News

လှောင်ကြက်သွန်များ တပိသာ (၅၀) ကျပ်နှုန်းဖြင့်တောင် ဝယ်ယူသူမရှိ ဖြစ်နေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည်

ပတ်ဝန်းကျင်ကျေးရွာများ စိုက်ပျိုးထားသည့် ဆောင်းကြက်သွန်နီ (ခေါ်) လှောင်ကြက်သွန်နီများ

တစ်ပိသာ ၅၀ ကျပ်ဖြစ်နေသော်လည်း လာရောက်ဝယ်ယူမည့်သူ မရှိခြင်းကြောင့်

လွှင့်ပစ်ရမည့်အခြေအနေထိ ကြုံတွေ့နေရကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် ကြက်မောက်တောင်ဆည် ပတ်ဝန်းကျင်ကျေးရွာများသည် ဆောင်းကြက်သွန်နီ

(ခေါ်) လှောင်ကြက်သွန်နီကို အမြောက်အများစိုက်ပျိုးကြသည့် ကျေးရွာများဖြစ်ကာ လက်ပံအိုင့်ရွာ၊

လဲဂွရွာ၊ ညောင်ဖြူပင်ရွာ၊ မုန့်ကုန်းကျေးရွာ၊ ကုန်းတဲ ကျေးရွာ၊ ဆပ်ပြာကျင်းကျေးရွာ၊ ညောင်ချိုင်း၊

ကင်မွန်းခြုံ၊ ကျောက်တံခါး၊ မကျည်းတိုင်း၊ အိုးအိုင်ကျေးရွာများသည် ဆောင်းကြက်သွန်စိုက်ပျိုးကြကာ

ကိုယ်တိုင်လှောင်ထားပြီး ရောင်းချသည့် ကျေးရွာများဖြစ်ကြောင်း သိရသည်။

ကိုဗစ်ကူးစက်ရောဂါကာလ စတင်ချိန်မှ ယနေ့ထိဆောင်ကြက်သွန်ဈေးနှုန်း တက်လာခြင်းမရှိပဲ

တစ်ပိသာ ၅၀ ကျပ်နှုန်းထိ ဈေးကျလာကာ လှောင်ကြက်သွန်ရာသီချိန်လည်း ကုန်းဆုံးတော့မည်ဖြစ်ခြင်းကြောင့်

သွန်ပစ်၊ လွှင့်ပစ်ရမည့်အခြေနေထိ ရောက်ရှိနေကြောင်း သိရသည်။ ၂၀၂၀ ခုနှစ်၊ မတ်လ၊ ဧပြီလက

နုတ်သိမ်းလှောင်ထားသည့်ဆောင်းကြက်သွန်နီများ ဈေးနှုန်းတက်လာခြင်းမရှိပဲ ဈေးနှုန်းအကောင်းဆုံအချိန်ဖြစ်သည့်

သီတင်းကျွတ်၊တန် ဆောင်မုန်း၊နတ်တော်၊ပြာသိုလတို့တွင် ဆောင်းကြက်သွန်နီ(ခေါ်)လှောင်ကြက်သွန်နီဈေး

နှုန်းသည် တစ်ပိသာ ၅၀ကျပ်ထိရောက်ရှိလာကာ မြို့ပေါ်တက်ရောင်းရန် သယ်ယူစရိတ်

နှင့်မကာမိပဲထပ်မံအရှုံးနှင့်ရင်မဆိုင်တော့ပဲ အချို့တောင်သူများလွှင့်ပစ်(စွန့်ပစ်)ခဲ့ပြီး ဖြစ်ကြောင်း ဦးမင်းညိုကပြောပြသည်။

ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် သာရေး၊ နာရေးပွဲများ မရှိခြင်းက ကြက်သွန်နီ ဈေးနှုန်းကျဆင်းစေခဲ့ပြီး၊

ပြည်ပနိုင်ငံများက အဝယ်မလိုက်ခြင်းကြောင့်လည်း ကြက်သွန် ဈေးနှုန်းမှာ အဆိုးဆုံးအခြေအနေထိ

ရောက်ရှိစေကြောင်း မုန့်ကုန်းကျေးရွာ ဆောင်းကြက်သွန်စိုက်တောင်သူ ဦးမင်းညိုထံက ပြောပါသည်။

ဆောင်းကြက်သွန်နီဈေး နှုန်းမကောင်းသော်လည်း ပြန်လည်ပျိုးထောင်စိုက်ပျိုးနေကြပြီဖြစ်ကာ

ဈေးနှုန်းကောင်းဖို့ မျှော်လင့်စိုက်ပျိုးရခြင်းဖြစ်သည်။ ယခုနှစ်တွင် ဆောင်းကြက်သွန်စိုက်တောင်သူများ

တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တောင်သူတိုင်းအရှုံးဖြင့် ရင်ဆိုင်ရသည့်နှစ်ဖြစ်ကာ အဆိုပါ

ကျေးရွာတွင် ဆောင်းကြက်သွန်နီအများအပြား ရှိနေသေးကြောင်းလည်းသိရကာ တစ်ပိသာ

၅၀ ကျပ်ဖြင့် လာရောက်ဝယ်ယူမည့်သူမရှိကြောင်း သိရသည်။

zawgyi

မႏၲေလးတိုင္းေဒသႀကီး ေညာင္ဦးခ႐ိုင္ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ၾကက္ေမာက္ေတာင္ဆည္

ပတ္ဝန္းက်င္ေက်း႐ြာမ်ား စိုက္ပ်ိဳးထားသည့္ ေဆာင္းၾကက္သြန္နီ (ေခၚ) ေလွာင္ၾကက္သြန္နီမ်ား

တစ္ပိသာ ၅၀ က်ပ္ျဖစ္ေနေသာ္လည္း လာေရာက္ဝယ္ယူမည့္သူ မရွိျခင္းေၾကာင့္

လႊင့္ပစ္ရမည့္အေျခအေနထိ ႀကဳံေတြ႕ေနရေၾကာင္း သိရသည္။

ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ ၾကက္ေမာက္ေတာင္ဆည္ ပတ္ဝန္းက်င္ေက်း႐ြာမ်ားသည္ ေဆာင္းၾကက္သြန္နီ

(ေခၚ) ေလွာင္ၾကက္သြန္နီကို အေျမာက္အမ်ားစိုက္ပ်ိဳးၾကသည့္ ေက်း႐ြာမ်ားျဖစ္ကာ လက္ပံအိုင့္႐ြာ၊

လဲဂြ႐ြာ၊ ေညာင္ျဖဴပင္႐ြာ၊ မုန႔္ကုန္းေက်း႐ြာ၊ ကုန္းတဲ ေက်း႐ြာ၊ ဆပ္ျပာက်င္းေက်း႐ြာ၊ ေညာင္ခ်ိဳင္း၊

ကင္မြန္းၿခဳံ၊ ေက်ာက္တံခါး၊ မက်ည္းတိုင္း၊ အိုးအိုင္ေက်း႐ြာမ်ားသည္ ေဆာင္းၾကက္သြန္စိုက္ပ်ိဳးၾကကာ

ကိုယ္တိုင္ေလွာင္ထားၿပီး ေရာင္းခ်သည့္ ေက်း႐ြာမ်ားျဖစ္ေၾကာင္း သိရသည္။

ကိုဗစ္ကူးစက္ေရာဂါကာလ စတင္ခ်ိန္မွ ယေန႔ထိေဆာင္ၾကက္သြန္ေဈးႏႈန္း တက္လာျခင္းမရွိပဲ

တစ္ပိသာ ၅၀ က်ပ္ႏႈန္းထိ ေဈးက်လာကာ ေလွာင္ၾကက္သြန္ရာသီခ်ိန္လည္း ကုန္းဆုံးေတာ့မည္ျဖစ္ျခင္းေၾကာင့္

သြန္ပစ္၊ လႊင့္ပစ္ရမည့္အေျခေနထိ ေရာက္ရွိေနေၾကာင္း သိရသည္။ ၂၀၂၀ ခုႏွစ္၊ မတ္လ၊ ဧၿပီလက

ႏုတ္သိမ္းေလွာင္ထားသည့္ေဆာင္းၾကက္သြန္နီမ်ား ေဈးႏႈန္းတက္လာျခင္းမရွိပဲ ေဈးႏႈန္းအေကာင္းဆုံအခ်ိန္ျဖစ္သည့္

သီတင္းကြၽတ္၊တန္ ေဆာင္မုန္း၊နတ္ေတာ္၊ျပာသိုလတို႔တြင္ ေဆာင္းၾကက္သြန္နီ(ေခၚ)ေလွာင္ၾကက္သြန္နီေဈး

ႏႈန္းသည္ တစ္ပိသာ ၅၀က်ပ္ထိေရာက္ရွိလာကာ ၿမိဳ႕ေပၚတက္ေရာင္းရန္ သယ္ယူစရိတ္

ႏွင့္မကာမိပဲထပ္မံအရႈံးႏွင့္ရင္မဆိုင္ေတာ့ပဲ အခ်ိဳ႕ေတာင္သူမ်ားလႊင့္ပစ္(စြန႔္ပစ္)ခဲ့ၿပီး ျဖစ္ေၾကာင္း ဦးမင္းညိဳကေျပာျပသည္။

ကိုဗစ္-၁၉ ကူးစက္ေရာဂါေၾကာင့္ သာေရး၊ နာေရးပြဲမ်ား မရွိျခင္းက ၾကက္သြန္နီ ေဈးႏႈန္းက်ဆင္းေစခဲ့ၿပီး၊

ျပည္ပႏိုင္ငံမ်ားက အဝယ္မလိုက္ျခင္းေၾကာင့္လည္း ၾကက္သြန္ ေဈးႏႈန္းမွာ အဆိုးဆုံးအေျခအေနထိ

ေရာက္ရွိေစေၾကာင္း မုန႔္ကုန္းေက်း႐ြာ ေဆာင္းၾကက္သြန္စိုက္ေတာင္သူ ဦးမင္းညိဳထံက ေျပာပါသည္။

ေဆာင္းၾကက္သြန္နီေဈး ႏႈန္းမေကာင္းေသာ္လည္း ျပန္လည္ပ်ိဳးေထာင္စိုက္ပ်ိဳးေနၾကၿပီျဖစ္ကာ

ေဈးႏႈန္းေကာင္းဖို႔ ေမွ်ာ္လင့္စိုက္ပ်ိဳးရျခင္းျဖစ္သည္။ ယခုႏွစ္တြင္ ေဆာင္းၾကက္သြန္စိုက္ေတာင္သူမ်ား

တစ္ႏိုင္ငံလုံးအတိုင္းအတာျဖင့္ ေတာင္သူတိုင္းအရႈံးျဖင့္ ရင္ဆိုင္ရသည့္ႏွစ္ျဖစ္ကာ အဆိုပါ

ေက်း႐ြာတြင္ ေဆာင္းၾကက္သြန္နီအမ်ားအျပား ရွိေနေသးေၾကာင္းလည္းသိရကာ တစ္ပိသာ

၅၀ က်ပ္ျဖင့္ လာေရာက္ဝယ္ယူမည့္သူမရွိေၾကာင္း သိရသည္။