် သတင်းတုသတင်းမှားတွေကို

ကျွန်တော်တို့ ဖြေရှင်းကိုင်တွယ်နေရပါတယ်။”ဆိုပြီး သူက ပြောပါတယ်။

တောင်ပိုင်း တမီလ်နာဒူးပြည်နယ်မှာဆိုရင် ကာကွယ်ဆေး လာပြီး အထိုးနှံခံသူပေါင်းဟာ

၁၆ ရာခိုင်နှုန်းလောက်ပဲ ရှိတယ်လို့ သိရပါတယ်။ မြောက်ပိုင်း ဟာယာနာပြည်နယ် ရိုတက်ခရိုင်က

ကျန်းမာရေးစင်တာဆီ လာရောက်သူနှုန်းဟာလည်း ၁၀၀ မှာ ၂၉ ဦးပဲ ရှိတယ်လို့

အဲဒီက ဆရာဝန်တစ်ဦးက အေအက်ဖ်ပီကို ပြောပါတယ်။

“လူတွေက အရမ်း ကြောက်နေတယ်။ ကျွန်တော်တို့အနေနဲ့ အတင်းအကျပ် ကာကွယ်ဆေး

ထိုးနှံပေးလို့လည်း မရဘူးလေ။ ဒါက ကာယကံရှင်ကိုယ်တိုင် စိတ်ပါလက်ပါ လာရောက်အထိုးနှံခံမှပဲ

ဖြစ်တာ။”လို့ အမည်မဖော်တဲ့ အဲဒီ ဆရာဝန်က ပြောပါတယ်။

zawgyi

အိႏၵိယတြင္ ကာကြယ္ေဆးအထိုးခံရန္ ျငင္းဆန္မႈမ်ား ရွိလာ၊ အစိုးရက စည္း႐ုံးေရးဆင္းေနရ

အိႏၵိယႏိုင္ငံမွာ ကိုဗစ္-၁၉ ကာကြယ္ေဆး လာေရာက္ထိုးႏွံခံဖို႔ စာရင္းသြင္း ေခၚယူထားသူ သုံးပုံတစ္ပုံေလာက္

လာေရာက္ထိုးႏွံခံတာ မရွိတဲ့ေနာက္မွာေတာ့ ကို႐ိုနာဗိုင္းရပ္စ္ကာကြယ္ေဆးအေပၚ

ယုံၾကည္မႈ ရွိလာေအာင္ အာဏာပိုင္ေတြဟာ တနလၤာေန႔မွာ စတင္ႀကိဳးပမ္းလာရပါတယ္။

အစိုးရဟာ ကမာၻမွာ အႀကီးမားဆုံးကာကြယ္ေဆးထိုးႏွံေပးေရး စီမံကိန္းေတြကို စတင္လုပ္ေဆာင္ေနတာ

ျဖစ္ၿပီး လူဦးေရ ၁ ဒသမ ၃ ဘီလီယံ ရွိတဲ့ ႏိုင္ငံမွာ ဇူလိုင္လမကုန္ခင္ လူေပါင္း သန္း ၃၀၀

ထက္မနည္း ကာကြယ္ေဆး ထိုးႏွံေပးၿပီးျဖစ္ေရးအတြက္ ရည္မွန္းခ်က္ခ်ထားတာလည္း ျဖစ္ပါတယ္။

စေနေန႔က စတင္တဲ့ ကာကြယ္ေဆးထိုးႏွံေပးေရး လုပ္ငန္းစဥ္ သုံးရက္အတြင္းမွာ ၿမိဳ႕ေတာ္နယူးေဒလီမွာ

လာေရာက္ကာကြယ္ေဆး ထိုးႏွံသူ ၃၈၁၃၀၅ ဦး ရွိတာေၾကာင့္ ထိုးႏွံခံရမယ့္ ဦးေရရဲ႕ ၅၃ ရာခိုင္ႏႈန္းပဲ

ရွိတယ္လို႔ က်န္းမာေရးတာဝန္ရွိသူတစ္ဦးက ေျပာပါတယ္။

“ဒါက အစပိုင္း ရက္ေတြမို႔ပါ။ လူေတြအေနနဲ႔ အခု ကာကြယ္ေဆးထိုးႏွံေရး လုပ္ငန္းစဥ္ကေန ဘာေတြ ျဖစ္လာမလဲနဲ႔

ကာကြယ္ေဆး ထိုးၿပီး ဘာေတြ ျဖစ္မလဲဆိုတာ ေစာင့္ၾကည့္ေနတာကို ကြၽန္ေတာ္တို႔ နားလည္ပါတယ္။”လို႔ ၿမိဳ႕ေတာ္

ကို႐ိုနာဗိုင္းရပ္စ္လုပ္ငန္းစဥ္အဖြဲ႕ဝင္ ဆူနီလာဂက္ခ္က ေျပာပါတယ္။ “ပိုၿပီးေတာ့ ယုံၾကည္လာၾကရင္ေတာ့

လာေရာက္ ကာကြယ္ေဆး အထိုးႏွံခံတဲ့သူ ဦးေရ တက္လာမွာပါ။ ဒီအတြက္ သတင္းတုသတင္းမွားေတြကို

ကြၽန္ေတာ္တို႔ ေျဖရွင္းကိုင္တြယ္ေနရပါတယ္။”ဆိုၿပီး သူက ေျပာပါတယ္။

ေတာင္ပိုင္း တမီလ္နာဒူးျပည္နယ္မွာဆိုရင္ ကာကြယ္ေဆး လာၿပီး အထိုးႏွံခံသူေပါင္းဟာ

၁၆ ရာခိုင္ႏႈန္းေလာက္ပဲ ရွိတယ္လို႔ သိရပါတယ္။ ေျမာက္ပိုင္း ဟာယာနာျပည္နယ္ ႐ိုတက္ခ႐ိုင္က

က်န္းမာေရးစင္တာဆီ လာေရာက္သူႏႈန္းဟာလည္း ၁၀၀ မွာ ၂၉ ဦးပဲ ရွိတယ္လို႔

အဲဒီက ဆရာဝန္တစ္ဦးက ေအအက္ဖ္ပီကို ေျပာပါတယ္။

“လူေတြက အရမ္း ေၾကာက္ေနတယ္။ ကြၽန္ေတာ္တို႔အေနနဲ႔ အတင္းအက်ပ္ ကာကြယ္ေဆး

ထိုးႏွံေပးလို႔လည္း မရဘူးေလ။ ဒါက ကာယကံရွင္ကိုယ္တိုင္ စိတ္ပါလက္ပါ လာေရာက္အထိုးႏွံခံမွပဲ

ျဖစ္တာ။”လို႔ အမည္မေဖာ္တဲ့ အဲဒီ ဆရာဝန္က ေျပာပါတယ္။